လက်နက်နှင့် ငွေ မထောက်ပံ့တော့သည့် UWSA ကြောင့် ရှမ်းမြောက်အရေး ပိုမိုငြိမ်သက်သွားဖွယ်ရာ ရှိနေ

1291

သုတကျော်၊ သန့်ဇင် (NP News)
လက်နက်နှင့် ငွေမထောက်ပံ့တော့သည် “ဝ” UWSA ကြောင့် ရှမ်းမြောက်မှ လက်နက်ကိုင် အရေးမှာ ပိုမိုငြိမ်သက်သွားဖွယ်ရှိနေကြောင်း NP News ကဆက်သွယ်မေးမြန်းထားချက်များနှင့် အချက် အလက်များအရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပန်ဆန်းမြို့တွင် UWSA အဖွဲ့က TNLA၊ MNDAA နှင့် SSPP တို့ကိုခေါ်ယူ တွေ့ဆုံကာ မည်သည့်အဖွဲ့ကိုမဆို စစ် ရေးနှင့် သက်ဆိုင်သော လက်နက်နှင့်ငွေကြေးများကို ဆက်လက် ကူညီပေးတော့မည် မဟုတ်ကြောင်း ပြော ဆိုခဲ့သည်။ ရှမ်းမြောက်တွင် ဖြစ်ခဲ့သည့် (၁၀၂၇) စစ်ဆင်ရေး ဟုခေါ်သော တိုက်ခိုက်မှုများ၏ နောက် ကွယ်တွင် UWSA ပါဝင်ခဲ့ကြောင်း အစဉ်တစိုက် မှတ်ချက် ပေးခံ ခဲ့ရပြီး ယင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သော MNDAA၊ TNLA၊ AA တို့နှင့် ဆက်ဆံရေးကောင်းရှိ ထားသောအဖွဲ့ ဖြစ်သည်။
ထို့ပြင် ယင်း၏နောက်ကွယ်တွင် အပေးအယူများစွာရှိနေခဲ့ကြောင်း ယူဆရဖွယ်ရှိပြီး ဥပမာ အား ဖြင့် မိုးကုတ်မြို့ကို TNLA က ထိန်းချုပ်ခဲ့ပြီး နောက် ကျောက်လုပ်ကွက်များတွင် “ဝ” လုပ်ငန်းရှင်များ ပါဝင်လုပ်ကိုင်နေကြကြောင်း သိရသည့်အပြင် TNLA က “ဝ” အပေါ် လက်နက်အကြွေးတင်နေခဲ့ဖူး သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ သို့သော် ယင်းအချက်ကို “ဝ” အဖွဲ့ ဘက်က တစ်စုံတစ်ရာ ထုတ်ပြောဖူးခြင်းမျိုးမရှိသော်လည်း ပြီးခဲ့ သည့်နှစ် ဩဂုတ်လ (၂၇)ရက်က တရုတ်နိုင်ငံ ဖူးအာ မြို့ ဟွေ့ ကျွမ်းဟိုတယ်တွင် တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်သောအဖွဲ့နှင့် UWSA မှ ဒုတိယ ဥက္ကဋ္ဌ ကျောက်ကော်အန်း ဦး ဆောင်သောအဖွဲ့တို့ တွေ့ဆုံမှု မှတ်တမ်းပေါက်ကြား ခဲ့ရာ ယင်း ဆွေးနွေးမှုတွင် MNDAA၊ PDF ၊ ကယားနှင့် အခြားမည်သည့်အဖွဲ့အစည်းကိုမှ လက်နက်ရောင်းချခြင်း မပြုရန် သတိပေးခဲ့သည် သာမက တရုတ်ဘက်က ပိတ်သည်တိုင် ကိုးကန့် အဖွဲ့အပေါ် “ဝ” နှင့် မိုင်း လားတို့က ကုန်သွယ်ရေး ထောက်ပံ့မှုပေးနေခဲ့သည်ဟု ဗြောင်ပင်ပြောခဲ့ကြောင်း တွေ့မြင်ရသည်။
“တရုတ်ဘက်က ကိုးကန့်မဟာ မိတ်တွေရဲ့ ချင်းရွှေဟော်နဲ့ နန့်ဆန်ကို လုံးဝပိတ်ထား လိုက် တယ်။ ဖြတ်ငါးဖြတ် စီမံကိန်းစတယ်” ဆိုလို တာက လျှပ်စစ်ဖြတ်၊ ရေဖြတ်၊ အင်တာနက်ဖြတ်၊ ထောက် ပို့ဖြတ်၊ လူအင်အားဖြတ်ပေါ့။ ဒါပေမဲ့ ကိုး ကန့် မဟာမိတ်အဖွဲ့ဟာ ဘဝင်မြင့်မြင့်နဲ့ လုံးဝမ ကြောက်ဘူး။ ပြောရရင် ကျွန်တော်တို့ရဲ့ဖြတ်ငါးဖြတ် စီမံကိန်းကလည်း အရာမရောက်ပါဘူး။ ပြဿနာ ကဘာလဲ။ ပြဿနာက “ဝ” နဲ့ အထူးဒေသ(၄)ပဲ။ ကုန်သွယ်ဂိတ်တွေ ကျွန်တော်တို့ပိတ်ပြီးတဲ့နောက် ပိုင်းမှာ “ဝ” နဲ့ အထူးဒေသ(၄)ကနေတစ်ဆင့် ထောက်ပံ့မှုတွေဆက်လုပ်နေခဲ့တယ်” ဟု တိန့်ရှီကျွမ်းက ဆိုသည်။
ထို့ပြင် ယခုလအတွင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများက “ဝ” အထူးဒေသနှင့် မိုင်းလားအထူးဒေသသို့ သွားရောက်ခဲ့ရာ ယင်းကို ရှမ်းပြည်နယ် အစိုးရဘက်က သတင်း မထုတ်ပြန်သော်လည်း အထူးဒေသ (၂) ခုက အသီးသီးသတင်းထုတ်ပြန်ခဲ့သည့်တိုင် အသေးစိတ် အချက် အလက်များကို ကောင်းစွာသိရခြင်း မရှိပေ။ လက်ရှိတွင် MNDAA အနေဖြင့် အပစ်ရပ်ကာ ဒေသ တည် ဆောက်ရေးကို ဦးစားပေးနေကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည့်အပြင် ၎င်းတို့ တိုက် ခိုက်ထိန်းချုပ်ခဲ့သည့် မြို့များမှဆုတ်ကာ ၎င်းတို့လာရင်းဖြစ်သော အထူးဒေသ (၁) သို့ ပြန်မည်ဟု သတင်းများထွက်ပေါ်နေပြီး TNLA မှာမူ တပ်မတော်၏ ထိုးစစ်ကြောင့် အရှုံးနှင့် ရင်ဆိုင် နေရသည့်အပြင် လူထုထောက်ခံမှုလည်း ကျဆင်းနေ သည်။ ထို့ပြင် TNLA ကို UWSA နှင့် MNDAA တို့က လက်နက် မရောင်းတော့ကြောင်း NP News က စုံစမ်းသိရှိရပြီး TNLA ဘက်က တရုတ်နိုင်ငံဘက်မှ ဖိအားပေး သည်ဟုသာ တွင်တွင်ပြောပြောနေကြောင်းလည်း တွေ့မြင်ရသည်။
UWSA က အထောက်ပံ့များရပ်ဆိုင်းလိုက်ခြင်းကြောင့် ရှမ်းမြောက်တွင်တိုက်ပွဲများဖော်ဆောင် နေသော TNLA နှင့် MNDAA တို့သည် အနှေးနှင့်အမြန်၎င်းတို့၏ စစ်ပွဲများ အဆုံးသတ်လာရနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆိုသည်။
“လက်နက်ခဲယမ်းပြတ်တောက်သွားတဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေသည် ဘယ် လောက်ပဲ ပုန်ကန်သည်ဖြစ်စေ လက်နက်ခဲယမ်း၊ လူအင်အား၊ ငွေကြေး ဒါတွေဟာတစ်ချိန်ချိန်မှာ နိုင်ငံ တော်တစ်ခုလုံးကို တာဝန်ယူထားတဲ့အဖွဲ့အ စည်းနဲ့သွားယှဉ်တဲ့အခါမှာ ဘယ်လိုမှယှဉ်နိုင်မှာ မဟုတ် ဘူး။ တစ်ချိန်ချိန်ကျရင်ရပ်သွားလိမ့်မယ်။ ပြော ရရင်တော့ အကန့်သတ်ရှိတဲ့အရင်းမြစ်ကိုသုံးတဲ့အချိန် မှာ ကုန်သွားရင်ရပ်သွားမှာပဲ။ သေချာတာကတော့ “ဝ”ရဲ့ထောက်ပံ့မှုတွေ ပြတ်သွားပြီဆိုတာနဲ့ သူတို့ရဲ့ အရှိန်အဟုန် ကတော်တော်ကို ကျသွားပါပြီ။ လုပ်လည်းမလုပ်နိုင်ကြတော့ဘူး။ မီဒီယာတွေပေါ်မှာသာ ဝါဒဖြန့်ဖြူးတာတွေ ကြိုက်သလောက် လုပ်နေကြပေမယ့် သူတို့လှုပ်ရှားနိုင်မှုကမရှိသလောက်ဖြစ်သွား ပြီလေ။ အဲဒီလိုမျိုး “ဝ”ကအတိအလင်းကြေညာလာပြီဆိုတော့ သူတို့ရဲ့ဆက်လက်လှုပ်ရှားနိုင်မှုမှာ မဖြစ် နိုင်သလောက်ဖြစ်သွားပြီ” ဟု ဦးသိန်းထွန်းဦးက ပြောသည်။ UWSA က ထောက်ပံ့မပေးတော့ဟု ပြော သည့် အထဲတွင် SSPP လည်း ပါဝင်ရာ ယင်းအဖွဲ့သည် UWSA ၏ အထောက်အပံ့ရထားသော အဖွဲ့ တစ်ခုဖြစ်ကြောင်း သိရပြီး ရှမ်းပြည်နယ်မှ သတင်းရင်းမြစ်အချို့၏အဆိုအရ “ဝ” တပ်သားများပင် တပ် ဖွဲ့ဝင်အဖြစ် ပါဝင်နေသည်ဟု ဆိုသော်လည်း ယင်းအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
သို့သော် SSPP သည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အချို့အတွက် လက်နက်ရောင်း ပေး နေကြောင်း သတင်းများထွက်ပေါ်နေပြီး KNDF က ဆီဆိုင်မြို့ဘက်သို့ တိုက်ပွဲဖော်ခဲ့ခြင်းမှာ SSPP နှင့် လက်နက်ရောင်းဝယ်ရေးလမ်းကြောင်း ပိုမို ကောင်းမွန်စေရန် ဖြစ်ကြောင်း ပြောကြားချက်များလည်းရှိ သည်။ တွေ့ဆုံရာတွင် ထူးခြားသည့် အချက်မှာ “ဝ” က ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံ ရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်သည့် KIA ၊ AA နှင့် NDAA တို့ကို မတွေ့ရ ခြင်းဖြစ်သည်။ သို့သော် FPNCC ၏ ဥက္ကဋ္ဌနေရာနှင့် ပတ်သက်၍ UWSA နှင့် KIA အကြား မကျေလည်မှု ရှိသည်ဟု ပေါက်ကြားခဲ့သော တရုတ်နှင့်ဆွေးနွေးပွဲတွင် UWSA ဘက်က ပြောကြားထားပြီး KIA နှင့် UWSA အကြား ဆက်ဆံရေး အဖုအထစ်များ ရှိနေဦးမည်ဟု ယူဆရပြီး NDAA မှာမူ မူလကပင် UWSA ၏ သဘောထားနှင့် ထပ်တူဖြစ်လေရာ ခေါ်ယူရန်မလိုအပ်သောကြောင့် မခေါ်ခြင်းဖြစ်မည်ဟု ထင်ရသည်။ “AA ကိုတော့ အခုက AA က သူ့ဟာ နဲ့သူတောင်တိုင်ပတ်နေတာ။ ရခိုင်မှာ ဘင်္ဂါလီ (၆၀ဝ)ကို သတ်ဖြတ် မှုနဲ့ပတ်သက်ပြီး ထွန်းမြတ်နိုင်ကို ဂျီနိုဆိုဒ်ကိစ္စနဲ့ | “ဝ” က သူ့ကိုခေါ်ရင်သူ့ပါ အမှုပတ် မှာစိုးလို့ မခေါ် တာဖြစ်နိုင်တယ်” ဟု နိုင်ငံရေးသုံးသပ် လေ့လာသူတစ်ဦးက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ အခြေအနေများမှာ ဆက်လက်စောင့်ကြည့်ရ ဖွယ်ရှိပြီး UWSA ဘက်က မထောက်ပံ့တော့ခြင်း ၏ နောက်ဆက်တွဲအခြေအနေမှာ မကြာမီတွင် အကျိုး သက်ရောက်ဖွယ်ရှိသည်။
“ပြောကြတာက ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲဖို့ မိနစ် (၃၀)ပဲ ကြာတယ်တဲ့။ မြန်မာဘက်နဲ့ တရုတ်ဘက် ဆွေးနွေးပြီး အထူးဒေသတွေ ခွဲဝေပေးလိုက်တာလေ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုသည်။

Zawgyi Version:
လက္နက္ႏွင့္ ေငြ မေထာက္ပံ့ေတာ့သည့္ UWSA ေၾကာင့္ ရွမ္းေျမာက္အေရး ပိုမိုၿငိမ္သက္သြားဖြယ္ရာ ရွိေန
သုတေက်ာ္၊ သန႔္ဇင္ (NP News)
လက္နက္ႏွင့္ ေငြမေထာက္ပံ့ေတာ့သည္ “ဝ” UWSA ေၾကာင့္ ရွမ္းေျမာက္မွ လက္နက္ကိုင္ အေရးမွာ ပိုမိုၿငိမ္သက္သြားဖြယ္ရွိေနေၾကာင္း NP News ကဆက္သြယ္ေမးျမန္းထားခ်က္မ်ားႏွင့္ အခ်က္ အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက ပန္ဆန္းၿမိဳ႕တြင္ UWSA အဖြဲ႕က TNLA၊ MNDAA ႏွင့္ SSPP တို႔ကိုေခၚယူ ေတြ႕ဆုံကာ မည္သည့္အဖြဲ႕ကိုမဆို စစ္ ေရးႏွင့္ သက္ဆိုင္ေသာ လက္နက္ႏွင့္ေငြေၾကးမ်ားကို ဆက္လက္ ကူညီေပးေတာ့မည္ မဟုတ္ေၾကာင္း ေျပာ ဆိုခဲ့သည္။ ရွမ္းေျမာက္တြင္ ျဖစ္ခဲ့သည့္ (၁၀၂၇) စစ္ဆင္ေရး ဟုေခၚေသာ တိုက္ခိုက္မႈမ်ား၏ ေနာက္ ကြယ္တြင္ UWSA ပါဝင္ခဲ့ေၾကာင္း အစဥ္တစိုက္ မွတ္ခ်က္ ေပးခံ ခဲ့ရၿပီး ယင္းတိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ခဲ့ေသာ MNDAA၊ TNLA၊ AA တို႔ႏွင့္ ဆက္ဆံေရးေကာင္းရွိ ထားေသာအဖြဲ႕ ျဖစ္သည္။
ထို႔ျပင္ ယင္း၏ေနာက္ကြယ္တြင္ အေပးအယူမ်ားစြာရွိေနခဲ့ေၾကာင္း ယူဆရဖြယ္ရွိၿပီး ဥပမာ အား ျဖင့္ မိုးကုတ္ၿမိဳ႕ကို TNLA က ထိန္းခ်ဳပ္ခဲ့ၿပီး ေနာက္ ေက်ာက္လုပ္ကြက္မ်ားတြင္ “ဝ” လုပ္ငန္းရွင္မ်ား ပါဝင္လုပ္ကိုင္ေနၾကေၾကာင္း သိရသည့္အျပင္ TNLA က “ဝ” အေပၚ လက္နက္အေႂကြးတင္ေနခဲ့ဖူး သည္ဟု သတင္းမ်ား ထြက္ေပၚခဲ့ေသးသည္။ သို႔ေသာ္ ယင္းအခ်က္ကို “ဝ” အဖြဲ႕ ဘက္က တစ္စုံတစ္ရာ ထုတ္ေျပာဖူးျခင္းမ်ိဳးမရွိေသာ္လည္း ၿပီးခဲ့ သည့္ႏွစ္ ဩဂုတ္လ (၂၇)ရက္က တ႐ုတ္ႏိုင္ငံ ဖူးအာ ၿမိဳ႕ ေဟြ႕ ကြၽမ္းဟိုတယ္တြင္ တ႐ုတ္ႏိုင္ငံမွ အထူးကိုယ္စားလွယ္ တိန႔္ရွီကြၽင္း ဦးေဆာင္ေသာအဖြဲ႕ႏွင့္ UWSA မွ ဒုတိယ ဥကၠ႒ ေက်ာက္ေကာ္အန္း ဦး ေဆာင္ေသာအဖြဲ႕တို႔ ေတြ႕ဆုံမႈ မွတ္တမ္းေပါက္ၾကား ခဲ့ရာ ယင္း ေဆြးေႏြးမႈတြင္ MNDAA၊ PDF ၊ ကယားႏွင့္ အျခားမည္သည့္အဖြဲ႕အစည္းကိုမွ လက္နက္ေရာင္းခ်ျခင္း မျပဳရန္ သတိေပးခဲ့သည္ သာမက တ႐ုတ္ဘက္က ပိတ္သည္တိုင္ ကိုးကန႔္ အဖြဲ႕အေပၚ “ဝ” ႏွင့္ မိုင္း လားတို႔က ကုန္သြယ္ေရး ေထာက္ပံ့မႈေပးေနခဲ့သည္ဟု ေျဗာင္ပင္ေျပာခဲ့ေၾကာင္း ေတြ႕ျမင္ရသည္။
“တ႐ုတ္ဘက္က ကိုးကန႔္မဟာ မိတ္ေတြရဲ႕ ခ်င္းေ႐ႊေဟာ္နဲ႔ နန႔္ဆန္ကို လုံးဝပိတ္ထား လိုက္ တယ္။ ျဖတ္ငါးျဖတ္ စီမံကိန္းစတယ္” ဆိုလို တာက လွ်ပ္စစ္ျဖတ္၊ ေရျဖတ္၊ အင္တာနက္ျဖတ္၊ ေထာက္ ပို႔ျဖတ္၊ လူအင္အားျဖတ္ေပါ့။ ဒါေပမဲ့ ကိုး ကန႔္ မဟာမိတ္အဖြဲ႕ဟာ ဘဝင္ျမင့္ျမင့္နဲ႔ လုံးဝမ ေၾကာက္ဘူး။ ေျပာရရင္ ကြၽန္ေတာ္တို႔ရဲ႕ျဖတ္ငါးျဖတ္ စီမံကိန္းကလည္း အရာမေရာက္ပါဘူး။ ျပႆနာ ကဘာလဲ။ ျပႆနာက “ဝ” နဲ႔ အထူးေဒသ(၄)ပဲ။ ကုန္သြယ္ဂိတ္ေတြ ကြၽန္ေတာ္တို႔ပိတ္ၿပီးတဲ့ေနာက္ ပိုင္းမွာ “ဝ” နဲ႔ အထူးေဒသ(၄)ကေနတစ္ဆင့္ ေထာက္ပံ့မႈေတြဆက္လုပ္ေနခဲ့တယ္” ဟု တိန႔္ရွီကြၽမ္းက ဆိုသည္။
ထို႔ျပင္ ယခုလအတြင္း ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးေအာင္ေအာင္ႏွင့္ တာဝန္ရွိသူမ်ားက “ဝ” အထူးေဒသႏွင့္ မိုင္းလားအထူးေဒသသို႔ သြားေရာက္ခဲ့ရာ ယင္းကို ရွမ္းျပည္နယ္ အစိုးရဘက္က သတင္း မထုတ္ျပန္ေသာ္လည္း အထူးေဒသ (၂) ခုက အသီးသီးသတင္းထုတ္ျပန္ခဲ့သည့္တိုင္ အေသးစိတ္ အခ်က္ အလက္မ်ားကို ေကာင္းစြာသိရျခင္း မရွိေပ။ လက္ရွိတြင္ MNDAA အေနျဖင့္ အပစ္ရပ္ကာ ေဒသ တည္ ေဆာက္ေရးကို ဦးစားေပးေနေၾကာင္း ၎တို႔၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည့္အျပင္ ၎တို႔ တိုက္ ခိုက္ထိန္းခ်ဳပ္ခဲ့သည့္ ၿမိဳ႕မ်ားမွဆုတ္ကာ ၎တို႔လာရင္းျဖစ္ေသာ အထူးေဒသ (၁) သို႔ ျပန္မည္ဟု သတင္းမ်ားထြက္ေပၚေနၿပီး TNLA မွာမူ တပ္မေတာ္၏ ထိုးစစ္ေၾကာင့္ အရႈံးႏွင့္ ရင္ဆိုင္ ေနရသည့္အျပင္ လူထုေထာက္ခံမႈလည္း က်ဆင္းေန သည္။ ထို႔ျပင္ TNLA ကို UWSA ႏွင့္ MNDAA တို႔က လက္နက္ မေရာင္းေတာ့ေၾကာင္း NP News က စုံစမ္းသိရွိရၿပီး TNLA ဘက္က တ႐ုတ္ႏိုင္ငံဘက္မွ ဖိအားေပး သည္ဟုသာ တြင္တြင္ေျပာေျပာေနေၾကာင္းလည္း ေတြ႕ျမင္ရသည္။
UWSA က အေထာက္ပံ့မ်ားရပ္ဆိုင္းလိုက္ျခင္းေၾကာင့္ ရွမ္းေျမာက္တြင္တိုက္ပြဲမ်ားေဖာ္ေဆာင္ ေနေသာ TNLA ႏွင့္ MNDAA တို႔သည္ အေႏွးႏွင့္အျမန္၎တို႔၏ စစ္ပြဲမ်ား အဆုံးသတ္လာရႏိုင္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ဆိုသည္။
“လက္နက္ခဲယမ္းျပတ္ေတာက္သြားတဲ့အတြက္ လက္နက္ကိုင္အဖြဲ႕အစည္းေတြသည္ ဘယ္ ေလာက္ပဲ ပုန္ကန္သည္ျဖစ္ေစ လက္နက္ခဲယမ္း၊ လူအင္အား၊ ေငြေၾကး ဒါေတြဟာတစ္ခ်ိန္ခ်ိန္မွာ ႏိုင္ငံ ေတာ္တစ္ခုလုံးကို တာဝန္ယူထားတဲ့အဖြဲ႕အ စည္းနဲ႔သြားယွဥ္တဲ့အခါမွာ ဘယ္လိုမွယွဥ္ႏိုင္မွာ မဟုတ္ ဘူး။ တစ္ခ်ိန္ခ်ိန္က်ရင္ရပ္သြားလိမ့္မယ္။ ေျပာ ရရင္ေတာ့ အကန႔္သတ္ရွိတဲ့အရင္းျမစ္ကိုသုံးတဲ့အခ်ိန္ မွာ ကုန္သြားရင္ရပ္သြားမွာပဲ။ ေသခ်ာတာကေတာ့ “ဝ”ရဲ႕ေထာက္ပံ့မႈေတြ ျပတ္သြားၿပီဆိုတာနဲ႔ သူတို႔ရဲ႕ အရွိန္အဟုန္ ကေတာ္ေတာ္ကို က်သြားပါၿပီ။ လုပ္လည္းမလုပ္ႏိုင္ၾကေတာ့ဘူး။ မီဒီယာေတြေပၚမွာသာ ဝါဒျဖန႔္ျဖဴးတာေတြ ႀကိဳက္သေလာက္ လုပ္ေနၾကေပမယ့္ သူတို႔လႈပ္ရွားႏိုင္မႈကမရွိသေလာက္ျဖစ္သြား ၿပီေလ။ အဲဒီလိုမ်ိဳး “ဝ”ကအတိအလင္းေၾကညာလာၿပီဆိုေတာ့ သူတို႔ရဲ႕ဆက္လက္လႈပ္ရွားႏိုင္မႈမွာ မျဖစ္ ႏိုင္သေလာက္ျဖစ္သြားၿပီ” ဟု ဦးသိန္းထြန္းဦးက ေျပာသည္။ UWSA က ေထာက္ပံ့မေပးေတာ့ဟု ေျပာ သည့္ အထဲတြင္ SSPP လည္း ပါဝင္ရာ ယင္းအဖြဲ႕သည္ UWSA ၏ အေထာက္အပံ့ရထားေသာ အဖြဲ႕ တစ္ခုျဖစ္ေၾကာင္း သိရၿပီး ရွမ္းျပည္နယ္မွ သတင္းရင္းျမစ္အခ်ိဳ႕၏အဆိုအရ “ဝ” တပ္သားမ်ားပင္ တပ္ ဖြဲ႕ဝင္အျဖစ္ ပါဝင္ေနသည္ဟု ဆိုေသာ္လည္း ယင္းအခ်က္ကို သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
သို႔ေသာ္ SSPP သည္ ျမန္မာႏိုင္ငံအတြင္းရွိ လက္နက္ကိုင္အခ်ိဳ႕အတြက္ လက္နက္ေရာင္း ေပး ေနေၾကာင္း သတင္းမ်ားထြက္ေပၚေနၿပီး KNDF က ဆီဆိုင္ၿမိဳ႕ဘက္သို႔ တိုက္ပြဲေဖာ္ခဲ့ျခင္းမွာ SSPP ႏွင့္ လက္နက္ေရာင္းဝယ္ေရးလမ္းေၾကာင္း ပိုမို ေကာင္းမြန္ေစရန္ ျဖစ္ေၾကာင္း ေျပာၾကားခ်က္မ်ားလည္းရွိ သည္။ ေတြ႕ဆုံရာတြင္ ထူးျခားသည့္ အခ်က္မွာ “ဝ” က ဦးေဆာင္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံ ေရးေဆြးေႏြးညႇိႏႈိင္း ေရးေကာ္မတီ (FPNCC) အဖြဲ႕ဝင္မ်ားျဖစ္သည့္ KIA ၊ AA ႏွင့္ NDAA တို႔ကို မေတြ႕ရ ျခင္းျဖစ္သည္။ သို႔ေသာ္ FPNCC ၏ ဥကၠ႒ေနရာႏွင့္ ပတ္သက္၍ UWSA ႏွင့္ KIA အၾကား မေက်လည္မႈ ရွိသည္ဟု ေပါက္ၾကားခဲ့ေသာ တ႐ုတ္ႏွင့္ေဆြးေႏြးပြဲတြင္ UWSA ဘက္က ေျပာၾကားထားၿပီး KIA ႏွင့္ UWSA အၾကား ဆက္ဆံေရး အဖုအထစ္မ်ား ရွိေနဦးမည္ဟု ယူဆရၿပီး NDAA မွာမူ မူလကပင္ UWSA ၏ သေဘာထားႏွင့္ ထပ္တူျဖစ္ေလရာ ေခၚယူရန္မလိုအပ္ေသာေၾကာင့္ မေခၚျခင္းျဖစ္မည္ဟု ထင္ရသည္။ “AA ကိုေတာ့ အခုက AA က သူ႔ဟာ နဲ႔သူေတာင္တိုင္ပတ္ေနတာ။ ရခိုင္မွာ ဘဂၤါလီ (၆၀ဝ)ကို သတ္ျဖတ္ မႈနဲ႔ပတ္သက္ၿပီး ထြန္းျမတ္ႏိုင္ကို ဂ်ီႏိုဆိုဒ္ကိစၥနဲ႔ | “ဝ” က သူ႔ကိုေခၚရင္သူ႔ပါ အမႈပတ္ မွာစိုးလို႔ မေခၚ တာျဖစ္ႏိုင္တယ္” ဟု ႏိုင္ငံေရးသုံးသပ္ ေလ့လာသူတစ္ဦးက ဆိုသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းအေရးႏွင့္ ပတ္သက္၍ အေျခအေနမ်ားမွာ ဆက္လက္ေစာင့္ၾကည့္ရ ဖြယ္ရွိၿပီး UWSA ဘက္က မေထာက္ပံ့ေတာ့ျခင္း ၏ ေနာက္ဆက္တြဲအေျခအေနမွာ မၾကာမီတြင္ အက်ိဳး သက္ေရာက္ဖြယ္ရွိသည္။
“ေျပာၾကတာက ဗမာျပည္ကြန္ျမဴနစ္ပါတီ ၿပိဳကြဲဖို႔ မိနစ္ (၃၀)ပဲ ၾကာတယ္တဲ့။ ျမန္မာဘက္နဲ႔ တ႐ုတ္ဘက္ ေဆြးေႏြးၿပီး အထူးေဒသေတြ ခြဲေဝေပးလိုက္တာေလ” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သတင္းရင္းျမစ္တစ္ဦးက မွတ္ခ်က္ျပဳသည္။