ပုပ်ရဟန်းမင်းကြီးဖြစ်ခဲ့ပေမယ့် ဂုဏ်ပကာသနမမက်ဘဲနေထိုင်ခဲ့တဲ့ “ ဖရန်စစ် ” အကြောင်း တစေ့တစောင်း

188

ဂျန်ဇက် (NP News) – ဧပြီ ၂၇
ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်ဘာသာဝင်တွေရဲ့ ဂိုဏ်းချုပ်ကြီးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရစ်စစ်ဟာ ဧပြီလ (၂၁) ရက်မှာ ကွယ်လွန်သွားခဲ့ပြီးနောက် နိုင်ငံအများအပြားဟာ ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် နိုင်ငံအလံတိုင်တွေကို တိုင်တစ်ဝက်ချသွားမှာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခြင်း အထိမ်းအမှတ်အဖြစ် ဩစတြေးလျနိုင်ငံမှာဆိုရင် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကို ဧပြီလ (၂၂) ရက်က ခေတ္တရပ်နားခဲ့သလို အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဩစတြေးလျနိုင်ငံတို့မှ ခေါင်းဆောင်များ အပါအဝင် ကမ္ဘာတစ်ဝန်းမှခေါင်းဆောင်တွေဟာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အတွက် ဂုဏ်ပြု ခြင်းတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။ ကက်သလစ်သာသနာရဲ့ (၂၆၆) ပါးမြောက် သာသနာပိုင် ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်ဟာ (နမိုးနီးယား) အဆုတ်ရောင်ရောဂါပိုး အဆုတ် နှစ်ဖက်စလုံးမှာကူးစက်ခံရပြီးနောက် ပြန်လည်နာ လန်ထူဖို့ အနားယူနေတုန်း ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၈၈) နှစ် အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ကျန်းမာရေး ချို့တဲ့လာခဲ့ပြီး မကြာခဏ ဆေးရုံတက်ရောက်ကုသခဲ့ရပြီး ပြီးခဲ့တဲ့လပိုင်း တုန်းကလည်း အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသခဲ့ရသူဖြစ်ပါတယ်။ အစဉ်အလာသမားတွေ ကြားမှာ ကောင်းသတင်းနဲ့ ကျော်စောခဲ့သူတစ်ဦးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အမေရိကတိုက် ဒါမှမဟုတ် ကမ္ဘာ့တောင်ပိုင်း ရပ်ဝန်းကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်လာသူဖြစ်သလို (၇၄၁) ခုနှစ်မှာ ဆီးရီးယားနွယ်ဖွား ပုပ်ရဟန်းမင်းကြီး တတိယမြောက် ဂရက်ဂရီ ကွယ်လွန်ပြီးနောက်ပိုင်း ဥရောပပြင်ပနိုင်ငံ ကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ် လာခဲ့သူလည်းဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်အဖြစ် (၂၀၁၃) ခုနှစ် မတ်လ (၁၃)ရက်မှာ ခန့်အပ်ခံခဲ့ရပြီး အာဂျင်တီးနား နိုင်ငံသားတွေထဲက ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
သူရဲ့နာမည်အရင်းက ဘယ်ဂိုဂလီယိုဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီယက်စ်မြို့မှာမွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဆင်းရဲသားတွေအတွက် ဂုဏ်ပြုပေးလိုတဲ့အတွက် နောက်ပိုင်းမှာ ဖရန်စစ်အမည်ကို ရွေးချယ်ရတာဖြစ်ပါတယ်။ (၁၉၃၆) ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်မှာမွေးဖွားခဲ့တဲ့ ဖရန်စစ်ဟာ ငယ်စဉ်တုန်းက ဗေဒင်၊ ဗျူဟာဘာသာတွေမှာစိတ်ဝင်စားပြီး ဆရာဝန်ဖြစ်ချင်ခဲ့ဖူးပါတယ်။
မွေးချင်း(၅)ယောက်ထဲ အကြီးဆုံးသားဖြစ်တဲ့ ဖရန်စစ်ရဲ့မိဘတွေဟာ ဖက်ဆစ်စနစ်ရန်ကို ကြောက်တဲ့ အတွက် သူတို့ဇာတိ အီတလီကနေထွက် ပြေးလာသူတွေဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ တန်ဂို အကကို ကြိုက်သူဖြစ်ပြီး သူ့ဇာတိမြို့က ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဆန်လိုရန်ဇိုကို အားပေးခဲ့သူဖြစ်ပါတယ်။ လူငယ်ဘဝတုန်းက ဓာတုဗေဒအထူးပြုနဲ့ကျောင်းမပြီးခင် နိုက်ကလပ်အဝင်ဝ မှာစောင့်တဲ့ လုံခြုံရေးလုပ်၊ ကြမ်းသုတ်ဘဝကိုလည်း ဖြတ်သန်းခဲ့သူဖြစ်သလို စက်ရုံတစ်ရုံမှာလည်း အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။
ဖရန်စစ်ဟာ ငယ်စဉ်တည်းက ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် အဆုတ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ခဲ့ရပေမယ့် အသက်ဘေးကနေလွတ်ခဲ့သူပါ။ ဒါကြောင့်ပဲ သူ့ဘဝတစ်လျှောက်မှာ ကူးစက် ရောဂါဒဏ်ကို မကြာခဏခံစားခဲ့ရပါတယ်။ သူဟာ (၁၉၅၈) ခုနှစ်မှာ ယေရှုဘာသာဝင်ဖြစ်လာခဲ့ပြီး (၁၉၆၉) ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်မှာ ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်လာခဲ့ကာ သင်ကြားရေး၊ ဘာသာရေးခေါင်းဆောင်မှုတွေနဲ့အတူ ယေရှုဘာသာရေးအဖွဲ့စည်းနဲ့ပတ်သက်ပြီး တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ဒဿနိကကို လေ့လာခဲ့ကာ စာပေနဲ့စိတ်ပညာကို သင်ကြားခဲ့ဖူးပြီး (၁၉၇၃) ခုနှစ်မှာ အာဂျင်တီးနားမှာ ပြည်နယ်ဆိုင်ရာ အဆင့်မြင့်ဘုန်းတော်ကြီး ဖြစ်လာပါတယ်။
ဖရန်စစ်ဟာ (၁၉၉၂) ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်ရဲ့ ပူးတွဲဂိုဏ်းအုပ်အဖြစ် ခန့်အပ် ခံရပြီးနောက် အဲဒီနောက်မှာ ဂိုဏ်းချုပ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။ သူဟာ စိတ်ကောင်းရှိသူ၊ ဘုရားရေးနဲ့ လူမှုရေးအပေါ် အထူးစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး၊ ပုံမှန်လူတစ်ယောက်လိုနေထိုင်တဲ့ ပုပ်ရဟန်းမင်းကြီး အဖြစ် ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ ဖရန်စစ်ရဲ့နေထိုင်မှုဟာ ရိုးရှင်းပြီး ကက်သလစ်သာနာတော်မှာ အ ကြီးပိုင်း ဘုန်းတော်ကြီးတွေနေထိုင်တဲ့ပုံစံမျိုး မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ကျင့်ကြံနေထိုင်တယ်ဆိုတဲ့ ဂုဏ် သတင်းပျံ့သလို အဲဒီအတိုင်းလည်းနေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ဖရန်စစ်ဟာ ခရီးသွားတဲ့အခါ များသော အားဖြင့် ရိုးရိုးတန်းကနေပဲ လေယာဉ်စီးလေ့ရှိပြီး ပုပ်ရဟန်းမင်းကြီးတို့ အဆောင်အယောင်ဖြစ်တဲ့ အ နက်နဲ့ခရမ်းရောင်ဝတ်စုံအစား ဘုန်းကြီးတစ်ပါး ဝတ်လေ့ရှိတဲ့ အနက်ရောင်ဝတ်ရုံကိုပဲ ဝတ်ဆင်တာ မျိုးကို နှစ်သက်သူဖြစ်တယ်လို့သိရပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ တရားဟောတဲ့အခါတိုင်းမှာလည်း လူမှုအသိုင်းအဝိုင်းမှာ ဖယ်ကြဉ်ထားမှု မရှိဘဲ အားလုံးပါဝင်နိုင်အောင်တိုက်တွန်းလေ့ရှိပြီး လူ့ဘောင်ထဲက ဆင်းရဲနွမ်းပါးသူတွေအရေးကို ဂရုမ စိုက်တဲ့အစိုးရတွေကိုလည်း ဝေဖန်လေ့ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးက “တန်းတူညီမျှမှုမရှိဆုံးကမ္ဘာမှာ ရှင်သန်နေကြရတယ်။ ဒီအခြေအနေဟာ ဆိုးသထက်ဆိုးလာပေမယ့် ဆင်းရဲချမ်းသာကွာဟချက် နည်း နိုင်သမျှနည်းအောင်လုပ်ဖို့ ပျက်ကွက်နေကြ တယ်}လို့ပြောဆိုခဲ့ဖူးပါတယ်။ ပုပ်ရဟန်း မင်းကြီး အဖြစ် တာဝန်ယူချိန်အတွင်း ယခင် ပုပ်ရဟန်း မင်းကြီးတွေလုပ်ဆောင်တာမျိုးတွေနဲ့ မတူတဲ့ပုံစံမျိုး နဲ့ရှင်သန် နေထိုင်ခဲ့ပြီး ကာဒီနယ်လ်တွေကို အလွတ် သဘောတွေ့ဆုံတာတွေရှိတဲ့အပြင် ပုပ်ထိုင်ခုံနေရာမှာလည်း ထိုင်နေတာထက် မတ်တတ်ရပ်ပြီး ပြောလေ့ရှိပါတယ်။ သူဟာ ရိုးရိုးရှင်းရှင်း အဖြူရောင်ကို ဝတ်ဆင်ပြီး သူ့နာမည်သစ်ကိုတော့ (၁၃)ရာစုက အီတလီကက်သလစ် သူတော်စင်လည်းဖြစ်၊ တိရစ္ဆာန် ချစ်သူလည်း ဖြစ်တဲ့ အဇီဇီမြို့က စိန့်ဖရန်စစ်ကိုဂုဏ်ပြုတဲ့အနေနဲ့ ပုပ်ဖရန်စစ်ဆိုပြီး ပြောင်းလဲခဲ့တာလည်း ဖြစ်ပါ တယ်။ ဖရန်စစ်ဟာ ကြီးကျယ်ခမ်းနားမှုတွေ ထက် လူသားဆန်မှုကို ပိုနှစ်သက်သူတစ်ဦးဖြစ်ပြီး ပုပ်ရ ဟန်းမင်းကြီးအဆောင်အယောင် ဇိမ်ခံကားနဲ့ မဟုတ်ဘဲ တခြားရဟန်းအမတ်တွေ အိမ်ပြန်ရင်စီးတဲ့ ဘတ်စကားကို အတူစီးခဲ့ပါတယ်။
ကက်သလစ်ဘာသာဝင် သန်းပေါင်း (၁၄၀ဝ)အတွက် ကျင့်ဝတ်ပိုင်း စံဖြစ်ဖို့ကြိုးစားခဲ့တဲ့ ဖရန်စစ် ဟာ “ဆင်းရဲသူတွေအတွက် ရဟန်းမင်းကြီး ဖြစ်စေရမယ်၊ ဆင်းရဲသူတွေရဲ့ကျောင်းတော်ဖြစ်စေရမယ်” ဆိုပြီး ပြောဆိုခဲ့သူဖြစ်ပါတယ်။ သူဟာ ဘဝ တစ်လျှောက်အတွင်း ဝေဖန်မှုတွေလည်းရင်ဆိုင်ခဲ့ရသူ ဖြစ် ပြီး ကက်သလစ်ဘာသာဝင် ညီတော် နောင်တော်တွေနဲ့လည်း အယူသဘောထား မတိုက်ဆိုင်တာတွေ ရှိခဲ့ပြီး လွတ်မြောက်ခြင်းဆိုင်ရာ ဓမ္မ အတွေးအခေါ်အပေါ် စိတ်ဝင်စားမှုနည်းပါးတယ်လို့ ဝေဖန်ခဲ့ပါ တယ်။ ဖရန်စစ်ဟာ ခရစ်ယာန်အယူအဆနဲ့ မာ့စ်လူမှုဗေဒ ပေါင်းစပ်ပြီး မတရားမှုကိုတိုက်ဖျက်ကာ တရားဟောဆရာအဖြစ်ကနေပဲ နူးညံ့ပျော့ပျောင်းတဲ့ပုံစံကို နှစ်သက်ခဲ့ပါတယ်။ ဖရန်စစ်ဟာ ပုပ်ရဟန်း မင်းကြီးအဖြစ်တာဝန်ယူချိန်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အင်္ဂလီကန်၊ လူသာရင်၊ မက်သဒစ် ခရစ်ယာန် သာသနာတို့နဲ့လည်း အတူလက်တွဲလုပ်ခဲ့သလို ငြိမ်းချမ်း ရေးအတွက်ဆိုပြီး သူနဲ့အတူဆုတောင်းဖို့ အစ္စရေးနဲ့ ပါလက်စတိုင်း သမ္မတတို့ကိုလည်း ပါဝင်စေခဲ့ပါ တယ်။ ဖရန်စစ်ဟာ ဗြိတိန်သိမ်းယူခံရတဲ့ ဖောက်ကလန်ကျွန်းစုအရေးမှာဆိုရင် အာဂျင်တီးနားအစိုးရ ရဲ့ပြောဆိုချက်အပေါ် ရပ်တည်ခဲ့သူဖြစ်ပြီး အမေရိကန်အစိုးရက ကျူးဘား နိုင်ငံနဲ့ပတ်သက်ပြီး သမိုင်း ဝင်တဲ့ချဉ်းကပ်မှုတစ်ခု လုပ်တဲ့အခါမှာ ကြားဝင်ညှိနှိုင်းသူအဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ထူးထူး ခြားခြား ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။ သူဟာ တာဝန်ယူချိန်အတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုအဖြစ် ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံအများအပြားကို သွားရောက်ခဲ့ဖူးပြီး မြန်မာနိုင်ငံကိုလည်း (၂၀၁၇) ခုနှစ် နိုဝင်ဘာလ အတွင်း လာရောက်ခဲ့တယ်လို့သိရ ပါတယ်။ ဖရန်စစ်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသူ တစ်ဦးဖြစ်ပြီး သူရဲ့ အပတ်စဉ်တနင်္ဂနွေတိုင်း လူထုကိုမိန့်ကြားရာမှာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက် ကာ မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိတယ်လို့သိရပါတယ်။
ဖရန်စစ်ဟာ ကျန်းမာရေးပြဿနာတွေကြောင့် အကြိမ်ကြိမ်ဆေးရုံတက်ခဲ့ရသူဖြစ်ပေမယ့် ပုပ်ရ ဟန်းမင်းကြီးအဖြစ်တာဝန်ယူချိန်အတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဘာသာပေါင်းစုံညီညွတ်ရေးကို တိုးမြှင့် လုပ်ဆောင်ဖို့ကြိုးပမ်းခဲ့ပြီး (၂၀၂၃) ခုနှစ်မှာ တောင် ဆူဒန်နိုင်ငံကိုသွားရောက်ပြီး ပဋိပက္ခအဆုံးသတ်ဖို့ နိုင်ငံ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့ဖူးသူဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ (၂၀၂၃) ခုနှစ် မှာစတင်ဖြစ်ပွားခဲ့တဲ့ ယူကရိန်းနဲ့ရုရှားစစ်ပွဲမှာလည်း ကြားဝင်စေ့စပ်ပေးဖို့ကြိုးပမ်းခဲ့ဖူးသလို စစ်ပွဲကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဖရန်စစ်ဟာ ပကာသန မမက်တဲ့ ပုပ်ရဟန်းမင်းကြီးတစ်ဦးအဖြစ် နမူနာဖြစ်အောင် ဗာတီကန်က ပုပ်ရဟန်းမင်းကြီးနန်းတော်မှာ မနေဘဲ အဲဒီနဲ့ကပ်လျက်က (ပုပ်ရဟန်း မင်းကြီး ဂျွန်ပေါ (၂)က ဧည့်ရိပ်သာအဖြစ် တည်ဆောက်ခဲ့တဲ့) ခေတ်မီအဆောင်မှာနေထိုင်ဖို့ ရွေးချယ်ခဲ့ သူဖြစ်ပြီး ဘယ်အရာမှာမဆို ဂုဏ်ပကာသနကင်းတယ်လို့ မှတ်ယူထားသူတစ်ဦးဖြစ်တယ်လို့ဆိုကြပါ တယ်။ ကက်သလစ်ကျောင်းတော် ပြောင်းလဲလာအောင် ကြိုးပမ်းခဲ့တဲ့ ဖရန်စစ်ဟာ ကျောင်းတော်ထဲက အတွင်းရေးပဋိပက္ခ တွေထဲမှာပဲ မြုပ်မနေစေဘဲ ဆင်းရဲတဲ့သူတွေအတွက်၊ လူထုကိုအကျိုးပြုတဲ့ကျောင်း တော်ဖြစ်အောင် ပြောင်းလဲဖို့ကြိုးပမ်းခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးအဖြစ် ချီးကျူးပြောဆိုတာတွေ လည်း ရှိနေခဲ့ပါတယ်။
Zawgyi Version:
ပုပ္ရဟန္းမင္းႀကီးျဖစ္ခဲ့ေပမယ့္ ဂုဏ္ပကာသနမမက္ဘဲေနထိုင္ခဲ့တဲ့ “ ဖရန္စစ္ ” အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) – ဧၿပီ ၂၇
ကမာၻတစ္ဝန္းရွိ ကက္သလစ္ဘာသာဝင္ေတြရဲ႕ ဂိုဏ္းခ်ဳပ္ႀကီးျဖစ္တဲ့ ပုပ္ရဟန္းမင္းႀကီး ဖရစ္စစ္ဟာ ဧၿပီလ (၂၁) ရက္မွာ ကြယ္လြန္သြားခဲ့ၿပီးေနာက္ ႏိုင္ငံအမ်ားအျပားဟာ ဝမ္းနည္းေၾကာင္း အထိမ္းအမွတ္အျဖစ္ ႏိုင္ငံအလံတိုင္ေတြကို တိုင္တစ္ဝက္ခ်သြားမွာျဖစ္ပါတယ္။
ပုပ္ရဟန္းမင္းႀကီး ကြယ္လြန္ျခင္း အထိမ္းအမွတ္အျဖစ္ ဩစေၾတးလ်ႏိုင္ငံမွာဆိုရင္ ေ႐ြးေကာက္ပြဲ မဲဆြယ္ စည္း႐ုံးမႈေတြကို ဧၿပီလ (၂၂) ရက္က ေခတၱရပ္နားခဲ့သလို အင္ဒိုနီးရွား၊ ထိုင္းနဲ႔ ဩစေၾတးလ်ႏိုင္ငံတို႔မွ ေခါင္းေဆာင္မ်ား အပါအဝင္ ကမာၻတစ္ဝန္းမွေခါင္းေဆာင္ေတြဟာ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္အတြက္ ဂုဏ္ျပဳ ျခင္းေတြ လုပ္ေဆာင္လ်က္ရွိေနပါတယ္။ ကက္သလစ္သာသနာရဲ႕ (၂၆၆) ပါးေျမာက္ သာသနာပိုင္ ပုပ္ရဟန္းမင္း ႀကီး ဖရန္စစ္ဟာ (နမိုးနီးယား) အဆုတ္ေရာင္ေရာဂါပိုး အဆုတ္ ႏွစ္ဖက္စလုံးမွာကူးစက္ခံရၿပီးေနာက္ ျပန္လည္နာ လန္ထူဖို႔ အနားယူေနတုန္း ကြယ္လြန္ခဲ့တာျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္ (၈၈) ႏွစ္ အ႐ြယ္ရွိေနၿပီ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းမွာ က်န္းမာေရး ခ်ိဳ႕တဲ့လာခဲ့ၿပီး မၾကာခဏ ေဆး႐ုံတက္ေရာက္ကုသခဲ့ရၿပီး ၿပီးခဲ့တဲ့လပိုင္း တုန္းကလည္း အဆုတ္ေရာင္ေရာဂါေၾကာင့္ ေဆး႐ုံတက္ေရာက္ ကုသခဲ့ရသူျဖစ္ပါတယ္။ အစဥ္အလာသမားေတြ ၾကားမွာ ေကာင္းသတင္းနဲ႔ ေက်ာ္ေစာခဲ့သူတစ္ဦးျဖစ္တဲ့ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ အေမရိကတိုက္ ဒါမွမဟုတ္ ကမာၻ႔ေတာင္ပိုင္း ရပ္ဝန္းကေန ပထမဆုံး ပုပ္ရဟန္းမင္းႀကီးျဖစ္လာသူျဖစ္သလို (၇၄၁) ခုႏွစ္မွာ ဆီးရီးယားႏြယ္ဖြား ပုပ္ရဟန္းမင္းႀကီး တတိယေျမာက္ ဂရက္ဂရီ ကြယ္လြန္ၿပီးေနာက္ပိုင္း ဥေရာပျပင္ပႏိုင္ငံ ကေန ပထမဆုံး ပုပ္ရဟန္းမင္းႀကီးျဖစ္ လာခဲ့သူလည္းျဖစ္ပါတယ္။
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ ႐ိုမန္ကက္သလစ္ ခရစ္ယာန္ဘာသာေရးေခါင္းေဆာင္အျဖစ္ (၂၀၁၃) ခုႏွစ္ မတ္လ (၁၃)ရက္မွာ ခန႔္အပ္ခံခဲ့ရၿပီး အာဂ်င္တီးနား ႏိုင္ငံသားေတြထဲက ပထမဆုံး ပုပ္ရဟန္းမင္းႀကီးျဖစ္လာခဲ့သူ ျဖစ္ပါတယ္။
သူရဲ႕နာမည္အရင္းက ဘယ္ဂိုဂလီယိုျဖစ္ၿပီး အာဂ်င္တီးနားႏိုင္ငံ ဗ်ဴႏိုေအရီယက္စ္ၿမိဳ႕မွာေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ ဆင္းရဲသားေတြအတြက္ ဂုဏ္ျပဳေပးလိုတဲ့အတြက္ ေနာက္ပိုင္းမွာ ဖရန္စစ္အမည္ကို ေ႐ြးခ်ယ္ရတာျဖစ္ပါတယ္။ (၁၉၃၆) ခုႏွစ္ ဒီဇင္ဘာလ (၁၇)ရက္မွာေမြးဖြားခဲ့တဲ့ ဖရန္စစ္ဟာ ငယ္စဥ္တုန္းက ေဗဒင္၊ ဗ်ဴဟာဘာသာေတြမွာစိတ္ဝင္စားၿပီး ဆရာဝန္ျဖစ္ခ်င္ခဲ့ဖူးပါတယ္။
ေမြးခ်င္း(၅)ေယာက္ထဲ အႀကီးဆုံးသားျဖစ္တဲ့ ဖရန္စစ္ရဲ႕မိဘေတြဟာ ဖက္ဆစ္စနစ္ရန္ကို ေၾကာက္တဲ့ အတြက္ သူတို႔ဇာတိ အီတလီကေနထြက္ ေျပးလာသူေတြျဖစ္ပါတယ္။ ပုပ္ရဟန္းမင္းႀကီးဟာ တန္ဂို အကကို ႀကိဳက္သူျဖစ္ၿပီး သူ႔ဇာတိၿမိဳ႕က ေဘာလုံးအသင္းတစ္သင္းျဖစ္တဲ့ ဆန္လိုရန္ဇိုကို အားေပးခဲ့သူျဖစ္ပါတယ္။ လူငယ္ဘဝတုန္းက ဓာတုေဗဒအထူးျပဳနဲ႔ေက်ာင္းမၿပီးခင္ ႏိုက္ကလပ္အဝင္ဝ မွာေစာင့္တဲ့ လုံၿခဳံေရးလုပ္၊ ၾကမ္းသုတ္ဘဝကိုလည္း ျဖတ္သန္းခဲ့သူျဖစ္သလို စက္႐ုံတစ္႐ုံမွာလည္း အလုပ္လုပ္ခဲ့ဖူးသူျဖစ္ပါတယ္။
ဖရန္စစ္ဟာ ငယ္စဥ္တည္းက ျပင္းထန္ အဆုတ္ေရာင္ေရာဂါေၾကာင့္ အဆုတ္တစ္စိတ္တစ္ပိုင္းကို ခြဲထုတ္ခဲ့ရေပမယ့္ အသက္ေဘးကေနလြတ္ခဲ့သူပါ။ ဒါေၾကာင့္ပဲ သူ႔ဘဝတစ္ေလွ်ာက္မွာ ကူးစက္ ေရာဂါဒဏ္ကို မၾကာခဏခံစားခဲ့ရပါတယ္။ သူဟာ (၁၉၅၈) ခုႏွစ္မွာ ေယရႈဘာသာဝင္ျဖစ္လာခဲ့ၿပီး (၁၉၆၉) ခုႏွစ္ ဒီဇင္ဘာလ (၁၃) ရက္မွာ ခရစ္ယာန္ဘုန္းေတာ္ႀကီးျဖစ္လာခဲ့ကာ သင္ၾကားေရး၊ ဘာသာေရးေခါင္းေဆာင္မႈေတြနဲ႔အတူ ေယရႈဘာသာေရးအဖြဲ႕စည္းနဲ႔ပတ္သက္ၿပီး တာဝန္အမ်ိဳးမ်ိဳး ထမ္းေဆာင္ခဲ့ပါတယ္။ သူဟာ ဒႆနိကကို ေလ့လာခဲ့ကာ စာေပနဲ႔စိတ္ပညာကို သင္ၾကားခဲ့ဖူးၿပီး (၁၉၇၃) ခုႏွစ္မွာ အာဂ်င္တီးနားမွာ ျပည္နယ္ဆိုင္ရာ အဆင့္ျမင့္ဘုန္းေတာ္ႀကီး ျဖစ္လာပါတယ္။
ဖရန္စစ္ဟာ (၁၉၉၂) ခုႏွစ္မွာ အာဂ်င္တီးနားႏိုင္ငံ ဗ်ဴႏိုေအးရိစ္ရဲ႕ ပူးတြဲဂိုဏ္းအုပ္အျဖစ္ ခန႔္အပ္ ခံရၿပီးေနာက္ အဲဒီေနာက္မွာ ဂိုဏ္းခ်ဳပ္ျဖစ္လာခဲ့သူျဖစ္ပါတယ္။ သူဟာ စိတ္ေကာင္းရွိသူ၊ ဘုရားေရးနဲ႔ လူမႈေရးအေပၚ အထူးစိတ္ဝင္စားသူတစ္ဦးျဖစ္ၿပီး၊ ပုံမွန္လူတစ္ေယာက္လိုေနထိုင္တဲ့ ပုပ္ရဟန္းမင္းႀကီး အျဖစ္ ထင္ရွားသူတစ္ဦးျဖစ္ပါတယ္။ ဖရန္စစ္ရဲ႕ေနထိုင္မႈဟာ ႐ိုးရွင္းၿပီး ကက္သလစ္သာနာေတာ္မွာ အ ႀကီးပိုင္း ဘုန္းေတာ္ႀကီးေတြေနထိုင္တဲ့ပုံစံမ်ိဳး မဟုတ္ဘဲ ႐ိုး႐ိုးရွင္းရွင္း က်င့္ႀကံေနထိုင္တယ္ဆိုတဲ့ ဂုဏ္ သတင္းပ်ံ႕သလို အဲဒီအတိုင္းလည္းေနထိုင္ခဲ့သူ ျဖစ္ပါတယ္။ ဖရန္စစ္ဟာ ခရီးသြားတဲ့အခါ မ်ားေသာ အားျဖင့္ ႐ိုး႐ိုးတန္းကေနပဲ ေလယာဥ္စီးေလ့ရွိၿပီး ပုပ္ရဟန္းမင္းႀကီးတို႔ အေဆာင္အေယာင္ျဖစ္တဲ့ အ နက္နဲ႔ခရမ္းေရာင္ဝတ္စုံအစား ဘုန္းႀကီးတစ္ပါး ဝတ္ေလ့ရွိတဲ့ အနက္ေရာင္ဝတ္႐ုံကိုပဲ ဝတ္ဆင္တာ မ်ိဳးကို ႏွစ္သက္သူျဖစ္တယ္လို႔သိရပါတယ္။
ပုပ္ရဟန္းမင္းႀကီးဟာ တရားေဟာတဲ့အခါတိုင္းမွာလည္း လူမႈအသိုင္းအဝိုင္းမွာ ဖယ္ၾကဥ္ထားမႈ မရွိဘဲ အားလုံးပါဝင္ႏိုင္ေအာင္တိုက္တြန္းေလ့ရွိၿပီး လူ႔ေဘာင္ထဲက ဆင္းရဲႏြမ္းပါးသူေတြအေရးကို ဂ႐ုမ စိုက္တဲ့အစိုးရေတြကိုလည္း ေဝဖန္ေလ့ရွိပါတယ္။ ပုပ္ရဟန္းမင္းႀကီးက “တန္းတူညီမွ်မႈမရွိဆုံးကမာၻမွာ ရွင္သန္ေနၾကရတယ္။ ဒီအေျခအေနဟာ ဆိုးသထက္ဆိုးလာေပမယ့္ ဆင္းရဲခ်မ္းသာကြာဟခ်က္ နည္း ႏိုင္သမွ်နည္းေအာင္လုပ္ဖို႔ ပ်က္ကြက္ေနၾက တယ္}လို႔ေျပာဆိုခဲ့ဖူးပါတယ္။ ပုပ္ရဟန္း မင္းႀကီး အျဖစ္ တာဝန္ယူခ်ိန္အတြင္း ယခင္ ပုပ္ရဟန္း မင္းႀကီးေတြလုပ္ေဆာင္တာမ်ိဳးေတြနဲ႔ မတူတဲ့ပုံစံမ်ိဳး နဲ႔ရွင္သန္ ေနထိုင္ခဲ့ၿပီး ကာဒီနယ္လ္ေတြကို အလြတ္ သေဘာေတြ႕ဆုံတာေတြရွိတဲ့အျပင္ ပုပ္ထိုင္ခုံေနရာမွာလည္း ထိုင္ေနတာထက္ မတ္တတ္ရပ္ၿပီး ေျပာေလ့ရွိပါတယ္။ သူဟာ ႐ိုး႐ိုးရွင္းရွင္း အျဖဴေရာင္ကို ဝတ္ဆင္ၿပီး သူ႔နာမည္သစ္ကိုေတာ့ (၁၃)ရာစုက အီတလီကက္သလစ္ သူေတာ္စင္လည္းျဖစ္၊ တိရစာၦန္ ခ်စ္သူလည္း ျဖစ္တဲ့ အဇီဇီၿမိဳ႕က စိန႔္ဖရန္စစ္ကိုဂုဏ္ျပဳတဲ့အေနနဲ႔ ပုပ္ဖရန္စစ္ဆိုၿပီး ေျပာင္းလဲခဲ့တာလည္း ျဖစ္ပါ တယ္။ ဖရန္စစ္ဟာ ႀကီးက်ယ္ခမ္းနားမႈေတြ ထက္ လူသားဆန္မႈကို ပိုႏွစ္သက္သူတစ္ဦးျဖစ္ၿပီး ပုပ္ရ ဟန္းမင္းႀကီးအေဆာင္အေယာင္ ဇိမ္ခံကားနဲ႔ မဟုတ္ဘဲ တျခားရဟန္းအမတ္ေတြ အိမ္ျပန္ရင္စီးတဲ့ ဘတ္စကားကို အတူစီးခဲ့ပါတယ္။
ကက္သလစ္ဘာသာဝင္ သန္းေပါင္း (၁၄၀ဝ)အတြက္ က်င့္ဝတ္ပိုင္း စံျဖစ္ဖို႔ႀကိဳးစားခဲ့တဲ့ ဖရန္စစ္ ဟာ “ဆင္းရဲသူေတြအတြက္ ရဟန္းမင္းႀကီး ျဖစ္ေစရမယ္၊ ဆင္းရဲသူေတြရဲ႕ေက်ာင္းေတာ္ျဖစ္ေစရမယ္” ဆိုၿပီး ေျပာဆိုခဲ့သူျဖစ္ပါတယ္။ သူဟာ ဘဝ တစ္ေလွ်ာက္အတြင္း ေဝဖန္မႈေတြလည္းရင္ဆိုင္ခဲ့ရသူ ျဖစ္ ၿပီး ကက္သလစ္ဘာသာဝင္ ညီေတာ္ ေနာင္ေတာ္ေတြနဲ႔လည္း အယူသေဘာထား မတိုက္ဆိုင္တာေတြ ရွိခဲ့ၿပီး လြတ္ေျမာက္ျခင္းဆိုင္ရာ ဓမၼ အေတြးအေခၚအေပၚ စိတ္ဝင္စားမႈနည္းပါးတယ္လို႔ ေဝဖန္ခဲ့ပါ တယ္။ ဖရန္စစ္ဟာ ခရစ္ယာန္အယူအဆနဲ႔ မာ့စ္လူမႈေဗဒ ေပါင္းစပ္ၿပီး မတရားမႈကိုတိုက္ဖ်က္ကာ တရားေဟာဆရာအျဖစ္ကေနပဲ ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ပုံစံကို ႏွစ္သက္ခဲ့ပါတယ္။ ဖရန္စစ္ဟာ ပုပ္ရဟန္း မင္းႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြမွာလည္း ပါဝင္လုပ္ကိုင္ခဲ့သူျဖစ္ၿပီး အဂၤလီကန္၊ လူသာရင္၊ မက္သဒစ္ ခရစ္ယာန္ သာသနာတို႔နဲ႔လည္း အတူလက္တြဲလုပ္ခဲ့သလို ၿငိမ္းခ်မ္း ေရးအတြက္ဆိုၿပီး သူနဲ႔အတူဆုေတာင္းဖို႔ အစၥေရးနဲ႔ ပါလက္စတိုင္း သမၼတတို႔ကိုလည္း ပါဝင္ေစခဲ့ပါ တယ္။ ဖရန္စစ္ဟာ ၿဗိတိန္သိမ္းယူခံရတဲ့ ေဖာက္ကလန္ကြၽန္းစုအေရးမွာဆိုရင္ အာဂ်င္တီးနားအစိုးရ ရဲ႕ေျပာဆိုခ်က္အေပၚ ရပ္တည္ခဲ့သူျဖစ္ၿပီး အေမရိကန္အစိုးရက က်ဴးဘား ႏိုင္ငံနဲ႔ပတ္သက္ၿပီး သမိုင္း ဝင္တဲ့ခ်ဥ္းကပ္မႈတစ္ခု လုပ္တဲ့အခါမွာ ၾကားဝင္ညႇိႏႈိင္းသူအျဖစ္ အေရးပါတဲ့ အခန္းက႑ကေန ထူးထူး ျခားျခား ပါဝင္ခဲ့ဖူးသူျဖစ္ပါတယ္။ သူဟာ တာဝန္ယူခ်ိန္အတြင္း ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈအျဖစ္ ကမာၻ တစ္ဝန္းရွိ ႏိုင္ငံအမ်ားအျပားကို သြားေရာက္ခဲ့ဖူးၿပီး ျမန္မာႏိုင္ငံကိုလည္း (၂၀၁၇) ခုႏွစ္ ႏိုဝင္ဘာလ အတြင္း လာေရာက္ခဲ့တယ္လို႔သိရ ပါတယ္။ ဖရန္စစ္ဟာ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးကို စိတ္ဝင္စားသူ တစ္ဦးျဖစ္ၿပီး သူရဲ႕ အပတ္စဥ္တနဂၤေႏြတိုင္း လူထုကိုမိန႔္ၾကားရာမွာ ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ ကာ မၾကာခဏ ထည့္သြင္းေျပာဆိုေလ့ရွိတယ္လို႔သိရပါတယ္။
ဖရန္စစ္ဟာ က်န္းမာေရးျပႆနာေတြေၾကာင့္ အႀကိမ္ႀကိမ္ေဆး႐ုံတက္ခဲ့ရသူျဖစ္ေပမယ့္ ပုပ္ရ ဟန္းမင္းႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ ဘာသာေပါင္းစုံညီၫြတ္ေရးကို တိုးျမႇင့္ လုပ္ေဆာင္ဖို႔ႀကိဳးပမ္းခဲ့ၿပီး (၂၀၂၃) ခုႏွစ္မွာ ေတာင္ ဆူဒန္ႏိုင္ငံကိုသြားေရာက္ၿပီး ပဋိပကၡအဆုံးသတ္ဖို႔ ႏိုင္ငံ့ေခါင္းေဆာင္ေတြကို ေမတၱာရပ္ခံခဲ့ဖူးသူျဖစ္ပါတယ္။ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ဟာ (၂၀၂၃) ခုႏွစ္ မွာစတင္ျဖစ္ပြားခဲ့တဲ့ ယူကရိန္းနဲ႔႐ုရွားစစ္ပြဲမွာလည္း ၾကားဝင္ေစ့စပ္ေပးဖို႔ႀကိဳးပမ္းခဲ့ဖူးသလို စစ္ပြဲကို အဆုံးသတ္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဖရန္စစ္ဟာ ပကာသန မမက္တဲ့ ပုပ္ရဟန္းမင္းႀကီးတစ္ဦးအျဖစ္ နမူနာျဖစ္ေအာင္ ဗာတီကန္က ပုပ္ရဟန္းမင္းႀကီးနန္းေတာ္မွာ မေနဘဲ အဲဒီနဲ႔ကပ္လ်က္က (ပုပ္ရဟန္း မင္းႀကီး ဂြၽန္ေပါ (၂)က ဧည့္ရိပ္သာအျဖစ္ တည္ေဆာက္ခဲ့တဲ့) ေခတ္မီအေဆာင္မွာေနထိုင္ဖို႔ ေ႐ြးခ်ယ္ခဲ့ သူျဖစ္ၿပီး ဘယ္အရာမွာမဆို ဂုဏ္ပကာသနကင္းတယ္လို႔ မွတ္ယူထားသူတစ္ဦးျဖစ္တယ္လို႔ဆိုၾကပါ တယ္။ ကက္သလစ္ေက်ာင္းေတာ္ ေျပာင္းလဲလာေအာင္ ႀကိဳးပမ္းခဲ့တဲ့ ဖရန္စစ္ဟာ ေက်ာင္းေတာ္ထဲက အတြင္းေရးပဋိပကၡ ေတြထဲမွာပဲ ျမဳပ္မေနေစဘဲ ဆင္းရဲတဲ့သူေတြအတြက္၊ လူထုကိုအက်ိဳးျပဳတဲ့ေက်ာင္း ေတာ္ျဖစ္ေအာင္ ေျပာင္းလဲဖို႔ႀကိဳးပမ္းခဲ့တဲ့ ပုပ္ရဟန္းမင္းႀကီးတစ္ပါးအျဖစ္ ခ်ီးက်ဴးေျပာဆိုတာေတြ လည္း ရွိေနခဲ့ပါတယ္။