အတိတ်ကာလ အင်ဒိုချိုင်းနားစစ်ပွဲနှင့် စစ်အေးတိုက်ပွဲ

59

Htay Oung (NP News) - ဧပြီ ၂၈
ဗီယက်နမ်နိုင်ငံ ပြန်လည်ပေါင်းစည်းခြင်း နှစ် ၅၀ ပြည့် သမိုင်းဝင်အထိမ်းအမှတ် စစ်ရေးပြပွဲမှာ ပါဝင်ချီတက်ကြ မယ့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများနဲ့ စစ်ဘက်အရာရှိ ၁၁၈ ဦးတို့ဟာ သောကြာနေ့မှာ ဟိုချီမင်းမြို့တော်ကို ရောက်ရှိလာခဲ့တယ်လို့ VN Express ၂ဝ၂၅ ခုနှစ် ဧပြီလ ၂၅ ရက်က ရေးသားပါတယ်။
ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅ ခုနှစ်) မတိုင်မီ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဖြစ်နေခဲ့သလို လာအို၊ ဗီယက် နမ် ကမ္ဘောဒီးယားနိုင်ငံတို့ကလည်း ပြင်သစ်ကိုလိုနီဖြစ်နေခဲ့ပါတယ်။ အဲဒီ ၃ နိုင်ငံကိုပေါင်းပြီး “ပြင်သစ်အင်ဒို ချိုင်းနား” လို့ ကမ္ဘာက သိရှိကြပါတယ်။ ဥရောပတိုက်မှာ ဖြစ်ပွားနေတဲ့ ဒုတိယကမ္ဘာစစ်မီးဟာ (အမေရိကန်) ပုလဲဆိပ်ကမ်းကို ဂျပန်က ဗုံးကြဲပြီးနောက် အာရှတိုက်ကို ကူးစက်လာခဲ့ပါတယ်။ အဲ့ဒီအချိန် အမေရိကန်ကိုလိုနီ ဖြစ်နေတဲ့ ဖိလစ်ပိုင်၊ ဒတ်ချ်ကိုလိုနီ အင်ဒိုနီးရှား၊ ဗြိတိသျှကိုလိုနီ မြန်မာနဲ့ မလေးကျွန်းဆွယ် (ယခု မလေးရှား-စင်္ကာပူ) တို့ကို “အာရှအတွက် အာရှ” ကြွေးကြော်သံနဲ့အတူ ဂျပန်က ဝင်ရောက်တိုက်ခိုက် သိမ်းယူခဲ့ပါ တယ်။
ဒုတိယကမ္ဘာစစ်မှာ အရေးနိမ့်ပြီး ဂျပန်တို့ ဆုတ်ခွာသွားတဲ့ အာရှတိုက်ကို ယခင် လူဖြူကိုလိုနီအရှင်သခင် ဟောင်းများ ပြန်လည်ဝင်ရောက်လာပါတယ်။ စစ်ကြီးအတွင်း အမျိုးသားရေးစိတ်ဓါတ် နိုးကြားနေပြီးနေပြီး လွတ်လပ်ရေးတောင်းဆိုနေတဲ့ အာရှတိုက်သားများနဲ့ ပဋိပက္ခများ ဖြစ်ပွားလာရပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ဟိုချီမင်း ဦးဆောင်တဲ့ “ဗီယက်မင်း” များရဲ့ လှုပ်ရှားမှုကို ပြင်သစ်တို့က ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့ပြီး လာအို-ကမ္ဘောဒီးယား-ဗီယက်နမ်တို့ဘက်က ဆိုဗီယက်ယူနီယံ (USSR) နဲ့ တရုတ် (PRC) တို့က နိုင်ငံရေးနဲ့ စစ် ပစ္စည်းများ ပံ့ပိုးကူညီခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် ဒိန်ဘင်ဖူးစစ်ပွဲမှာ ပြင်သစ်တို့ ရှုံးနိမ့်ပြီး ဂျီနီဗာ သဘောတူညီချက်အရ ဗီယက်နမ်ဟာ လတ္တီကျု့ဒ် ၁၇ ဒီဂရီမျဉ်းပြိုင်မှာ ပိုင်းခြားခံရပြီး နှစ်ပိုင်းကွဲသွားပါတယ်။
အဲဒီအချိန် ကမ္ဘာကြီးမှာလည်း စစ်အနိုင်ရရှိထားတဲ့ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့အကြား ပထဝီနိုင်ငံရေး ဆိုင်ရာ အားပြိုင်မှု ဖြစ်ပေါ်နေပါတယ်။ အရင်းရှင်စံနစ် အနောက်အုပ်စုနဲ့ ကွန်မြူနစ်စနစ် အရှေ့အုပ်စုတို့ အကြား လက်နက်ကိုင်ခြင်း မပါဝင်သော်လည်း ထိပ်တိုက်ပဋိပက္ခများဖြစ်ပွားခြင်းကြောင့် “စစ်အေးတိုက်ပွဲ” လို့ ခေါ်ကြပါတယ်။ အင်အားကြီးနိုင်ငံအချင်းချင်း အတိအလင်းစစ်ခင်းခြင်း မရှိကြပေမယ့် သူတို့ကို ကိုယ်စားပြုတဲ့ စစ်ပွဲ Proxy War များကတော့ ကမ္ဘာအနှံ့ နိုင်ငံငယ်အတော်များများမှာ ဖြစ်ပွားနေပါတယ်။
တရုတ်ပြည်မှာ မော်စီတုန်းတို့ ကွန်မြူနစ်များ အောင်ပွဲခံခြင်းနဲ့အတူ ဆိုဗီယက်သြဇာလွှမ်းမိုးမှု ကျယ်ပြန်လာ ပြီး ကမ္ဘာအနှံ့ ဆိုရှယ်လစ်နိုင်ငံများ ပေါ်ထွန်းလာနေခြင်းကို တားဆီးဖို့အတွက် အမေရိကန်ဟာ အင်ဒိုချိုင်းနား စစ်ပွဲအတွင်း ပြောင်ပြောင်တင်းတင်း ဝင်ရောက်လာပါတယ်။ ပြင်သစ်တို့ ထွက်ခွာသွားပြီး ကွန်မြူနစ်အစိုးရ အုပ်ချုပ်နေတဲ့ မြောက်ပိုင်းနဲ့ အမေရိကန်ကျောထောက်နောက်ခံပြု တောင်ပိုင်းတို့အကြား ပြင်းထန်စွာ တိုက် ခိုက်ကြတဲ့ “ဗီယက်နမ်စစ်ပွဲ” ဟာ ၁၉၅၅ ခုနှစ်မှာ တရားဝင်ဖြစ်ပွားခဲ့ပါတယ်။ ဆိုဗီယက်-တရုတ်တို့အကူအညီနဲ့ မြောက်ပိုင်းက အနိုင်ရရှိပြီး ၁၉၇၅ ခုနှစ်မှာ စစ်ပွဲပြီးဆုံးသွားပါတယ်။ “ဆိုင်ဂုံမြို့ ကျဆုံးခြင်း” တစ်နည်းအားဖြင့် တောင်နဲ့မြောက် ပြန်လည်ပေါင်းစည်းပြီး နိုင်ငံတော်အချုပ်အချာ အာဏာကို ပြန်လည်ရရှိခဲ့တဲ့ ဧပြီလ ၃၀ ရက်ကို ဗီယက်နမ်မှာ သမိုင်းဝင်နေ့အဖြစ် သတ်မှတ်ထားပါတယ်။
မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့် တန်ဆွန်ညတ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရောက်ရှိလာတဲ့ တရုတ် စစ်သားတွေကို ဗီယက်နမ်စစ်ဘက်ကိုယ်စားလှယ်များနဲ့ အရပ်သားပြည်သူများက နှစ်နိုင်ငံအလံများကို ဝှေ့ယမ်း ပြီး ကြိုဆိုနှုတ်ဆက်ကြပါတယ်။ အဲဒီနောက် မွန်းလွဲ ၁ နာရီခန့်မှာ အဆိုပါအဖွဲ့ဝင်တွေဟာ အနားယူရန်နဲ့ ပင်မချီတက်ပွဲမတိုင်မီ ပူးတွဲလေ့ကျင့်မှုများအတွက် အနီးနားရှိ ဘင်ဒွမ်းပြည်နယ်သို့ ဘတ်စ်ကားဖြင့် ခရီးဆက် ကြပါတယ်။
တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ဗီယက်နမ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ဖိတ်ကြားချက်အရ လာရောက် ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ခိုင်မာစေမယ့် ခြေလှမ်းအဖြစ် ရှုမြင်ကြပါ တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ဗီယက်နမ်ပြည်သူတို့ ရရှိခဲ့တဲ့ နိုင်ငံတကာ ပံ့ပိုးကူညီမှုများကို ဂုဏ်ပြုတဲ့အနေနဲ့ အဆိုပါ ချီတက်ပွဲကို ကျင်းပခြင်းလည်း ဖြစ်ပါတယ်။
အလားတူ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတပ်ဖွဲ့ဝင်များကလည်း ချီတက်ပွဲမှာ ပါဝင်ဖို့အတွက် ကိုယ်စားလှယ်အ ဖွဲ့များ ဗီယက်နမ်နိုင်ငံကို စေလွှတ်ခဲ့ပါတယ်။ ဘင်ဒွမ်းပြည်နယ် လေ့ကျင့်မှုပြီးဆုံးပြီးနောက် ယခုအခါ အဆိုပါ တပ်ဖွဲ့တွေဟာ ဟိုချီမင်းမြို့ အလယ်ပိုင်းရှိ ဗီယက်နမ်တပ်ဖွဲ့များနဲ့အတူ အစမ်းလေ့ကျင့်လျက်ရှိပါတယ်။
ဧပြီလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှာ စတင်မယ့် ဗီယက်နမ်အမျိုးသားပြန်လည်ပေါင်းစည်းခြင်း ချီ တက်ပွဲမှာ လူပေါင်း ၁၃,၀၀၀ ကျော် ပူးပေါင်းပါဝင်ကြမယ်လို့မျှော်လင့်ရပါတယ်။
#HtayOung, #OungMarine

Zawgyi Version:
အတိတ္ကာလ အင္ဒိုခ်ိဳင္းနားစစ္ပြဲႏွင့္ စစ္ေအးတိုက္ပြဲ
Htay Oung (NP News) - ဧၿပီ ၂၈
ဗီယက္နမ္ႏိုင္ငံ ျပန္လည္ေပါင္းစည္းျခင္း ႏွစ္ ၅၀ ျပည့္ သမိုင္းဝင္အထိမ္းအမွတ္ စစ္ေရးျပပြဲမွာ ပါဝင္ခ်ီတက္ၾက မယ့္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္သားမ်ားနဲ႔ စစ္ဘက္အရာရွိ ၁၁၈ ဦးတို႔ဟာ ေသာၾကာေန႔မွာ ဟိုခ်ီမင္းၿမိဳ႕ေတာ္ကို ေရာက္ရွိလာခဲ့တယ္လို႔ VN Express ၂ဝ၂၅ ခုႏွစ္ ဧၿပီလ ၂၅ ရက္က ေရးသားပါတယ္။
ဒုတိယကမာၻစစ္ (၁၉၃၉-၁၉၄၅ ခုႏွစ္) မတိုင္မီ ျမန္မာႏိုင္ငံဟာ အဂၤလိပ္ကိုလိုနီျဖစ္ေနခဲ့သလို လာအို၊ ဗီယက္ နမ္ ကေမာၻဒီးယားႏိုင္ငံတို႔ကလည္း ျပင္သစ္ကိုလိုနီျဖစ္ေနခဲ့ပါတယ္။ အဲဒီ ၃ ႏိုင္ငံကိုေပါင္းၿပီး “ျပင္သစ္အင္ဒို ခ်ိဳင္းနား” လို႔ ကမာၻက သိရွိၾကပါတယ္။ ဥေရာပတိုက္မွာ ျဖစ္ပြားေနတဲ့ ဒုတိယကမာၻစစ္မီးဟာ (အေမရိကန္) ပုလဲဆိပ္ကမ္းကို ဂ်ပန္က ဗုံးႀကဲၿပီးေနာက္ အာရွတိုက္ကို ကူးစက္လာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ အေမရိကန္ကိုလိုနီ ျဖစ္ေနတဲ့ ဖိလစ္ပိုင္၊ ဒတ္ခ်္ကိုလိုနီ အင္ဒိုနီးရွား၊ ၿဗိတိသွ်ကိုလိုနီ ျမန္မာနဲ႔ မေလးကြၽန္းဆြယ္ (ယခု မေလးရွား-စကၤာပူ) တို႔ကို “အာရွအတြက္ အာရွ” ေႂကြးေၾကာ္သံနဲ႔အတူ ဂ်ပန္က ဝင္ေရာက္တိုက္ခိုက္ သိမ္းယူခဲ့ပါ တယ္။
ဒုတိယကမာၻစစ္မွာ အေရးနိမ့္ၿပီး ဂ်ပန္တို႔ ဆုတ္ခြာသြားတဲ့ အာရွတိုက္ကို ယခင္ လူျဖဴကိုလိုနီအရွင္သခင္ ေဟာင္းမ်ား ျပန္လည္ဝင္ေရာက္လာပါတယ္။ စစ္ႀကီးအတြင္း အမ်ိဳးသားေရးစိတ္ဓါတ္ ႏိုးၾကားေနၿပီးေနၿပီး လြတ္လပ္ေရးေတာင္းဆိုေနတဲ့ အာရွတိုက္သားမ်ားနဲ႔ ပဋိပကၡမ်ား ျဖစ္ပြားလာရပါတယ္။ ဗီယက္နမ္ႏိုင္ငံမွာ ဟိုခ်ီမင္း ဦးေဆာင္တဲ့ “ဗီယက္မင္း” မ်ားရဲ႕ လႈပ္ရွားမႈကို ျပင္သစ္တို႔က ျပင္းျပင္းထန္ထန္ႏွိမ္နင္းခဲ့ၿပီး လာအို-ကေမာၻဒီးယား-ဗီယက္နမ္တို႔ဘက္က ဆိုဗီယက္ယူနီယံ (USSR) နဲ႔ တ႐ုတ္ (PRC) တို႔က ႏိုင္ငံေရးနဲ႔ စစ္ ပစၥည္းမ်ား ပံ့ပိုးကူညီခဲ့ပါတယ္။ ၁၉၅၄ ခုႏွစ္ ဒိန္ဘင္ဖူးစစ္ပြဲမွာ ျပင္သစ္တို႔ ရႈံးနိမ့္ၿပီး ဂ်ီနီဗာ သေဘာတူညီခ်က္အရ ဗီယက္နမ္ဟာ လတၱီက်ဳ႕ဒ္ ၁၇ ဒီဂရီမ်ဥ္းၿပိဳင္မွာ ပိုင္းျခားခံရၿပီး ႏွစ္ပိုင္းကြဲသြားပါတယ္။
အဲဒီအခ်ိန္ ကမာၻႀကီးမွာလည္း စစ္အႏိုင္ရရွိထားတဲ့ အေမရိကန္နဲ႔ ဆိုဗီယက္ယူနီယံတို႔အၾကား ပထဝီႏိုင္ငံေရး ဆိုင္ရာ အားၿပိဳင္မႈ ျဖစ္ေပၚေနပါတယ္။ အရင္းရွင္စံနစ္ အေနာက္အုပ္စုနဲ႔ ကြန္ျမဴနစ္စနစ္ အေရွ႕အုပ္စုတို႔ အၾကား လက္နက္ကိုင္ျခင္း မပါဝင္ေသာ္လည္း ထိပ္တိုက္ပဋိပကၡမ်ားျဖစ္ပြားျခင္းေၾကာင့္ “စစ္ေအးတိုက္ပြဲ” လို႔ ေခၚၾကပါတယ္။ အင္အားႀကီးႏိုင္ငံအခ်င္းခ်င္း အတိအလင္းစစ္ခင္းျခင္း မရွိၾကေပမယ့္ သူတို႔ကို ကိုယ္စားျပဳတဲ့ စစ္ပြဲ Proxy War မ်ားကေတာ့ ကမာၻအႏွံ႔ ႏိုင္ငံငယ္အေတာ္မ်ားမ်ားမွာ ျဖစ္ပြားေနပါတယ္။
တ႐ုတ္ျပည္မွာ ေမာ္စီတုန္းတို႔ ကြန္ျမဴနစ္မ်ား ေအာင္ပြဲခံျခင္းနဲ႔အတူ ဆိုဗီယက္ၾသဇာလႊမ္းမိုးမႈ က်ယ္ျပန္လာ ၿပီး ကမာၻအႏွံ႔ ဆိုရွယ္လစ္ႏိုင္ငံမ်ား ေပၚထြန္းလာေနျခင္းကို တားဆီးဖို႔အတြက္ အေမရိကန္ဟာ အင္ဒိုခ်ိဳင္းနား စစ္ပြဲအတြင္း ေျပာင္ေျပာင္တင္းတင္း ဝင္ေရာက္လာပါတယ္။ ျပင္သစ္တို႔ ထြက္ခြာသြားၿပီး ကြန္ျမဴနစ္အစိုးရ အုပ္ခ်ဳပ္ေနတဲ့ ေျမာက္ပိုင္းနဲ႔ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳ ေတာင္ပိုင္းတို႔အၾကား ျပင္းထန္စြာ တိုက္ ခိုက္ၾကတဲ့ “ဗီယက္နမ္စစ္ပြဲ” ဟာ ၁၉၅၅ ခုႏွစ္မွာ တရားဝင္ျဖစ္ပြားခဲ့ပါတယ္။ ဆိုဗီယက္-တ႐ုတ္တို႔အကူအညီနဲ႔ ေျမာက္ပိုင္းက အႏိုင္ရရွိၿပီး ၁၉၇၅ ခုႏွစ္မွာ စစ္ပြဲၿပီးဆုံးသြားပါတယ္။ “ဆိုင္ဂုံၿမိဳ႕ က်ဆုံးျခင္း” တစ္နည္းအားျဖင့္ ေတာင္နဲ႔ေျမာက္ ျပန္လည္ေပါင္းစည္းၿပီး ႏိုင္ငံေတာ္အခ်ဳပ္အခ်ာ အာဏာကို ျပန္လည္ရရွိခဲ့တဲ့ ဧၿပီလ ၃၀ ရက္ကို ဗီယက္နမ္မွာ သမိုင္းဝင္ေန႔အျဖစ္ သတ္မွတ္ထားပါတယ္။
မြန္းလြဲ ၁၂ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္ တန္ဆြန္ညတ္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေရာက္ရွိလာတဲ့ တ႐ုတ္ စစ္သားေတြကို ဗီယက္နမ္စစ္ဘက္ကိုယ္စားလွယ္မ်ားနဲ႔ အရပ္သားျပည္သူမ်ားက ႏွစ္ႏိုင္ငံအလံမ်ားကို ေဝွ႔ယမ္း ၿပီး ႀကိဳဆိုႏႈတ္ဆက္ၾကပါတယ္။ အဲဒီေနာက္ မြန္းလြဲ ၁ နာရီခန႔္မွာ အဆိုပါအဖြဲ႕ဝင္ေတြဟာ အနားယူရန္နဲ႔ ပင္မခ်ီတက္ပြဲမတိုင္မီ ပူးတြဲေလ့က်င့္မႈမ်ားအတြက္ အနီးနားရွိ ဘင္ဒြမ္းျပည္နယ္သို႔ ဘတ္စ္ကားျဖင့္ ခရီးဆက္ ၾကပါတယ္။
တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕ဟာ ဗီယက္နမ္အမ်ိဳးသားကာကြယ္ေရး ဝန္ႀကီးဌာနရဲ႕ဖိတ္ၾကားခ်က္အရ လာေရာက္ ျခင္းျဖစ္ၿပီး ႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးေသာ ဆက္ဆံေရးကို ခိုင္မာေစမယ့္ ေျခလွမ္းအျဖစ္ ရႈျမင္ၾကပါ တယ္။ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလအတြင္း ဗီယက္နမ္ျပည္သူတို႔ ရရွိခဲ့တဲ့ ႏိုင္ငံတကာ ပံ့ပိုးကူညီမႈမ်ားကို ဂုဏ္ျပဳတဲ့အေနနဲ႔ အဆိုပါ ခ်ီတက္ပြဲကို က်င္းပျခင္းလည္း ျဖစ္ပါတယ္။
အလားတူ လာအိုနဲ႔ ကေမာၻဒီးယားႏိုင္ငံတပ္ဖြဲ႕ဝင္မ်ားကလည္း ခ်ီတက္ပြဲမွာ ပါဝင္ဖို႔အတြက္ ကိုယ္စားလွယ္အ ဖြဲ႕မ်ား ဗီယက္နမ္ႏိုင္ငံကို ေစလႊတ္ခဲ့ပါတယ္။ ဘင္ဒြမ္းျပည္နယ္ ေလ့က်င့္မႈၿပီးဆုံးၿပီးေနာက္ ယခုအခါ အဆိုပါ တပ္ဖြဲ႕ေတြဟာ ဟိုခ်ီမင္းၿမိဳ႕ အလယ္ပိုင္းရွိ ဗီယက္နမ္တပ္ဖြဲ႕မ်ားနဲ႔အတူ အစမ္းေလ့က်င့္လ်က္ရွိပါတယ္။
ဧၿပီလ ၃၀ ရက္ေန႔ နံနက္ ၆ နာရီ ၃၀ မိနစ္မွာ စတင္မယ့္ ဗီယက္နမ္အမ်ိဳးသားျပန္လည္ေပါင္းစည္းျခင္း ခ်ီ တက္ပြဲမွာ လူေပါင္း ၁၃,၀၀၀ ေက်ာ္ ပူးေပါင္းပါဝင္ၾကမယ္လို႔ေမွ်ာ္လင့္ရပါတယ္။
#HtayOung, #OungMarine