ဆောက်လုပ်ရေးသတိပေးချက်ကို မလိုက်နာဘဲ ဈေးမြှင့်ရောင်းသူများကိုအမှုဖွင့်ကာ ထိရောက်စွာအရေးယူမည်

 334

ချယ်ရီ (NP News)- ဧပြီ ၂၈

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးမြှင့်ရောင်းခြင်း၊ သိုလှောင်ခြင်းနှင့်ပတ်သက်၍ သတိပေးချက်ကို မလိုက်နာဘဲ ငလျင်ပြန်လည်ထူထောင်ရေးကာလကိုအခွင့်ကောင်းယူကာ ဈေးမြင့်ရောင်းသူများကို အမှုဖွင့်လှစ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ပြီးခဲ့သည့် (မတ် ၂၈ ရက်)က မန္တလေးငလျင်ကြီး လှုပ်ခတ်ခံခဲ့ရသော ငလျင်ဒဏ်သင့်ဒေသ(၆)ခုတွင် အများပြည်သူ၊ ဌာနဆိုင်ရာများက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာ ဝိသမစီးပွားရေးလုပ်ငန်းရှင်အချို့က ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုရှေးရှု၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချလာကြောင်း သိရသဖြင့် တာဝန်ရှိသူများက ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အရောင်းဆိုင်များကို ပြီးခဲ့သည့် (ဧပြီလ ၅ ရက်မှ ၁၂ ရက်)အတွင်း ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် သတိပေးပြောကြားကာ ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သို့သော် အချို့စီးပွားရေးလုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်မှုမရှိဘဲ မတော်လောဘဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရှိရ၍ ငလျင်ဒဏ်သင့်ဒေသများ အပါအဝင် မြို့ကြီးအချို့၌ ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်၊ သိုလှောင်ရုံ နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီများကို တာဝန်ရှိသူများက ဧပြီလ ၂၃ ရက်၌ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်များအရ ဘိလပ်မြေတံဆိပ်အမျိုးမျိုးကို ဝယ်ရင်းဈေးထက် အဆမတန် အမြတ်ယူရောင်းချလျက်ရှိသော အရောင်းဆိုင် (၆၂)ဆိုင်ကို တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့်လှစ်၍ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များ နှင့် စားသောက်ကုန်နှင့်လူသုံး ကုန်ပစ္စည်းအရောင်းဆိုင်များအနေဖြင့် အများပြည်သူအခက်အခဲဒုက္ခများ ကြုံတွေ့နေရသည်ကို အခွင့်ကောင်းယူကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် နစကမှ သတိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ပြန်လည်ထူထောင်ရေးအတွက် အဓိကလိုအပ်နေသော သွပ်၊ သံ၊ ဘိလပ်မြေဈေးများ မြင့်တက်နေသည်သာမက ဝါးထရံဈေးများပါ ယခင်ထက် ပိုမိုမြင့်တက်လာပြီး လက်သမားရှားပါးသည့်အပြင် ဈေးနှုန်းမြင့်တက်မှုများပါ ရှိနေကြောင်း သိရသည်။

Zawgyi Version:
ေဆာက္လုပ္ေရးသတိေပးခ်က္ကို မလိုက္နာဘဲ ေဈးျမႇင့္ေရာင္းသူမ်ားကိုအမႈဖြင့္ကာ ထိေရာက္စြာအေရးယူမည္
ခ်ယ္ရီ (NP News)- ဧၿပီ ၂၈

ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ား ေဈးျမႇင့္ေရာင္းျခင္း၊ သိုေလွာင္ျခင္းႏွင့္ပတ္သက္၍ သတိေပးခ်က္ကို မလိုက္နာဘဲ ငလ်င္ျပန္လည္ထူေထာင္ေရးကာလကိုအခြင့္ေကာင္းယူကာ ေဈးျမင့္ေရာင္းသူမ်ားကို အမႈဖြင့္လွစ္၍ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ (မတ္ ၂၈ ရက္)က မႏၲေလးငလ်င္ႀကီး လႈပ္ခတ္ခံခဲ့ရေသာ ငလ်င္ဒဏ္သင့္ေဒသ(၆)ခုတြင္ အမ်ားျပည္သူ၊ ဌာနဆိုင္ရာမ်ားက ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနရာ ဝိသမစီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က ၎တို႔၏ ကိုယ္က်ိဳးစီးပြားကိုေရွးရႈ၍ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားကို ေဈးႏႈန္းအဆမတန္ ျမႇင့္တင္ေရာင္းခ်လာေၾကာင္း သိရသျဖင့္ တာဝန္ရွိသူမ်ားက ေဆာက္လုပ္ေရး လုပ္ငန္းသုံးပစၥည္း တင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ ကုမၸဏီမ်ား၊ အေရာင္းဆိုင္မ်ားကို ၿပီးခဲ့သည့္ (ဧၿပီလ ၅ ရက္မွ ၁၂ ရက္)အတြင္း ေခၚယူေတြ႕ဆုံခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားကို ေဈးႏႈန္းအဆမတန္ ျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ထားျခင္းမ်ား မျပဳလုပ္ၾကရန္ သတိေပးေျပာၾကားကာ ဝန္ခံကတိျပဳ လက္မွတ္ေရးထိုးေစျခင္းမ်ား ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ အခ်ိဳ႕စီးပြားေရးလုပ္ငန္းရွင္မ်ားက လိုက္နာေဆာင္႐ြက္မႈမရွိဘဲ မေတာ္ေလာဘျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားကို ေဈးႏႈန္းအဆမတန္ ျမႇင့္တင္ေရာင္းခ်မႈမ်ား ဆက္လက္ျပဳလုပ္ေနေၾကာင္း သိရွိရ၍ ငလ်င္ဒဏ္သင့္ေဒသမ်ား အပါအဝင္ ၿမိဳ႕ႀကီးအခ်ိဳ႕၌ ေရာင္းဝယ္လ်က္ရွိသည့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္း အေရာင္းဆိုင္၊ သိုေလွာင္႐ုံ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္းတင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ကုမၸဏီမ်ားကို တာဝန္ရွိသူမ်ားက ဧၿပီလ ၂၃ ရက္၌ ကြင္းဆင္း စစ္ေဆးေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ဘိလပ္ေျမတံဆိပ္အမ်ိဳးမ်ိဳးကို ဝယ္ရင္းေဈးထက္ အဆမတန္ အျမတ္ယူေရာင္းခ်လ်က္ရွိေသာ အေရာင္းဆိုင္ (၆၂)ဆိုင္ကို တည္ဆဲဥပေဒမ်ားႏွင့္အညီ အမႈဖြင့္လွစ္၍ ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းအေရာင္းဆိုင္မ်ား ႏွင့္ စားေသာက္ကုန္ႏွင့္လူသုံး ကုန္ပစၥည္းအေရာင္းဆိုင္မ်ားအေနျဖင့္ အမ်ားျပည္သူအခက္အခဲဒုကၡမ်ား ႀကဳံေတြ႕ေနရသည္ကို အခြင့္ေကာင္းယူကာ ေဈးႏႈန္းအဆမတန္ ျမႇင့္တင္ေရာင္းခ်ျခင္းမ်ား မျပဳလုပ္ၾကရန္ နစကမွ သတိေပးထုတ္ျပန္ထားသည္။
လက္ရွိတြင္ ျပန္လည္ထူေထာင္ေရးအတြက္ အဓိကလိုအပ္ေနေသာ သြပ္၊ သံ၊ ဘိလပ္ေျမေဈးမ်ား ျမင့္တက္ေနသည္သာမက ဝါးထရံေဈးမ်ားပါ ယခင္ထက္ ပိုမိုျမင့္တက္လာၿပီး လက္သမားရွားပါးသည့္အျပင္ ေဈးႏႈန္းျမင့္တက္မႈမ်ားပါ ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.