ချင်းအမျိုးသမီးကို အဓမ္မကျင့်ပြီး သတ်ရန် ကြံသူ AA (၂)ဦးကို အရေးယူရန် တောင်းဆို

 285

Pearl (NP News) - ဧပြီ ၂၈

ချင်းအမျိုးသမီးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် AA အဖွဲ့ဝင်(၂)ဦးကို ဥပဒေများနှင့်အညီ အရေး ယူပေးရန် နိုင်ငံတကာခူမီးလူငယ်များအသင်း (GKYA) က တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်၊ မနက် ၁၁နာရီဝန်းကျင် ခန့်တွင်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာ၌ ချင်းအမျိုးသမီးတစ်ဦး (ကလေးတစ်ဦးမိခင်)သည် ကျေးရွာအနီးရှိ ယာခင်းသို့သွားနေချိန်တွင် AA အဖွဲ့ဝင် (၂)ဦးက အလိုဆန္ဒမတူပဲ မုဒိမ်းမှုကျူးလွန်ခဲ့ပြီးနောက် ရေနစ်သတ်ဖြတ်ရန်ကြိုးပမ်းခဲ့ကြောင်းသိရသည်။
ထိုသို့ဖြစ်ပွားခဲ့သောမုဒိမ်းမှုနှင့် သတ်ဖြတ်ရန် ကြံစည်မှုဖြစ်ရပ်အပေါ် အလွန်စိုးရိမ်မိကြောင်း နှင့် ပြင်းပြင်းထန် ထန်ကန့်ကွက်ကြောင်း နိုင်ငံတကာခူမီးလူငယ်များအသင်း (GKYA) က ယမန်နေ့ (ဧပြီ ၂၇ ရက်) တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
အဆိုပါအကြမ်းဖက်မှုသည် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေတို့ကို ပေါ်ပေါ်တင် တင် ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်းအမျိုးသမီးများ၏ လုံခြုံမှုနှင့် ဂုဏ်သိက္ခာကိုခြိမ်းခြောက်စေသောလုပ် ရပ်ဖြစ်ကြောင်း GKYA က ဆိုသည်။
ထို့ကြောင့်ULA/AA အနေဖြင့်အမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး ဖော်ဆောင်ပေးရန်၊ ကျူးလွန်ခံရသူအတွက်လိုအပ်သောအကူအညီများကို ပံ့ပို့ဆောင်ရွက်ရန် နှင့် ကျူးလွန်သူများကို အမည်ဖော်ထုတ်ပြီး ပြည်တွင်း၊ နိုင်ငံတကာဥပဒေများ၏လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ တရားစွဲအရေးယူ အပြစ်ပေးရန် GKYA က တောင်းဆိုထားသည်။
ထို့ပြင် ULA/AA အနေဖြင့်နောက်နောင်တွင် ပြည်သူ လူထုများ၏ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လုံခြုံမှုတို့ကို ဆန့်ကျင်သော အကြမ်းဖက်မှုများ အားလုံးကို ခြွင်းချက်မရှိ ရပ်ဆိုင်းရန်၊ မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေကြသောလူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အစုအဖွဲ့များအနေဖြင့်လည်း ကျူးလွန်ခံရသူ အမျိုးသမီး၏ တရားမျှတမှုရရှိရေးတွင် ဝိုင်းဝန်းကူညီပေးရန်လည်း GKYA က တောင်းဆိုထားသည်။

Zawgyi Version:
ခ်င္းအမ်ိဳးသမီးကို အဓမၼက်င့္ၿပီး သတ္ရန္ ႀကံသူ AA (၂)ဦးကို အေရးယူရန္ ေတာင္းဆို
Pearl (NP News) - ဧၿပီ ၂၈

ခ်င္းအမ်ိဳးသမီးကို အဓမၼျပဳက်င့္ကာ သတ္ျဖတ္ရန္ ႀကံစည္ခဲ့သည့္ AA အဖြဲ႕ဝင္(၂)ဦးကို ဥပေဒမ်ားႏွင့္အညီ အေရး ယူေပးရန္ ႏိုင္ငံတကာခူမီးလူငယ္မ်ားအသင္း (GKYA) က ေတာင္းဆိုထားသည္။
ၿပီးခဲ့သည့္ ဧၿပီလ ၅ ရက္၊ မနက္ ၁၁နာရီဝန္းက်င္ ခန႔္တြင္ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ စိမ္းစင္းေက်း႐ြာ၌ ခ်င္းအမ်ိဳးသမီးတစ္ဦး (ကေလးတစ္ဦးမိခင္)သည္ ေက်း႐ြာအနီးရွိ ယာခင္းသို႔သြားေနခ်ိန္တြင္ AA အဖြဲ႕ဝင္ (၂)ဦးက အလိုဆႏၵမတူပဲ မုဒိမ္းမႈက်ဴးလြန္ခဲ့ၿပီးေနာက္ ေရနစ္သတ္ျဖတ္ရန္ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။
ထိုသို႔ျဖစ္ပြားခဲ့ေသာမုဒိမ္းမႈႏွင့္ သတ္ျဖတ္ရန္ ႀကံစည္မႈျဖစ္ရပ္အေပၚ အလြန္စိုးရိမ္မိေၾကာင္း ႏွင့္ ျပင္းျပင္းထန္ ထန္ကန႔္ကြက္ေၾကာင္း ႏိုင္ငံတကာခူမီးလူငယ္မ်ားအသင္း (GKYA) က ယမန္ေန႔ (ဧၿပီ ၂၇ ရက္) တြင္ သေဘာထား ထုတ္ျပန္ခဲ့သည္။
အဆိုပါအၾကမ္းဖက္မႈသည္ လူ႔အခြင့္အေရးႏွင့္ အျပည္ျပည္ဆိုင္ရာလူသားခ်င္းစာနာမႈဥပေဒတို႔ကို ေပၚေပၚတင္ တင္ ခ်ိဳးေဖာက္ျခင္းျဖစ္ၿပီး ေဒသတြင္းအမ်ိဳးသမီးမ်ား၏ လုံၿခဳံမႈႏွင့္ ဂုဏ္သိကၡာကိုၿခိမ္းေျခာက္ေစေသာလုပ္ ရပ္ျဖစ္ေၾကာင္း GKYA က ဆိုသည္။
ထို႔ေၾကာင့္ULA/AA အေနျဖင့္အမႈႏွင့္ပတ္သက္၍ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈကို အျမန္ဆုံး ေဖာ္ေဆာင္ေပးရန္၊ က်ဴးလြန္ခံရသူအတြက္လိုအပ္ေသာအကူအညီမ်ားကို ပံ့ပို႔ေဆာင္႐ြက္ရန္ ႏွင့္ က်ဴးလြန္သူမ်ားကို အမည္ေဖာ္ထုတ္ၿပီး ျပည္တြင္း၊ ႏိုင္ငံတကာဥပေဒမ်ား၏လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ပြင့္လင္းျမင္သာစြာ တရားစြဲအေရးယူ အျပစ္ေပးရန္ GKYA က ေတာင္းဆိုထားသည္။
ထို႔ျပင္ ULA/AA အေနျဖင့္ေနာက္ေနာင္တြင္ ျပည္သူ လူထုမ်ား၏ လြတ္လပ္မႈ၊ တရားမွ်တမႈႏွင့္ လုံၿခဳံမႈတို႔ကို ဆန႔္က်င္ေသာ အၾကမ္းဖက္မႈမ်ား အားလုံးကို ႁခြင္းခ်က္မရွိ ရပ္ဆိုင္းရန္၊ ျမန္မာျပည္အတြင္းရွိ လူ႔အခြင့္အေရးႏွင့္ အမ်ိဳးသမီးအခြင့္အေရးအတြက္ တက္ႂကြလႈပ္ရွားေနၾကေသာလူမႈအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အစုအဖြဲ႕မ်ားအေနျဖင့္လည္း က်ဴးလြန္ခံရသူ အမ်ိဳးသမီး၏ တရားမွ်တမႈရရွိေရးတြင္ ဝိုင္းဝန္းကူညီေပးရန္လည္း GKYA က ေတာင္းဆိုထားသည္။

Related news

© 2021. All rights reserved.