ရုရှားဘက်က ပါဝင်တိုက်ခိုက်ဖို့ စစ်သားတွေစေလွှတ်ခဲ့ဟု မြောက်ကိုရီးယားစစ်တပ်ပြော

 125

ဂျန်ဇက် (NP News) - ဧပြီ ၂၈

မြောက်ကိုရီးယားအစိုးရက ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ပါဝင်တိုက်ခိုက်ဖို့ မြောက်ကိုရီးယားစစ်သားတွေကို စေလွှတ်ခဲ့တယ်လို့ လူသိရှင်ကြား ပထမဆုံး ဝန်ခံပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားစစ်တပ်က ခေါင်းဆောင် ကင်ဂျုံအမ်ရဲ့အမိန့်အရ မြောက်ကိုရီးယားစစ်သားတွေဟာ Kursk ဒေသကို အလုံးစုံလွတ်မြောက်စေဖို့ ရုရှား တပ်ဖွဲ့ဝင်တွေကို ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
ရုရှားကာကွယ်ရေးဦးစီးချုပ်က မြောက်ကိုရီးယားစစ်သားတွေကို သူရဲကောင်းတွေအဖြစ် ချီးကျူးပြောဆိုခဲ့ပြီး နောက် မြောက်ကိုရီးယားစစ်တပ်က အခုလိုမျိုးအတည်ပြုခဲ့တာဖြစ်ပါတယ်။ အနောက်အုပ်စုအစိုးရတာဝန်ရှိသူ တွေက ရုရှားနိုင်ငံကို စေလွှတ်ခဲ့တဲ့ မြောက်ကိုရီးယားစစ်သား ၁၁၀၀၀ အနက် သုံးလအတွင်းမှာ ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားနဲ့ အနောက်အုပ်စုထောက်လှမ်းရေးအဖွဲ့တွေက မြောက်ကိုရီးယားအစိုးရဟာ ယူကရိန်းစစ်ပွဲမှာ ပါဝင်ဖို့ စစ်သားတွေကိုစေလွှတ်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက သတင်းထုတ်ပြန်ခဲ့ဖူးပေမယ့် မြောက်ကိုရီးယားအစိုးရက တုံ့ပြန်ခဲ့တာမျိုးမရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားအစိုးရကိုယ်တိုင် လူသိရှင်ကြား ဝန်ခံခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားစစ်တပ်က " “သွေးနဲ့ သက်သေပြတဲ့ ခင်မင်ရင်းနှီးမှု” ဟာ ပေါင်းသင်းဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်တိုးချဲ့စေဖို့ များစွာ အထောက်အကူပြုဖွယ်ရှိပါတယ်" လို့ပြောပါတယ်။
မြောက်ကိုရီးယားအစိုးရအနေနဲ့ ရုရှားစစ်တပ်ကို ထပ်မံကူညီပေးမယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားစစ်တပ်ဟာ ရုရှားနိုင်ငံကို စေလွှတ်ခဲ့တဲ့ မြောက်ကိုရီးယားစစ်သားအရေအတွက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသလို မိခင်နိုင်ငံ ကို စစ်သားဘယ်နှစ်ဦး ပြန်လာသလဲဆိုတဲ့အချက်ကိုထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိပါဘူး၊

Zawgyi Version:
႐ုရွားဘက္က ပါဝင္တိုက္ခိုက္ဖို႔ စစ္သားေတြေစလႊတ္ခဲ့ဟု ေျမာက္ကိုရီးယားစစ္တပ္ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၈

ေျမာက္ကိုရီးယားအစိုးရက ယူကရိန္းစစ္ပြဲမွာ ႐ုရွားဘက္က ပါဝင္တိုက္ခိုက္ဖို႔ ေျမာက္ကိုရီးယားစစ္သားေတြကို ေစလႊတ္ခဲ့တယ္လို႔ လူသိရွင္ၾကား ပထမဆုံး ဝန္ခံေျပာဆိုလိုက္ပါတယ္။ ေျမာက္ကိုရီးယားစစ္တပ္က ေခါင္းေဆာင္ ကင္ဂ်ဳံအမ္ရဲ႕အမိန႔္အရ ေျမာက္ကိုရီးယားစစ္သားေတြဟာ Kursk ေဒသကို အလုံးစုံလြတ္ေျမာက္ေစဖို႔ ႐ုရွား တပ္ဖြဲ႕ဝင္ေတြကို ကူညီေပးခဲ့တယ္လို႔ ေျပာပါတယ္။
႐ုရွားကာကြယ္ေရးဦးစီးခ်ဳပ္က ေျမာက္ကိုရီးယားစစ္သားေတြကို သူရဲေကာင္းေတြအျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ေနာက္ ေျမာက္ကိုရီးယားစစ္တပ္က အခုလိုမ်ိဳးအတည္ျပဳခဲ့တာျဖစ္ပါတယ္။ အေနာက္အုပ္စုအစိုးရတာဝန္ရွိသူ ေတြက ႐ုရွားႏိုင္ငံကို ေစလႊတ္ခဲ့တဲ့ ေျမာက္ကိုရီးယားစစ္သား ၁၁၀၀၀ အနက္ သုံးလအတြင္းမွာ ၁၀၀၀ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ ေျပာပါတယ္။ ေတာင္ကိုရီးယားနဲ႔ အေနာက္အုပ္စုေထာက္လွမ္းေရးအဖြဲ႕ေတြက ေျမာက္ကိုရီးယားအစိုးရဟာ ယူကရိန္းစစ္ပြဲမွာ ပါဝင္ဖို႔ စစ္သားေတြကိုေစလႊတ္ခဲ့တယ္လို႔ ၿပီးခဲ့တဲ့ႏွစ္ကတည္းက သတင္းထုတ္ျပန္ခဲ့ဖူးေပမယ့္ ေျမာက္ကိုရီးယားအစိုးရက တုံ႔ျပန္ခဲ့တာမ်ိဳးမရွိခဲ့ပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ ေျမာက္ကိုရီးယားအစိုးရကိုယ္တိုင္ လူသိရွင္ၾကား ဝန္ခံခဲ့တာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားစစ္တပ္က " “ေသြးနဲ႔ သက္ေသျပတဲ့ ခင္မင္ရင္းႏွီးမႈ” ဟာ ေပါင္းသင္းဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေအာင္တိုးခ်ဲ႕ေစဖို႔ မ်ားစြာ အေထာက္အကူျပဳဖြယ္ရွိပါတယ္" လို႔ေျပာပါတယ္။
ေျမာက္ကိုရီးယားအစိုးရအေနနဲ႔ ႐ုရွားစစ္တပ္ကို ထပ္မံကူညီေပးမယ္လို႔ ဆိုပါတယ္။ ေျမာက္ကိုရီးယားစစ္တပ္ဟာ ႐ုရွားႏိုင္ငံကို ေစလႊတ္ခဲ့တဲ့ ေျမာက္ကိုရီးယားစစ္သားအေရအတြက္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိသလို မိခင္ႏိုင္ငံ ကို စစ္သားဘယ္ႏွစ္ဦး ျပန္လာသလဲဆိုတဲ့အခ်က္ကိုထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိပါဘူး၊

Related news

© 2021. All rights reserved.