ဗင်နီဇွဲလားနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ရယူရန် အမေရိကန်က ကြိုးပမ်းနေဟု ဗင်နီဇွဲလားသမ္မတ ဝေဖန်

 74

Pika (NP News) - စက်တင်ဘာ ၁၅

ဗင်နီဇွဲလားနိုင်ငံ၏ သဘာဝအရင်းအမြစ် များကိုရယူနိုင်ရန် အမေရိကန်ကကြိုးပမ်းနေကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုလက်စ်မာဒူရိုက ဝေဖန်ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဗင်နီဇွဲ လားနိုင်ငံကမ်းလွန်သို့ အမေရိကန်စစ်သင်္ဘောများ ရောက်ရှိလာခဲ့မှုကိုတုံ့ပြန်သည့်အနေဖြင့် နီကိုလက်စ် မာဒူရိုက ယင်းကဲ့သို့ဝေဖန်ပြောဆို ခဲ့ခြင်းဖြစ်သည်။
စစ်သင်္ဘောများစေလွှတ်ရသည့်အကြောင်းရင်းမှာ မူးယစ်ဆေးဝါးဂိုဏ်းများကို တိုက်ဖျက် ရန်ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်း ပြောဆိုထားသည့် အမေရိကန်၏ပြောဆိုချက်များကို နီကိုလက်စ်မာဒူရိုက ငြင်းဆန်ပယ်ချခဲ့ကြောင်း လည်းသိရသည်။ အမေရိကန်အစိုးရသည် စစ်သင်္ဘော(၈)စင်း၊ ရေငုပ် သင်္ဘောတစ်စင်းနှင့် တပ်ဖွဲ့ဝင်(၄၀ဝဝ)ကျော်ကို အဆိုပါဒေသတွင် ပြီးခဲ့သည့်လက ဖြန့်ကြက်ချထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အမေရိကန်၏စစ်ဆင် ရေးသည် မူးယစ်ဆေးဝါးဂိုဏ်းများကိုတိုက်ဖျက်ရန် မဟုတ်ဘဲ ရေနံနှင့်သဘာဝဓာတ်ငွေ့များကိုရယူရန် ဖြစ်ကြောင်း နီကို လက်စ်မာဒူရိုက ထုတ်ဖော်ပြောဆိုခဲ့သည်။ နီကိုလက်စ်မာဒူရိုက]ဗင်နီဇွဲလားနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးရေနံသိုက်နဲ့ စတုတ္တမြောက်အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ရှိပါတယ်’ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ဒေသတွင်းသို့ အမေရိကန်စစ် သင်္ဘောများ ဖြန့်ကြက်ချထားမှုနှင့်ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုများနှင့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် နီကိုလက်စ်မာဒူရိုက ကုလသမဂ္ဂကို တိုက်တွန်းခဲ့ကြောင်းသိရသည်။

Zawgyi Version:
ဗင္နီဇြဲလားႏိုင္ငံ၏ သဘာဝအရင္းအျမစ္မ်ားကို ရယူရန္ အေမရိကန္က ႀကိဳးပမ္းေနဟု ဗင္နီဇြဲလားသမၼတ ေဝဖန္
Pika (NP News) - စက္တင္ဘာ ၁၅

ဗင္နီဇြဲလားႏိုင္ငံ၏ သဘာဝအရင္းအျမစ္ မ်ားကိုရယူႏိုင္ရန္ အေမရိကန္ကႀကိဳးပမ္းေနေၾကာင္း ဗင္နီဇြဲလား သမၼတ နီကိုလက္စ္မာဒူ႐ိုက ေဝဖန္ေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ဗင္နီဇြဲ လားႏိုင္ငံကမ္းလြန္သို႔ အေမရိကန္စစ္သေဘၤာမ်ား ေရာက္ရွိလာခဲ့မႈကိုတုံ႔ျပန္သည့္အေနျဖင့္ နီကိုလက္စ္ မာဒူ႐ိုက ယင္းကဲ့သို႔ေဝဖန္ေျပာဆို ခဲ့ျခင္းျဖစ္သည္။
စစ္သေဘၤာမ်ားေစလႊတ္ရသည့္အေၾကာင္းရင္းမွာ မူးယစ္ေဆးဝါးဂိုဏ္းမ်ားကို တိုက္ဖ်က္ ရန္ႀကိဳးပမ္းမႈတစ္ခု ျဖစ္ေၾကာင္း ေျပာဆိုထားသည့္ အေမရိကန္၏ေျပာဆိုခ်က္မ်ားကို နီကိုလက္စ္မာဒူ႐ိုက ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း လည္းသိရသည္။ အေမရိကန္အစိုးရသည္ စစ္သေဘၤာ(၈)စင္း၊ ေရငုပ္ သေဘၤာတစ္စင္းႏွင့္ တပ္ဖြဲ႕ဝင္(၄၀ဝဝ)ေက်ာ္ကို အဆိုပါေဒသတြင္ ၿပီးခဲ့သည့္လက ျဖန႔္ၾကက္ခ်ထားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အေမရိကန္၏စစ္ဆင္ ေရးသည္ မူးယစ္ေဆးဝါးဂိုဏ္းမ်ားကိုတိုက္ဖ်က္ရန္ မဟုတ္ဘဲ ေရနံႏွင့္သဘာဝဓာတ္ေငြ႕မ်ားကိုရယူရန္ ျဖစ္ေၾကာင္း နီကို လက္စ္မာဒူ႐ိုက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ နီကိုလက္စ္မာဒူ႐ိုက]ဗင္နီဇြဲလားႏိုင္ငံမွာ ကမာၻ႔အႀကီးဆုံးေရနံသိုက္နဲ႔ စတုတၱေျမာက္အႀကီးဆုံး သဘာဝဓာတ္ေငြ႕သိုက္ရွိပါတယ္’ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ ေဒသတြင္းသို႔ အေမရိကန္စစ္ သေဘၤာမ်ား ျဖန႔္ၾကက္ခ်ထားမႈႏွင့္ပတ္သက္ၿပီး ျပစ္တင္ေဝဖန္မႈမ်ားႏွင့္ အေရးယူေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္ရန္ နီကိုလက္စ္မာဒူ႐ိုက ကုလသမဂၢကို တိုက္တြန္းခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.