တွင်းထွက်ပစ္စည်းဆိုင်ရာသဘောတူညီချက်ကို ချက်ချင်းလက်မှတ်ရေးထိုးဖို့ ယူကရိန်းကို ဒေါ်နယ်ထရမ့် တောင်းဆို

222

Pika (NP News) - ဧပြီ ၂၈
ယူကရိန်းသမ္မတဇီလန်စကီးဟာ အမေရိကန်နိုင်ငံနဲ့ တွင်းထွက်ပစ္စည်းဆိုင်ရာသဘောတူညီချက်ကို လက်မှတ် ရေးထိုးဖို့အတွက် သီတင်းပတ်(၃)ပတ်လောက်နောက်ကျနေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောခဲ့ပါတယ်။
ဒါ့ပြင် တွင်းထွက်ပစ္စည်းဆိုင်ရာသဘောတူညီချက်ကို ချက်ချင်းလက်မှတ်ရေးထိုးဖို့ ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ တယ်လို့လည်း သိရပါတယ်။ ယူကရိန်းနဲ့အမေရိကန်တို့ဟာ ယူကရိန်းနိုင်ငံအတွင်းမှာရှိတဲ့ တွင်းထွက်ပစ္စည်း တွေကို အမေရိကန်ကို အသုံးပြုခွင့်ပေးဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို သီတင်းပတ်များစွာကြာအောင် လုပ်ဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီသဘောတူညီချက်က အမေရိကန်ကို ယူကရိန်းရဲ့လုံခြုံရေးမိတ်ဖက်နိုင်ငံအဖြစ် ရှိနေစေနိုင်မယ်လို့ ယူကရိန်း ဘက် မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်ကနေစတင်ပြီး အမေရိကန်က ယူကရိန်းကိုထောက်ပံ့ပေးခဲ့တဲ့ စစ်ရေးအကူအညီအားလုံးအတွက် လျော်ကြေးပေးတဲ့အနေနဲ့ ယူကရိန်းရဲ့ တွင်းထွက်ပစ္စည်းတွေကို အမေရိကန်ကို အသုံးပြုခွင့်ပေးဖို့ ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ဇီလန်စကီးဦးဆောင်တဲ့ ယူကရိန်းဟာ အမေရိကန်နဲ့ အလွန်အရေးကြီးတဲ့ တွင်းထွက်ပစ္စည်း ဆိုင်ရာသဘောတူညီချက်အတွက် နောက်ဆုံးစာရွက်စာတမ်းတွေကို လက်မှတ် မရေးထိုးရသေးပါဘူး။ လက်မှတ်ရေးထိုးဖို့အတွက်က အနည်းဆုံး သီတင်းပတ်(၃)ပတ်လောက် နောက်ကျနေပါပြီ။ ဇီလန်စကီးဟာ ဒီသဘောတူညီ ချက်ကို ချက်ချင်းလက်မှတ်ရေးထိုးဖို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
တြင္းထြက္ပစၥည္းဆိုင္ရာသေဘာတူညီခ်က္ကို ခ်က္ခ်င္းလက္မွတ္ေရးထိုးဖို႔ ယူကရိန္းကို ေဒၚနယ္ထရမ့္ ေတာင္းဆို
Pika (NP News) - ဧၿပီ ၂၈
ယူကရိန္းသမၼတဇီလန္စကီးဟာ အေမရိကန္ႏိုင္ငံနဲ႔ တြင္းထြက္ပစၥည္းဆိုင္ရာသေဘာတူညီခ်က္ကို လက္မွတ္ ေရးထိုးဖို႔အတြက္ သီတင္းပတ္(၃)ပတ္ေလာက္ေနာက္က်ေနၿပီလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တြင္းထြက္ပစၥည္းဆိုင္ရာသေဘာတူညီခ်က္ကို ခ်က္ခ်င္းလက္မွတ္ေရးထိုးဖို႔ ေဒၚနယ္ထရမ့္က ေတာင္းဆိုခဲ့ တယ္လို႔လည္း သိရပါတယ္။ ယူကရိန္းနဲ႔အေမရိကန္တို႔ဟာ ယူကရိန္းႏိုင္ငံအတြင္းမွာရွိတဲ့ တြင္းထြက္ပစၥည္း ေတြကို အေမရိကန္ကို အသုံးျပဳခြင့္ေပးဖို႔နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကို သီတင္းပတ္မ်ားစြာၾကာေအာင္ လုပ္ေဆာင္ေနခဲ့တာလည္းျဖစ္ပါတယ္။
အဲဒီသေဘာတူညီခ်က္က အေမရိကန္ကို ယူကရိန္းရဲ႕လုံၿခဳံေရးမိတ္ဖက္ႏိုင္ငံအျဖစ္ ရွိေနေစႏိုင္မယ္လို႔ ယူကရိန္း ဘက္ ေမွ်ာ္လင့္ထားတယ္လို႔လည္း သိရပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားခ်ိန္ကေနစတင္ၿပီး အေမရိကန္က ယူကရိန္းကိုေထာက္ပံ့ေပးခဲ့တဲ့ စစ္ေရးအကူအညီအားလုံးအတြက္ ေလ်ာ္ေၾကးေပးတဲ့အေနနဲ႔ ယူကရိန္းရဲ႕ တြင္းထြက္ပစၥည္းေတြကို အေမရိကန္ကို အသုံးျပဳခြင့္ေပးဖို႔ ေဒၚနယ္ထရမ့္က ေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ဇီလန္စကီးဦးေဆာင္တဲ့ ယူကရိန္းဟာ အေမရိကန္နဲ႔ အလြန္အေရးႀကီးတဲ့ တြင္းထြက္ပစၥည္း ဆိုင္ရာသေဘာတူညီခ်က္အတြက္ ေနာက္ဆုံးစာ႐ြက္စာတမ္းေတြကို လက္မွတ္ မေရးထိုးရေသးပါဘူး။ လက္မွတ္ေရးထိုးဖို႔အတြက္က အနည္းဆုံး သီတင္းပတ္(၃)ပတ္ေလာက္ ေနာက္က်ေနပါၿပီ။ ဇီလန္စကီးဟာ ဒီသေဘာတူညီ ခ်က္ကို ခ်က္ခ်င္းလက္မွတ္ေရးထိုးဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။