လေးမျက်နှာမှ ဒဏ်ရာသင့်ပြည်သူ့အသံ (အင်တာဗျူး)

161

NP News - ဧပြီ ၂၈
ဧရာတီတိုင်းအတွင်းရှိ လေးမျက်နှာမြို့နယ် သည် AA ၏ တိုက်ပွဲမဖော်ဆောင်မီကာလတွင် လယ် နှင့် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်စား သောက်ကြသော အေးချမ်းသည့်မြို့နယ်လေးတစ်ခု ဖြစ်သည်။ ယခုနှစ် မတ်လနောက်ဆုံးအပတ်တွင် စစ်ရိပ်သန်းလာပြီးနောက် အေးချမ်းစွာ နေထိုင်ခဲ့သော လေးမျက်နှာမြို့နယ် အတွင်းရှိ ဒေသခံများစိတ်အတွင်း စိုးရိမ်စိတ်များ ဝင်ရောက်လာခဲ့ပြီး ဧပြီလအစမှပင် နေရပ်စွန့်ရသည့်အဖြစ်သို့ ရောက်ရှိ လာခဲ့သည်။
ထိုသို့ နေရပ်စွန့်ခွာပြောင်းရွှေ့ရာတွင် အိုးအိမ်များနှင့် လယ်ယာကိုင်းကျွန်းများအပါအဝင် ကျွဲ၊ နွားများပါ စွန့်လွှတ်ခဲ့ရသည့် အဖြစ်သို့ ရုတ်ချည်း ဆိုသလိုရောက်ရှိသွားခဲ့သည်။ အဆိုပါ အခြေအနေ များနှင့်ပတ်သက်၍ လေးမျက်နှာမြို့ခံများထံ ွှ့န ှအအေနျာညေ ဂျာနယ်က ဆက်သွယ်မေးမြန်းထား သည်များကို စုစည်းကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - တိုက်ပွဲက ဘယ်အချိန်ကတည်းက စဖြစ်တာလဲခင်ဗျ။
ဖြေ - စဖြစ်တာက (၃)လပိုင်းကုန်ခါနီးလောက်မှာ စဖြစ်တာပေါ့။ ဖြစ်နေတာကတော့ ကြာပြီ လက်တွေ့ တကယ်ဖြစ်လာတာကတော့ (၃)လပိုင်း လကုန် လောက်မှာပေါ့။
မေး - လေးမျက်နှာမြို့နယ်က စစ်ဆိုတာကိုမကြုံဖူး တဲ့ဒေသပေါ့နော်။ အခုတော့ အေးချမ်းတဲ့ဒေသကို စစ် ရောက်လာတဲ့အခါမှာ ဒေသခံတွေရဲ့စိတ်ထဲမှာ ဘယ် လိုဖြစ်သွားကြလဲ။
ဖြေ - ကြောက်လန့်ကြတာပေါ့နော်။ အဲဒီအပြင်ကို စားဝတ်နေရေးတွေပါ ကျပ်တည်းကုန်တာပေါ့။ တချို့ ဆိုလည်း အလုပ်လက်မဲ့တွေဖြစ်။ အခုချိန်ကလည်း ကုန်ဈေးနှုန်းတွေပါတက်နေတော့ ငတ်တဲ့လူတွေက ငတ်ကုန်ပြီ။ အဲဒီလိုဖြစ်နေတော့ ဘေးလွတ်ရာ နေရာအမျိုးတွေကလည်း စစ်ဘေးရှောင်တွေကို ကြာ ရှည်ဘယ်လက်ခံနိုင်မလဲ။ ဖြစ်လာရင်လည်းလွယ်တာမဟုတ်ဘူးလေ။ အဲဒီဘက်က ရွာတွေကတော့ တော်တော်ကိုဒုက္ခရောက်ကြတာ ပေါ့နော်။ လယ်သမားတွေကတော့ ပိုဆိုးတာပေါ့။
မေး - လေးမျက်နှာမြို့နယ်ကကုန်သွယ်ရေးမှာကော ဘယ်မြို့တွေနဲ့ဆက်သွယ်လုပ်လဲခင်ဗျ။
ဖြေ - လေးမျက်နှာမြို့နယ်က အရင်တုန်းက ဟင်္သာတနဲ့ ငါးသိုင်းချောင်းတို့အပြင် အင်္ဂပူတို့နဲ့ ကုန်သွယ်ရေး လုပ်တယ်။ အဲဒီနားမှာဆိုရင် အင်္ဂပူနဲ့ ငါးသိုင်းချောင်းနဲ့ ထိစပ်နေတယ်လေ။ ဒီဘက်မှာတော့ ဟင်္သာတမြို့နယ်ပေါ့။ ဟင်္သာတခရိုင်ထဲမှာပါတာပေါ့။ အနောက်ဘက်ဆိုရင်တော့ အနောက်ရိုးမတောင် တန်းကြီးရှိတယ်။ သူက အစွန်ဆုံး မြို့နယ်ပေါ့။ အနောက် ရိုးမတောင်ကိုရောက်ဖို့က (၁၀) မိုင်ကျော်ကျော် လောက်ပဲရှိတယ်။ အခုဖြစ်နေ တာလည်း အဲဒီနားမှာ ပေါ့နော်။ အနောက်ရိုးမနဲ့ လေးမျက်နှာမြို့နယ်ကြားမှာ ဖြစ်နေတာပေါ့နော်။
မေး - လက်ရှိမှာ AA ရဲ့တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် လေးမျက်နှာမြို့နယ်က ဆက်သွယ်ရေးတွေ ပြတ်တောက် နေတယ်လို့ပြောကြတယ်။ ဘယ်လို ကြောင့် ဆက်သွယ်ရေးတွေ ပြတ်တောက်သွားရတာလဲ။
ဖြေ - ဖုန်းကဆက်လို့မရတော့ဘူး။ ဗဗ စဝင် တည်းက ဖုန်းတွေအသိမ်းခံထားရတာ။ သူတို့က မြင်တဲ့ဖုန်းတွေကို သိမ်းတယ်။ တချို့ကျတော့ ဝှက်ထားတဲ့ဖုန်းတွေလောက်ပဲဆက်လို့ရတာ။ ဒါတောင်မှ တိုးတိုးနဲ့ ခိုးဆက်ရတဲ့ဘဝ တွေ။ အခုကျတော့ တာဝါ တိုင်ကြီးတွေကို ပြအနူက ဆီလာမထည့်တော့ဘူးလေ။ အဲဒီမှာ ဆီလုံးဝမရှိတော့ ဖုန်းလိုင်းတွေကလုံးဝ မရတော့ဘူး။ ရွာကလူက အပြင်ကိုလုံးဝဆက်လို့မရတော့ဘူး။
မေး - AA တွေမဝင်ခင်တုန်းက ရွာဘက်မှာ ဘယ်လို အခြေအနေရှိလဲ။
ဖြေ - ရွာမှာကတော့ အရင်တုန်းက ဒီလိုပဲလုပ်ကိုင်စားသောက်ကြတာပေါ့။ လယ်တွေ ကိုင်းတွေ စိုက်။ ပဲစိုက်နဲ့ မျှစ်ချိုးတဲ့သူကချိုးပေါ့။ ဒီလိုပဲလုပ်ကိုင်စားသောက်ကြတာပေါ့နော်။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့အချိန်ကကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ အကုန်လုံးကပြီး သလောက် ဖြစ်နေပြီ။ အဲဒီလိုဖြစ်နေပြီဆိုတော့ ဘာမှတော့မရှိတော့ဘူး။ ဒါပေမဲ့ အခုက တကယ့်တကယ်ဖြစ်လာတဲ့အခါကျတော့ ရွာကနေထွက်တယ်လေ။ ရွာကနေ ထွက်တဲ့အခါကျ တော့ တချို့က နွားတွေယူပြီးသွားစရာနေရာ မရှိဘူးလေ။ အဲဒီလိုဖြစ်နေတာ။ သွားစရာနေရာရှိတဲ့သူကတော့ သွားကြတာပေါ့။ သွားစရာမရှိတဲ့သူကတော့ ရွာထဲမှာပဲ နေကြတာပေါ့။ အဲဒါနဲ့ တကယ့်တကယ်ဖြစ်လာတော့ သွားမှရမယ် ဆိုတော့ ဥပမာ (၁၀) သိန်းတန်တဲ့နွားကို (၅)သိန်းနဲ့ ရောင်းပြီး မဖြစ်ဖြစ်သလိုသွားရတာပေါ့။ တချို့က လည်း ရန်ကုန်မှာ အသိရှိတယ်။ ဟင်္သာတမှာ အသိရှိ တယ်ဆိုသွားကြတာပေါ့။ တချို့အသိမရှိတဲ့သူတွေ ကလည်း ဘုန်းကြီးကျောင်းမှာ ကပ်နေတဲ့သူတွေက နေပေါ့နော်။ အဲဒီလိုဖြစ်ကုန်တာပေါ့။ ပိုက်ဆံမရှိတဲ့သူ တွေကတော့ ရွာမှာပဲ ကုပ်ကပ်နေကြရတာပေါ့။
မေး - နောက်ဆုံးသိရသလောက်ဆိုရင် စစ်ဖြစ်လာ တော့ဒေသခံတွေဘယ်လိုအခက်အခဲတွေရှိကြလဲ။
ဖြေ - ရှိတဲ့ဟာပဲစားသောက်နေကြတာပေါ့နော်။ တချိူ့ကလည်းအိမ်မှာ ခိုးဝှက်ပုန်းအောင်းပြီးနေကြတာပေါ့။ အရင်တည်းက အလုပ်မရှိအကိုင်မရှိ ပျံကျ နေရတဲ့သူတွေကလည်း ဒီလိုနေပြီး တချို့ကလည်း AA ကဖမ်းသွားပြီလို့ပြောသံကြားတယ်။ ခိုးတဲ့သူ တွေ အိမ်ကိုဖောက်ပြီးပစ္စည်းယူတဲ့ လူတွေလည်း ရှိတယ်ပေါ့နော်။ အားလုံးက တစ်စစီလွင့်ကုန်ကြတာ ပေါ့နော်။ လွင့်သွားတယ်ဆိုတာကလည်း သွားကုန်ကြ တာပေါ့နော်။ အခုဆို ဘယ်သူတွေသွားကုန်ကြတယ် သိတဲ့သူတွေကသိပေမယ့် မသိတဲ့သူတွေကလည်း မသိဘူးပေါ့လေ။ တချို့က လည်း ဘုန်းကြီးကျောင်း မှာနေကြတယ်။ တချို့ကလည်း ကလေးတွေရဲ့ ပညာ ရေးရှိတယ်လေ။ အဲဒီလိုဆိုတော့ ရန်ကုန်မှာလာနေ ချင်ကြတယ်။ ရန်ကုန်မှာကလည်း သိတဲ့အတိုင်းပဲ လေ။ အကုန်လုံးက ဘက်ပေါင်းစုံက ဝင်လာကြတာ ဆိုတော့ လုပ်လို့ကိုင်လို့က အဆင်မပြေတော့ဘူး လေ။ အဲဒီအပြင် ကုန်ဈေးနှုန်းကလည်း တက်နေ တော့ ပိုလို့အဆင်မပြေကြဘူး။
မေး - အခုလို စစ်ဘေးရှောင်လာတဲ့အခါမှာ သူတို့ရဲ့ လယ်တွေယာတွေထားခဲ့ပြီး လက်ထဲပိုက်ဆံမရှိတဲ့ အခြေအနေဖြစ်သွားကြတော့ သူတို့စိတ်အခြေအနေ က ဘယ်လိုဖြစ်သွားလဲ။
ဖြေ - အရင်တုန်းကတော့ စပါးချိန်တွေဆို လက်ထဲ ငွေ ရှိတာပေါ့နော်။ အခုက ပိုက်ဆံဆိုတာထက် အခုအချိန်က လယ်လုပ်ရတော့မယ့် အချိန်လေ။ လယ်လုပ်ဖို့ပြင်ရတော့မယ့် အချိန်ပေါ့။ သင်္ကြန်ပြီးသွားတော့ လယ်လုပ်ရမယ့် အချိန်မှာ လယ်တွေ မလုပ်ရတော့ဘူးလေ။ လယ်တွေပစ်ထားခဲ့ရတယ်။ အိမ်ကြီး တွေပစ်ထားခဲ့ရတယ်။ အကုန်လုံး တော့ မသယ်နိုင်ဘူးလေ။ တစ်နိုင်တစ်ပိုင်ပဲသယ်လာရတော့ တချို့က လည်း နှမျောတာပေါ့လေ။ လူကြီးတွေဆို တော့လည်း အနှစ်နှစ်အလလစုလာရတဲ့ ပစ္စည်းတွေဘာညာကို နှမြောကြတာပေါ့။ အရင်ငယ်ငယ်တည်းက ရွာမှာ အနှစ်နှစ်အလလ နေလာကြတဲ့လူတွေဆိုတော့ ဘယ်စိတ်ကောင်းကြမလဲ။ မိုးရွာရင် အိမ်ပြန်ချင်တဲ့ စိတ်၊ မိုးရွာရင် ရွာပြန်ပြီးလယ်လုပ်ချင်တဲ့စိတ်က တော့ဖြစ်တာပေါ့။ ရန်ကုန်မှာဘယ်လောက်ပဲ အဆင်ပြေတယ်ပြောပြော အိမ်ကိုပြန်ပြီး လယ်တွေ ကိုင်း တွေပြန်လုပ်ချင်တာပေါ့။ အဲဒီလိုမလုပ်ရတော့ စပါးချိန်ဆို စပါးမရတော့ဘူး။ ပဲချိန်ဆိုလည်း ပဲ မရတော့ ဘူးလေ။ အဲဒီတော့ စိတ်ထဲမှာ အဆင်မပြေဘူးပေါ့။
မေး - ဆိုတော့ အမျိုးတွေ တော်တော်များများကကော ရန်ကုန်ပြောင်းလာကြလား။ ဘယ်ကို ဦးတည်ပြီးသွား ကုန်ကြလဲ။
ဖြေ - အမျိုးတွေက ရန်ကုန်ရောက်တဲ့သူတွေလည်းရောက်တယ်။ တချို့တွေကလည်း တခြားနေရာတွေ ဘုန်းကြီးကျောင်းလိုနေရာတွေနဲ့ တချို့ကလည်း အသိရှိတဲ့နေရာတွေ သွားကြတာပေါ့။ ဒါပေမဲ့ ရွာ မှာတော့ မရှိတော့ဘူး။
မေး - တိုက်ပွဲမဖြစ်ခင်တုန်းက တိုက်ပွဲဖြစ်တော့မယ် ဆိုတဲ့ အရိပ်အယောင်တွေကို ဘယ်လိုမြင်ကြရလဲ။
ဖြေ - ဘယ်လိုသိရလဲဆိုတော့ အရင်တုန်းက ဂွ ဘက်မှာဖြစ်တော့ ကျွန်မတို့ဘက်ကို ရောက်မယ်လို့ မထင်ဘူးလေ။ ဂွ ဘက်ကနေ ဒီလိုပဲ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်ဘက်ကိုပဲ လာမယ်လို့ထင်တာ။ လေးမျက်နှာနဲ့ အရမ်းနီးသွားပြီလေ။ အရမ်းနီးသွားပြီ ဆိုပေမယ့် ကိုယ့်ရွာကို ရောက်မရောက် မသိသေး ပေမယ့် အနားမှာဖြစ်သွားပြီဆိုတော့ ကိုယ့်ရွာရောက် ဖို့အရမ်းနီးသွားပြီလေ။ အဲဒီမှာ နည်းနည်းနဲ့ စရှောင် ကြတာ။ စရှောင်ပြီးတော့ (၂) ရက်၊ (၃) ရက်လောက် ပဲရှိမယ် ရွာကိုတန်းရောက်လာတာလေ။ စဖြစ်တုန်းက ဆိုရင် တပ်က ရွာကိုမလာဘူး။ အရှေ့ရွာမှာဆိုရင်တော့ တပ်စွဲတယ်။ အခုဖြစ်နေတဲ့ ပန်းတောကြီးတို့ဘက် မှာအမြောက်တွေဆင်တယ်။ အဲဒီအချိန်မှာ ဝါးတော ကွင်းကို AA ကရောက်လာတာ။ အဲဒီကနေ ပန်း တောကြီးကို ရောက်သွားတာ။
မေး - လေးမျက်နှာမြို့နယ်ကို AA တွေဝင်အုပ်ချုပ် တာကြိုက်လားခင်ဗျ။
ဖြေ - အုပ်ချုပ်တာတော့မကြိုက်ဘူးလေ။ တစ်ဦးတစ် ယောက်အုပ်ချုပ်ပြီး အေးအေးချမ်းချမ်းအုပ်ချုပ်ရင်တော့ တစ်မျိုးပေါ့နော်။ အခုဟာက တိုက်ပွဲဖော်ဆောင် ပြီး စစ်ကြီးဖြစ်ပြီး အုပ်ချုပ်တာတော့ မကြိုက်ဘူးလေ။ အခုဟာက ထူးဆန်းတာက လေးမျက်နှာနဲ့ အင်္ဂပူနဲ့ ဆက် နေတာနော်။ အင်္ဂပူဘက်ကိုလုံးဝကိုမကျော်တာ။ လေးမျက်နှာထဲမှာပဲ ရှိတာ။
မေး - အခုကတော့ အစ်မတို့ဘက်က လုံးဝဆက် သွယ်လို့မရတော့ဘူးပေါ့နော်။ အဆက်အသွယ်တွေ ပြတ်သွားပြီဆိုတော့ ဆက်သွယ်လို့ရတုန်းက အခြေ အနေတွေက ဘယ်လိုရှိလဲခင်ဗျ။
ဖြေ - နောက်ဆုံးသိခဲ့ရတာတော့ တာဝါတိုင် ဆီ ပြတ် တော့မယ်ဆိုတဲ့အချိန်ထိ ဗဗ ကရှိတယ်။ ဗဗ က အင်အားဘယ်လောက်ရှိလဲတော့ မသိဘူး။ AA ရှိနေတော့ ညဘက်အိပ်ချင်ရင် တခြားရွာ သွားအိပ်ရ တဲ့အခြေအနေအထိ ဖြစ်သွားတာ။
မေး - AA က အင်္ဂပူတော့မဝင်ဘူးပေါ့နော်။ လေးမျက်နှာကိုဝင်လာတာဆိုတော့ ဒေသခံတွေရဲ့စိုးရိမ်မှု က ဘယ်လိုရှိလဲ။
ဖြေ - စိုးရိမ်တာကတော့ အခုလိုဖြစ်တာဆိုတော့ အားလုံးဒုက္ခရောက်တယ်လေ။ ကိုယ့်ရွာမှမဟုတ်ဘူး။ ရွာပေါင်းက အများကြီးပဲ။ ကားလမ်းဘေးက ရွာတွေ ဆိုရင် ဖယ်ခိုင်းထားတယ်လို့ပြောတယ်။ အဲဒီလိုဆို တော့ စိုးရိမ်မှုတော့ရှိ တယ်။ ဗဗ က ကျွန်မတို့ရွာကို ဝင်လာတုန်းက တပ်မရှိတော့ ဒီတိုင်းဝင်လာတာ။ ပန်းတောကြီးမှာတော့ အရင်တုန်းက တပ်ရှိတယ်။ အခုတော့ ဆုတ်ပေးလိုက်တယ်လို့ ပြောတယ်။
မေး - တပ်မတော်ဘက်က ဘယ်လိုခုခံတိုက်ခိုက်နေ တဲ့အခြေအနေရှိပါသလဲ။
ဖြေ - ဆီဆုံကုန်း ဆိုတဲ့ရွာရှိတယ်။ လေးမျက်နှာမြို့နဲ့ (၇) မိုင်လောက်တော့ဝေးတယ်။ အဲဒီမှာ တပ်မတော် က အထိုင်ချထားတယ်လို့ ပြောတယ်။ ပန်းတောကြီး ဘက်မှာဟိုဘက်ကတစ်ခြမ်းမှာတော့ တိုက်ပွဲတွေဖြစ် ကြတာပေါ့။ အဲဒီဘက်ကလူတွေကတော့ မရှိတော့ ဘူး။ ဟင်္သာတမြို့တွေဘက်ကို ရှောင်ကုန်ကြတာ ပေါ့။ လေးမျက်နှာမြို့သစ်ဘက်တွေကိုလည်း ရှောင် ကုန်ကြတာပေါ့။
မေး- ဆိုတော့ ဒီနေရာမှာ စကားစပ်မိလို့ ကျွန် တော်တစ်ခု မေးချင်ပါတယ်။ AA နဲ့ ပူးပေါင်းအဖွဲ့ တွေဝင်တာနဲ့ပတ်သက်လို့ ဒေသခံတွေက လက်ခံ တယ် ကြိုဆိုတယ်ဆိုတာမျိုးကြားရတယ်။ အဲဒါ ဟုတ်လားဗျ။
ဖြေ- လက်ခံကြတယ်ဆိုတာက ကောလာဟလတွေ ပါ။ ကျွန်တော်တို့ဘက်ကလူတွေက လူရိုးတွေများ တယ်။ ဒါပေမဲ့ ကြိုကြား ကြိုကြားတွေတော့ ရှိ ကောင်းရှိနိုင်တာပေါ့နော်။ များသောအားဖြင့်တော့ ဒေသခံတွေက လူရိုးတွေများတယ်။ လယ်ယာလုပ် ငန်း လုပ်ကိုင်ကြတဲ့လူတွေများတယ်။ ရှင်းရှင်း ပြော ရရင်တော့ ဗမာလူမျိုးများတယ်။ ရခိုင်ရိုးမပေါ်မှာတော့ ချင်းလူမျိုးတွေအများစုရှိတယ်။ အဲဒီဘက်က လူတွေ က တောင်ယာလုပ်တဲ့သူတွေ။
မေး - ဗဗ ရဲ့တိုက်ပွဲဖော်ဆောင်မှုက ဧရာဝတီထိပါ ရောက်လာပြီဆိုတော့ ဒေသခံတစ်ဦးအနေနဲ့ ဘာ များပြောချင်ပါသလဲ။
ဖြေ - ဒီတိုက်ပွဲတွေက နှစ်ဖက်ပေါ် မူတည်တယ်။ လောလောဆယ်မှာတော့ ဒေသခံတွေ ဒုက္ခရောက် ကြတယ်။ တချို့ဆိုရင် ဆုံရှုံးမှုများတယ်။ လယ်သမား တွေများတော့ လယ်တွေစိုက်လို့မရတော့ဘူး။ တချို့ ဆိုရင် အိမ်တွေထားခဲ့ရတယ်။ နွားတွေထားခဲ့ရတော့ နွားတွေလည်း ဆုံးရှုံးရတယ်။ များသောအားဖြင့် မနေ ရဲတော့ ပြေးနေကြရတာ။ မိုက်ပြီးနေတဲ့လူတွေလည်း ရှိတာပေါ့နော်။ အဲဒါကတော့ တစ်ယောက်စ နှစ် ယောက်စလောက်ပဲရှိတာပေါ့။ ကြားထဲကနေ ပြည် သူတွေဒုက္ခရောက်တာပေါ့နော်။ ဘယ်သူမှတိုက်ပွဲ ကို မဖိတ်ခေါ်သလို ဘယ်သူမှတိုက်ပွဲ မဖြစ်ချင်ဘူး။ လေးမျက်နှာမြို့ဆိုတာ အရမ်းအေးချမ်းတဲ့မြို့။ ဒါမျိုး တစ်ခါမှမကြုံဖူးဘူး။ ကိုယ့်အလုပ်ကိုလုပ်ကိုင်စား သောက်နေကြတဲ့မြို့ပါ။ အခုလိုဖြစ်လာတော့ ကြောက်လန့်ပြီးပြေးကြရတာပေါ့။ တချို့ကျတော့ လည်း အသက်ကြီးပိုင်းတွေဆိုတော့ ပိုပြီးစိုးရိမ်ကြရတာပေါ့။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
ေလးမ်က္ႏွာမွ ဒဏ္ရာသင့္ျပည္သူ႔အသံ (အင္တာဗ်ဴး)
NP News - ဧၿပီ ၂၈
ဧရာတီတိုင္းအတြင္းရွိ ေလးမ်က္ႏွာၿမိဳ႕နယ္ သည္ AA ၏ တိုက္ပြဲမေဖာ္ေဆာင္မီကာလတြင္ လယ္ ႏွင့္ ေတာင္ယာလုပ္ငန္းကို အဓိကထား လုပ္ကိုင္စား ေသာက္ၾကေသာ ေအးခ်မ္းသည့္ၿမိဳ႕နယ္ေလးတစ္ခု ျဖစ္သည္။ ယခုႏွစ္ မတ္လေနာက္ဆုံးအပတ္တြင္ စစ္ရိပ္သန္းလာၿပီးေနာက္ ေအးခ်မ္းစြာ ေနထိုင္ခဲ့ေသာ ေလးမ်က္ႏွာၿမိဳ႕နယ္ အတြင္းရွိ ေဒသခံမ်ားစိတ္အတြင္း စိုးရိမ္စိတ္မ်ား ဝင္ေရာက္လာခဲ့ၿပီး ဧၿပီလအစမွပင္ ေနရပ္စြန႔္ရသည့္အျဖစ္သို႔ ေရာက္ရွိ လာခဲ့သည္။
ထိုသို႔ ေနရပ္စြန႔္ခြာေျပာင္းေ႐ႊ႕ရာတြင္ အိုးအိမ္မ်ားႏွင့္ လယ္ယာကိုင္းကြၽန္းမ်ားအပါအဝင္ ကြၽဲ၊ ႏြားမ်ားပါ စြန႔္လႊတ္ခဲ့ရသည့္ အျဖစ္သို႔ ႐ုတ္ခ်ည္း ဆိုသလိုေရာက္ရွိသြားခဲ့သည္။ အဆိုပါ အေျခအေန မ်ားႏွင့္ပတ္သက္၍ ေလးမ်က္ႏွာၿမိဳ႕ခံမ်ားထံ ႊ႕န ွအေအန်ာေည ဂ်ာနယ္က ဆက္သြယ္ေမးျမန္းထား သည္မ်ားကို စုစည္းေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - တိုက္ပြဲက ဘယ္အခ်ိန္ကတည္းက စျဖစ္တာလဲခင္ဗ်။
ေျဖ - စျဖစ္တာက (၃)လပိုင္းကုန္ခါနီးေလာက္မွာ စျဖစ္တာေပါ့။ ျဖစ္ေနတာကေတာ့ ၾကာၿပီ လက္ေတြ႕ တကယ္ျဖစ္လာတာကေတာ့ (၃)လပိုင္း လကုန္ ေလာက္မွာေပါ့။
ေမး - ေလးမ်က္ႏွာၿမိဳ႕နယ္က စစ္ဆိုတာကိုမႀကဳံဖူး တဲ့ေဒသေပါ့ေနာ္။ အခုေတာ့ ေအးခ်မ္းတဲ့ေဒသကို စစ္ ေရာက္လာတဲ့အခါမွာ ေဒသခံေတြရဲ႕စိတ္ထဲမွာ ဘယ္ လိုျဖစ္သြားၾကလဲ။
ေျဖ - ေၾကာက္လန႔္ၾကတာေပါ့ေနာ္။ အဲဒီအျပင္ကို စားဝတ္ေနေရးေတြပါ က်ပ္တည္းကုန္တာေပါ့။ တခ်ိဳ႕ ဆိုလည္း အလုပ္လက္မဲ့ေတြျဖစ္။ အခုခ်ိန္ကလည္း ကုန္ေဈးႏႈန္းေတြပါတက္ေနေတာ့ ငတ္တဲ့လူေတြက ငတ္ကုန္ၿပီ။ အဲဒီလိုျဖစ္ေနေတာ့ ေဘးလြတ္ရာ ေနရာအမ်ိဳးေတြကလည္း စစ္ေဘးေရွာင္ေတြကို ၾကာ ရွည္ဘယ္လက္ခံႏိုင္မလဲ။ ျဖစ္လာရင္လည္းလြယ္တာမဟုတ္ဘူးေလ။ အဲဒီဘက္က ႐ြာေတြကေတာ့ ေတာ္ေတာ္ကိုဒုကၡေရာက္ၾကတာ ေပါ့ေနာ္။ လယ္သမားေတြကေတာ့ ပိုဆိုးတာေပါ့။
ေမး - ေလးမ်က္ႏွာၿမိဳ႕နယ္ကကုန္သြယ္ေရးမွာေကာ ဘယ္ၿမိဳ႕ေတြနဲ႔ဆက္သြယ္လုပ္လဲခင္ဗ်။
ေျဖ - ေလးမ်က္ႏွာၿမိဳ႕နယ္က အရင္တုန္းက ဟသၤာတနဲ႔ ငါးသိုင္းေခ်ာင္းတို႔အျပင္ အဂၤပူတို႔နဲ႔ ကုန္သြယ္ေရး လုပ္တယ္။ အဲဒီနားမွာဆိုရင္ အဂၤပူနဲ႔ ငါးသိုင္းေခ်ာင္းနဲ႔ ထိစပ္ေနတယ္ေလ။ ဒီဘက္မွာေတာ့ ဟသၤာတၿမိဳ႕နယ္ေပါ့။ ဟသၤာတခ႐ိုင္ထဲမွာပါတာေပါ့။ အေနာက္ဘက္ဆိုရင္ေတာ့ အေနာက္႐ိုးမေတာင္ တန္းႀကီးရွိတယ္။ သူက အစြန္ဆုံး ၿမိဳ႕နယ္ေပါ့။ အေနာက္ ႐ိုးမေတာင္ကိုေရာက္ဖို႔က (၁၀) မိုင္ေက်ာ္ေက်ာ္ ေလာက္ပဲရွိတယ္။ အခုျဖစ္ေန တာလည္း အဲဒီနားမွာ ေပါ့ေနာ္။ အေနာက္႐ိုးမနဲ႔ ေလးမ်က္ႏွာၿမိဳ႕နယ္ၾကားမွာ ျဖစ္ေနတာေပါ့ေနာ္။
ေမး - လက္ရွိမွာ AA ရဲ႕တိုက္ပြဲေဖာ္ေဆာင္မႈေတြေၾကာင့္ ေလးမ်က္ႏွာၿမိဳ႕နယ္က ဆက္သြယ္ေရးေတြ ျပတ္ေတာက္ ေနတယ္လို႔ေျပာၾကတယ္။ ဘယ္လို ေၾကာင့္ ဆက္သြယ္ေရးေတြ ျပတ္ေတာက္သြားရတာလဲ။
ေျဖ - ဖုန္းကဆက္လို႔မရေတာ့ဘူး။ ဗဗ စဝင္ တည္းက ဖုန္းေတြအသိမ္းခံထားရတာ။ သူတို႔က ျမင္တဲ့ဖုန္းေတြကို သိမ္းတယ္။ တခ်ိဳ႕က်ေတာ့ ဝွက္ထားတဲ့ဖုန္းေတြေလာက္ပဲဆက္လို႔ရတာ။ ဒါေတာင္မွ တိုးတိုးနဲ႔ ခိုးဆက္ရတဲ့ဘဝ ေတြ။ အခုက်ေတာ့ တာဝါ တိုင္ႀကီးေတြကို ျပအႏူက ဆီလာမထည့္ေတာ့ဘူးေလ။ အဲဒီမွာ ဆီလုံးဝမရွိေတာ့ ဖုန္းလိုင္းေတြကလုံးဝ မရေတာ့ဘူး။ ႐ြာကလူက အျပင္ကိုလုံးဝဆက္လို႔မရေတာ့ဘူး။
ေမး - AA ေတြမဝင္ခင္တုန္းက ႐ြာဘက္မွာ ဘယ္လို အေျခအေနရွိလဲ။
ေျဖ - ႐ြာမွာကေတာ့ အရင္တုန္းက ဒီလိုပဲလုပ္ကိုင္စားေသာက္ၾကတာေပါ့။ လယ္ေတြ ကိုင္းေတြ စိုက္။ ပဲစိုက္နဲ႔ မွ်စ္ခ်ိဳးတဲ့သူကခ်ိဳးေပါ့။ ဒီလိုပဲလုပ္ကိုင္စားေသာက္ၾကတာေပါ့ေနာ္။ ဒါေပမဲ့ တိုက္ပြဲျဖစ္တဲ့အခ်ိန္ကက်ေတာ့ ဘယ္လိုျဖစ္လဲဆိုေတာ့ အကုန္လုံးကၿပီး သေလာက္ ျဖစ္ေနၿပီ။ အဲဒီလိုျဖစ္ေနၿပီဆိုေတာ့ ဘာမွေတာ့မရွိေတာ့ဘူး။ ဒါေပမဲ့ အခုက တကယ့္တကယ္ျဖစ္လာတဲ့အခါက်ေတာ့ ႐ြာကေနထြက္တယ္ေလ။ ႐ြာကေန ထြက္တဲ့အခါက် ေတာ့ တခ်ိဳ႕က ႏြားေတြယူၿပီးသြားစရာေနရာ မရွိဘူးေလ။ အဲဒီလိုျဖစ္ေနတာ။ သြားစရာေနရာရွိတဲ့သူကေတာ့ သြားၾကတာေပါ့။ သြားစရာမရွိတဲ့သူကေတာ့ ႐ြာထဲမွာပဲ ေနၾကတာေပါ့။ အဲဒါနဲ႔ တကယ့္တကယ္ျဖစ္လာေတာ့ သြားမွရမယ္ ဆိုေတာ့ ဥပမာ (၁၀) သိန္းတန္တဲ့ႏြားကို (၅)သိန္းနဲ႔ ေရာင္းၿပီး မျဖစ္ျဖစ္သလိုသြားရတာေပါ့။ တခ်ိဳ႕က လည္း ရန္ကုန္မွာ အသိရွိတယ္။ ဟသၤာတမွာ အသိရွိ တယ္ဆိုသြားၾကတာေပါ့။ တခ်ိဳ႕အသိမရွိတဲ့သူေတြ ကလည္း ဘုန္းႀကီးေက်ာင္းမွာ ကပ္ေနတဲ့သူေတြက ေနေပါ့ေနာ္။ အဲဒီလိုျဖစ္ကုန္တာေပါ့။ ပိုက္ဆံမရွိတဲ့သူ ေတြကေတာ့ ႐ြာမွာပဲ ကုပ္ကပ္ေနၾကရတာေပါ့။
ေမး - ေနာက္ဆုံးသိရသေလာက္ဆိုရင္ စစ္ျဖစ္လာ ေတာ့ေဒသခံေတြဘယ္လိုအခက္အခဲေတြရွိၾကလဲ။
ေျဖ - ရွိတဲ့ဟာပဲစားေသာက္ေနၾကတာေပါ့ေနာ္။ တခ်ိဴ႕ကလည္းအိမ္မွာ ခိုးဝွက္ပုန္းေအာင္းၿပီးေနၾကတာေပါ့။ အရင္တည္းက အလုပ္မရွိအကိုင္မရွိ ပ်ံက် ေနရတဲ့သူေတြကလည္း ဒီလိုေနၿပီး တခ်ိဳ႕ကလည္း AA ကဖမ္းသြားၿပီလို႔ေျပာသံၾကားတယ္။ ခိုးတဲ့သူ ေတြ အိမ္ကိုေဖာက္ၿပီးပစၥည္းယူတဲ့ လူေတြလည္း ရွိတယ္ေပါ့ေနာ္။ အားလုံးက တစ္စစီလြင့္ကုန္ၾကတာ ေပါ့ေနာ္။ လြင့္သြားတယ္ဆိုတာကလည္း သြားကုန္ၾက တာေပါ့ေနာ္။ အခုဆို ဘယ္သူေတြသြားကုန္ၾကတယ္ သိတဲ့သူေတြကသိေပမယ့္ မသိတဲ့သူေတြကလည္း မသိဘူးေပါ့ေလ။ တခ်ိဳ႕က လည္း ဘုန္းႀကီးေက်ာင္း မွာေနၾကတယ္။ တခ်ိဳ႕ကလည္း ကေလးေတြရဲ႕ ပညာ ေရးရွိတယ္ေလ။ အဲဒီလိုဆိုေတာ့ ရန္ကုန္မွာလာေန ခ်င္ၾကတယ္။ ရန္ကုန္မွာကလည္း သိတဲ့အတိုင္းပဲ ေလ။ အကုန္လုံးက ဘက္ေပါင္းစုံက ဝင္လာၾကတာ ဆိုေတာ့ လုပ္လို႔ကိုင္လို႔က အဆင္မေျပေတာ့ဘူး ေလ။ အဲဒီအျပင္ ကုန္ေဈးႏႈန္းကလည္း တက္ေန ေတာ့ ပိုလို႔အဆင္မေျပၾကဘူး။
ေမး - အခုလို စစ္ေဘးေရွာင္လာတဲ့အခါမွာ သူတို႔ရဲ႕ လယ္ေတြယာေတြထားခဲ့ၿပီး လက္ထဲပိုက္ဆံမရွိတဲ့ အေျခအေနျဖစ္သြားၾကေတာ့ သူတို႔စိတ္အေျခအေန က ဘယ္လိုျဖစ္သြားလဲ။
ေျဖ - အရင္တုန္းကေတာ့ စပါးခ်ိန္ေတြဆို လက္ထဲ ေငြ ရွိတာေပါ့ေနာ္။ အခုက ပိုက္ဆံဆိုတာထက္ အခုအခ်ိန္က လယ္လုပ္ရေတာ့မယ့္ အခ်ိန္ေလ။ လယ္လုပ္ဖို႔ျပင္ရေတာ့မယ့္ အခ်ိန္ေပါ့။ သၾကၤန္ၿပီးသြားေတာ့ လယ္လုပ္ရမယ့္ အခ်ိန္မွာ လယ္ေတြ မလုပ္ရေတာ့ဘူးေလ။ လယ္ေတြပစ္ထားခဲ့ရတယ္။ အိမ္ႀကီး ေတြပစ္ထားခဲ့ရတယ္။ အကုန္လုံး ေတာ့ မသယ္ႏိုင္ဘူးေလ။ တစ္ႏိုင္တစ္ပိုင္ပဲသယ္လာရေတာ့ တခ်ိဳ႕က လည္း ႏွေမ်ာတာေပါ့ေလ။ လူႀကီးေတြဆို ေတာ့လည္း အႏွစ္ႏွစ္အလလစုလာရတဲ့ ပစၥည္းေတြဘာညာကို ႏွေျမာၾကတာေပါ့။ အရင္ငယ္ငယ္တည္းက ႐ြာမွာ အႏွစ္ႏွစ္အလလ ေနလာၾကတဲ့လူေတြဆိုေတာ့ ဘယ္စိတ္ေကာင္းၾကမလဲ။ မိုး႐ြာရင္ အိမ္ျပန္ခ်င္တဲ့ စိတ္၊ မိုး႐ြာရင္ ႐ြာျပန္ၿပီးလယ္လုပ္ခ်င္တဲ့စိတ္က ေတာ့ျဖစ္တာေပါ့။ ရန္ကုန္မွာဘယ္ေလာက္ပဲ အဆင္ေျပတယ္ေျပာေျပာ အိမ္ကိုျပန္ၿပီး လယ္ေတြ ကိုင္း ေတြျပန္လုပ္ခ်င္တာေပါ့။ အဲဒီလိုမလုပ္ရေတာ့ စပါးခ်ိန္ဆို စပါးမရေတာ့ဘူး။ ပဲခ်ိန္ဆိုလည္း ပဲ မရေတာ့ ဘူးေလ။ အဲဒီေတာ့ စိတ္ထဲမွာ အဆင္မေျပဘူးေပါ့။
ေမး - ဆိုေတာ့ အမ်ိဳးေတြ ေတာ္ေတာ္မ်ားမ်ားကေကာ ရန္ကုန္ေျပာင္းလာၾကလား။ ဘယ္ကို ဦးတည္ၿပီးသြား ကုန္ၾကလဲ။
ေျဖ - အမ်ိဳးေတြက ရန္ကုန္ေရာက္တဲ့သူေတြလည္းေရာက္တယ္။ တခ်ိဳ႕ေတြကလည္း တျခားေနရာေတြ ဘုန္းႀကီးေက်ာင္းလိုေနရာေတြနဲ႔ တခ်ိဳ႕ကလည္း အသိရွိတဲ့ေနရာေတြ သြားၾကတာေပါ့။ ဒါေပမဲ့ ႐ြာ မွာေတာ့ မရွိေတာ့ဘူး။
ေမး - တိုက္ပြဲမျဖစ္ခင္တုန္းက တိုက္ပြဲျဖစ္ေတာ့မယ္ ဆိုတဲ့ အရိပ္အေယာင္ေတြကို ဘယ္လိုျမင္ၾကရလဲ။
ေျဖ - ဘယ္လိုသိရလဲဆိုေတာ့ အရင္တုန္းက ဂြ ဘက္မွာျဖစ္ေတာ့ ကြၽန္မတို႔ဘက္ကို ေရာက္မယ္လို႔ မထင္ဘူးေလ။ ဂြ ဘက္ကေန ဒီလိုပဲ ငါးသိုင္းေခ်ာင္း၊ ေရၾကည္၊ က်ဳံေပ်ာ္ဘက္ကိုပဲ လာမယ္လို႔ထင္တာ။ ေလးမ်က္ႏွာနဲ႔ အရမ္းနီးသြားၿပီေလ။ အရမ္းနီးသြားၿပီ ဆိုေပမယ့္ ကိုယ့္႐ြာကို ေရာက္မေရာက္ မသိေသး ေပမယ့္ အနားမွာျဖစ္သြားၿပီဆိုေတာ့ ကိုယ့္႐ြာေရာက္ ဖို႔အရမ္းနီးသြားၿပီေလ။ အဲဒီမွာ နည္းနည္းနဲ႔ စေရွာင္ ၾကတာ။ စေရွာင္ၿပီးေတာ့ (၂) ရက္၊ (၃) ရက္ေလာက္ ပဲရွိမယ္ ႐ြာကိုတန္းေရာက္လာတာေလ။ စျဖစ္တုန္းက ဆိုရင္ တပ္က ႐ြာကိုမလာဘူး။ အေရွ႕႐ြာမွာဆိုရင္ေတာ့ တပ္စြဲတယ္။ အခုျဖစ္ေနတဲ့ ပန္းေတာႀကီးတို႔ဘက္ မွာအေျမာက္ေတြဆင္တယ္။ အဲဒီအခ်ိန္မွာ ဝါးေတာ ကြင္းကို AA ကေရာက္လာတာ။ အဲဒီကေန ပန္း ေတာႀကီးကို ေရာက္သြားတာ။
ေမး - ေလးမ်က္ႏွာၿမိဳ႕နယ္ကို AA ေတြဝင္အုပ္ခ်ဳပ္ တာႀကိဳက္လားခင္ဗ်။
ေျဖ - အုပ္ခ်ဳပ္တာေတာ့မႀကိဳက္ဘူးေလ။ တစ္ဦးတစ္ ေယာက္အုပ္ခ်ဳပ္ၿပီး ေအးေအးခ်မ္းခ်မ္းအုပ္ခ်ဳပ္ရင္ေတာ့ တစ္မ်ိဳးေပါ့ေနာ္။ အခုဟာက တိုက္ပြဲေဖာ္ေဆာင္ ၿပီး စစ္ႀကီးျဖစ္ၿပီး အုပ္ခ်ဳပ္တာေတာ့ မႀကိဳက္ဘူးေလ။ အခုဟာက ထူးဆန္းတာက ေလးမ်က္ႏွာနဲ႔ အဂၤပူနဲ႔ ဆက္ ေနတာေနာ္။ အဂၤပူဘက္ကိုလုံးဝကိုမေက်ာ္တာ။ ေလးမ်က္ႏွာထဲမွာပဲ ရွိတာ။
ေမး - အခုကေတာ့ အစ္မတို႔ဘက္က လုံးဝဆက္ သြယ္လို႔မရေတာ့ဘူးေပါ့ေနာ္။ အဆက္အသြယ္ေတြ ျပတ္သြားၿပီဆိုေတာ့ ဆက္သြယ္လို႔ရတုန္းက အေျခ အေနေတြက ဘယ္လိုရွိလဲခင္ဗ်။
ေျဖ - ေနာက္ဆုံးသိခဲ့ရတာေတာ့ တာဝါတိုင္ ဆီ ျပတ္ ေတာ့မယ္ဆိုတဲ့အခ်ိန္ထိ ဗဗ ကရွိတယ္။ ဗဗ က အင္အားဘယ္ေလာက္ရွိလဲေတာ့ မသိဘူး။ AA ရွိေနေတာ့ ညဘက္အိပ္ခ်င္ရင္ တျခား႐ြာ သြားအိပ္ရ တဲ့အေျခအေနအထိ ျဖစ္သြားတာ။
ေမး - AA က အဂၤပူေတာ့မဝင္ဘူးေပါ့ေနာ္။ ေလးမ်က္ႏွာကိုဝင္လာတာဆိုေတာ့ ေဒသခံေတြရဲ႕စိုးရိမ္မႈ က ဘယ္လိုရွိလဲ။
ေျဖ - စိုးရိမ္တာကေတာ့ အခုလိုျဖစ္တာဆိုေတာ့ အားလုံးဒုကၡေရာက္တယ္ေလ။ ကိုယ့္႐ြာမွမဟုတ္ဘူး။ ႐ြာေပါင္းက အမ်ားႀကီးပဲ။ ကားလမ္းေဘးက ႐ြာေတြ ဆိုရင္ ဖယ္ခိုင္းထားတယ္လို႔ေျပာတယ္။ အဲဒီလိုဆို ေတာ့ စိုးရိမ္မႈေတာ့ရွိ တယ္။ ဗဗ က ကြၽန္မတို႔႐ြာကို ဝင္လာတုန္းက တပ္မရွိေတာ့ ဒီတိုင္းဝင္လာတာ။ ပန္းေတာႀကီးမွာေတာ့ အရင္တုန္းက တပ္ရွိတယ္။ အခုေတာ့ ဆုတ္ေပးလိုက္တယ္လို႔ ေျပာတယ္။
ေမး - တပ္မေတာ္ဘက္က ဘယ္လိုခုခံတိုက္ခိုက္ေန တဲ့အေျခအေနရွိပါသလဲ။
ေျဖ - ဆီဆုံကုန္း ဆိုတဲ့႐ြာရွိတယ္။ ေလးမ်က္ႏွာၿမိဳ႕နဲ႔ (၇) မိုင္ေလာက္ေတာ့ေဝးတယ္။ အဲဒီမွာ တပ္မေတာ္ က အထိုင္ခ်ထားတယ္လို႔ ေျပာတယ္။ ပန္းေတာႀကီး ဘက္မွာဟိုဘက္ကတစ္ျခမ္းမွာေတာ့ တိုက္ပြဲေတြျဖစ္ ၾကတာေပါ့။ အဲဒီဘက္ကလူေတြကေတာ့ မရွိေတာ့ ဘူး။ ဟသၤာတၿမိဳ႕ေတြဘက္ကို ေရွာင္ကုန္ၾကတာ ေပါ့။ ေလးမ်က္ႏွာၿမိဳ႕သစ္ဘက္ေတြကိုလည္း ေရွာင္ ကုန္ၾကတာေပါ့။
ေမး- ဆိုေတာ့ ဒီေနရာမွာ စကားစပ္မိလို႔ ကြၽန္ ေတာ္တစ္ခု ေမးခ်င္ပါတယ္။ AA နဲ႔ ပူးေပါင္းအဖြဲ႕ ေတြဝင္တာနဲ႔ပတ္သက္လို႔ ေဒသခံေတြက လက္ခံ တယ္ ႀကိဳဆိုတယ္ဆိုတာမ်ိဳးၾကားရတယ္။ အဲဒါ ဟုတ္လားဗ်။
ေျဖ- လက္ခံၾကတယ္ဆိုတာက ေကာလာဟလေတြ ပါ။ ကြၽန္ေတာ္တို႔ဘက္ကလူေတြက လူ႐ိုးေတြမ်ား တယ္။ ဒါေပမဲ့ ႀကိဳၾကား ႀကိဳၾကားေတြေတာ့ ရွိ ေကာင္းရွိႏိုင္တာေပါ့ေနာ္။ မ်ားေသာအားျဖင့္ေတာ့ ေဒသခံေတြက လူ႐ိုးေတြမ်ားတယ္။ လယ္ယာလုပ္ ငန္း လုပ္ကိုင္ၾကတဲ့လူေတြမ်ားတယ္။ ရွင္းရွင္း ေျပာ ရရင္ေတာ့ ဗမာလူမ်ိဳးမ်ားတယ္။ ရခိုင္႐ိုးမေပၚမွာေတာ့ ခ်င္းလူမ်ိဳးေတြအမ်ားစုရွိတယ္။ အဲဒီဘက္က လူေတြ က ေတာင္ယာလုပ္တဲ့သူေတြ။
ေမး - ဗဗ ရဲ႕တိုက္ပြဲေဖာ္ေဆာင္မႈက ဧရာဝတီထိပါ ေရာက္လာၿပီဆိုေတာ့ ေဒသခံတစ္ဦးအေနနဲ႔ ဘာ မ်ားေျပာခ်င္ပါသလဲ။
ေျဖ - ဒီတိုက္ပြဲေတြက ႏွစ္ဖက္ေပၚ မူတည္တယ္။ ေလာေလာဆယ္မွာေတာ့ ေဒသခံေတြ ဒုကၡေရာက္ ၾကတယ္။ တခ်ိဳ႕ဆိုရင္ ဆုံရႈံးမႈမ်ားတယ္။ လယ္သမား ေတြမ်ားေတာ့ လယ္ေတြစိုက္လို႔မရေတာ့ဘူး။ တခ်ိဳ႕ ဆိုရင္ အိမ္ေတြထားခဲ့ရတယ္။ ႏြားေတြထားခဲ့ရေတာ့ ႏြားေတြလည္း ဆုံးရႈံးရတယ္။ မ်ားေသာအားျဖင့္ မေန ရဲေတာ့ ေျပးေနၾကရတာ။ မိုက္ၿပီးေနတဲ့လူေတြလည္း ရွိတာေပါ့ေနာ္။ အဲဒါကေတာ့ တစ္ေယာက္စ ႏွစ္ ေယာက္စေလာက္ပဲရွိတာေပါ့။ ၾကားထဲကေန ျပည္ သူေတြဒုကၡေရာက္တာေပါ့ေနာ္။ ဘယ္သူမွတိုက္ပြဲ ကို မဖိတ္ေခၚသလို ဘယ္သူမွတိုက္ပြဲ မျဖစ္ခ်င္ဘူး။ ေလးမ်က္ႏွာၿမိဳ႕ဆိုတာ အရမ္းေအးခ်မ္းတဲ့ၿမိဳ႕။ ဒါမ်ိဳး တစ္ခါမွမႀကဳံဖူးဘူး။ ကိုယ့္အလုပ္ကိုလုပ္ကိုင္စား ေသာက္ေနၾကတဲ့ၿမိဳ႕ပါ။ အခုလိုျဖစ္လာေတာ့ ေၾကာက္လန႔္ၿပီးေျပးၾကရတာေပါ့။ တခ်ိဳ႕က်ေတာ့ လည္း အသက္ႀကီးပိုင္းေတြဆိုေတာ့ ပိုၿပီးစိုးရိမ္ၾကရတာေပါ့။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။