ပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်သားအနည်းဆုံး(၁၂)ဦးသေဆုံး

271

Pika (NP News) - စက်တင်ဘာ ၁၅
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းမှာ ပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် စစ်သား အနည်းဆုံး(၁၂)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ (၂၀၂၁)ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်အဖွဲ့ ပြန်လည်အာဏာရလာချိန်ကနေစတင်ပြီး အာဖဂန်နစ္စတန်နိုင်ငံနဲ့ထိစပ် နေတဲ့နယ်စပ်ဒေသတွေမှာ စစ်သွေးကြွအဖွဲ့တွေ ထပ်မံတိုးလာခဲ့တယ်လို့လည်း သိရပါတယ်။
Waziristan ခရိုင်မှာရှိတဲ့မြို့တစ်မြို့ကို ပါကစ္စတန်စစ်တပ်ရဲ့ယာဉ်တန်းဖြတ်သန်းလာစဉ် တာလီဘန်အဖွဲ့က လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သားအနည်းဆုံး(၁၂)ဦးသေဆုံးပြီး အခြား(၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပါကစ္စတန်တာလီဘန်အဖွဲ့ဟာ စစ်တပ်ယာဉ်တန်းဆီကနေ စစ်လက်နက်ပစ္စည်းတွေကို သိမ်းယူသွားခဲ့ တယ်လို့ လုံခြုံရေးအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွက် ၎င်းတို့မှာ တာဝန်ရှိ တယ်လို့ ပါကစ္စတန်တာလီဘန်အဖွဲ့က နောက်ပိုင်းမှာ အတည်ပြုပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ပါကစ္စတန်တာလီဘန်အဖွဲ့ဟာ သီးခြားအဖွဲ့တစ်ခုဖြစ်ပေမယ့်လည်း အာဖဂန်နစ္စတန် တာလီဘန်အဖွဲ့ နဲ့ နီးနီးကပ်ကပ်ချိတ်ဆက်မှုရှိတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ပါကစၥတန္တာလီဘန္အဖြဲ႕ရဲ႕ၿခဳံခိုတိုက္ခိုက္မႈေၾကာင့္ စစ္သားအနည္းဆုံး(၁၂)ဦးေသဆုံး
Pika (NP News) - စက္တင္ဘာ ၁၅
ပါကစၥတန္ႏိုင္ငံအေနာက္ေျမာက္ပိုင္းမွာ ပါကစၥတန္တာလီဘန္အဖြဲ႕ရဲ႕ ၿခဳံခိုတိုက္ခိုက္မႈေတြေၾကာင့္ စစ္သား အနည္းဆုံး(၁၂)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ (၂၀၂၁)ခုႏွစ္မွာ အာဖဂန္နစၥတန္ႏိုင္ငံမွာ တာလီဘန္အဖြဲ႕ ျပန္လည္အာဏာရလာခ်ိန္ကေနစတင္ၿပီး အာဖဂန္နစၥတန္ႏိုင္ငံနဲ႔ထိစပ္ ေနတဲ့နယ္စပ္ေဒသေတြမွာ စစ္ေသြးႂကြအဖြဲ႕ေတြ ထပ္မံတိုးလာခဲ့တယ္လို႔လည္း သိရပါတယ္။
Waziristan ခ႐ိုင္မွာရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ကို ပါကစၥတန္စစ္တပ္ရဲ႕ယာဥ္တန္းျဖတ္သန္းလာစဥ္ တာလီဘန္အဖြဲ႕က လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ စစ္သားအနည္းဆုံး(၁၂)ဦးေသဆုံးၿပီး အျခား(၄)ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ပါကစၥတန္တာလီဘန္အဖြဲ႕ဟာ စစ္တပ္ယာဥ္တန္းဆီကေန စစ္လက္နက္ပစၥည္းေတြကို သိမ္းယူသြားခဲ့ တယ္လို႔ လုံၿခဳံေရးအရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈအတြက္ ၎တို႔မွာ တာဝန္ရွိ တယ္လို႔ ပါကစၥတန္တာလီဘန္အဖြဲ႕က ေနာက္ပိုင္းမွာ အတည္ျပဳေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ပါကစၥတန္တာလီဘန္အဖြဲ႕ဟာ သီးျခားအဖြဲ႕တစ္ခုျဖစ္ေပမယ့္လည္း အာဖဂန္နစၥတန္ တာလီဘန္အဖြဲ႕ နဲ႔ နီးနီးကပ္ကပ္ခ်ိတ္ဆက္မႈရွိတဲ့ အဖြဲ႕တစ္ဖြဲ႕ျဖစ္တယ္လို႔လည္း သိရပါတယ္။