မန္တလေးနှင့် စစ်ကိုင်းမှထိတွေ့ခဲ့ရသော အပူလှိုင်းများ

 154

သုတကျော် (NP News) - ဧပြီ ၂၉

ပြီးခဲ့သည့် မတ်လ(၂၈)ရက်က လှုပ်ခတ်ခဲ့သောငလျင်သည် လူတို့၏ဘဝနှင့် စိတ်များကိုပါ ပြင်းပြင်းထန်ထန် လှုပ်ခါထိခိုက်သွားစေခဲ့သည်။ ငလျင်သင့် မန္တလေး၊ စစ်ကိုင်းဒေသသို့ NP News ကသွားရောက်ခဲ့ရာ ယင်းဒေသမှ ပြည်သူတို့၏အပူငွေ့ကို ခံစားခဲ့ရသည်။ ထို့ပြင် စိတ်ဒဏ်ရာများကိုပါ မြင်တွေ့ခဲ့ရသည်။
ကျွန်တော်တို့ NP News ၏သတင်းအဖွဲ့သည် မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး ဧပြီလ(၇)ရက်တွင် မန္တလေး ငလျင်ကြီးကို ကြုံတွေ့ခဲ့ရသော မန္တလေးဒေသဘက်သို့ ခရီးထွက်ခဲ့ကြသည်။ ယင်းသို့မသွားမီတွင် အမြန်လမ်း အခြေ အနေကို ကနဦးမေးမြန်း ဆန်းစစ်လေ့လာခဲ့ကြ သေး၏။
ရန်ကုန်မှ နံနက်အစောပိုင်းတွင် ထွက်ခွာရာ အမြန်လမ်း ဇီရိုးမိုင်မှ (၁၁၅)မိုင်အထိ လမ်းသား ကောင်းမွန်၏။ လမ်းပိုင်းတွင် အက်ရာအချို့နှင့် ပျက်စီးမှုအနည်းငယ်ကိုသာ မြင်ရသည်။ ယင်းနောက် အမြန်လမ်းတွင် ပျက်စီးမှု အခြေ အနေများကို စတင်မြင်တွေ့ရသည်။ တံတားအတက်များတွင် မြေသား နိမ့်ကျသွားခြင်းများကို တွေ့ရသည်။ လမ်းနေရာ အချို့တွင် အနိမ့်၊ အမြင့်လှိုင်းများရှိသည်။ ကားကို ယခင်ကကဲ့သို့နှုန်းဖြင့် မောင်းနှင်ခြင်းမပြုနိုင်တော့ဘဲ မကြာခဏ အရှိန်လျှော့ရ၏။ သတိပေးဆိုင်းဘုတ်များ ကိုလည်းတွေ့ရသည်။
လမ်းပိုင်းပိတ်ဆို့သည်ဟုဆိုရမည့် နေရာမှာ (၁၆၄) မိုင်အနီးမှ ဖြူးချောင်းတံတား ဖြစ်သည်။ တံတား၏ ကျန်နေ ရာများ ထိခိုက်သွားသောကြောင့် တံတား၏ တစ်နေရာမှသာ ယာဉ်များကိုလွှတ်ပေးနေရာ အနည်းငယ် စောင့်ဆိုင်းရ သည်။ ကျန်နေရာတွင်ကား အနည်းငယ် ထိန်းမောင်းရုံသာ။ သို့သော် အမြန်လမ်းပေါ်မှ မန္တလေးအဝင် ဒုဋ္ဌဝတီတံတား တွင်မူ ငလျင်ကြောင့် ထိခိုက်သည့်အတွက် ပြင်ဆင်နေသောကြောင့် လမ်းလွှဲမှသွားခဲ့ရသည်။
ယင်းတွင် ချီးကျူးစရာ တစ်ခုရှိသည်က အမြန်လမ်းကို ဆောလျင်စွာ ပြင်ဆင်နိုင်သည့် အင် ဂျင်နီယာအဖွဲ့ ဖြစ်သည်။ ငလျင်ကြီး လှုပ်ခတ်ပြီးချိန်က အမြန်လမ်းတွင် သွားလာရန် ခက်ခဲခဲ့သောကြောင့် ကွေ့ပတ်သွားလာရခြင်းများ ရှိခဲ့သည်။ စာဖတ်သူများ လည်း ဓာတ်ပုံများတွင် မြင်တွေ့နိုင်ပေလိမ့်မည်။ သို့ သော် ယင်းအခက်အခဲကား ရက်ပိုင်းမျှသာ ဖြစ်သည်။ ငလျင်ကြီးအပြီး (၁၀)ရက်ခန့်အကြာ စာရေးသူတို့ အမြန်လမ်းကို အသုံးပြုချိန်တွင် ကောင်းစွာ သွားလာ ၍ရသော အနေအထားကိုရောက်ရှိသွားခဲ့ပြီဖြစ် သည်။ အမြန်လမ်းတစ်လျှောက် မကြာခဏတွေ့ မြင်ရသော မြင်ကွင်းမှာ ငလျင်ဘေးသင့် ပြည်သူများအတွက် သွားရောက်လှူဒါန်းကြသော ကားများဖြစ်သည်။ လမ်းပိုင်း ပြင်ဆင်မှုများလုပ် နေသော မြင်ကွင်းနှင့်အတူ ယင်းကားများက စာရေးသူတို့သွား ချိန်တွင် မကြာခဏမြင်တွေ့ရသော မြင်ကွင်းများ ဖြစ် သည်။ အမြန်လမ်း (၃၅၂)မိုင် တိုးဂိတ်အရောက်တွင် ငလျင်ကြောင့် ဒုဋ္ဌဝတီတံတားကျိုးသည့်အပြင် လမ်းပိုင်းထိခိုက်မှု ပြင်းထန်သည့်အတွက် အမြန် လမ်းဟောင်းဘက်ကိုကွေ့ကာ မန္တလေးမြို့သို့ ဦးတည်၍ ဆက်လက်မောင်းနှင်ရသည်။ ယခုခရီးမှာ ယခင်ခရီးများနှင့်မတူပဲရှေ့တွင် အပျက်အစီးများ ရှိနေသည်ဆိုသောအသိက စိတ်ကိုလေးလံစေ သည်ဆို ခြင်းကိုမူ ဝန်ခံရပေသည်။
ပုလိပ်မြို့ကိုမဝင်မီတွင် ငလျင်ကြောင့် အပျက်အစီးများကို တွေ့မြင်ရသည်။ လူနေအိမ် အပျက်အစီးများက အိမ် အကောင်းများကြားတွင် ထီးထီးကြီး ရှိနေသည့် မြင်ကွင်းက မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ရာ အနီးသို့ရောက်နေပြီဟု သတိပေးနေ သကဲ့သို့ပင်။ သို့သော် ထူးခြားသည်က ပုလိပ်မြို့၏ လမ်းဘေး ဝဲ၊ ယာတွင် အပျက်အစီးများကို မြင်ရမှု နည်းပါးသည်။ သို့သော် မြို့အတွင်းပိုင်းနှင့် ပတ်ဝန်းကျင်တွင် ပျက်စီးမှု များပြားခဲ့သည်သာပင်။
ပုလိပ်မြို့တွင် မိသားစုလိုက် သေဆုံးသော ဖြစ်စဉ်များ ရှိခဲ့သည်သာမက အပျက်အစီးလည်း များပြားခဲ့သည်။ စာရေးသူသည် ခရီးစဉ်တစ်လျှောက်တွင် ပတ်ဝန်းကျင်ကိုသာမက လူအများ၏မျက်နှာများကိုပါ အကဲခတ်လာခဲ့ရာ ပုလိပ်မြို့မှလူတို့၏ မျက်နှာများက စိတ်တို့ နွမ်းနယ်နေကြကြောင်း ဖော်ပြနေသည်။ ယင်းမှာ ပုလိပ်တစ်မြို့တည်း တွင်သာ မဟုတ် ငလျင်သင့်ဒေသ ခရီးစဉ်တစ်လျှောက်လုံးတွင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
မန္တလေး အဝင်မှစ၍ သတိပြုမိသည်မှာ ယင်းမြို့သည် ငလျင်ဘေးသင့်ရာမှ ပြန်လည် ရုန်းထစ ပြုနေပြီ ဖြစ်ကြောင်း မြင်တွေ့ရခြင်းဖြစ်သည်။ သို့သော် ဒရွတ်ဆွဲပြီး ရုန်းထနေသည်ဟုပင် တင်စား ရမည်ကဲ့သို့ ဖြစ်သည်။ မန္တလေး၏ ထုံးစံ ဆိုင်ကယ်များကလည်း သွားလာနေကြပြီ။ သို့သော် ယခင်ခရီး စဉ်များနှင့် မတူသည်က အပျက် အစီးများ နောက်ခံ ဖြင့် မန္တလေးမှ ဆိုင်ကယ်စီးနှင်သူများကို မြင်ရသည် မှာ ပနံသင့်လှသည်တော့ မဟုတ်ပါ။
သတင်းများတွင် ဖတ်ရ၊ ကြားရသည်ထက် လက်ရှိ မျက်မြင်တွေ့ရသော မန္တလေးမြို့ မြင်ကွင်းက ပိုမို ရင်နာစေသည်။ စတင်မြင်တွေ့ရသည့် မြင်ကွင်း ကို ယခုထက်တိုင် မှတ်မိနေသေးသည်။ ယင်းမှာ ငလျင်ကြောင့် ဘေးသို့ စောင်းကာပြိုကျနေသော တိုက်တစ်လုံး ဖြစ်သည်။ အောက်ခြေကလည်း နိမ့် ဝင်နေပြီ။ တစ်ချိန်က ခမ်းနားထည်ဝါကာ နေချင် စဖွယ် ဖြစ်ခဲ့နိုင်သော်လည်း ယခုတော့ တိုက်ပေါ်သို့ တက်ရန်ပင် အလွန်အမင်းစွန့်စားရမည်ကဲ့သို့ ဖြစ် သည်။ ထို့ကြောင့် သူခိုးသူဝှက် ရန်မှလည်း ကင်းနေ ဟန်တူသည်။ တိုက်ပေါ်မှ ပစ္စည်းများလည်း ရှိနေ သေး၏။ အလားတူ အိမ်အချို့ကို တည်းခိုမည့် နေရာမရောက်မီ ဖြတ်သန်းရင်း ကြည့်ရှုခဲ့ရသည်။ အချို့ကို ဓာတ်ပုံရိုက် မှတ်တမ်းတင်မိ၏။ ကံကောင်း ထောက်မသည့် အချက်ကား တစ်မြို့လုံးရှိ တိုက်များ ပြားပြားဝပ်သွားခြင်းတော့ မဟုတ်ပါ။ ပြိုသည့်တိုက်က ပြို၊ မပြိုသည့် တိုက်ကလည်း ရှိကြသည်။ မပြိုသည့် တိုက်လည်း များပါ၏။ သို့သော် တိုက်အများစုတွင် အနည်းဆုံး အက်ရာများတော့ ရှိကြသည်သာ။ ထို့ပြင် မြို့အတွင်းဝယ် ရှေ့သို့ ငိုက်နေသော တိုက်၊ နောက် သို့ လန်နေသော တိုက် စသည်ဖြင့် တိုက်များကိုလည်း မြင်ရသည်။
ယခု ဆောင်းပါးရေးသားချိန် မျက်စိအတွင်း ကွက်ကွက်ကွင်းကွင်း မြင်နေသည့် အပျက်အစီး မြင်ကွင်းနောက် တစ်ခုက လုံးဝနီးပါး ပြိုကျနေသော တိုက်တစ်လုံး ဖြစ်သည်။ ယခင်က အထပ်မည်မျှ ရှိမည်ကို မခန့်မှန်းနိုင်သော်လည်း ယခုတော့ လုံးဝနီးပါး ပြိုကျနေသည်။ အဆိုပါတိုက်၏ ပထမထပ် သည် သေချာပေါက် မြေအောက်တွင် နစ်ဝင်နေပေပြီ။ ထိုမျှသာမက ယင်းတိုက်၏ အရှိန်ကြောင့် ဘေးအိမ် သည်လည်း ပြိုကျနေကြောင်း တွေ့မြင်ခဲ့ရသည်။ လမ်းမှမြင်တွေ့ရ သော အနေအထားအရ အဆိုပါ တိုက်သည် မပြိုမီက တန်ဖိုးကြီးပရိဘောဂပစ္စည်းများ၊ အိမ်တွင်း အလှဆင်ပစ္စည်း များဖြင့် သီရိဂေဟာ ဖြစ်ခဲ့မည်ဖြစ်သော်လည်း ယခုတော့ ယင်းအရာများ သည် ပြိုကျပျက်စီးနေလေပြီ။
မန္တလေးမြို့အတွင်း ယင်းအပျက်အစီး မြင်ကွင်းများနှင့်အတူ ထပ်မံမြင်တွေ့ရသည်က ငလျင်ကြောင့် ထိခိုက်ခဲ့ ရသော အိမ်များတွင် မနေရဲသောကြောင့် တာဝန်ရှိသူများက စီမံပေးသော နေရာများတွင် နေထိုင်နေကြရသော ပြည်သူ များ ဖြစ်သည်။ တစ်ချိန်က လုံခြုံမည်ဟုထင်ရသော တိုက် ကောင်းများသည် ယခုတော့ ငလျင်ကြောင့် အချိန်မရွေး အသက်ဆုံးနိုင်သည့် အခြေအနေကို ဆိုက်ရောက်သွားကြရခြင်းဖြစ်သည်။
နောက်နေ့တွင် ကျုံးရှေ့ရှိ ငလျင်ကြောင့် ထိခိုက်သူများကို ထားသော နေရာသို့ သတင်းယူရန် သွားရောက်ခဲ့ သည်။ ယင်းနေရာတွင် ဇာတ်လမ်း အစုံရှိ၏။ အချို့က အိမ်ပြိုသည်။ အချို့က အိမ်မပြို သော်လည်း မနေရဲတော့ သောကြောင့် ယာယီ စခန်းတွင် လာရောက်ခိုလှုံနေကြရသည်။ အဆိုပါ စခန်းတွင် ထပ်မံမြင်တွေ့ရသည်က ဒုက္ခသည် များနည်းတူ အလှူရှင်လာလျှင် တိုးဝှေ့တန်းစီနေသော အမျိုးသမီး နှင့် ကလေးငယ်များ ပါသည့် လူစုလူဝေး တစ်အုပ် ဖြစ်သည်။ ထို့ကြောင့် စိတ်ဝင်တစား သွားရောက် မေးမြန်းကြည့်မှသာ ဇာတ်ရည်လည်တော့သည်။
အဆိုပါ လူအုပ်စုကား ငလျင်ဘေး ဒုက္ခသည်များတော့ မဟုတ်ပါ။ သို့သော် ငလျင်ကြောင့် စားဝတ်နေရေး ထိခိုက်သွားသည့်အတွက် ငလျင်ဘေးသင့်သူများနည်းတူ လာရောက် တိုးဝှေ့တန်းစီခြင်း ဖြစ်ကြောင်းနှင့် ညရောက်လျှင် တော့ အိမ်ပြန် အိပ်ကြောင်း ၎င်းတို့ကဆိုကြသည်။ တိုက်တိုက်ဆိုင် ဆိုင်ပင် အလှူရှင်ကားတစ်စီးက ထမင်းထုပ်ဝေရန် ဆိုက်ရောက်လာခဲ့ရာ ၎င်းတို့က အလုအယက် သွားရောက်တန်းစီကြောင်း တွေ့မြင်ရသည်။ ဘေးသင့်သူများလည်း စီကြ ပါ၏။ သို့သော် အများစုတော့ မဟုတ်ပါ။
အဆိုပါစခန်းမှအထွက်တွင် စာရေးသူ တို့သည် ငလျင်ဘေးသင့်ရာ စစ်ကိုင်းမြို့ဆီသို့ ဦးတည်ခဲ့ကြသည်။ စစ်ကိုင်းဘက်သို့ ကူးရန် ဧရာဝတီ တံတား (ရတနာပုံ)သို့ သွားရာလမ်းတွင်ကား လမ်း ဘေးချထားသော ကုန်တင်ကား များစွာကို မြင်ရသည်။ ထို့ပြင် ငလျင်ကြောင့် လမ်းသားဆိုးဆိုးရွားရွား နိမ့်ကျနေခြင်းများကိုလည်း မြင်တွေ့ရသည်။
ယခင်က စစ်ကိုင်းသို့ သွားသော ကားများ တန်းစီစောင့်ရသည်ဟု အသံထွက်ဖူးသော်လည်း ယခုတော့ အဆင် ပြေပြေသွားနိုင်ပေပြီ။ သို့သော် တံတားပေါ် မတက်မီကားပိတ်သောကြောင့် အနည်းငယ် ကြန့်ကြာခြင်းကိုတော့ ကြုံရ သည်။
စစ်ကိုင်းမြို့သည် မန္တလေးမြို့ကဲ့သို့ အထပ်မြင့်အဆောက်အအုံများစွာမရှိသော်လည်း ပျက်စီးမှုကား မြင်မလွဲရှိ နေသည်။ ငလျင်ကြီး စတင်လှုပ်ခတ်အပြီး ရက်ပိုင်းများစွာက စစ်ကိုင်းမြို့တွင် အနံ့များ၊ အပျက်အစီးများ ရှိခဲ့သည်ဟု ဆိုသော်လည်း ယခုတော့ အပျက်အစီးများကိုသာ မြင်ရတော့သည်။ သို့သော် အပျက်အစီများကို မြင်ရသည်ကပင် မသက်သာလှပါ။ လုံးလုံးပြိုကျနေသော အိမ်များလည်း ရှိသည်။ ထိခိုက်သွားသော အိမ်များလည်း ရှိသည်။ အခြေ အနေကား ထင်သည်ထက်ပင်ဆိုးသည်ဟု ဆိုရမည် ဖြစ်သည်။ ရှေးဟောင်း ကျောင်းများ ပြိုကျခြင်းလည်း ရှိသည်။ အချို့အမွေအနှစ်များဆိုလျှင် ပြန်မရနိုင်တော့။ ငလျင်ကြောင့် သံဃာတော်နှင့် သီလရှင်များ၊ လူပုဂ္ဂိုလ်များ ပျံလွန်၊ သေဆုံးခဲ့ကြ သည်များကိုလည်း ကြားရသည်။
ရင်နင့်စရာ ဇာတ်လမ်းများကား စစ်ကိုင်း မြို့တွင် ရှိနေသည်။ ဥပမာအားဖြင့် ကျောင်းတစ် ကျောင်းတွင်ဆိုလျှင် ငလျင်ကြီးလှုပ်သောကြောင့် ကြောင်လိမ်လှေကားမှတစ်ဆင့် ကိုရင်နှင့် ကျောင်း သားများ ပြေးဆင်းကြရာ ကျောင်းနှင့် အတူ လှေကားက အောက်သို့ ပြိုကျသွားခဲ့သည်။ ပိတ်မိနေသူများ ၏အသံကို ကြားရသော်လည်း ကယ်ဆယ်ရန် အတွက် ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရသည်။ သို့သော် အများစုကို မကယ်နိုင်ခဲ့တော့ပါ။ စိတ်မကောင်းစရာ က ကယ်သူကို မျှော်ခဲ့ရှာသည့် ကျောင်းသားနှင့် ကိုရင်တို့ကို အသက်မဆုံးပါးမီအထိ ဆက်သွယ် နိုင်ခဲ့ခြင်း ဖြစ်သည်။
“မုန့်ကား လာပြီလား ဆိုပြီး ကယောင်က တမ်းနဲ့ ကိုရင်တစ်ပါးက အောက်ကနေ လှမ်းပြောတာ ကို အခုထိကြား နေရသေးတယ်” ဟု ဒေသခံ တစ်ဦးက စာရေးသူကို ပြောပြသည်။
စစ်ကိုင်းတွင် ငလျင်ကြောင့် လမ်းတစ်နေရာတွင် ဘယ်နှင့် ညာချော်သွားသော နေရာကိုလည်း မြင်ရသည်။ ယင်းကား စစ်ကိုင်းပြတ်ရွေ့ကြောင့် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ယင်းနေရာအနီးရှိ ဘုန်းတော်ကြီးကျောင်းသို့ ဝင်လိုက်သောအခါ မြေသားအကွဲကြောင်းကြီးကို ထပ်မံမြင်ရသည်။ အကွဲကြောင်း၏ ထိပ်နေရာတွင်ကား တစ်ချိန်က ဘယ်နှင့်ညာရှိခဲ့မည့် ဘုန်းတော်ကြီးကျောင်းမှ အဆောက်အအုံနှစ်ခုမှာ ကားနှစ်စီး ခေါင်းချင်းဆိုင် တိုက်ထားသကဲ့သို့ ပျက်စီးကာ ပူးကပ်နေလေ၏။
စစ်ကိုင်းတွင် ဗုဒ္ဓဘာသာ အဆောက်အအုံ များပြားသကဲ့သို့ အစ္စလာမ်ဘာသာဝင်တို့၏ ဗလီနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းလည်း ရှိပါသည်။ ယင်းဘာသာတို့၏ အဆောက်အအုံလည်း ပျက်စီးမှုများ ရှိခဲ့ကြသည်။ ပျက်စီးဆုံးရှုံး မှုနှင့် သေဆုံးသူ များပြား ခဲ့သော မိုးကျ ဗလီကား စာရေးသူတို့ အရောက်တွင် အုတ်ပုံကြီး ဖြစ်နေလေပြီ။ ထို့အတူ ရိုမန်ကက်သလစ် ဘုရားကျောင်းသို့လည်း ရောက်ခဲ့သေးရာ ယင်းဘုရား ကျောင်းတွင်လည်း ပျက်စီးမှုများကို မြင်တွေ့ခဲ့ ရသည်။ အလျဉ်းသင့်၍ ပြောလိုသည်မှာ စစ်ကိုင်းမြို့ ၏ ဘာသာပေါင်းစုံ ချစ်စရာ မြင်ကွင်းတစ်ခု ဖြစ်သည်။
ယင်းမှာကား ဘုရားကျောင်းသည် ဗုဒ္ဓဘာသာ၏ ဘာသာရေး အဆောက်အအုံများအနီးတွင် တည်ရှိခြင်း ဖြစ်သည်။ အချိန်ရခိုက် ဘုရားကျောင်းအနီးက ဘုန်းကြီးကျောင်းသို့ ဝင်ခဲ့ရာ စာရေးသူ၏ရင်ကို ထိခိုက်သွားသောမြင် ကွင်းက ဆီးကြိုနေသည်။ ပုလ္လင်ထက်တွင် ဆင်းတုတော်တစ်ဆူ စံပါယ်နေပြီး နောက်တွင်ကား ငလျင်ကြောင့် ပျက်စီး သွားသော စေတီတော်နှင့် စေတီတော်အပျက်ကို ရှင်းလင်းရန်အတွက် အသင့်ပြင်ထားသော ဘက်ဟိုးတစ်စီး၏ မြင်ကွင်းက စစ်ကိုင်းမြို့၏ ငလျင်အပြီးကာလကို အထိရောက်ဆုံး òန်ပြနေခြင်းလည်း ဖြစ်သည်။ ပြီးနောက် အွန်လိုင်း ထက်တွင် မြင်တွေ့ခဲ့ရသည့် မီးသတ်ကားများ အပျက်အစီးအောက် ပိမိနေသော စစ် ကိုင်းမြို့ က မီးသတ်စခန်းတစ်ခုကို ရောက်ခဲ့သည်။ ရှာဖွေ ကယ်ဆယ်ရေး လုပ်မည့် ကားများကိုယ်တိုင်ပင် အပျက်အစီးအောက် ပိမိနေခြင်းကို မြင်ရသူတိုင်း မည်သူက စိတ်သက်သာပါမည်နည်း။
ယင်းနောက် မန္တလေးသို့ အပြန်ခရီးကား ပျက်စီးမှုများပြားရာ မစိုးရိမ်တိုက်သစ်ဆီသို့ ဖြစ် သည်။ သွားရိုးလမ်းမှ မဟုတ်ဘဲ အမြန်လမ်းအတိုင်းလာခဲ့ရာ ရန်ကုန် - မန္တလေး အမြန်လမ်း အဘယ့် ကြောင့် ပိတ်ထားရသည်ကို ပို၍ပင်နားလည် သွားခဲ့တော့သည်။ ပြိုကျခဲ့သော ဒုဋ္ဌဝတီတံတား၏ မန္တလေး ဘက် အခြမ်းတွင်ကား လမ်းသားများမှာ ဖြတ်သန်းမရ သည့်အထိ ဆိုးဆိုးရွားရွား တွန့်ခေါက်ခြင်းကို နှစ်နေရာ၊ သုံးနေရာထက်မနည်းမြင်ရသည်။ မန္တလေး ငလျင်ကြီး၏ ရမ်းကားမှုကား အလွန်အမင်းဟုပင် ပြောရမည့်ကိန်း ဖြစ်သည်။
မစိုးရိမ်တိုက်သစ်သို့ ရောက်သောအခါ မြင်ရသော မြင်ကွင်းက လုံးဝပျက်စီးနေသော အဆောက်အအုံ ဖြစ်သည်။ သို့သော် ကံကောင်းထောက် မစွာဖြင့် သံဃာများစွာ သီတင်းသုံးတော်မူသော မစိုးရိမ်တိုက်သစ်တွင် ပျံလွန်တော်မူသော သံဃာနှင့် ကိုရင်တစ်ပါးမှမရှိခဲ့ပါ။ ဦးလှသိန်း ဓမ္မာရုံတွင် စာမေးပွဲ ဖြေနေစဉ် အဆောက်အအုံ ပြိုကျသောကြောင့်သာ မစိုးရိမ်တိုက်သစ်နေ သံဃာတော်အချို့ ပျံလွန်တော် မူခဲ့ရသည်။
နောက်နေ့တွင်ကား နာမည်ကျော် Sky Villa အပျက်အစီးနေရာသို့ သွားရောက်သတင်း ယူသည်။ ယင်း နေရာကား မန္တလေးတွင် အပျက်အစီး အများဆုံးနေရာ ဖြစ်သကဲ့သို့ မြင်ရသည်ကပင် ကျောချမ်းဖွယ်ကောင်း သည်ဟုခံစားရသည်။ အဘယ့် ကြောင့်ဆိုသော် လမ်းဘေးမှအထီးတည်းကျန် အဆောက်အအုံက ရှေ့သို့ငိုက်နေပြီး ကျန်အဆောက်အအုံများက ပြိုကျနေလေရာ လမ်းပေါ် ဖြတ်သွားရန် အတွက်ပင် အတော်ပင် အားမွေးရမည့် သဘောရှိ သည်။ သို့သော် ယင်းနေရာရှေ့လမ်းကို ပိတ်ထားသည့်အတွက် ဖြတ်သန်းသွားလာသူမရှိဘဲကယ်ဆယ် ရေးနှင့် လုံခြုံရေး အဖွဲ့များသာ ရှိနေပေသည်။ ထပ်မံသွားရောက်သောနေရာကား ဂရိတ်ဝေါဟိုတယ် အပျက်အစီးနေရာပင်။ ရှာဖွေကယ် ဆယ်ရေးသမားများက ရှာဖွေနေကြသကဲ့သို့ မိသားစုများကလည်း ပြင်ပတွင်စောင့်နေကြသည်။ အလောင်းပေါ်တော့ မည်ဟု အသံကြားရုံ သို့မဟုတ် ထူးခြားသော လှုပ်ရှားမှု တစ်စုံတစ်ရာတွေ့ရုံဖြင့် အားလုံးမှာ လှုပ်ရွလာကြသည်က ကျန်ရစ်သူတို့၏အပူကို မြင်နိုင်ပေလိမ့်မည်။
မန္တလေးသို့ရောက်စဉ် မဟာမြတ်မုနိ ဘုရားကြီးသို့လည်း ကံကောင်းထောက်မစွာ သွားရောက် လေ့လာဖူးမြော် ခွင့်ရခဲ့သည်။ ရှေးလက်ရာများဖြင့်အလွန်ခမ်းနားခဲ့သော အဆောက်အအုံများသည် ယခုတော့ငလျင်ကြောင့် ထိခိုက်မှု များ ဖြစ်နေကြောင်း တွေ့ရသည်။ ပို၍ ရင်နာစရာ ကောင်းသည်က မန္တလေး၏ ဓလေ့အရ ရှင်လောင်းလှည့်သူများသည် မဟာမြတ်မုနိဘုရားကြီးကို လာရောက် ဦးခိုက်ကြလေ့ရှိရာ စာရေးသူတို့ ရောက်ချိန်တွင်လည်း ရှင်ပြုအဖွဲ့ တစ်ဖွဲ့ ရောက်နေကြောင်းတွေ့ရ၏။ သို့သော် ငလျင်ကြောင့် ထိခိုက်သည့်အတွက် အတွင်းသို့ မဝင်နိုင်သည့်အခါ မောင်ရင် လောင်းအပါ လူပုဂ္ဂိုလ်များသည် ပြင်ပက ကြမ်းပြင်တွင်သာ ဘုရားကြီးကို စိတ်အတွင်းကရည်မှန်းကာ ဦးတိုက် နေကြရ တော့သည်။
မန္တလေးမြို့တွင် စာရေးသူ သုံးရက်ခန့် နေခဲ့သည့်အနက် ထူးထူးခြားခြား သတိထားမိခဲ့ သောအရာမှာ မြို့ခံတို့ ၏ ကြောက်စိတ်ပင် ဖြစ်သည်။ နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခြင်းနှင့် အတူ မြို့သူ၊ မြို့သား တို့သည် ငလျင်ကို ကြောက် နေခဲ့ကြပြီ။ မန္တလေးမြို့ကြီးသည်ကား ပြန်လည် ရုန်းထရန် ကြိုးစားနေပြီ ဖြစ်ကြောင်း ဆောင်းပါးအတွင်း ဖော်ပြ ရေးသားခဲ့ပြီးဖြစ်ပါသည်။ အချိန်တစ်ခုအကြာတွင် မန္တလေးနှင့် စစ်ကိုင်းသည် ပုံမှန်အခြေအနေသို့ ပြန် ရောက်နိုင် ပါ၏။ သို့သော် စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုမှ ရုန်းထရန်အတွက်မှာကား အချိန်တစ်ခုတော့ ပေးရလိမ့်ပေဦးမည်။

Zawgyi Version:
မႏၲေလးႏွင့္ စစ္ကိုင္းမွထိေတြ႕ခဲ့ရေသာ အပူလႈိင္းမ်ား
သုတေက်ာ္ (NP News) - ဧၿပီ ၂၉

ၿပီးခဲ့သည့္ မတ္လ(၂၈)ရက္က လႈပ္ခတ္ခဲ့ေသာငလ်င္သည္ လူတို႔၏ဘဝႏွင့္ စိတ္မ်ားကိုပါ ျပင္းျပင္းထန္ထန္ လႈပ္ခါထိခိုက္သြားေစခဲ့သည္။ ငလ်င္သင့္ မႏၲေလး၊ စစ္ကိုင္းေဒသသို႔ NP News ကသြားေရာက္ခဲ့ရာ ယင္းေဒသမွ ျပည္သူတို႔၏အပူေငြ႕ကို ခံစားခဲ့ရသည္။ ထို႔ျပင္ စိတ္ဒဏ္ရာမ်ားကိုပါ ျမင္ေတြ႕ခဲ့ရသည္။
ကြၽန္ေတာ္တို႔ NP News ၏သတင္းအဖြဲ႕သည္ မႏၲေလးငလ်င္ႀကီး လႈပ္ခတ္အၿပီး ဧၿပီလ(၇)ရက္တြင္ မႏၲေလး ငလ်င္ႀကီးကို ႀကဳံေတြ႕ခဲ့ရေသာ မႏၲေလးေဒသဘက္သို႔ ခရီးထြက္ခဲ့ၾကသည္။ ယင္းသို႔မသြားမီတြင္ အျမန္လမ္း အေျခ အေနကို ကနဦးေမးျမန္း ဆန္းစစ္ေလ့လာခဲ့ၾက ေသး၏။
ရန္ကုန္မွ နံနက္အေစာပိုင္းတြင္ ထြက္ခြာရာ အျမန္လမ္း ဇီ႐ိုးမိုင္မွ (၁၁၅)မိုင္အထိ လမ္းသား ေကာင္းမြန္၏။ လမ္းပိုင္းတြင္ အက္ရာအခ်ိဳ႕ႏွင့္ ပ်က္စီးမႈအနည္းငယ္ကိုသာ ျမင္ရသည္။ ယင္းေနာက္ အျမန္လမ္းတြင္ ပ်က္စီးမႈ အေျခ အေနမ်ားကို စတင္ျမင္ေတြ႕ရသည္။ တံတားအတက္မ်ားတြင္ ေျမသား နိမ့္က်သြားျခင္းမ်ားကို ေတြ႕ရသည္။ လမ္းေနရာ အခ်ိဳ႕တြင္ အနိမ့္၊ အျမင့္လႈိင္းမ်ားရွိသည္။ ကားကို ယခင္ကကဲ့သို႔ႏႈန္းျဖင့္ ေမာင္းႏွင္ျခင္းမျပဳႏိုင္ေတာ့ဘဲ မၾကာခဏ အရွိန္ေလွ်ာ့ရ၏။ သတိေပးဆိုင္းဘုတ္မ်ား ကိုလည္းေတြ႕ရသည္။
လမ္းပိုင္းပိတ္ဆို႔သည္ဟုဆိုရမည့္ ေနရာမွာ (၁၆၄) မိုင္အနီးမွ ျဖဴးေခ်ာင္းတံတား ျဖစ္သည္။ တံတား၏ က်န္ေန ရာမ်ား ထိခိုက္သြားေသာေၾကာင့္ တံတား၏ တစ္ေနရာမွသာ ယာဥ္မ်ားကိုလႊတ္ေပးေနရာ အနည္းငယ္ ေစာင့္ဆိုင္းရ သည္။ က်န္ေနရာတြင္ကား အနည္းငယ္ ထိန္းေမာင္း႐ုံသာ။ သို႔ေသာ္ အျမန္လမ္းေပၚမွ မႏၲေလးအဝင္ ဒု႒ဝတီတံတား တြင္မူ ငလ်င္ေၾကာင့္ ထိခိုက္သည့္အတြက္ ျပင္ဆင္ေနေသာေၾကာင့္ လမ္းလႊဲမွသြားခဲ့ရသည္။
ယင္းတြင္ ခ်ီးက်ဴးစရာ တစ္ခုရွိသည္က အျမန္လမ္းကို ေဆာလ်င္စြာ ျပင္ဆင္ႏိုင္သည့္ အင္ ဂ်င္နီယာအဖြဲ႕ ျဖစ္သည္။ ငလ်င္ႀကီး လႈပ္ခတ္ၿပီးခ်ိန္က အျမန္လမ္းတြင္ သြားလာရန္ ခက္ခဲခဲ့ေသာေၾကာင့္ ေကြ႕ပတ္သြားလာရျခင္းမ်ား ရွိခဲ့သည္။ စာဖတ္သူမ်ား လည္း ဓာတ္ပုံမ်ားတြင္ ျမင္ေတြ႕ႏိုင္ေပလိမ့္မည္။ သို႔ ေသာ္ ယင္းအခက္အခဲကား ရက္ပိုင္းမွ်သာ ျဖစ္သည္။ ငလ်င္ႀကီးအၿပီး (၁၀)ရက္ခန႔္အၾကာ စာေရးသူတို႔ အျမန္လမ္းကို အသုံးျပဳခ်ိန္တြင္ ေကာင္းစြာ သြားလာ ၍ရေသာ အေနအထားကိုေရာက္ရွိသြားခဲ့ၿပီျဖစ္ သည္။ အျမန္လမ္းတစ္ေလွ်ာက္ မၾကာခဏေတြ႕ ျမင္ရေသာ ျမင္ကြင္းမွာ ငလ်င္ေဘးသင့္ ျပည္သူမ်ားအတြက္ သြားေရာက္လႉဒါန္းၾကေသာ ကားမ်ားျဖစ္သည္။ လမ္းပိုင္း ျပင္ဆင္မႈမ်ားလုပ္ ေနေသာ ျမင္ကြင္းႏွင့္အတူ ယင္းကားမ်ားက စာေရးသူတို႔သြား ခ်ိန္တြင္ မၾကာခဏျမင္ေတြ႕ရေသာ ျမင္ကြင္းမ်ား ျဖစ္ သည္။ အျမန္လမ္း (၃၅၂)မိုင္ တိုးဂိတ္အေရာက္တြင္ ငလ်င္ေၾကာင့္ ဒု႒ဝတီတံတားက်ိဳးသည့္အျပင္ လမ္းပိုင္းထိခိုက္မႈ ျပင္းထန္သည့္အတြက္ အျမန္ လမ္းေဟာင္းဘက္ကိုေကြ႕ကာ မႏၲေလးၿမိဳ႕သို႔ ဦးတည္၍ ဆက္လက္ေမာင္းႏွင္ရသည္။ ယခုခရီးမွာ ယခင္ခရီးမ်ားႏွင့္မတူပဲေရွ႕တြင္ အပ်က္အစီးမ်ား ရွိေနသည္ဆိုေသာအသိက စိတ္ကိုေလးလံေစ သည္ဆို ျခင္းကိုမူ ဝန္ခံရေပသည္။
ပုလိပ္ၿမိဳ႕ကိုမဝင္မီတြင္ ငလ်င္ေၾကာင့္ အပ်က္အစီးမ်ားကို ေတြ႕ျမင္ရသည္။ လူေနအိမ္ အပ်က္အစီးမ်ားက အိမ္ အေကာင္းမ်ားၾကားတြင္ ထီးထီးႀကီး ရွိေနသည့္ ျမင္ကြင္းက မႏၲေလးငလ်င္ႀကီး လႈပ္ခတ္ခဲ့ရာ အနီးသို႔ေရာက္ေနၿပီဟု သတိေပးေန သကဲ့သို႔ပင္။ သို႔ေသာ္ ထူးျခားသည္က ပုလိပ္ၿမိဳ႕၏ လမ္းေဘး ဝဲ၊ ယာတြင္ အပ်က္အစီးမ်ားကို ျမင္ရမႈ နည္းပါးသည္။ သို႔ေသာ္ ၿမိဳ႕အတြင္းပိုင္းႏွင့္ ပတ္ဝန္းက်င္တြင္ ပ်က္စီးမႈ မ်ားျပားခဲ့သည္သာပင္။
ပုလိပ္ၿမိဳ႕တြင္ မိသားစုလိုက္ ေသဆုံးေသာ ျဖစ္စဥ္မ်ား ရွိခဲ့သည္သာမက အပ်က္အစီးလည္း မ်ားျပားခဲ့သည္။ စာေရးသူသည္ ခရီးစဥ္တစ္ေလွ်ာက္တြင္ ပတ္ဝန္းက်င္ကိုသာမက လူအမ်ား၏မ်က္ႏွာမ်ားကိုပါ အကဲခတ္လာခဲ့ရာ ပုလိပ္ၿမိဳ႕မွလူတို႔၏ မ်က္ႏွာမ်ားက စိတ္တို႔ ႏြမ္းနယ္ေနၾကေၾကာင္း ေဖာ္ျပေနသည္။ ယင္းမွာ ပုလိပ္တစ္ၿမိဳ႕တည္း တြင္သာ မဟုတ္ ငလ်င္သင့္ေဒသ ခရီးစဥ္တစ္ေလွ်ာက္လုံးတြင္ ျမင္ေတြ႕ခဲ့ရျခင္း ျဖစ္သည္။
မႏၲေလး အဝင္မွစ၍ သတိျပဳမိသည္မွာ ယင္းၿမိဳ႕သည္ ငလ်င္ေဘးသင့္ရာမွ ျပန္လည္ ႐ုန္းထစ ျပဳေနၿပီ ျဖစ္ေၾကာင္း ျမင္ေတြ႕ရျခင္းျဖစ္သည္။ သို႔ေသာ္ ဒ႐ြတ္ဆြဲၿပီး ႐ုန္းထေနသည္ဟုပင္ တင္စား ရမည္ကဲ့သို႔ ျဖစ္သည္။ မႏၲေလး၏ ထုံးစံ ဆိုင္ကယ္မ်ားကလည္း သြားလာေနၾကၿပီ။ သို႔ေသာ္ ယခင္ခရီး စဥ္မ်ားႏွင့္ မတူသည္က အပ်က္ အစီးမ်ား ေနာက္ခံ ျဖင့္ မႏၲေလးမွ ဆိုင္ကယ္စီးႏွင္သူမ်ားကို ျမင္ရသည္ မွာ ပနံသင့္လွသည္ေတာ့ မဟုတ္ပါ။
သတင္းမ်ားတြင္ ဖတ္ရ၊ ၾကားရသည္ထက္ လက္ရွိ မ်က္ျမင္ေတြ႕ရေသာ မႏၲေလးၿမိဳ႕ ျမင္ကြင္းက ပိုမို ရင္နာေစသည္။ စတင္ျမင္ေတြ႕ရသည့္ ျမင္ကြင္း ကို ယခုထက္တိုင္ မွတ္မိေနေသးသည္။ ယင္းမွာ ငလ်င္ေၾကာင့္ ေဘးသို႔ ေစာင္းကာၿပိဳက်ေနေသာ တိုက္တစ္လုံး ျဖစ္သည္။ ေအာက္ေျခကလည္း နိမ့္ ဝင္ေနၿပီ။ တစ္ခ်ိန္က ခမ္းနားထည္ဝါကာ ေနခ်င္ စဖြယ္ ျဖစ္ခဲ့ႏိုင္ေသာ္လည္း ယခုေတာ့ တိုက္ေပၚသို႔ တက္ရန္ပင္ အလြန္အမင္းစြန႔္စားရမည္ကဲ့သို႔ ျဖစ္ သည္။ ထို႔ေၾကာင့္ သူခိုးသူဝွက္ ရန္မွလည္း ကင္းေန ဟန္တူသည္။ တိုက္ေပၚမွ ပစၥည္းမ်ားလည္း ရွိေန ေသး၏။ အလားတူ အိမ္အခ်ိဳ႕ကို တည္းခိုမည့္ ေနရာမေရာက္မီ ျဖတ္သန္းရင္း ၾကည့္ရႈခဲ့ရသည္။ အခ်ိဳ႕ကို ဓာတ္ပုံ႐ိုက္ မွတ္တမ္းတင္မိ၏။ ကံေကာင္း ေထာက္မသည့္ အခ်က္ကား တစ္ၿမိဳ႕လုံးရွိ တိုက္မ်ား ျပားျပားဝပ္သြားျခင္းေတာ့ မဟုတ္ပါ။ ၿပိဳသည့္တိုက္က ၿပိဳ၊ မၿပိဳသည့္ တိုက္ကလည္း ရွိၾကသည္။ မၿပိဳသည့္ တိုက္လည္း မ်ားပါ၏။ သို႔ေသာ္ တိုက္အမ်ားစုတြင္ အနည္းဆုံး အက္ရာမ်ားေတာ့ ရွိၾကသည္သာ။ ထို႔ျပင္ ၿမိဳ႕အတြင္းဝယ္ ေရွ႕သို႔ ငိုက္ေနေသာ တိုက္၊ ေနာက္ သို႔ လန္ေနေသာ တိုက္ စသည္ျဖင့္ တိုက္မ်ားကိုလည္း ျမင္ရသည္။
ယခု ေဆာင္းပါးေရးသားခ်ိန္ မ်က္စိအတြင္း ကြက္ကြက္ကြင္းကြင္း ျမင္ေနသည့္ အပ်က္အစီး ျမင္ကြင္းေနာက္ တစ္ခုက လုံးဝနီးပါး ၿပိဳက်ေနေသာ တိုက္တစ္လုံး ျဖစ္သည္။ ယခင္က အထပ္မည္မွ် ရွိမည္ကို မခန႔္မွန္းႏိုင္ေသာ္လည္း ယခုေတာ့ လုံးဝနီးပါး ၿပိဳက်ေနသည္။ အဆိုပါတိုက္၏ ပထမထပ္ သည္ ေသခ်ာေပါက္ ေျမေအာက္တြင္ နစ္ဝင္ေနေပၿပီ။ ထိုမွ်သာမက ယင္းတိုက္၏ အရွိန္ေၾကာင့္ ေဘးအိမ္ သည္လည္း ၿပိဳက်ေနေၾကာင္း ေတြ႕ျမင္ခဲ့ရသည္။ လမ္းမွျမင္ေတြ႕ရ ေသာ အေနအထားအရ အဆိုပါ တိုက္သည္ မၿပိဳမီက တန္ဖိုးႀကီးပရိေဘာဂပစၥည္းမ်ား၊ အိမ္တြင္း အလွဆင္ပစၥည္း မ်ားျဖင့္ သီရိေဂဟာ ျဖစ္ခဲ့မည္ျဖစ္ေသာ္လည္း ယခုေတာ့ ယင္းအရာမ်ား သည္ ၿပိဳက်ပ်က္စီးေနေလၿပီ။
မႏၲေလးၿမိဳ႕အတြင္း ယင္းအပ်က္အစီး ျမင္ကြင္းမ်ားႏွင့္အတူ ထပ္မံျမင္ေတြ႕ရသည္က ငလ်င္ေၾကာင့္ ထိခိုက္ခဲ့ ရေသာ အိမ္မ်ားတြင္ မေနရဲေသာေၾကာင့္ တာဝန္ရွိသူမ်ားက စီမံေပးေသာ ေနရာမ်ားတြင္ ေနထိုင္ေနၾကရေသာ ျပည္သူ မ်ား ျဖစ္သည္။ တစ္ခ်ိန္က လုံၿခဳံမည္ဟုထင္ရေသာ တိုက္ ေကာင္းမ်ားသည္ ယခုေတာ့ ငလ်င္ေၾကာင့္ အခ်ိန္မေ႐ြး အသက္ဆုံးႏိုင္သည့္ အေျခအေနကို ဆိုက္ေရာက္သြားၾကရျခင္းျဖစ္သည္။
ေနာက္ေန႔တြင္ က်ဳံးေရွ႕ရွိ ငလ်င္ေၾကာင့္ ထိခိုက္သူမ်ားကို ထားေသာ ေနရာသို႔ သတင္းယူရန္ သြားေရာက္ခဲ့ သည္။ ယင္းေနရာတြင္ ဇာတ္လမ္း အစုံရွိ၏။ အခ်ိဳ႕က အိမ္ၿပိဳသည္။ အခ်ိဳ႕က အိမ္မၿပိဳ ေသာ္လည္း မေနရဲေတာ့ ေသာေၾကာင့္ ယာယီ စခန္းတြင္ လာေရာက္ခိုလႈံေနၾကရသည္။ အဆိုပါ စခန္းတြင္ ထပ္မံျမင္ေတြ႕ရသည္က ဒုကၡသည္ မ်ားနည္းတူ အလႉရွင္လာလွ်င္ တိုးေဝွ႔တန္းစီေနေသာ အမ်ိဳးသမီး ႏွင့္ ကေလးငယ္မ်ား ပါသည့္ လူစုလူေဝး တစ္အုပ္ ျဖစ္သည္။ ထို႔ေၾကာင့္ စိတ္ဝင္တစား သြားေရာက္ ေမးျမန္းၾကည့္မွသာ ဇာတ္ရည္လည္ေတာ့သည္။
အဆိုပါ လူအုပ္စုကား ငလ်င္ေဘး ဒုကၡသည္မ်ားေတာ့ မဟုတ္ပါ။ သို႔ေသာ္ ငလ်င္ေၾကာင့္ စားဝတ္ေနေရး ထိခိုက္သြားသည့္အတြက္ ငလ်င္ေဘးသင့္သူမ်ားနည္းတူ လာေရာက္ တိုးေဝွ႔တန္းစီျခင္း ျဖစ္ေၾကာင္းႏွင့္ ညေရာက္လွ်င္ ေတာ့ အိမ္ျပန္ အိပ္ေၾကာင္း ၎တို႔ကဆိုၾကသည္။ တိုက္တိုက္ဆိုင္ ဆိုင္ပင္ အလႉရွင္ကားတစ္စီးက ထမင္းထုပ္ေဝရန္ ဆိုက္ေရာက္လာခဲ့ရာ ၎တို႔က အလုအယက္ သြားေရာက္တန္းစီေၾကာင္း ေတြ႕ျမင္ရသည္။ ေဘးသင့္သူမ်ားလည္း စီၾက ပါ၏။ သို႔ေသာ္ အမ်ားစုေတာ့ မဟုတ္ပါ။
အဆိုပါစခန္းမွအထြက္တြင္ စာေရးသူ တို႔သည္ ငလ်င္ေဘးသင့္ရာ စစ္ကိုင္းၿမိဳ႕ဆီသို႔ ဦးတည္ခဲ့ၾကသည္။ စစ္ကိုင္းဘက္သို႔ ကူးရန္ ဧရာဝတီ တံတား (ရတနာပုံ)သို႔ သြားရာလမ္းတြင္ကား လမ္း ေဘးခ်ထားေသာ ကုန္တင္ကား မ်ားစြာကို ျမင္ရသည္။ ထို႔ျပင္ ငလ်င္ေၾကာင့္ လမ္းသားဆိုးဆိုး႐ြား႐ြား နိမ့္က်ေနျခင္းမ်ားကိုလည္း ျမင္ေတြ႕ရသည္။
ယခင္က စစ္ကိုင္းသို႔ သြားေသာ ကားမ်ား တန္းစီေစာင့္ရသည္ဟု အသံထြက္ဖူးေသာ္လည္း ယခုေတာ့ အဆင္ ေျပေျပသြားႏိုင္ေပၿပီ။ သို႔ေသာ္ တံတားေပၚ မတက္မီကားပိတ္ေသာေၾကာင့္ အနည္းငယ္ ၾကန႔္ၾကာျခင္းကိုေတာ့ ႀကဳံရ သည္။
စစ္ကိုင္းၿမိဳ႕သည္ မႏၲေလးၿမိဳ႕ကဲ့သို႔ အထပ္ျမင့္အေဆာက္အအုံမ်ားစြာမရွိေသာ္လည္း ပ်က္စီးမႈကား ျမင္မလြဲရွိ ေနသည္။ ငလ်င္ႀကီး စတင္လႈပ္ခတ္အၿပီး ရက္ပိုင္းမ်ားစြာက စစ္ကိုင္းၿမိဳ႕တြင္ အနံ႔မ်ား၊ အပ်က္အစီးမ်ား ရွိခဲ့သည္ဟု ဆိုေသာ္လည္း ယခုေတာ့ အပ်က္အစီးမ်ားကိုသာ ျမင္ရေတာ့သည္။ သို႔ေသာ္ အပ်က္အစီမ်ားကို ျမင္ရသည္ကပင္ မသက္သာလွပါ။ လုံးလုံးၿပိဳက်ေနေသာ အိမ္မ်ားလည္း ရွိသည္။ ထိခိုက္သြားေသာ အိမ္မ်ားလည္း ရွိသည္။ အေျခ အေနကား ထင္သည္ထက္ပင္ဆိုးသည္ဟု ဆိုရမည္ ျဖစ္သည္။ ေရွးေဟာင္း ေက်ာင္းမ်ား ၿပိဳက်ျခင္းလည္း ရွိသည္။ အခ်ိဳ႕အေမြအႏွစ္မ်ားဆိုလွ်င္ ျပန္မရႏိုင္ေတာ့။ ငလ်င္ေၾကာင့္ သံဃာေတာ္ႏွင့္ သီလရွင္မ်ား၊ လူပုဂၢိဳလ္မ်ား ပ်ံလြန္၊ ေသဆုံးခဲ့ၾက သည္မ်ားကိုလည္း ၾကားရသည္။
ရင္နင့္စရာ ဇာတ္လမ္းမ်ားကား စစ္ကိုင္း ၿမိဳ႕တြင္ ရွိေနသည္။ ဥပမာအားျဖင့္ ေက်ာင္းတစ္ ေက်ာင္းတြင္ဆိုလွ်င္ ငလ်င္ႀကီးလႈပ္ေသာေၾကာင့္ ေၾကာင္လိမ္ေလွကားမွတစ္ဆင့္ ကိုရင္ႏွင့္ ေက်ာင္း သားမ်ား ေျပးဆင္းၾကရာ ေက်ာင္းႏွင့္ အတူ ေလွကားက ေအာက္သို႔ ၿပိဳက်သြားခဲ့သည္။ ပိတ္မိေနသူမ်ား ၏အသံကို ၾကားရေသာ္လည္း ကယ္ဆယ္ရန္ အတြက္ ခက္ခက္ခဲခဲေဆာင္႐ြက္ခဲ့ရသည္။ သို႔ေသာ္ အမ်ားစုကို မကယ္ႏိုင္ခဲ့ေတာ့ပါ။ စိတ္မေကာင္းစရာ က ကယ္သူကို ေမွ်ာ္ခဲ့ရွာသည့္ ေက်ာင္းသားႏွင့္ ကိုရင္တို႔ကို အသက္မဆုံးပါးမီအထိ ဆက္သြယ္ ႏိုင္ခဲ့ျခင္း ျဖစ္သည္။
“မုန႔္ကား လာၿပီလား ဆိုၿပီး ကေယာင္က တမ္းနဲ႔ ကိုရင္တစ္ပါးက ေအာက္ကေန လွမ္းေျပာတာ ကို အခုထိၾကား ေနရေသးတယ္” ဟု ေဒသခံ တစ္ဦးက စာေရးသူကို ေျပာျပသည္။
စစ္ကိုင္းတြင္ ငလ်င္ေၾကာင့္ လမ္းတစ္ေနရာတြင္ ဘယ္ႏွင့္ ညာေခ်ာ္သြားေသာ ေနရာကိုလည္း ျမင္ရသည္။ ယင္းကား စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာင့္ ေျပာင္းလဲသြားျခင္း ျဖစ္သည္။ ယင္းေနရာအနီးရွိ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ဝင္လိုက္ေသာအခါ ေျမသားအကြဲေၾကာင္းႀကီးကို ထပ္မံျမင္ရသည္။ အကြဲေၾကာင္း၏ ထိပ္ေနရာတြင္ကား တစ္ခ်ိန္က ဘယ္ႏွင့္ညာရွိခဲ့မည့္ ဘုန္းေတာ္ႀကီးေက်ာင္းမွ အေဆာက္အအုံႏွစ္ခုမွာ ကားႏွစ္စီး ေခါင္းခ်င္းဆိုင္ တိုက္ထားသကဲ့သို႔ ပ်က္စီးကာ ပူးကပ္ေနေလ၏။
စစ္ကိုင္းတြင္ ဗုဒၶဘာသာ အေဆာက္အအုံ မ်ားျပားသကဲ့သို႔ အစၥလာမ္ဘာသာဝင္တို႔၏ ဗလီႏွင့္ ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းလည္း ရွိပါသည္။ ယင္းဘာသာတို႔၏ အေဆာက္အအုံလည္း ပ်က္စီးမႈမ်ား ရွိခဲ့ၾကသည္။ ပ်က္စီးဆုံးရႈံး မႈႏွင့္ ေသဆုံးသူ မ်ားျပား ခဲ့ေသာ မိုးက် ဗလီကား စာေရးသူတို႔ အေရာက္တြင္ အုတ္ပုံႀကီး ျဖစ္ေနေလၿပီ။ ထို႔အတူ ႐ိုမန္ကက္သလစ္ ဘုရားေက်ာင္းသို႔လည္း ေရာက္ခဲ့ေသးရာ ယင္းဘုရား ေက်ာင္းတြင္လည္း ပ်က္စီးမႈမ်ားကို ျမင္ေတြ႕ခဲ့ ရသည္။ အလ်ဥ္းသင့္၍ ေျပာလိုသည္မွာ စစ္ကိုင္းၿမိဳ႕ ၏ ဘာသာေပါင္းစုံ ခ်စ္စရာ ျမင္ကြင္းတစ္ခု ျဖစ္သည္။
ယင္းမွာကား ဘုရားေက်ာင္းသည္ ဗုဒၶဘာသာ၏ ဘာသာေရး အေဆာက္အအုံမ်ားအနီးတြင္ တည္ရွိျခင္း ျဖစ္သည္။ အခ်ိန္ရခိုက္ ဘုရားေက်ာင္းအနီးက ဘုန္းႀကီးေက်ာင္းသို႔ ဝင္ခဲ့ရာ စာေရးသူ၏ရင္ကို ထိခိုက္သြားေသာျမင္ ကြင္းက ဆီးႀကိဳေနသည္။ ပုလႅင္ထက္တြင္ ဆင္းတုေတာ္တစ္ဆူ စံပါယ္ေနၿပီး ေနာက္တြင္ကား ငလ်င္ေၾကာင့္ ပ်က္စီး သြားေသာ ေစတီေတာ္ႏွင့္ ေစတီေတာ္အပ်က္ကို ရွင္းလင္းရန္အတြက္ အသင့္ျပင္ထားေသာ ဘက္ဟိုးတစ္စီး၏ ျမင္ကြင္းက စစ္ကိုင္းၿမိဳ႕၏ ငလ်င္အၿပီးကာလကို အထိေရာက္ဆုံး òန္ျပေနျခင္းလည္း ျဖစ္သည္။ ၿပီးေနာက္ အြန္လိုင္း ထက္တြင္ ျမင္ေတြ႕ခဲ့ရသည့္ မီးသတ္ကားမ်ား အပ်က္အစီးေအာက္ ပိမိေနေသာ စစ္ ကိုင္းၿမိဳ႕ က မီးသတ္စခန္းတစ္ခုကို ေရာက္ခဲ့သည္။ ရွာေဖြ ကယ္ဆယ္ေရး လုပ္မည့္ ကားမ်ားကိုယ္တိုင္ပင္ အပ်က္အစီးေအာက္ ပိမိေနျခင္းကို ျမင္ရသူတိုင္း မည္သူက စိတ္သက္သာပါမည္နည္း။
ယင္းေနာက္ မႏၲေလးသို႔ အျပန္ခရီးကား ပ်က္စီးမႈမ်ားျပားရာ မစိုးရိမ္တိုက္သစ္ဆီသို႔ ျဖစ္ သည္။ သြား႐ိုးလမ္းမွ မဟုတ္ဘဲ အျမန္လမ္းအတိုင္းလာခဲ့ရာ ရန္ကုန္ - မႏၲေလး အျမန္လမ္း အဘယ့္ ေၾကာင့္ ပိတ္ထားရသည္ကို ပို၍ပင္နားလည္ သြားခဲ့ေတာ့သည္။ ၿပိဳက်ခဲ့ေသာ ဒု႒ဝတီတံတား၏ မႏၲေလး ဘက္ အျခမ္းတြင္ကား လမ္းသားမ်ားမွာ ျဖတ္သန္းမရ သည့္အထိ ဆိုးဆိုး႐ြား႐ြား တြန႔္ေခါက္ျခင္းကို ႏွစ္ေနရာ၊ သုံးေနရာထက္မနည္းျမင္ရသည္။ မႏၲေလး ငလ်င္ႀကီး၏ ရမ္းကားမႈကား အလြန္အမင္းဟုပင္ ေျပာရမည့္ကိန္း ျဖစ္သည္။
မစိုးရိမ္တိုက္သစ္သို႔ ေရာက္ေသာအခါ ျမင္ရေသာ ျမင္ကြင္းက လုံးဝပ်က္စီးေနေသာ အေဆာက္အအုံ ျဖစ္သည္။ သို႔ေသာ္ ကံေကာင္းေထာက္ မစြာျဖင့္ သံဃာမ်ားစြာ သီတင္းသုံးေတာ္မူေသာ မစိုးရိမ္တိုက္သစ္တြင္ ပ်ံလြန္ေတာ္မူေသာ သံဃာႏွင့္ ကိုရင္တစ္ပါးမွမရွိခဲ့ပါ။ ဦးလွသိန္း ဓမၼာ႐ုံတြင္ စာေမးပြဲ ေျဖေနစဥ္ အေဆာက္အအုံ ၿပိဳက်ေသာေၾကာင့္သာ မစိုးရိမ္တိုက္သစ္ေန သံဃာေတာ္အခ်ိဳ႕ ပ်ံလြန္ေတာ္ မူခဲ့ရသည္။
ေနာက္ေန႔တြင္ကား နာမည္ေက်ာ္ Sky Villa အပ်က္အစီးေနရာသို႔ သြားေရာက္သတင္း ယူသည္။ ယင္း ေနရာကား မႏၲေလးတြင္ အပ်က္အစီး အမ်ားဆုံးေနရာ ျဖစ္သကဲ့သို႔ ျမင္ရသည္ကပင္ ေက်ာခ်မ္းဖြယ္ေကာင္း သည္ဟုခံစားရသည္။ အဘယ့္ ေၾကာင့္ဆိုေသာ္ လမ္းေဘးမွအထီးတည္းက်န္ အေဆာက္အအုံက ေရွ႕သို႔ငိုက္ေနၿပီး က်န္အေဆာက္အအုံမ်ားက ၿပိဳက်ေနေလရာ လမ္းေပၚ ျဖတ္သြားရန္ အတြက္ပင္ အေတာ္ပင္ အားေမြးရမည့္ သေဘာရွိ သည္။ သို႔ေသာ္ ယင္းေနရာေရွ႕လမ္းကို ပိတ္ထားသည့္အတြက္ ျဖတ္သန္းသြားလာသူမရွိဘဲကယ္ဆယ္ ေရးႏွင့္ လုံၿခဳံေရး အဖြဲ႕မ်ားသာ ရွိေနေပသည္။ ထပ္မံသြားေရာက္ေသာေနရာကား ဂရိတ္ေဝါဟိုတယ္ အပ်က္အစီးေနရာပင္။ ရွာေဖြကယ္ ဆယ္ေရးသမားမ်ားက ရွာေဖြေနၾကသကဲ့သို႔ မိသားစုမ်ားကလည္း ျပင္ပတြင္ေစာင့္ေနၾကသည္။ အေလာင္းေပၚေတာ့ မည္ဟု အသံၾကား႐ုံ သို႔မဟုတ္ ထူးျခားေသာ လႈပ္ရွားမႈ တစ္စုံတစ္ရာေတြ႕႐ုံျဖင့္ အားလုံးမွာ လႈပ္႐ြလာၾကသည္က က်န္ရစ္သူတို႔၏အပူကို ျမင္ႏိုင္ေပလိမ့္မည္။
မႏၲေလးသို႔ေရာက္စဥ္ မဟာျမတ္မုနိ ဘုရားႀကီးသို႔လည္း ကံေကာင္းေထာက္မစြာ သြားေရာက္ ေလ့လာဖူးေျမာ္ ခြင့္ရခဲ့သည္။ ေရွးလက္ရာမ်ားျဖင့္အလြန္ခမ္းနားခဲ့ေသာ အေဆာက္အအုံမ်ားသည္ ယခုေတာ့ငလ်င္ေၾကာင့္ ထိခိုက္မႈ မ်ား ျဖစ္ေနေၾကာင္း ေတြ႕ရသည္။ ပို၍ ရင္နာစရာ ေကာင္းသည္က မႏၲေလး၏ ဓေလ့အရ ရွင္ေလာင္းလွည့္သူမ်ားသည္ မဟာျမတ္မုနိဘုရားႀကီးကို လာေရာက္ ဦးခိုက္ၾကေလ့ရွိရာ စာေရးသူတို႔ ေရာက္ခ်ိန္တြင္လည္း ရွင္ျပဳအဖြဲ႕ တစ္ဖြဲ႕ ေရာက္ေနေၾကာင္းေတြ႕ရ၏။ သို႔ေသာ္ ငလ်င္ေၾကာင့္ ထိခိုက္သည့္အတြက္ အတြင္းသို႔ မဝင္ႏိုင္သည့္အခါ ေမာင္ရင္ ေလာင္းအပါ လူပုဂၢိဳလ္မ်ားသည္ ျပင္ပက ၾကမ္းျပင္တြင္သာ ဘုရားႀကီးကို စိတ္အတြင္းကရည္မွန္းကာ ဦးတိုက္ ေနၾကရ ေတာ့သည္။
မႏၲေလးၿမိဳ႕တြင္ စာေရးသူ သုံးရက္ခန႔္ ေနခဲ့သည့္အနက္ ထူးထူးျခားျခား သတိထားမိခဲ့ ေသာအရာမွာ ၿမိဳ႕ခံတို႔ ၏ ေၾကာက္စိတ္ပင္ ျဖစ္သည္။ ေနာက္ဆက္တြဲ ငလ်င္ငယ္မ်ား လႈပ္ခတ္ျခင္းႏွင့္ အတူ ၿမိဳ႕သူ၊ ၿမိဳ႕သား တို႔သည္ ငလ်င္ကို ေၾကာက္ ေနခဲ့ၾကၿပီ။ မႏၲေလးၿမိဳ႕ႀကီးသည္ကား ျပန္လည္ ႐ုန္းထရန္ ႀကိဳးစားေနၿပီ ျဖစ္ေၾကာင္း ေဆာင္းပါးအတြင္း ေဖာ္ျပ ေရးသားခဲ့ၿပီးျဖစ္ပါသည္။ အခ်ိန္တစ္ခုအၾကာတြင္ မႏၲေလးႏွင့္ စစ္ကိုင္းသည္ ပုံမွန္အေျခအေနသို႔ ျပန္ ေရာက္ႏိုင္ ပါ၏။ သို႔ေသာ္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ မႈမွ ႐ုန္းထရန္အတြက္မွာကား အခ်ိန္တစ္ခုေတာ့ ေပးရလိမ့္ေပဦးမည္။

Related news

© 2021. All rights reserved.