ရခိုင်မှာ အချုပ်အခြာအာဏာပိုင် မွတ်ဆလင်နိုင်ငံထူထောင်ရေး တရုတ်က ကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ဘာသာရေးသဘောထားတင်းမာသူ ဂျမတ်တို့ တောင်းဆို

 324

Htay Oung (NP News) - ဧပြီ ၂၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂါလီတွေရဲ့လူသားမဆန်စွာ နေထိုင်နေရမှုအခြေအနေတွေဟာ ဖြေရှင်းချက် မဟုတ် ကြောင်း၊ ဘင်္ဂါလီဒုက္ခသည်များ ဇာတိရပ်ရွာနေရပ်ပြန်ရေးသည်သာ စစ်မှန်တဲ့ ဖြေရှင်းချက်ဖြစ်ကြောင်း ရခိုင်ကို ဗဟိုပြုပြီး လွတ်လပ်တဲ့ မွတ်စလင်နိုင်ငံတော် ထူထောင်ရေး လှုံ့ဆော်သူ “ဂျမတ်_အီ_အစ္စလာမ်မီ ဘင်္ဂလားဒေ့ရှ်” ဒေါက်တာဆေယက်ဒ်_အဗ္ဗဒူလာ_မိုဟာမက်_တာဟား က ပြောဆိုတယ်လို့ “ITTEFAQ” ဒစ်ဂျစ်တယ်မီဒီယာ (၂ဝ၂၅ ခုနှစ် ဧပြီလ ၂၈ ရက်)က ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့နဲ့ ယမန်နေ့ “ဟိုတယ်_ဝက်စ်အင်” အဆောက်အအုံမှာ တွေ့ဆုံစဉ် လွတ်လပ်သော ရခိုင်နိုင်ငံသစ်ထူထောင်ရေးအတွက် ဂျမတ် အီအစ္စလာမ်မီ် JI က အဆိုပြုတင်ပြခဲ့ကြောင်း သိရှိရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များနဲ့ အလွန်ပွင့်လင်းစွာ ဆွေးနွေးခဲ့ရတယ်လို့ တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဒေါက်တာ ဆေယက်ဒ်က ပြောပါတယ်။ တရုတ်အစိုးရရဲ့ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြောင်း၊ အဲဒီခရီးစဉ်က ပိုပြီးတော့ သဘာဝကျပေမယ့် ဒီနေ့တွေ့ဆုံမှုကတော့ (နှစ်နိုင်ငံ) ပါတီချင်း ဆွေးနွေးမှုဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်အတွက် အလွန်အရေးကြီးကိစ္စတစ်ခုဖြစ်တဲ့ ဘင်္ဂါလီအကျပ်အတည်းကို ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂါလီ ၁.၁ မှ ၁.၂ သန်းခန့်ဟာ လောလောဆယ် ဘင်္ဂလားဒေ့ရှ်မှာမှာ အလွန်အမင်း လူသားမဆန်တဲ့ အခြေအနေ တွေအောက်မှာ နေထိုင်နေရကြောင်း၊ ဒီအခြေအနေက ဖြေရှင်းချက် မဟုတ်ဘူးလို့ ပြောပြခဲ့ကြောင်း၊ ဘင်္ဂါလီ ဒုက္ခသည်များ နေရပ်ပြန်ရေးက ဒီဖြေရှင်းချက်မှာ အကျုံးဝင်ကြောင်း၊ တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတာကြောင့် ဒီကိစ္စမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်လို့ ဒေါက်တာ ဆေယက်ဒ်က ရှင်းပြပါတယ်။
(ဒုက္ခသည်များ) နေရပ်ပြန်ရေး နိုင်ငံတကာ ကော်မီတီရှိခဲ့ရင် အားလုံးလက်တွဲပြီး ဘင်္ဂါလီဒုက္ခသည်တွေအတွက် ရခိုင်မှာ မွတ်ဆလင်နိုင်ငံထူထောင်ရေးကို တင်ပြထားကြောင်း၊ အဆိုပြုချက်ကို တရုတ်အစိုးရထံ တင်ပြပြီး တစုံတရာ ကြိုးပမ်းဆောင်ရွက်ပါ့မယ်လို့ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့က ပြန်လည်ပြောဆိုကြောင်း ဒေါက်တာဆေယက်ဒ်ထံမှ သိရှိရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ (ဘင်္ဂလားဒေရှ်) ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သီးခြား သဘောထားများကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဘယ်နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စမဆို ဝင်ရောက်စွက်ဖက် ခြင်းမပြုကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရဲ့ ကိစ္စတွေမှာလည်း ဝင်ရောက်စွက်ဖက်ခြင်းကို မယုံကြည်ကြောင်း၊ တရုတ်ရဲ့ အခန်းကဏ္ဍမှာ သက်ဆိုင်ရာတိုင်းပြည်ရဲ့အစီအစဉ်နဲ့မူဝါဒများကို ကူညီပေးရန်ဖြစ်တယ်လို့ ပြောဆိုလေ့ရှိပါတယ်။
(ဂျမတ်အီအစ္စလာမီ JI ကို ၁၉၄၁-ခုနှစ် ဗြိတိသျှ ကိုလိုနီလက်အောက် အိန္ဒိယနိုင်ငံမှာ စတင်ထူ ထောင်ခဲ့ပါတယ်။ အိန္ဒိယတိုက်ငယ် လွတ်လပ်ရေးရရှိပြီးနောက် အိန္ဒိယနဲ့ အနောက်ပါကစ္စတန်( ယခုပါကစ္စတန်) နဲ့ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ့်) မှာ အသင်းခွဲများ တည်ထောင်ခဲ့ပါ တယ်။ အမေရိကန်နဲ့ အနောက်အုပ်စုကတော့ JI ကို လူ့အခွင့်အရေးချိုးဖောက်သူ သဘောထား အလွန်တင်းမာသူ တယူသန်များအဖြစ် ရည်ညွှန်းပါတယ်။
JI တို့ဟာ ရှရီယာအစ္စလာမ်မစ်တရားဥပဒေကို အခြေခံတဲ့ မွတ်စလင်လူ့ဘောင်ထူထောင်ရေး လက်ခံ သူများ ဖြစ်ပါတယ်။ အိန္ဒိယမှာ အစွန်းရောက်များအဖြစ် ရှု့မြင်ထားခြင်းကလွဲပြီး ဘာသာရေး၊ လူမှု ရေး၊ ပညာရေးကိစ္စ များမှာ ဆက်လက်လုပ်ဆောင်ခွင့်ပြုထားပါတယ်။ နိုင်ငံရေး ပါတီအနေနဲ့ လှုပ်ရှား မှု မရှိပေမယ့် မကြာသေးခင် ဧပြီ ၂၂ ရက် “ပါဟယ်လ်ဂမ်ပစ်ခတ်အကြမ်းဖက် မှု” အပါအဝင် ကက်ရှ်မီးယားအရေးမှာ တင်းမာတဲ့ သဘောထား ကြေညာချက်များကို ထုတ်ပြန်ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ JI တို့ကို ရှိရိုးရှိစဉ် အဖွဲ့အစည်းအဖြစ် သဘောထားပေမယ့် အစိုးရအဖွဲ့ဝင်-လွှတ် တော်အမတ် အချို့နဲ့ ပတ်သက်မှုရှိတယ်လို့ ထင်ကြေးပေးခံရပါတယ်။ နိုင်ငံတကာ မွတ်စလင်ဘရားသားဟုဒ်၊ ကမ္ဘာ့မွတ်စလင် လူငယ်များ ညီလာခံ၊ ဆော်ဒီအခြေစိုက် မွတ်စလင်ကမ္ဘာမဖွဲ့ချုပ်တို့နဲ့ တရားဝင် အဆက်အသွယ်ရှိပါတယ်။
၁၉၇၁ ခုနှစ် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ရှိတ်ဟာစီနာတို့ရဲ့ “အဝါမီလိဂ်ပါတီ” အာဏာရရှိတဲ့နှစ်များမှာ တော့ JI တို့ကို နည်းလမ်းပေါင်းစုံနဲ့ တားမြစ်လေ့ရှိပါတယ်။ “ဘင်္ဂလားလွတ်မြောက်ရေးစစ်ပွဲ” မှာ တော်လှန်ရေးသမား ဘင်္ဂါလီ မျိုးချစ်များကို သတ်ဖြတ်ခြင်း၊ ဒါကာတက္ကသိုလ်ကျောင်းသူများကို အစုအပုံလိုက် အဓမ္မပြုကျင့်ခြင်း၊ ဂျီနိုဆိုက် ကျူးလွန်ရာမှာ ပါကစ္စတန်စစ်တပ်ဘက်က ကူညီပြီး ပူးပေါင်းပါဝင် ကြောင်း စွပ်စွဲချက်နဲ့ ၂၀၁၃-ခုနှစ် ရှိတ် ဟာစီနာ ပြည်တွင်းမှာ ဖွဲ့စည်းတဲ့ “ နိုင်ငံတကာ ရာဇဝတ်ခုံ ရုံးက” JI ခေါင်းဆောင်များကို ထောင်ဒဏ်၊ သေဒဏ်များ ချမှတ်ပြီး ကြိုးပေး ကွပ်မျက်ခဲ့ပါတယ်။ JI ကို လည်း ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတဲ့ နိုင်ငံရေးပါတီ အဖြစ် သတ်မှတ်ပေမယ့် အသင်းအ ဖွဲ့အနေနဲ့တော့ ရှိနေပါသေးတယ်။
သီးခြားပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး JI ပါတီအမတ်များ လွှတ်တော်ထဲကို ရောက်ရှိခဲ့တာ ၁၉၇၉ ခုနှစ်မှာ ဖြစ်ပါတယ်။ အဝါမီလိဂ်ပါတီရဲ့ အဓိက အတိုက်အခံ ခါလီဒါဇီယာရဲ့ ရှေးရိုးစွဲ အမျိုးသားရေး BNP ပါတီအတွက် ကတော့ JI နဲ့ အခြားဘာသာရေးအသင်းအဖွဲ့များဟာ အရေးကြီး မဟာမိတ်များဖြစ်ပါတယ်။ JI ပါတီအမတ်များ ထောက်ခံမှုနဲ့ အစိုးရ ဖွဲ့စည်းနိုင်ပြီး JI ဝန်ကြီးအဖြစ် ရာထူးများ ခန့်အပ်တဲ့ အထိပါပဲ။
၂၀၂၄ ခုနှစ် သြဂုတ်လ ရှိတ်ဟာစီနာ ပြုတ်ကျသွားပြီး မိုဟာမက်ယူနွတ်ရဲ့ တက္ကနိုကရက်များ ဦး ဆောင်ကြားဖြတ် အစိုးရလက်ထက်မှာတော့ JI တို့ဟာ တရားဝင်နိုင်ငံရေးပါတီ မဟုတ်တော့ပဲ မွတ်စလင်လူ့အခွင့်အရေး-ဘာသာရေးအဖွဲ့အစည်းအသွင် လှုပ်ရှားနေပါတယ်။ ယခင်လောက် သြဇာလွှမ်းမိုးမှု မရှိတော့ဘဲ လူငယ်များကို စည်းရုံးနိုင်ခြင်းမရှိ၊ “ဟာဖာဇက်_အီး_အစ္စလာမ်” တို့လို နိုင်ငံရေးပါတီ မဟုတ်တဲ့ မွတ်စလင်ဘာသာရေး အစည်းအရုံးများနဲ့ ယှဉ်ပြိုင်နေရပါတယ်။ ဒါပေမယ့် ကြားဖြတ်အစိုးရ ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခြေအများဆုံးဟာ BNP ပါတီဖြစ်နေပြီး ဂျမတ်အီ အစ္စလာမ်မီရော ဟာဖာဇက်အီးအစ္စလာမ်တို့ပါ ပြန်လည်သြဇာလွှမ်းမိုးလာနိုင်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံစဉ် ဂျမတ်အီတို့ တောင်းဆိုချက်မှာ “State” ထူ ထောင်ရေးလို့ ပါရှိပါတယ်။ အင်္ဂလိပ်ဘာသာ State ဆိုသည်မှာ “ပြည်နယ်” ကို ဆိုလိုခြင်းဖြစ်သလို “နိုင်ငံ” လို့လည်း အဓိပ္ပါယ် ရရှိပါတယ်။ ထူထောင်လိုတဲ့ နယ်မြေကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မဟုတ်ပဲ “ဘင်္ဂါလီတို့ရဲ့ မူလဇာတိမြေ” လို့ ဆိုခြင်းကြောင့် ၎င်းတို့ မကြာခဏ ရည်ညွှန်းတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း “သီးခြားနိုင်ငံထူထောင်ရေး” ကို ဆိုလိုကြောင်း ပေါ်လွင်ပါတယ်။ #HtayOung #OungMarine)

Zawgyi Version:
ရခိုင္မွာ အခ်ဳပ္အျခာအာဏာပိုင္ မြတ္ဆလင္ႏိုင္ငံထူေထာင္ေရး တ႐ုတ္က ကူညီေပးဖို႔ ဘဂၤလားေဒ့ရွ္ ဘာသာေရး သေဘာထားတင္းမာသူ ဂ်မတ္တို႔ ေတာင္းဆို
Htay Oung (NP News) - ဧၿပီ ၂၈

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဘဂၤါလီေတြရဲ႕လူသားမဆန္စြာ ေနထိုင္ေနရမႈအေျခအေနေတြဟာ ေျဖရွင္းခ်က္ မဟုတ္ ေၾကာင္း၊ ဘဂၤါလီဒုကၡသည္မ်ား ဇာတိရပ္႐ြာေနရပ္ျပန္ေရးသည္သာ စစ္မွန္တဲ့ ေျဖရွင္းခ်က္ျဖစ္ေၾကာင္း ရခိုင္ကို ဗဟိုျပဳၿပီး လြတ္လပ္တဲ့ မြတ္စလင္ႏိုင္ငံေတာ္ ထူေထာင္ေရး လႈံ႕ေဆာ္သူ “ဂ်မတ္_အီ_အစၥလာမ္မီ ဘဂၤလားေဒ့ရွ္” ေဒါက္တာေဆယက္ဒ္_အဗၺဒူလာ_မိုဟာမက္_တာဟား က ေျပာဆိုတယ္လို႔ “ITTEFAQ” ဒစ္ဂ်စ္တယ္မီဒီယာ (၂ဝ၂၅ ခုႏွစ္ ဧၿပီလ ၂၈ ရက္)က ေရးသားပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနတဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီကိုယ္စားလွယ္အဖြဲ႕နဲ႔ ယမန္ေန႔ “ဟိုတယ္_ဝက္စ္အင္” အေဆာက္အအုံမွာ ေတြ႕ဆုံစဥ္ လြတ္လပ္ေသာ ရခိုင္ႏိုင္ငံသစ္ထူေထာင္ေရးအတြက္ ဂ်မတ္ အီအစၥလာမ္မီ္ JI က အဆိုျပဳတင္ျပခဲ့ေၾကာင္း သိရွိရပါတယ္။
တ႐ုတ္ကြန္ျမဴနစ္ပါတီေခါင္းေဆာင္မ်ားနဲ႔ အလြန္ပြင့္လင္းစြာ ေဆြးေႏြးခဲ့ရတယ္လို႔ ေတြ႕ဆုံပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ေဒါက္တာ ေဆယက္ဒ္က ေျပာပါတယ္။ တ႐ုတ္အစိုးရရဲ႕ဖိတ္ၾကားခ်က္အရ ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ တ႐ုတ္ႏိုင္ငံကို သြားေရာက္ခဲ့ေၾကာင္း၊ အဲဒီခရီးစဥ္က ပိုၿပီးေတာ့ သဘာဝက်ေပမယ့္ ဒီေန႔ေတြ႕ဆုံမႈကေတာ့ (ႏွစ္ႏိုင္ငံ) ပါတီခ်င္း ေဆြးေႏြးမႈျဖစ္တယ္လို႔ ဆိုပါတယ္။
ဘဂၤလားေဒ့ရွ္အတြက္ အလြန္အေရးႀကီးကိစၥတစ္ခုျဖစ္တဲ့ ဘဂၤါလီအက်ပ္အတည္းကို ေဆြးေႏြးခဲ့ၾကေၾကာင္း ဘဂၤါလီ ၁.၁ မွ ၁.၂ သန္းခန႔္ဟာ ေလာေလာဆယ္ ဘဂၤလားေဒ့ရွ္မွာမွာ အလြန္အမင္း လူသားမဆန္တဲ့ အေျခအေန ေတြေအာက္မွာ ေနထိုင္ေနရေၾကာင္း၊ ဒီအေျခအေနက ေျဖရွင္းခ်က္ မဟုတ္ဘူးလို႔ ေျပာျပခဲ့ေၾကာင္း၊ ဘဂၤါလီ ဒုကၡသည္မ်ား ေနရပ္ျပန္ေရးက ဒီေျဖရွင္းခ်က္မွာ အက်ဳံးဝင္ေၾကာင္း၊ တ႐ုတ္အေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ခိုင္မာတဲ့ ဆက္ဆံေရးရွိတာေၾကာင့္ ဒီကိစၥမွာ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ႏိုင္ပါတယ္လို႔ ေဒါက္တာ ေဆယက္ဒ္က ရွင္းျပပါတယ္။
(ဒုကၡသည္မ်ား) ေနရပ္ျပန္ေရး ႏိုင္ငံတကာ ေကာ္မီတီရွိခဲ့ရင္ အားလုံးလက္တြဲၿပီး ဘဂၤါလီဒုကၡသည္ေတြအတြက္ ရခိုင္မွာ မြတ္ဆလင္ႏိုင္ငံထူေထာင္ေရးကို တင္ျပထားေၾကာင္း၊ အဆိုျပဳခ်က္ကို တ႐ုတ္အစိုးရထံ တင္ျပၿပီး တစုံတရာ ႀကိဳးပမ္းေဆာင္႐ြက္ပါ့မယ္လို႔ တ႐ုတ္ကြန္ျမဴနစ္ပါတီ ကိုယ္စားလွယ္အဖြဲ႕က ျပန္လည္ေျပာဆိုေၾကာင္း ေဒါက္တာေဆယက္ဒ္ထံမွ သိရွိရပါတယ္။
တ႐ုတ္ကြန္ျမဴနစ္ပါတီ ကိုယ္စားလွယ္အဖြဲ႕ဟာ (ဘဂၤလားေဒရွ္) ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး သီးျခား သေဘာထားမ်ားကို ထုတ္ေဖာ္ေျပာဆိုျခင္း မရွိပါဘူး။ ဘယ္ႏိုင္ငံရဲ႕ျပည္တြင္းေရးကိစၥမဆို ဝင္ေရာက္စြက္ဖက္ ျခင္းမျပဳေၾကာင္း၊ ဘဂၤလားေဒ့ရွ္ရဲ႕ ကိစၥေတြမွာလည္း ဝင္ေရာက္စြက္ဖက္ျခင္းကို မယုံၾကည္ေၾကာင္း၊ တ႐ုတ္ရဲ႕ အခန္းက႑မွာ သက္ဆိုင္ရာတိုင္းျပည္ရဲ႕အစီအစဥ္နဲ႔မူဝါဒမ်ားကို ကူညီေပးရန္ျဖစ္တယ္လို႔ ေျပာဆိုေလ့ရွိပါတယ္။
(ဂ်မတ္အီအစၥလာမီ JI ကို ၁၉၄၁-ခုႏွစ္ ၿဗိတိသွ် ကိုလိုနီလက္ေအာက္ အိႏၵိယႏိုင္ငံမွာ စတင္ထူ ေထာင္ခဲ့ပါတယ္။ အိႏၵိယတိုက္ငယ္ လြတ္လပ္ေရးရရွိၿပီးေနာက္ အိႏၵိယနဲ႔ အေနာက္ပါကစၥတန္( ယခုပါကစၥတန္) နဲ႔ အေရွ႕ပါကစၥတန္ (ယခု ဘဂၤလားေဒ့ရွ႕္) မွာ အသင္းခြဲမ်ား တည္ေထာင္ခဲ့ပါ တယ္။ အေမရိကန္နဲ႔ အေနာက္အုပ္စုကေတာ့ JI ကို လူ႔အခြင့္အေရးခ်ိဳးေဖာက္သူ သေဘာထား အလြန္တင္းမာသူ တယူသန္မ်ားအျဖစ္ ရည္ၫႊန္းပါတယ္။
JI တို႔ဟာ ရွရီယာအစၥလာမ္မစ္တရားဥပေဒကို အေျခခံတဲ့ မြတ္စလင္လူ႔ေဘာင္ထူေထာင္ေရး လက္ခံ သူမ်ား ျဖစ္ပါတယ္။ အိႏၵိယမွာ အစြန္းေရာက္မ်ားအျဖစ္ ရႈ႕ျမင္ထားျခင္းကလြဲၿပီး ဘာသာေရး၊ လူမႈ ေရး၊ ပညာေရးကိစၥ မ်ားမွာ ဆက္လက္လုပ္ေဆာင္ခြင့္ျပဳထားပါတယ္။ ႏိုင္ငံေရး ပါတီအေနနဲ႔ လႈပ္ရွား မႈ မရွိေပမယ့္ မၾကာေသးခင္ ဧၿပီ ၂၂ ရက္ “ပါဟယ္လ္ဂမ္ပစ္ခတ္အၾကမ္းဖက္ မႈ” အပါအဝင္ ကက္ရွ္မီးယားအေရးမွာ တင္းမာတဲ့ သေဘာထား ေၾကညာခ်က္မ်ားကို ထုတ္ျပန္ခဲ့ပါတယ္။
ပါကစၥတန္ႏိုင္ငံမွာ JI တို႔ကို ရွိ႐ိုးရွိစဥ္ အဖြဲ႕အစည္းအျဖစ္ သေဘာထားေပမယ့္ အစိုးရအဖြဲ႕ဝင္-လႊတ္ ေတာ္အမတ္ အခ်ိဳ႕နဲ႔ ပတ္သက္မႈရွိတယ္လို႔ ထင္ေၾကးေပးခံရပါတယ္။ ႏိုင္ငံတကာ မြတ္စလင္ဘရားသားဟုဒ္၊ ကမာၻ႔မြတ္စလင္ လူငယ္မ်ား ညီလာခံ၊ ေဆာ္ဒီအေျခစိုက္ မြတ္စလင္ကမာၻမဖြဲ႕ခ်ဳပ္တို႔နဲ႔ တရားဝင္ အဆက္အသြယ္ရွိပါတယ္။
၁၉၇၁ ခုႏွစ္ ဘဂၤလား ေဒ့ရွ္ႏိုင္ငံမွာ ရွိတ္ဟာစီနာတို႔ရဲ႕ “အဝါမီလိဂ္ပါတီ” အာဏာရရွိတဲ့ႏွစ္မ်ားမွာ ေတာ့ JI တို႔ကို နည္းလမ္းေပါင္းစုံနဲ႔ တားျမစ္ေလ့ရွိပါတယ္။ “ဘဂၤလားလြတ္ေျမာက္ေရးစစ္ပြဲ” မွာ ေတာ္လွန္ေရးသမား ဘဂၤါလီ မ်ိဳးခ်စ္မ်ားကို သတ္ျဖတ္ျခင္း၊ ဒါကာတကၠသိုလ္ေက်ာင္းသူမ်ားကို အစုအပုံလိုက္ အဓမၼျပဳက်င့္ျခင္း၊ ဂ်ီႏိုဆိုက္ က်ဴးလြန္ရာမွာ ပါကစၥတန္စစ္တပ္ဘက္က ကူညီၿပီး ပူးေပါင္းပါဝင္ ေၾကာင္း စြပ္စြဲခ်က္နဲ႔ ၂၀၁၃-ခုႏွစ္ ရွိတ္ ဟာစီနာ ျပည္တြင္းမွာ ဖြဲ႕စည္းတဲ့ “ ႏိုင္ငံတကာ ရာဇဝတ္ခုံ ႐ုံးက” JI ေခါင္းေဆာင္မ်ားကို ေထာင္ဒဏ္၊ ေသဒဏ္မ်ား ခ်မွတ္ၿပီး ႀကိဳးေပး ကြပ္မ်က္ခဲ့ပါတယ္။ JI ကို လည္း ေ႐ြး ေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မရွိတဲ့ ႏိုင္ငံေရးပါတီ အျဖစ္ သတ္မွတ္ေပမယ့္ အသင္းအ ဖြဲ႕အေနနဲ႔ေတာ့ ရွိေနပါေသးတယ္။
သီးျခားပါတီအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး JI ပါတီအမတ္မ်ား လႊတ္ေတာ္ထဲကို ေရာက္ရွိခဲ့တာ ၁၉၇၉ ခုႏွစ္မွာ ျဖစ္ပါတယ္။ အဝါမီလိဂ္ပါတီရဲ႕ အဓိက အတိုက္အခံ ခါလီဒါဇီယာရဲ႕ ေရွး႐ိုးစြဲ အမ်ိဳးသားေရး BNP ပါတီအတြက္ ကေတာ့ JI နဲ႔ အျခားဘာသာေရးအသင္းအဖြဲ႕မ်ားဟာ အေရးႀကီး မဟာမိတ္မ်ားျဖစ္ပါတယ္။ JI ပါတီအမတ္မ်ား ေထာက္ခံမႈနဲ႔ အစိုးရ ဖြဲ႕စည္းႏိုင္ၿပီး JI ဝန္ႀကီးအျဖစ္ ရာထူးမ်ား ခန႔္အပ္တဲ့ အထိပါပဲ။
၂၀၂၄ ခုႏွစ္ ၾသဂုတ္လ ရွိတ္ဟာစီနာ ျပဳတ္က်သြားၿပီး မိုဟာမက္ယူႏြတ္ရဲ႕ တကၠႏိုကရက္မ်ား ဦး ေဆာင္ၾကားျဖတ္ အစိုးရလက္ထက္မွာေတာ့ JI တို႔ဟာ တရားဝင္ႏိုင္ငံေရးပါတီ မဟုတ္ေတာ့ပဲ မြတ္စလင္လူ႔အခြင့္အေရး-ဘာသာေရးအဖြဲ႕အစည္းအသြင္ လႈပ္ရွားေနပါတယ္။ ယခင္ေလာက္ ၾသဇာလႊမ္းမိုးမႈ မရွိေတာ့ဘဲ လူငယ္မ်ားကို စည္း႐ုံးႏိုင္ျခင္းမရွိ၊ “ဟာဖာဇက္_အီး_အစၥလာမ္” တို႔လို ႏိုင္ငံေရးပါတီ မဟုတ္တဲ့ မြတ္စလင္ဘာသာေရး အစည္းအ႐ုံးမ်ားနဲ႔ ယွဥ္ၿပိဳင္ေနရပါတယ္။ ဒါေပမယ့္ ၾကားျဖတ္အစိုးရ က်င္းပေပးမယ့္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရေျခအမ်ားဆုံးဟာ BNP ပါတီျဖစ္ေနၿပီး ဂ်မတ္အီ အစၥလာမ္မီေရာ ဟာဖာဇက္အီးအစၥလာမ္တို႔ပါ ျပန္လည္ၾသဇာလႊမ္းမိုးလာႏိုင္ပါတယ္။
တ႐ုတ္ကြန္ျမဴနစ္ပါတီ ကိုယ္စားလွယ္မ်ားနဲ႔ ေတြ႕ဆုံစဥ္ ဂ်မတ္အီတို႔ ေတာင္းဆိုခ်က္မွာ “State” ထူ ေထာင္ေရးလို႔ ပါရွိပါတယ္။ အဂၤလိပ္ဘာသာ State ဆိုသည္မွာ “ျပည္နယ္” ကို ဆိုလိုျခင္းျဖစ္သလို “ႏိုင္ငံ” လို႔လည္း အဓိပၸါယ္ ရရွိပါတယ္။ ထူေထာင္လိုတဲ့ နယ္ေျမကလည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း မဟုတ္ပဲ “ဘဂၤါလီတို႔ရဲ႕ မူလဇာတိေျမ” လို႔ ဆိုျခင္းေၾကာင့္ ၎တို႔ မၾကာခဏ ရည္ၫႊန္းတဲ့ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္အတြင္း “သီးျခားႏိုင္ငံထူေထာင္ေရး” ကို ဆိုလိုေၾကာင္း ေပၚလြင္ပါတယ္။ #HtayOung #OungMarine)

Related news

© 2021. All rights reserved.