အီရန်ရဲ့နျူကလီးယား အခြေခံအဆောက်အအုံတွေအားလုံးကို ဖျက်သိမ်းပစ်ဖို့ အစ္စရေးဝန်ကြီးချုပ်တောင်းဆို

 260

Pika (NP News) - ဧပြီ ၂၉

အီရန်ရဲ့ နျူကလီးယားအခြေခံအဆောက်အအုံတွေအားလုံးကို ဖျက်သိမ်းပစ်ဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထပ်မံတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နဲ့အီရန်တို့ဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေချိန်မှာပဲ နေတန်ရာဟုရဲ့တောင်းဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်နဲ့အီရန်တို့ဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို သုံးကြိမ်လုပ်ဆောင်ခဲ့ပြီး အဲဒီဆွေးနွေးမှုတွေကို အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း အီရန်ရဲ့ငြိမ်းချမ်းတဲ့နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်တွေကို ဆက်လက်ထိန်းသိမ်းမှာဖြစ်တယ်လို့ အိုမန်နိုင်ငံက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အီရန်ရဲ့နျူကလီးယားအခြေခံအ ဆောက်အအုံတွေအားလုံးကို ဖျက်သိမ်းပစ်ဖို့ နေတန်ရာဟုက တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ပြင် အီရန်ကို နျူကလီးယားလက်နက်မရရှိအောင်လုပ်ဆောင်သွားမယ်လို့ အစ္စရေးအစိုးရဘက်က ကာလရှည်ကြာကတိပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း အီရန်ရဲ့နိုင်ငံခြားရေးမူဝါဒ ဒါမှမ ဟုတ် လမ်းကြောင်းကို ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းမှုတွေအားလုံးကို တားဆီးနိုင်မယ်လို့ အီရန်ကယုံကြည်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်စ်အာဂရာချီက ပြောကြားခဲ့ပါတယ်။

zawgyi version
အီရန္ရဲ႕န်ဴကလီးယား အေျခခံအေဆာက္အအုံေတြအားလုံးကို ဖ်က္သိမ္းပစ္ဖို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေတာင္းဆို
Pika (NP News) - ဧၿပီ ၂၉

အီရန္ရဲ႕ န်ဴကလီးယားအေျခခံအေဆာက္အအုံေတြအားလုံးကို ဖ်က္သိမ္းပစ္ဖို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထပ္မံေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္နဲ႔အီရန္တို႔ဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနခ်ိန္မွာပဲ ေနတန္ရာဟုရဲ႕ေတာင္းဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္နဲ႔အီရန္တို႔ဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကို သုံးႀကိမ္လုပ္ေဆာင္ခဲ့ၿပီး အဲဒီေဆြးေႏြးမႈေတြကို အိုမန္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း အီရန္ရဲ႕ၿငိမ္းခ်မ္းတဲ့န်ဴကလီးယားစြမ္းအင္ဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရး စြမ္းရည္ေတြကို ဆက္လက္ထိန္းသိမ္းမွာျဖစ္တယ္လို႔ အိုမန္ႏိုင္ငံက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အီရန္ရဲ႕န်ဴကလီးယားအေျခခံအ ေဆာက္အအုံေတြအားလုံးကို ဖ်က္သိမ္းပစ္ဖို႔ ေနတန္ရာဟုက ေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့ျပင္ အီရန္ကို န်ဴကလီးယားလက္နက္မရရွိေအာင္လုပ္ေဆာင္သြားမယ္လို႔ အစၥေရးအစိုးရဘက္က ကာလရွည္ၾကာကတိျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမဲ့လည္း အီရန္ရဲ႕ႏိုင္ငံျခားေရးမူဝါဒ ဒါမွမ ဟုတ္ လမ္းေၾကာင္းကို ဖ်က္ဆီးပစ္ဖို႔ ႀကိဳးပမ္းမႈေတြအားလုံးကို တားဆီးႏိုင္မယ္လို႔ အီရန္ကယုံၾကည္တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအာဘတ္စ္အာဂရာခ်ီက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.