ယူကရိန်းစစ်တပ်က အသုံးပြုတဲ့နေရာတွေအားလုံးကို ဆက်လက်ပစ်မှတ်ထားသွားမယ်လို့ ရုရှားအစိုးရ ပြော

 206

Pika (NP News) - ဧပြီ ၂၉

ယူကရိန်းစစ်တပ်က အသုံးပြုတဲ့နေရာတွေအားလုံးကို ရုရှားက ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်ကပြောကြားခဲ့ပါတယ်။ ရုရှားဟာ ယူကရိန်းစစ်တပ်က အသုံးပြုတဲ့နေရာတွေကို တိုက်ခိုက်မှု(၇၀)ကြိမ်လောက်လုပ်ဆောင်ခဲ့ပြီးပြီလို့ ယူကရိန်းသမ္မတဇီလန်စကီးက ပြောဆိုခဲ့ပြီးနောက် ဆာဂေးလာရော့ဗ်ရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့သီတင်းပတ်က လုပ်ဆောင်ခဲ့တဲ့ ကိယက်ဗ်မြို့ကလူနေအဆောက်အအုံတစ်ခုကို ရုရှားကဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ လုံးဝအရပ်ဘက်ပစ်မှတ်တစ်ခု မဟုတ်ဘူးလို့လည်း ဆာဂေးလာရော့ဗ်ကပြောကြားခဲ့ပါတယ်။ ၎င်းက"ယူကရိန်းစစ်တပ်က အသုံးပြုတဲ့နေရာတွေအားလုံးကို ကျွန် တော်တို့ ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်သွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။ အနည်းဆုံးလူ(၁၂)ဦးသေဆုံးစေခဲ့တဲ့ ယူကရိန်းရဲ့လူနေအဆောက်အအုံတစ်ခုကို ရုရှားရဲ့ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ရုရှားနဲ့ယူကရိန်းတို့ဟာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

zawgyi version
ယူကရိန္းစစ္တပ္က အသုံးျပဳတဲ့ေနရာေတြအားလုံးကို ဆက္လက္ပစ္မွတ္ထားသြားမယ္လို႔ ႐ုရွားအစိုးရ ေျပာ
Pika (NP News) - ဧၿပီ ၂၉

ယူကရိန္းစစ္တပ္က အသုံးျပဳတဲ့ေနရာေတြအားလုံးကို ႐ုရွားက ဆက္လက္ပစ္မွတ္ထားတိုက္ခိုက္သြားမယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္ကေျပာၾကားခဲ့ပါတယ္။ ႐ုရွားဟာ ယူကရိန္းစစ္တပ္က အသုံးျပဳတဲ့ေနရာေတြကို တိုက္ခိုက္မႈ(၇၀)ႀကိမ္ေလာက္လုပ္ေဆာင္ခဲ့ၿပီးၿပီလို႔ ယူကရိန္းသမၼတဇီလန္စကီးက ေျပာဆိုခဲ့ၿပီးေနာက္ ဆာေဂးလာေရာ့ဗ္ရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။

ဒါ့ျပင္ ၿပီးခဲ့တဲ့သီတင္းပတ္က လုပ္ေဆာင္ခဲ့တဲ့ ကိယက္ဗ္ၿမိဳ႕ကလူေနအေဆာက္အအုံတစ္ခုကို ႐ုရွားကဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈဟာ လုံးဝအရပ္ဘက္ပစ္မွတ္တစ္ခု မဟုတ္ဘူးလို႔လည္း ဆာေဂးလာေရာ့ဗ္ကေျပာၾကားခဲ့ပါတယ္။ ၎က"ယူကရိန္းစစ္တပ္က အသုံးျပဳတဲ့ေနရာေတြအားလုံးကို ကြၽန္ ေတာ္တို႔ ဆက္လက္ပစ္မွတ္ထားတိုက္ခိုက္သြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။ အနည္းဆုံးလူ(၁၂)ဦးေသဆုံးေစခဲ့တဲ့ ယူကရိန္းရဲ႕လူေနအေဆာက္အအုံတစ္ခုကို ႐ုရွားရဲ႕ ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ျပစ္တင္ရႈတ္ခ်မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူးလို႔ ယုံၾကည္မႈေတြရွိလာခဲ့မယ္ဆိုရင္ အေမရိကန္ဟာ ယူကရိန္းပဋိပကၡအတြက္ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းခ်က္ေတြကိုရွာေဖြဖို႔ ႀကိဳးပမ္းမႈေတြကို စြန႔္လႊတ္သြားႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.