ယူကရိန်းသမ္မတက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အဆင်သင့်ဖြစ်နေပြီဟု ဒေါ်နယ်ထရမ့် ပြော

 287

Pika (NP News) - ဧပြီ ၂၉

ရုရှားနဲ့ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားရဲအစိတ်အပိုင်းတစ်ခုအဖြစ် ယူကရိန်းသမ္မတဇီလန်စကီးက အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အသိအမှတ်ပြုဖို့ ယူကရိန်းသမ္မတဇီလန်စကီးက အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို (၂၀၁၄)ခုနှစ်ကတည်းက သိမ်းယူခဲ့တာဖြစ်ပြီး ရုရှားနဲ့ယူကရိန်းကြား ကာလရှည်ကြာအငြင်းပွားမှုတစ်ခုအဖြစ် ရှိနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဇီလန်စကီးဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့ ပြင်ဆင်ထားသလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်း‌တွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က "ဇီလန်စကီးက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဇီလန်စကီးနဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ဈာပနအခမ်းအနားမှာ တွေ့ဆုံခဲ့ပြီးနောက် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် ဇီလန်စကီးနဲ့နောက်ဆုံးစကားပြောဆိုခဲ့တဲ့အကြိမ်မှာ ဇီလန်စကီးရဲ့အသံဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အိမ်ဖြူတော်မှာဖြစ်ပွားခဲ့တဲ့အငြင်းပွားမှုနဲ့စာရင် အများကြီးကွဲပြားတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။

zawgyi version
ယူကရိန္းသမၼတက ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို စြန႔္လႊတ္ဖို႔အဆင္သင့္ျဖစ္ေနၿပီဟု ေဒၚနယ္ထရမ့္ ေျပာ
Pika (NP News) - ဧၿပီ ၂၉

႐ုရွားနဲ႔ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔အတြက္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ႐ုရွားရဲအစိတ္အပိုင္းတစ္ခုအျဖစ္ ယူကရိန္းသမၼတဇီလန္စကီးက အသိအမွတ္ျပဳဖို႔ လိုအပ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကေျပာဆိုခဲ့ပါတယ္။

ဒါေပမဲ့လည္း ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ႐ုရွားရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ အသိအမွတ္ျပဳဖို႔ ယူကရိန္းသမၼတဇီလန္စကီးက အႀကိမ္ႀကိမ္ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားဟာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို (၂၀၁၄)ခုႏွစ္ကတည္းက သိမ္းယူခဲ့တာျဖစ္ၿပီး ႐ုရွားနဲ႔ယူကရိန္းၾကား ကာလရွည္ၾကာအျငင္းပြားမႈတစ္ခုအျဖစ္ ရွိေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဇီလန္စကီးဟာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို စြန႔္လႊတ္ဖို႔ ျပင္ဆင္ထားသလားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္း‌ေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က "ဇီလန္စကီးက ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို စြန႔္လႊတ္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ဇီလန္စကီးနဲ႔ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ရဲ႕ဈာပနအခမ္းအနားမွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ဇီလန္စကီးနဲ႔ေနာက္ဆုံးစကားေျပာဆိုခဲ့တဲ့အႀကိမ္မွာ ဇီလန္စကီးရဲ႕အသံဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလက အိမ္ျဖဴေတာ္မွာျဖစ္ပြားခဲ့တဲ့အျငင္းပြားမႈနဲ႔စာရင္ အမ်ားႀကီးကြဲျပားတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.