အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ ပြင်သစ်ခြိမ်းခြောက်

149

Pika (NP News) - ဧပြီ ၃ဝ
အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေက ဥရောပရဲ့လုံခြုံရေးကိုခြိမ်းခြောက်မှုတွေ ရှိလာခဲ့မယ်ဆိုရင် ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်သွားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က ပြောကြားခဲ့ပါတယ်။
Jean-Noel Barrot က "အီရန်ဟာ လေးစားလိုက်နာဖို့သူတို့ကတိပြုထားခဲ့တဲ့ နယ်နိမိတ်တွေအားလုံးကို ဖြတ်ကျော်သွားခဲ့ပြီး နျူကလီးယားလက်နက်ကိုရရှိဖို့က အလွန်နီးစပ်နေပြီပဲဖြစ်ပါတယ်။ အီရန်ရဲ့နျူက လီးယားအစီအစဉ်တွေအတွက် စစ်ဘက်ဆိုင်ရာဖြေရှင်းချက်တွေ မရှိပါဘူး။ အဲဒါအတွက် သံတမန်ရေးလမ်းကြောင်းတစ်ခုရှိပေမယ့် တကယ်ကိုကျဉ်းမြောင်းတဲ့လမ်းတစ်ခုပဲဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အီရန်ရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး အီရန်နဲ့အမေရိကန်ကြား ဆက်လက်လုပ် ဆောင်လျက်ရှိတဲ့ဆွေးနွေးမှုတွေဟာ အသီးအပွင့်တွေဖြစ်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ Jean-Noel Barrot က ပြောကြားခဲ့ပါတယ်။ အဲဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပြင်သစ်၊ ဂျာမနီ နဲ့ ဗြိတိန်တို့ဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုနဲ့ နီးကပ်တဲ့ဆက်သွယ်မှုတွေရှိတယ်လို့လည်း Jean-Noel Barrot ကပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့အီရန်တို့ဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို သုံးကြိမ်လုပ်ဆောင်ခဲ့ပြီးနောက် Jean-Noel Barrot ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ် လာတာပဲဖြစ်ပါတယ်။
zawgyi version
အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္သြားဖို႔ တြန႔္ဆုတ္ေနမွာမဟုတ္ဘူးလို႔ ျပင္သစ္ၿခိမ္းေျခာက္
Pika (NP News) - ဧၿပီ ၃ဝ
အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြက ဥေရာပရဲ႕လုံၿခဳံေရးကိုၿခိမ္းေျခာက္မႈေတြ ရွိလာခဲ့မယ္ဆိုရင္ ျပင္သစ္၊ ဂ်ာမနီနဲ႔ ၿဗိတိန္တို႔က အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈေတြ ျပန္လည္ခ်မွတ္သြားဖို႔ တြန႔္ဆုတ္ေနမွာ မဟုတ္ဘူးလို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Noel Barrot က ေျပာၾကားခဲ့ပါတယ္။
Jean-Noel Barrot က "အီရန္ဟာ ေလးစားလိုက္နာဖို႔သူတို႔ကတိျပဳထားခဲ့တဲ့ နယ္နိမိတ္ေတြအားလုံးကို ျဖတ္ေက်ာ္သြားခဲ့ၿပီး န်ဴကလီးယားလက္နက္ကိုရရွိဖို႔က အလြန္နီးစပ္ေနၿပီပဲျဖစ္ပါတယ္။ အီရန္ရဲ႕န်ဴက လီးယားအစီအစဥ္ေတြအတြက္ စစ္ဘက္ဆိုင္ရာေျဖရွင္းခ်က္ေတြ မရွိပါဘူး။ အဲဒါအတြက္ သံတမန္ေရးလမ္းေၾကာင္းတစ္ခုရွိေပမယ့္ တကယ္ကိုက်ဥ္းေျမာင္းတဲ့လမ္းတစ္ခုပဲျဖစ္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး အီရန္နဲ႔အေမရိကန္ၾကား ဆက္လက္လုပ္ ေဆာင္လ်က္ရွိတဲ့ေဆြးေႏြးမႈေတြဟာ အသီးအပြင့္ေတြျဖစ္လာႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ Jean-Noel Barrot က ေျပာၾကားခဲ့ပါတယ္။ အဲဒီကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး ျပင္သစ္၊ ဂ်ာမနီ နဲ႔ ၿဗိတိန္တို႔ဟာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုနဲ႔ နီးကပ္တဲ့ဆက္သြယ္မႈေတြရွိတယ္လို႔လည္း Jean-Noel Barrot ကေျပာၾကားခဲ့ပါတယ္။ အေမရိကန္နဲ႔အီရန္တို႔ဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကို သုံးႀကိမ္လုပ္ေဆာင္ခဲ့ၿပီးေနာက္ Jean-Noel Barrot ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚ လာတာပဲျဖစ္ပါတယ္။