တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက စားသောက်ဆိုင်တစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၂)ဦးသေဆုံး

139

Pika (NP News) - ဧပြီ ၃ဝ
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက စားသောက်ဆိုင်တစ်ခုမှာ ဧပြီလ(၂၉)ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၂၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုဟာ ဘေဂျင်းမြို့ရဲ့ အရှေ့မြောက်ဘက် (၅၈၀)ကီလိုမီတာအကွာမှာရှိတဲ့ Liaoyang မြို့က စားသောက်ဆိုင်တစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တာဝန်ရှိသူတစ်ဦးက "ဧပြီလ(၂၉)ရက်၊ နေ့လည်(၁၂)နာရီ(၂၅)မိနစ်လောက်မှာ Liaoyang မြို့က စားသောက်ဆိုင်တစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံးလူ(၂၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် မီးလောင်ကျွမ်းမှုဟာ သိသာထင်ရှားတဲ့ အသေအပျောက်တွေကို ဖြစ်ပေါ်စေခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ တာဝန်ရှိသူတွေအားလုံးကို တရုတ်သမ္မတရှီကျင့်ဖျင်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေကို ကုသဖို့ကြိုးပမ်းမှုတွေ၊ ရလဒ်တွေကို မှန်ကန်စွာကိုင်တွယ်ဖြေရှင်းဖို့နဲ့ သေဆုံးသူတွေရဲ့မိသားစုတွေကို ထောက်ပံ့ပေးမှုတွေလုပ်ဆောင်ပေးဖို့၊ မီးလောင်ရတဲ့အကြောင်းအရင်းတွေကို လျင်လျင်မြန်မြန် စုံစမ်းစစ်ဆေးဖို့နဲ့ ဥပဒေနဲ့အညီ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို ဆက်လက်လုပ်ဆောင်ကြဖို့ ရှီကျင့်ဖျင်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းက စားေသာက္ဆိုင္တစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၂၂)ဦးေသဆုံး
Pika (NP News) - ဧၿပီ ၃ဝ
တ႐ုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းက စားေသာက္ဆိုင္တစ္ခုမွာ ဧၿပီလ(၂၉)ရက္က မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၂၂)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
မီးေလာင္ကြၽမ္းမႈဟာ ေဘဂ်င္းၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္ (၅၈၀)ကီလိုမီတာအကြာမွာရွိတဲ့ Liaoyang ၿမိဳ႕က စားေသာက္ဆိုင္တစ္ခုမွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ တာဝန္ရွိသူတစ္ဦးက "ဧၿပီလ(၂၉)ရက္၊ ေန႔လည္(၁၂)နာရီ(၂၅)မိနစ္ေလာက္မွာ Liaoyang ၿမိဳ႕က စားေသာက္ဆိုင္တစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ပါတယ္။ အဲဒီမီးေလာင္ကြၽမ္းမႈေၾကာင့္ အနည္းဆုံးလူ(၂၂)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ မီးေလာင္ကြၽမ္းမႈဟာ သိသာထင္ရွားတဲ့ အေသအေပ်ာက္ေတြကို ျဖစ္ေပၚေစခဲ့ၿပီး စုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ဖို႔ တာဝန္ရွိသူေတြအားလုံးကို တ႐ုတ္သမၼတရွီက်င့္ဖ်င္က တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ မီးေလာင္ကြၽမ္းမႈအတြင္း ထိခိုက္ဒဏ္ရာရရွိသူေတြကို ကုသဖို႔ႀကိဳးပမ္းမႈေတြ၊ ရလဒ္ေတြကို မွန္ကန္စြာကိုင္တြယ္ေျဖရွင္းဖို႔နဲ႔ ေသဆုံးသူေတြရဲ႕မိသားစုေတြကို ေထာက္ပံ့ေပးမႈေတြလုပ္ေဆာင္ေပးဖို႔၊ မီးေလာင္ရတဲ့အေၾကာင္းအရင္းေတြကို လ်င္လ်င္ျမန္ျမန္ စုံစမ္းစစ္ေဆးဖို႔နဲ႔ ဥပေဒနဲ႔အညီ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြကို ဆက္လက္လုပ္ေဆာင္ၾကဖို႔ ရွီက်င့္ဖ်င္က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။