လာမယ့်(၂၄)နာရီကနေ (၃၆)နာရီအတွင်း စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှုတစ်ခုကိုပြုလုပ်ဖို့ အိန္ဒိယစီစဉ်နေဟု ပါကစ္စတန် စွပ်စွဲပြောဆို

 149

Pika (NP News) - မေ ၁

အိန္ဒိယအစိုးရဟာ ၎င်းရဲ့ပိုင်နက်နယ်မြေကို စစ်ရေးအရတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ပါကစ္စတန်အစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်လာခဲ့ပြီးနောက် ယခုလိုစွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်လာ တာလည်းဖြစ်ပါတယ်။
ပါကစ္စတန်သတင်းပြန်ကြာရေးဝန်ကြီး Attaullah Tarar က “အိန္ဒိယအစိုးရဟာ ကတ်ရှ်မီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို မှားယွင်းတဲ့အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုပြီး လာမယ့်အချိန်(၂၄)နာရီကနေ (၃၆)နာရီအတွင်း စစ်ဘက်ဆိုင်ရာတိုက်ခိုက်မှုတစ်ခုကိုပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ကျွန်တော်တို့ယုံကြည်ပါ တယ်။
အိန္ဒိယရဲ့ရန်လိုတဲ့လုပ်ရပ်မှန်သမျှကို ကျွန်တော်တို့ဘက်က ပြတ်ပြတ်သားသား လက်တုံ့ပြန်မှုတွေ လုပ်ဆောင် သွားမှာပါ။ ပြီးတော့ ဒေသတွင်းမှာ ဖြစ်ပွားလာမယ့် ဆိုးရွားတဲ့အကျိုးဆက်တွေအားလုံးအတွက် အိန္ဒိယမှာ အပြည့်အဝ တာဝန်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ ကတ်ရှ်မီးယားပြည်နယ်မှာ လူ(၂၆)ဦးကို သေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ်မိုဒီက တုံ့ပြန်တဲ့ပုံစံ၊ပစ်မှတ်နဲ့အချိန်တို့ကို ဆုံးဖြတ်ဖို့ အတွက် အိန္ဒိယစစ်တပ်ကို စစ်ဆင်ရေးဆိုင်ရာလွတ်လပ်ခွင့် အပြည့်အဝပေးအပ်ခဲ့ပြီးနောက် Attaullah Tarar ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
လာမယ့္(၂၄)နာရီကေန (၃၆)နာရီအတြင္း စစ္ဘက္ဆိုင္ရာတိုက္ခိုက္မႈတစ္ခုကိုျပဳလုပ္ဖို႔ အိႏၵိယစီစဥ္ေနဟု ပါကစၥတန္ စြပ္စြဲေျပာဆို
Pika (NP News) - ေမ ၁

အိႏၵိယအစိုးရဟာ ၎ရဲ႕ပိုင္နက္နယ္ေျမကို စစ္ေရးအရတိုက္ခိုက္မႈတစ္ခု လုပ္ေဆာင္ဖို႔ စီစဥ္ေနတယ္လို႔ ပါကစၥတန္အစိုးရက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း န်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ အိမ္နီးခ်င္းႏိုင္ငံ ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြျမင့္တက္လာခဲ့ၿပီးေနာက္ ယခုလိုစြပ္စြဲေျပာဆိုမႈေတြ ထြက္ေပၚလာ တာလည္းျဖစ္ပါတယ္။
ပါကစၥတန္သတင္းျပန္ၾကာေရးဝန္ႀကီး Attaullah Tarar က “အိႏၵိယအစိုးရဟာ ကတ္ရွ္မီးယားျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္ကို မွားယြင္းတဲ့အေၾကာင္းျပခ်က္တစ္ခုအျဖစ္ အသုံးျပဳၿပီး လာမယ့္အခ်ိန္(၂၄)နာရီကေန (၃၆)နာရီအတြင္း စစ္ဘက္ဆိုင္ရာတိုက္ခိုက္မႈတစ္ခုကိုျပဳလုပ္ဖို႔ ရည္႐ြယ္ထားတယ္လို႔ ကြၽန္ေတာ္တို႔ယုံၾကည္ပါ တယ္။
အိႏၵိယရဲ႕ရန္လိုတဲ့လုပ္ရပ္မွန္သမွ်ကို ကြၽန္ေတာ္တို႔ဘက္က ျပတ္ျပတ္သားသား လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္ သြားမွာပါ။ ၿပီးေတာ့ ေဒသတြင္းမွာ ျဖစ္ပြားလာမယ့္ ဆိုး႐ြားတဲ့အက်ိဳးဆက္ေတြအားလုံးအတြက္ အိႏၵိယမွာ အျပည့္အဝ တာဝန္ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ကတ္ရွ္မီးယားျပည္နယ္မွာ လူ(၂၆)ဦးကို ေသဆုံးေစခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္မိုဒီက တုံ႔ျပန္တဲ့ပုံစံ၊ပစ္မွတ္နဲ႔အခ်ိန္တို႔ကို ဆုံးျဖတ္ဖို႔ အတြက္ အိႏၵိယစစ္တပ္ကို စစ္ဆင္ေရးဆိုင္ရာလြတ္လပ္ခြင့္ အျပည့္အဝေပးအပ္ခဲ့ၿပီးေနာက္ Attaullah Tarar ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.