လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီး (၁၀)ရက်အကြာတွင် ဌာနဆိုင်ရာရုံးများစတင်လည်ပတ်နေ

 522

သန့်ဇင်(NP News) မေ-၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီးနောက် (၁၀)ရက်အကြာ၌ ဌာနဆိုင်ရာရုံးများ တွင်တွင် ကျယ်ကျယ်စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံများထံ The Statesmanဂျာနယ်က မေးမြန်းထားသည့် အချက်လက်များအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်က စတင်၍ လားရှိုးမြို့အတွင်းသို့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သား ပြည်သူ အများအပြားပြန်လည်ဝင်ရောက်လာပြီးနောက် (၁၀)ရက်အကြာ (မတ်လ ၂ရက်)တွင်လားရှိုးမြို့အတွင်းရှိ လားရှိုးမြို့ဆေးရုံ ကြီးအပါအဝင် အစိုးရဌာန ဆိုင်ရာရုံးများစွာ ပြန်လည်စတင် လည်ပတ်နေပြီဖြစ်‌ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဆေးရုံကြီးကတော့ ဒီနေ့စပြီးဖွင့်ပြီ။ ဒီနေ့စပြီးလူနာကြည့်တယ်။ ကိုးကန့်ကသူတို့ကိုဘာမှ မထားသွားပေးဘူးလေ။ ဘာမှမထားသွား ပေးဘူးဆိုတော့ ဒီနေ့ဆေးရုံအုပ်ကြီးကိုယ်တိုင် သွားကြည့်ပေးတယ်။ အခြားဌာနဆိုင်ရာတွေလည်း ပြန်ဖွင့်နေပြီ။ မနေ့ကညနေသွား ကြည့်တော့ ညနေ(၆)နာရီကျော်ထိကို သူတို့တွေလုပ်နေတုန်းပဲ။ ပြီးရင် EPCကလည်း မီးကြိုးတွေလည်းလုပ်နေပြီ။ မီးကတော့ နည်းနည်း ကြာဦးမယ်တဲ့။ တခြားအစိုးရဝန်ဆောင်မှုလုပ်ငန်းတွေကတော့ စပြီးလည်ပတ်နေပြီ။ ဆေးရုံကလည်း စပြီးလည်ပတ်နေပြီ။ စည်ပင် ကလည်း ဆေးရုံရှေ့တွေနဲ့ တစ်မြို့လုံးနည်းပါးတော့ စပြီးလုပ်နေပြီ”ဟု အထက်ပါ ဒေသခံက ပြောသည်။
ထို့ပြင် အလုပ်သမားရုံး၊ လားရှိုးမြို့မဈေးကော်မတီရုံးအပြင် အခြားသော ဌာနဆိုင်ရာ ရုံးများတွင်လည်း ဝန်ထမ်းများပြန်လည် ဝင်ရောက် ၍ ရုံးအပျက်အစီးများပြန်လည်ပြင်ဆင်ခြင်းနှင့် လုပ်ငန်းဆောင်တာများပြန်လည်လည်ပတ်ခြင်းကို မြင်မြင်သာသာ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
“အစိုးရဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ဒီနေ့(မတ်လ ၂ရက်)စလုပ်နေပြီ။ ကောလိပ်ဘက်တွေကရုံးတွေ။ ဆက်သွယ်ရေးရုံးတွေနဲ့ လေ ဘာရုံးတွေလည်း အကုန်တပ်ဆင်ရေးလုပ်တယ်။ ရုံးတံခါးတွေလည်းဖွင့်ထားတယ်။ ဆေးရုံကတော့ ဝန်ထမ်းတွေအများကြီးခန့်ထားပြီး ဆေးလာကုတဲ့သူ (၂)ယောက် (၃)ယောက်တော့ ရှိတယ်။ လားရှိုးမှာ အစိုးရလုပ်ငန်းတွေ အသက်ဝင်နေပြီ။ သိသာတာကတော့ ဆေးရုံနဲ့ စည်ပင်တော့တစ်မြို့လုံးလုပ်နေပြီ”ဟု ၎င်းကဆက်ပြောသည်။
လားရှိုးမှ ထွက်ခွာသွားသည့် MNDAAများက ပြည်သူ့ဆေးရုံမှ ကုတင်များ၊ မီးစက်များ၊ ဆေးပစ္စည်းများ၊ မီးသတ်ဌာနမှ မီးသတ်ကား များနှင့် အခြားပြည်သူပိုင်ပစ္စည်းများကိုပါ တစ်ပါတည်း သယ်ယူသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် လားရှိုးမြို့မဈေးကြီးတွင်လည်း MNDAAခန့်အပ်ခဲ့သောာ ဈေးကော်မတီဥက္ကဋ္ဌနေရာအစားထိုးခန့်အပ်ခြင်းအပါအဝင် အခြားသော အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအား ယခင် နစကအစိုးရလက်ထက်မှတာဝန်ရှိသူများကိုပြန်လည်ခန့်ခြင်းမျိုးများ လုပ်ဆောင်လာသည် ကိုလည်း တွေမြင်ရကြောင်း အထက်သတင်းရင်းမြစ်က ဆိုသည်။
“ကိုးကန့်ကခန့်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ဈေးကအုပ်ချုပ်ရေးမှူးကတော့ ဆက်မခန့်တော့ဘူး။ ဈေးကျတော့ အရင်ကလုပ် တဲ့သူတွေ မရှိတော့ဘူး။ ဟိုးအရင်ကလူတွေပြန်ရောက်ပြီ။ ဈေးခေါင်းတွေလည်း အရင်တုန်း(နစက အစိုးရလက်ထက်)ကလူ တွေပဲ ပြန်ဖြစ်သွားပြီ။ အဆင်ပြေလာပြီ။ လုံခြုံတယ်ခံစားရတယ်။ အားကိုးရှိသွားတယ်လို့ ခံစားရတယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် လားရှိုးတိုက်ပွဲအတွင်း စစ်ဘေးရှောင်ခဲ့ရသော သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တပုညနန္ဒက သည်လည်း ကျောင်းတိုက်သို့ပြန်လည်ကြွရောက်ပြီးနောက် ပြန်လည်သီတင်းသုံးနေပြီဖြစ်ကြောင်းလည်း သိရသည်။
သို့သော် လားရှိုးမြို့အဝင်ထွက်ဂိတ်များတွင် MNDAAအဖွဲ့က မြို့အဝင်အထွက်ကားများကို ငွေကြေးအဆမတန်ကောက်ယူနေ ခြင်းရှိ နေပြီး ထို့ကြောင့် သက်ရောက်မှုအနေဖြင့် မြို့တွင်းကုန်ဈေးနှုန်းမြင့်တက်ခြင်းလည်းရှိနေသေးကြောင်း သိရသည်။

Zawgyi Version:
လားရႈိးတြင္ တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္ၿပီး (၁၀)ရက္အၾကာတြင္ ဌာနဆိုင္ရာ႐ုံးမ်ားစတင္လည္ပတ္ေန
သန႔္ဇင္(NP News) ေမ-၂
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးတြင္ တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ (၁၀)ရက္အၾကာ၌ ဌာနဆိုင္ရာ႐ုံးမ်ား တြင္တြင္ က်ယ္က်ယ္စတင္လည္ပတ္ေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံ The Statesmanဂ်ာနယ္က ေမးျမန္းထားသည့္ အခ်က္လက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဧၿပီလ ၂၂ရက္က စတင္၍ လားရႈိးၿမိဳ႕အတြင္းသို႔ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ အရပ္သား ျပည္သူ အမ်ားအျပားျပန္လည္ဝင္ေရာက္လာၿပီးေနာက္ (၁၀)ရက္အၾကာ (မတ္လ ၂ရက္)တြင္လားရႈိးၿမိဳ႕အတြင္းရွိ လားရႈိးၿမိဳ႕ေဆး႐ုံ ႀကီးအပါအဝင္ အစိုးရဌာန ဆိုင္ရာ႐ုံးမ်ားစြာ ျပန္လည္စတင္ လည္ပတ္ေနၿပီျဖစ္‌ေၾကာင္း ေဒသခံအမ်ိဳးသမီးတစ္ဦးက ဆိုသည္။
“ေဆး႐ုံႀကီးကေတာ့ ဒီေန႔စၿပီးဖြင့္ၿပီ။ ဒီေန႔စၿပီးလူနာၾကည့္တယ္။ ကိုးကန႔္ကသူတို႔ကိုဘာမွ မထားသြားေပးဘူးေလ။ ဘာမွမထားသြား ေပးဘူးဆိုေတာ့ ဒီေန႔ေဆး႐ုံအုပ္ႀကီးကိုယ္တိုင္ သြားၾကည့္ေပးတယ္။ အျခားဌာနဆိုင္ရာေတြလည္း ျပန္ဖြင့္ေနၿပီ။ မေန႔ကညေနသြား ၾကည့္ေတာ့ ညေန(၆)နာရီေက်ာ္ထိကို သူတို႔ေတြလုပ္ေနတုန္းပဲ။ ၿပီးရင္ EPCကလည္း မီးႀကိဳးေတြလည္းလုပ္ေနၿပီ။ မီးကေတာ့ နည္းနည္း ၾကာဦးမယ္တဲ့။ တျခားအစိုးရဝန္ေဆာင္မႈလုပ္ငန္းေတြကေတာ့ စၿပီးလည္ပတ္ေနၿပီ။ ေဆး႐ုံကလည္း စၿပီးလည္ပတ္ေနၿပီ။ စည္ပင္ ကလည္း ေဆး႐ုံေရွ႕ေတြနဲ႔ တစ္ၿမိဳ႕လုံးနည္းပါးေတာ့ စၿပီးလုပ္ေနၿပီ”ဟု အထက္ပါ ေဒသခံက ေျပာသည္။
ထို႔ျပင္ အလုပ္သမား႐ုံး၊ လားရႈိးၿမိဳ႕မေဈးေကာ္မတီ႐ုံးအျပင္ အျခားေသာ ဌာနဆိုင္ရာ ႐ုံးမ်ားတြင္လည္း ဝန္ထမ္းမ်ားျပန္လည္ ဝင္ေရာက္ ၍ ႐ုံးအပ်က္အစီးမ်ားျပန္လည္ျပင္ဆင္ျခင္းႏွင့္ လုပ္ငန္းေဆာင္တာမ်ားျပန္လည္လည္ပတ္ျခင္းကို ျမင္ျမင္သာသာ လုပ္ေဆာင္ေနၿပီ ျဖစ္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆက္ေျပာသည္။
“အစိုးရဝန္ေဆာင္မႈလုပ္ငန္းေတြကေတာ့ ဒီေန႔(မတ္လ ၂ရက္)စလုပ္ေနၿပီ။ ေကာလိပ္ဘက္ေတြက႐ုံးေတြ။ ဆက္သြယ္ေရး႐ုံးေတြနဲ႔ ေလ ဘာ႐ုံးေတြလည္း အကုန္တပ္ဆင္ေရးလုပ္တယ္။ ႐ုံးတံခါးေတြလည္းဖြင့္ထားတယ္။ ေဆး႐ုံကေတာ့ ဝန္ထမ္းေတြအမ်ားႀကီးခန႔္ထားၿပီး ေဆးလာကုတဲ့သူ (၂)ေယာက္ (၃)ေယာက္ေတာ့ ရွိတယ္။ လားရႈိးမွာ အစိုးရလုပ္ငန္းေတြ အသက္ဝင္ေနၿပီ။ သိသာတာကေတာ့ ေဆး႐ုံနဲ႔ စည္ပင္ေတာ့တစ္ၿမိဳ႕လုံးလုပ္ေနၿပီ”ဟု ၎ကဆက္ေျပာသည္။
လားရႈိးမွ ထြက္ခြာသြားသည့္ MNDAAမ်ားက ျပည္သူ႔ေဆး႐ုံမွ ကုတင္မ်ား၊ မီးစက္မ်ား၊ ေဆးပစၥည္းမ်ား၊ မီးသတ္ဌာနမွ မီးသတ္ကား မ်ားႏွင့္ အျခားျပည္သူပိုင္ပစၥည္းမ်ားကိုပါ တစ္ပါတည္း သယ္ယူသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လားရႈိးၿမိဳ႕မေဈးႀကီးတြင္လည္း MNDAAခန႔္အပ္ခဲ့ေသာာ ေဈးေကာ္မတီဥကၠ႒ေနရာအစားထိုးခန႔္အပ္ျခင္းအပါအဝင္ အျခားေသာ အုပ္ခ်ဳပ္ေရးဆိုင္ရာ ပုဂၢိဳလ္မ်ားအား ယခင္ နစကအစိုးရလက္ထက္မွတာဝန္ရွိသူမ်ားကိုျပန္လည္ခန႔္ျခင္းမ်ိဳးမ်ား လုပ္ေဆာင္လာသည္ ကိုလည္း ေတြျမင္ရေၾကာင္း အထက္သတင္းရင္းျမစ္က ဆိုသည္။
“ကိုးကန႔္ကခန႔္သြားတဲ့ အုပ္ခ်ဳပ္ေရးမႉးေတြ၊ ေဈးကအုပ္ခ်ဳပ္ေရးမႉးကေတာ့ ဆက္မခန႔္ေတာ့ဘူး။ ေဈးက်ေတာ့ အရင္ကလုပ္ တဲ့သူေတြ မရွိေတာ့ဘူး။ ဟိုးအရင္ကလူေတြျပန္ေရာက္ၿပီ။ ေဈးေခါင္းေတြလည္း အရင္တုန္း(နစက အစိုးရလက္ထက္)ကလူ ေတြပဲ ျပန္ျဖစ္သြားၿပီ။ အဆင္ေျပလာၿပီ။ လုံၿခဳံတယ္ခံစားရတယ္။ အားကိုးရွိသြားတယ္လို႔ ခံစားရတယ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ျပင္ လားရႈိးတိုက္ပြဲအတြင္း စစ္ေဘးေရွာင္ခဲ့ရေသာ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္းတိုက္ ဆရာေတာ္ေဒါက္တာဘဒၵႏၲပုညနႏၵက သည္လည္း ေက်ာင္းတိုက္သို႔ျပန္လည္ႂကြေရာက္ၿပီးေနာက္ ျပန္လည္သီတင္းသုံးေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။
သို႔ေသာ္ လားရႈိးၿမိဳ႕အဝင္ထြက္ဂိတ္မ်ားတြင္ MNDAAအဖြဲ႕က ၿမိဳ႕အဝင္အထြက္ကားမ်ားကို ေငြေၾကးအဆမတန္ေကာက္ယူေန ျခင္းရွိ ေနၿပီး ထို႔ေၾကာင့္ သက္ေရာက္မႈအေနျဖင့္ ၿမိဳ႕တြင္းကုန္ေဈးႏႈန္းျမင့္တက္ျခင္းလည္းရွိေနေသးေၾကာင္း သိရသည္။

Picture

Oo Oo

02/05/2025 20:32

ညီလေးကျော်နုရေ လားရှိုး ကို သက်ဆိုင်ရာဝန်ထမ်းတွေကို သတ်မှတ်ရက်တွေမှာဝင်ရောက်ခိုင်းတာမှန်ပေမဲ့ ရှမ်းတောင်ကို စစ်ဘေးရှောင်လာတုန်းကတော့အသက်လုပြေးရတာဆိုတော့ တစ်ယောက်တစ်ပေါက်ပေါ့အခုလားရှိုးကိုပြန်ဝင်ခိုင်းတော့ သက်ဆိုင်ရာဌာနက ညွှန်မှူးတွေဝန်ကြီးတွေက ဝန်ထမ်းတွေကို တစ်စုတစ်စည်းတည်းပြန်နိုင်အောင်မစီစဥ်ပေးဘူးလားဆိုတာမေးပေးစေချင်ပါတယ်

Related news

© 2021. All rights reserved.