ယူကရိန်းစစ်ပွဲက မကြာခင်အချိန်အတွင်း ပြီးဆုံးသွားမှာမဟုတ်ဘူးလို့ အမေရိကန်ဒုသမ္မတပြော

368

Pika(NP News)
ယူကရိန်းစစ်ပွဲဟာ မကြာခင်အချိန်အတွင်း ပြီးဆုံးသွားမယ့်ပုံမပေါ်ဘူးလို့ အမေရိကန်ဒုသမ္မတ JD Vanceက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ JD Vanceက”ငြိမ်းချမ်းရေးအတွက် တစ်ဖက်နဲ့တစ်ဖက်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိအောင်လုပ်ကြဖို့က ရုရှားနဲ့ယူကရိန်းနိုင်ငံသားတွေအပေါ် မူတည်ပါတယ်။ဒီဆိုးရွားတဲ့ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် သူတို့တွေအပေါ်မှာပဲ မူတည်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ JD Vance ဟာ Fox Newsသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုအတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ JD Vanceက”ရုရှား-ယူကရိန်းပဋိပက္ခက မကြာခင်အချန်အတွင်း ပြီးဆုံးမှာမဟုတ်ပါဘူး။”လို့ထပ်မံပြောဆိုခဲ့ပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့အတူ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာ မပါဝင်ဘူးဆိုရင် မကြာခင်ကာလအတွင်း သိသာတဲ့ရှုံးနိမ့်မှုတစ်ခုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ JD Vanceရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က” ယူကရိန်းဟာ မကြာခင်အချိန်အတွင်း ချေမှုန်းခံရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့ပဋိပက္ခကို အနိုင်ရနိုင်မှာမဟုတ်ဘူးလို့လည်း အမေရိကန်ဒုသမ္မတ J.D. Vanceက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အလေးပေးပြောကြားခဲ့ပါတယ်။ J.D. Vanceက”ယူကရိန်းဟာ ရုရှားနဲ့ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အနိုင်ရရှိနိုင်မှာ မဟုတ်ပါဘူး။ပြီးတော့ ဆက်လက်ဖြစ်ပွားနေတဲ့ ရန်လိုမှုတွေကြောင့် ရုရှားကပြိုလဲသွားမယ်လို့ မျှော်လင့်နေတာတွေကလည်း တကယ်ကိုထူးဆန်းပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းစစ္ပြဲက မၾကာခင္အခ်ိန္အတြင္း ၿပီးဆုံးသြားမွာမဟုတ္ဘူးလို႔ အေမရိကန္ဒုသမၼတေျပာ
Pika(NP News)
ယူကရိန္းစစ္ပြဲဟာ မၾကာခင္အခ်ိန္အတြင္း ၿပီးဆုံးသြားမယ့္ပုံမေပၚဘူးလို႔ အေမရိကန္ဒုသမၼတ JD Vanceက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ JD Vanceက”ၿငိမ္းခ်မ္းေရးအတြက္ တစ္ဖက္နဲ႔တစ္ဖက္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို သိေအာင္လုပ္ၾကဖို႔က ႐ုရွားနဲ႔ယူကရိန္းႏိုင္ငံသားေတြအေပၚ မူတည္ပါတယ္။ဒီဆိုး႐ြားတဲ့ပဋိပကၡကို အဆုံးသတ္ဖို႔အတြက္ သူတို႔ေတြအေပၚမွာပဲ မူတည္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ JD Vance ဟာ Fox Newsသတင္းဌာနနဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ JD Vanceက”႐ုရွား-ယူကရိန္းပဋိပကၡက မၾကာခင္အခ်န္အတြင္း ၿပီးဆုံးမွာမဟုတ္ပါဘူး။”လို႔ထပ္မံေျပာဆိုခဲ့ပါတယ္။ ယူကရိန္းဟာ ႐ုရွားနဲ႔အတူ ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဝိုင္းမွာ မပါဝင္ဘူးဆိုရင္ မၾကာခင္ကာလအတြင္း သိသာတဲ့ရႈံးနိမ့္မႈတစ္ခုနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ JD Vanceရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က” ယူကရိန္းဟာ မၾကာခင္အခ်ိန္အတြင္း ေခ်မႈန္းခံရလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းဟာ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ပဋိပကၡကို အႏိုင္ရႏိုင္မွာမဟုတ္ဘူးလို႔လည္း အေမရိကန္ဒုသမၼတ J.D. Vanceက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေလးေပးေျပာၾကားခဲ့ပါတယ္။ J.D. Vanceက”ယူကရိန္းဟာ ႐ုရွားနဲ႔ဆက္လက္ျဖစ္ပြားေနတဲ့ ပဋိပကၡကို အႏိုင္ရရွိႏိုင္မွာ မဟုတ္ပါဘူး။ၿပီးေတာ့ ဆက္လက္ျဖစ္ပြားေနတဲ့ ရန္လိုမႈေတြေၾကာင့္ ႐ုရွားကၿပိဳလဲသြားမယ္လို႔ ေမွ်ာ္လင့္ေနတာေတြကလည္း တကယ္ကိုထူးဆန္းပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။