ဘင်္ဂါလီ လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်ဆိုသည်မှာ အမေရိကန်က မြန်မာစစ်တပ်ကို တိုက်ခိုက်မည့် AA ထံ လက်နက်တင်ပို့ခြင်းကို ဖုံးကွယ်ရန်အတွက်လား

 989

Htay Oung (NP News) - မေ ၄

မြန်မာနိုင်ငံကို ဘင်္ဂါလီဒုက္ခသည်များ ပြန်သွားရေး အမေရိကန်က ပံ့ပိုးပေးတဲ့ အစီအစဉ်သစ်ဟာ အခက်တွေ့ ဖွယ်ရှိပါတယ်။ အတော်များများက ဒါဟာ အမေရိကန်က ဒုက္ခသည်တွေကို ကူညီမယ်ဆိုတာထက် ပိုမိုကြောင်း မြန်မာစစ်တပ်ကို တိုက်ခိုက်ဖို့ အာရက္ခတပ်တော် (AA) ထံ လက်မက်နဲ့ စစ်ပစ္စည်းတွေ လျှို့ဝှက်ထောက်ပံ့ဖို့ အစီအစဉ်လည်း ပါဝင်တယ်လို့ ယုံကြည်နေကြ၍ ဖြစ်ကြောင်း သတင်းထောက် ချန်ဒန်နမ်ဒီက “နော့သ်အိစ်န ယူးစ်က မေလ ၃ ရက်မှာ ရေးပါတယ်။

ယခင်က AA တိုက်ခိုက်ရေးသမားတွေဟာ နယ်စပ်ကို လွတ်လပ်စွာ ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါ ဘန်ခရိုင်အတွင်း ကုန်ပစ္စည်းများဝယ်ယူရန် ဝင်ရောက်လေ့ရှိပါတယ်။ ယခင်ဘင်္ဂလားဒေ့ရှ် အဝါမီလိဂ် အစိုးရ ပင်လျှင် AA ဘာတွေလုပ်နေတယ်ဆိုတာ ကောင်းကောင်းသိပေမယ့် အရေးတယူ မရှိခဲ့ပါဘူး။ ဒါပေမယ့် AA နဲ့ ဒေသခံကုန်သည်များကြား ပဋိပက္ခများကြောင့် ၂၀၂၃-ခုနှစ် ဘိုလီဘဇားဈေး မီးလောင်ပြီးနောက် အခြေအနေ တွေ ပြောင်းလဲသွားခဲ့ပါတယ်။ ယခုအခါ နှစ်နိုင်ငံ နယ်စပ်ဒေသအများအပြားကို AA က ထိန်းချုပ်ထားပြီး နတ် မြစ်ကို မြန်နှုန်းမြင့် စပိဘုတ်တွေနဲ့ အလွယ်တကူ ဖြတ်ကျော် သွားလာလျက်ရှိပါတယ်။ အထူးသဖြင့် မိုဟာ မက်ယူနွတ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရရဲ့ ထောက်ခံမှု ရရှိနေလို့ပါ။
ဘင်္ဂလားဒေ့ရှ်က နယ်ခြားစောင့်တပ် BGB တွေ တိုးမြှင့်ချထားပေမယ့် AA ဟာ ဆက်လက်အင်အားကြီးထွား လာနေပြီး ယခုအခါ ရခိုင်ပြည်နယ်တစ်ဝှမ်းမှာ စစ်မှုထမ်းဆင့်ခေါ်ထားပါတယ်။ ချင်းအမျိုးသားတပ်မတော် (CNA) တို့လို အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အမေရိကန်ဟာ ရခိုင်ကမ်းရိုး တန်း စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကနေ မြန်မာစစ်တပ်ကိုဖယ်ရှားဖို့ AA နဲ့ အခြားသူပုန်တပ်ဖွဲ့ တွေကို လျှို့ဝှက်ထောက်ပံ့နေတယ်လို့ သံသယဖြစ်စရာ ရှိပါတယ်။
အမေရိကန်ကွန်ဂရက်လွှတ်တော်က ဥပဒေပြဌာန်းထားတဲ့ Burma Act ကို အကောင်အထည်ဖော်ဖို့ ဘင်္ဂ ယူနွတ်အစိုးရဟာ ဖုတ်ပူမီးတိုက် ပြင်ဆင်နေကြောင်း၊ ယာယီအစိုးရ အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ ခါလီ လူရ်ရာမန်ရဲ့ တိုက်တွန်းမှုအရ ဘင်္ဂလားဒေ့ရှ်အစိုးရက လက်နက်မဟုတ်လို့ တရားဝင်ဖော်ပြထားတဲ့ ပစ္စည်း တွေကို နယ်စပ်အနီး ဆီလ်ခါလီထောက်ပံ့ရေးစခန်း ကနေပြီး AA ထံ တရားဝင် ပို့ဆောင်ပေးဖို့ စီစဉ်နေ ကြောင်း၊ အချို့သတင်းတွေအရ အဲ့ဒီ ပစ္စည်းပို့တဲ့ လမ်းကြောင်းဟာ စတင်လည်ပတ်နေပြီ လို့ သိရှိရပါတယ်။

တစ်ချိန်တည်းမှာပဲ ဘင်္ဂလီဒုက္ခသည်တွေကို ပြန်ပို့ဖို့ "လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံ" ဆိုတဲ့ အစီအစဉ်ဟာ အငြင်းပွားစရာဖြစ်လာနေပါတယ်။ အတိုက်အခံ BNP ပါတီ နဲ့ တပ်မတော်အတွင်း အချို့အရာရှိတွေက ဒါဟာ AA ကို လက်နက်မှောင်ခိုပို့ပေးဖို့ ဟန်ဆောင်မျက်နှာဖုံးဟာ ဖြစ်နိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ ပြန်သွားမယ့် ဒုက္ခသည်ဘင်္ဂါလီတွေအတွက် ဘေးကင်းလုံခြူံရေး အာမခံချက်သလို ဖြစ်လာမှာလည်း စိုးရိမ်မှုတွေ ရှိနေပါ တယ်။ အထူးသဖြင့် ARSA (အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်တော်) လက်အောက် (သို့မဟုတ်) ဘင်္ဂါလီ အတော်များများဟာ လွန်ခဲ့တဲ့ နှစ်များကတည်းက သူတို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရတဲ့ ဘူးသီး တောင်၊ မောင်တောလို နေရာတွေကို ပြန်သွားဖို့ ငြင်းဆန်နေကြလို့ပါ။

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဒုက္ခ သည် ၁၃၀,၀၀၀ နီးပါး ထပ်မံဝင်ရောက်လာတဲ့အတွက် ပြဿနာတွေက တိုးပြီးရင်းသာ တိုးနေပါတယ်။ မကြာသေးမီက တွေ့ဆုံမှုတစ်ခုမှာ နော်ဝေနိုင်ငံကို အကူအညီပေးရန် အဆိုပြုခဲ့ ပေမယ့် သဘောတူညီမှု မရလို့ ဘယ်နေရာမှ မရောက်ခဲ့ပါဘူး။ ယခု အစီအစဉ်ဟာ အိန္ဒိယနိုင်ငံရောက် ဒုက္ခ သည် ၂၂,၀၀၀ ကျော်ကို လျစ်လျူရှုထားပြီး လုံခြုံဘေးကင်းရေး အာမခံချက် ဘာတစ်ခုမှ မရှိပဲ လက်တွေ့ လည်း မကျကြောင်း တက်ကြွလှုပ်ရှားသူ အများအပြားက ပြောဆိုကြပါတယ်။

အတိုချုပ်ပြောရလျှင် အဆိုပါစင်္ကြံကို လူသားချင်းစာနာမှုဆိုင်ရာ အားထုတ်မှုအဖြစ် ဖော်ပြထားပေမယ့် ဒီကိစ္စ ဟာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ တိုးမြင့်လာနိုင်ဖွယ် အန္တရာယ်များတဲ့ လုပ်ရပ်အဖြစ် လူအများက မြင် ကြပါတယ်။
(ယခုသတင်းကို ရေးသားတဲ့ ချန်ဒန်နမ်ဒီ ဆိုသူဟာ လွန်ခဲ့တဲ့ ဧပြီ ၁၅၊ ၂၀၂၅ ရက် နော့သ်အိစ်နယူးစ်သ တင်း စာပါ “ အမေရိကန် ကျောထောက်နောက်ခံနဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က AA နဲ့ CNF ကူညီမယ့်အ ကြောင်း” ရေးသားသူနဲ့ တစ်ယောက်တည်း ဖြစ်ပါတယ်။
အဲဒီတုန်းက ဘယ် ဒေသတွင်းနဲ့ နိုင်ငံတကာမီဒီယာကမှ သူပြောသလိုမျိုး မရေးကြတဲ့အတွက် ကျွန်တော်တို့ ကိုယ်တိုင် မဖြစ်နိုင်ပါဘူးလို့ မှတ်ချက်ပေးမိကြောင်း ဝန်ခံပါတယ်။ ဘင်္ဂလားဒေ့ရှ် ယူနွတ်တို့ ကြားဖြတ်အစိုးရ တက္ကနိုကရက်တွေလည်း ဒီလောက်အထိ ဆင်ခြင်တုံ တရားမဲ့မယ်လို့ မယုံကြည်နိုင်ခဲ့ခြင်းလည်းပါဝင်ပါတယ်။
ဒါပေမယ့် ကုလအထွေထွေအတွင်းရေးမှူးကိုယ်တိုင် “လူသားချင်း စာနာမှုဆိုင်ရာ စင်္ကြံ” ကို နှပ်ကြောင်းပေးလာ ခြင်း၊ ယခုနောက်ပိုင်း ဂျမတ်အီအစ္စလာမ်မီ JI တို့လို ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းတွေက ရခိုင် ပြည်နယ်အတွင်း ရိုဟင်ဂျာဆိုသူများအတွက် သီးခြားနိုင်ငံဖန်တီးရေး အကူအညီပေးဖို့ ဒါကာကို အလည် ရောက်လာတဲ့ တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်များထံ အဆိုပြုကြောင်း သတင်းတွေ့ရတယ်။ JI တောင်း ဆိုတဲ့ အင်္ဂလိပ်ဘာသာ State ဆိုတာ “ပြည်နယ်” လို့ မီဒီယာအတော်များများက ဘာသာပြန်ကြပေမယ့် ရှေ့ နောက် စကားဆက်နဲ့ ရိုဟင်ဂျာ လူမျိုးဖန်တီးရခြင်း နိုင်ငံရေးရည်ရွယ်ကို ခန့်မှန်းစဉ်းစားတဲ့အခါ “နိုင်ငံ” ကို ဆိုလိုကြောင်း ၊ ရှိတ်ဟာစီနာလက်ထက်တည်းက ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပယ်ဖျက်ခံထားရတဲ့ JI ဟာ တ မင်သက်သက် နိုင်ငံရေး စတန့်ထွင်ခြင်း မဟုတ်ကြောင်း သေချာလာတယ်။ ကျွန်တော်တို့အိမ်နီးချင်း တိုင်း ပြည်မှာ ဒီလို ဖြစ်ချင်နေသူတွေ တကယ်ရှိပါလားလို့ ထိတ်လန့်မိပါတယ်။
တစ်ဖက်နိုင်ငံရောက် ဒုက္ခသည်ဘင်္ဂါလီတွေကို ပြန်လက်မခံဘူးလို့ မြန်မာအစိုးရအဆက်ဆက် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး၊ စိစစ်လက်ခံမယ်လို့ ဆိုခဲ့ပေမယ့် NLD လက်ထက် ဒုက္ခသည်များ နေရပ်ပြန်ရေးပြင်ဆင်မှုဟာ တစ်ယောက်မှ ပြန်ဝင်မလာပဲ ၂-ကြိမ်တိတိ ပျက်ပြားခဲ့ပါတယ်။

ယခုသတင်းမှာ အမေရိကန် ထောက်ပံ့ရေးပစ္စည်းတွေဟာ ဘယ်နေရာမှာ ဘယ်လို ရောက်ရှိနေပြီး ဘင်္ဂလား ဒေ့ရှ်စစ်တပ်နဲ့ ဘယ်လောက်ပဲ ဝေးကြောင်း ချန်ဒန်နမ်ဒီရေးသားထားတာ အတော်အသေးစိတ်ပါတယ်။ ရှိတ် ဟာစီနာကို ပြုတ်ကျစေခဲ့တဲ့ BNP ပါတီဟာ ယူနွတ်အစိုးရနဲ့ တရင်းတနှီးရှိပါတယ်၊ ဒါပေမယ့် BNP ဟာ ဒီ ကိစ္စမှာ အပြင်းအထန် ဆန့်ကျင်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွင်းမှာလည်း သဘောမတူနိုင်သူများ ရှိနေ တယ်လို့ ရေးပါတယ်။ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ရင် အမြဲတန်း “တက်ကြွတဲ့ ကြက်ဖ” လူ့အခွင့်အရေး အဖွဲ့တွေဟာ ဒီကိစ္စမှာ ရေငုံနှုတ်ပိတ်နေတဲ့အတွက် စိတ်ပျက်မိတယ်။ #HtayOung #OungMarine))

Zawgyi Version:
ဘဂၤါလီ လူသားခ်င္းစာနာမႈဆိုင္ရာ အစီအစဥ္ဆိုသည္မွာ အေမရိကန္က ျမန္မာစစ္တပ္ကို တိုက္ခိုက္မည့္ AA ထံ လက္နက္တင္ပို႔ျခင္းကို ဖုံးကြယ္ရန္အတြက္လား
Htay Oung (NP News) - ေမ ၄
ျမန္မာႏိုင္ငံကို ဘဂၤါလီဒုကၡသည္မ်ား ျပန္သြားေရး အေမရိကန္က ပံ့ပိုးေပးတဲ့ အစီအစဥ္သစ္ဟာ အခက္ေတြ႕ ဖြယ္ရွိပါတယ္။ အေတာ္မ်ားမ်ားက ဒါဟာ အေမရိကန္က ဒုကၡသည္ေတြကို ကူညီမယ္ဆိုတာထက္ ပိုမိုေၾကာင္း ျမန္မာစစ္တပ္ကို တိုက္ခိုက္ဖို႔ အာရကၡတပ္ေတာ္ (AA) ထံ လက္မက္နဲ႔ စစ္ပစၥည္းေတြ လွ်ိဳ႕ဝွက္ေထာက္ပံ့ဖို႔ အစီအစဥ္လည္း ပါဝင္တယ္လို႔ ယုံၾကည္ေနၾက၍ ျဖစ္ေၾကာင္း သတင္းေထာက္ ခ်န္ဒန္နမ္ဒီက “ေနာ့သ္အိစ္န ယူးစ္က ေမလ ၃ ရက္မွာ ေရးပါတယ္။

ယခင္က AA တိုက္ခိုက္ေရးသမားေတြဟာ နယ္စပ္ကို လြတ္လပ္စြာ ျဖတ္ေက်ာ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဘန္ဒါ ဘန္ခ႐ိုင္အတြင္း ကုန္ပစၥည္းမ်ားဝယ္ယူရန္ ဝင္ေရာက္ေလ့ရွိပါတယ္။ ယခင္ဘဂၤလားေဒ့ရွ္ အဝါမီလိဂ္ အစိုးရ ပင္လွ်င္ AA ဘာေတြလုပ္ေနတယ္ဆိုတာ ေကာင္းေကာင္းသိေပမယ့္ အေရးတယူ မရွိခဲ့ပါဘူး။ ဒါေပမယ့္ AA နဲ႔ ေဒသခံကုန္သည္မ်ားၾကား ပဋိပကၡမ်ားေၾကာင့္ ၂၀၂၃-ခုႏွစ္ ဘိုလီဘဇားေဈး မီးေလာင္ၿပီးေနာက္ အေျခအေန ေတြ ေျပာင္းလဲသြားခဲ့ပါတယ္။ ယခုအခါ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသအမ်ားအျပားကို AA က ထိန္းခ်ဳပ္ထားၿပီး နတ္ ျမစ္ကို ျမန္ႏႈန္းျမင့္ စပိဘုတ္ေတြနဲ႔ အလြယ္တကူ ျဖတ္ေက်ာ္ သြားလာလ်က္ရွိပါတယ္။ အထူးသျဖင့္ မိုဟာ မက္ယူႏြတ္ ဦးေဆာင္တဲ့ ဘဂၤလားေဒ့ရွ္ ယာယီအစိုးရရဲ႕ ေထာက္ခံမႈ ရရွိေနလို႔ပါ။
ဘဂၤလားေဒ့ရွ္က နယ္ျခားေစာင့္တပ္ BGB ေတြ တိုးျမႇင့္ခ်ထားေပမယ့္ AA ဟာ ဆက္လက္အင္အားႀကီးထြား လာေနၿပီး ယခုအခါ ရခိုင္ျပည္နယ္တစ္ဝွမ္းမွာ စစ္မႈထမ္းဆင့္ေခၚထားပါတယ္။ ခ်င္းအမ်ိဳးသားတပ္မေတာ္ (CNA) တို႔လို အျခားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ပါ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။ အေမရိကန္ဟာ ရခိုင္ကမ္း႐ိုး တန္း စစ္ေတြ၊ ေက်ာက္ျဖဴနဲ႔ မာန္ေအာင္ၿမိဳ႕ေတြကေန ျမန္မာစစ္တပ္ကိုဖယ္ရွားဖို႔ AA နဲ႔ အျခားသူပုန္တပ္ဖြဲ႕ ေတြကို လွ်ိဳ႕ဝွက္ေထာက္ပံ့ေနတယ္လို႔ သံသယျဖစ္စရာ ရွိပါတယ္။
အေမရိကန္ကြန္ဂရက္လႊတ္ေတာ္က ဥပေဒျပဌာန္းထားတဲ့ Burma Act ကို အေကာင္အထည္ေဖာ္ဖို႔ ဘဂၤ ယူႏြတ္အစိုးရဟာ ဖုတ္ပူမီးတိုက္ ျပင္ဆင္ေနေၾကာင္း၊ ယာယီအစိုးရ အမ်ိဳးသားလုံၿခဳံေရးအတိုင္ပင္ခံ ခါလီ လူရ္ရာမန္ရဲ႕ တိုက္တြန္းမႈအရ ဘဂၤလားေဒ့ရွ္အစိုးရက လက္နက္မဟုတ္လို႔ တရားဝင္ေဖာ္ျပထားတဲ့ ပစၥည္း ေတြကို နယ္စပ္အနီး ဆီလ္ခါလီေထာက္ပံ့ေရးစခန္း ကေနၿပီး AA ထံ တရားဝင္ ပို႔ေဆာင္ေပးဖို႔ စီစဥ္ေန ေၾကာင္း၊ အခ်ိဳ႕သတင္းေတြအရ အဲ့ဒီ ပစၥည္းပို႔တဲ့ လမ္းေၾကာင္းဟာ စတင္လည္ပတ္ေနၿပီ လို႔ သိရွိရပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ဘဂၤလီဒုကၡသည္ေတြကို ျပန္ပို႔ဖို႔ "လူသားခ်င္းစာနာမႈဆိုင္ရာ စႀကႍ" ဆိုတဲ့ အစီအစဥ္ဟာ အျငင္းပြားစရာျဖစ္လာေနပါတယ္။ အတိုက္အခံ BNP ပါတီ နဲ႔ တပ္မေတာ္အတြင္း အခ်ိဳ႕အရာရွိေတြက ဒါဟာ AA ကို လက္နက္ေမွာင္ခိုပို႔ေပးဖို႔ ဟန္ေဆာင္မ်က္ႏွာဖုံးဟာ ျဖစ္ႏိုင္တယ္လို႔ စိုးရိမ္ေနၾကပါတယ္။ ျပန္သြားမယ့္ ဒုကၡသည္ဘဂၤါလီေတြအတြက္ ေဘးကင္းလုံၿခဴံေရး အာမခံခ်က္သလို ျဖစ္လာမွာလည္း စိုးရိမ္မႈေတြ ရွိေနပါ တယ္။ အထူးသျဖင့္ ARSA (အာရကန္ ႐ိုဟင္ဂ်ာကယ္တင္ေရးတပ္ေတာ္) လက္ေအာက္ (သို႔မဟုတ္) ဘဂၤါလီ အေတာ္မ်ားမ်ားဟာ လြန္ခဲ့တဲ့ ႏွစ္မ်ားကတည္းက သူတို႔ ေၾကာက္လန႔္တၾကား ထြက္ေျပးခဲ့ရတဲ့ ဘူးသီး ေတာင္၊ ေမာင္ေတာလို ေနရာေတြကို ျပန္သြားဖို႔ ျငင္းဆန္ေနၾကလို႔ပါ။

ၿပီးခဲ့တဲ့ လအနည္းငယ္အတြင္း ဒုကၡ သည္ ၁၃၀,၀၀၀ နီးပါး ထပ္မံဝင္ေရာက္လာတဲ့အတြက္ ျပႆနာေတြက တိုးၿပီးရင္းသာ တိုးေနပါတယ္။ မၾကာေသးမီက ေတြ႕ဆုံမႈတစ္ခုမွာ ေနာ္ေဝႏိုင္ငံကို အကူအညီေပးရန္ အဆိုျပဳခဲ့ ေပမယ့္ သေဘာတူညီမႈ မရလို႔ ဘယ္ေနရာမွ မေရာက္ခဲ့ပါဘူး။ ယခု အစီအစဥ္ဟာ အိႏၵိယႏိုင္ငံေရာက္ ဒုကၡ သည္ ၂၂,၀၀၀ ေက်ာ္ကို လ်စ္လ်ဴရႈထားၿပီး လုံၿခဳံေဘးကင္းေရး အာမခံခ်က္ ဘာတစ္ခုမွ မရွိပဲ လက္ေတြ႕ လည္း မက်ေၾကာင္း တက္ႂကြလႈပ္ရွားသူ အမ်ားအျပားက ေျပာဆိုၾကပါတယ္။

အတိုခ်ဳပ္ေျပာရလွ်င္ အဆိုပါစႀကႍကို လူသားခ်င္းစာနာမႈဆိုင္ရာ အားထုတ္မႈအျဖစ္ ေဖာ္ျပထားေပမယ့္ ဒီကိစၥ ဟာ ရခိုင္ျပည္နယ္အတြင္း ပဋိပကၡမ်ား တိုးျမင့္လာႏိုင္ဖြယ္ အႏၲရာယ္မ်ားတဲ့ လုပ္ရပ္အျဖစ္ လူအမ်ားက ျမင္ ၾကပါတယ္။
(ယခုသတင္းကို ေရးသားတဲ့ ခ်န္ဒန္နမ္ဒီ ဆိုသူဟာ လြန္ခဲ့တဲ့ ဧၿပီ ၁၅၊ ၂၀၂၅ ရက္ ေနာ့သ္အိစ္နယူးစ္သ တင္း စာပါ “ အေမရိကန္ ေက်ာေထာက္ေနာက္ခံနဲ႔ ဘဂၤလားေဒ့ရွ္စစ္တပ္က AA နဲ႔ CNF ကူညီမယ့္အ ေၾကာင္း” ေရးသားသူနဲ႔ တစ္ေယာက္တည္း ျဖစ္ပါတယ္။
အဲဒီတုန္းက ဘယ္ ေဒသတြင္းနဲ႔ ႏိုင္ငံတကာမီဒီယာကမွ သူေျပာသလိုမ်ိဳး မေရးၾကတဲ့အတြက္ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ မျဖစ္ႏိုင္ပါဘူးလို႔ မွတ္ခ်က္ေပးမိေၾကာင္း ဝန္ခံပါတယ္။ ဘဂၤလားေဒ့ရွ္ ယူႏြတ္တို႔ ၾကားျဖတ္အစိုးရ တကၠႏိုကရက္ေတြလည္း ဒီေလာက္အထိ ဆင္ျခင္တုံ တရားမဲ့မယ္လို႔ မယုံၾကည္ႏိုင္ခဲ့ျခင္းလည္းပါဝင္ပါတယ္။
ဒါေပမယ့္ ကုလအေထြေထြအတြင္းေရးမႉးကိုယ္တိုင္ “လူသားခ်င္း စာနာမႈဆိုင္ရာ စႀကႍ” ကို ႏွပ္ေၾကာင္းေပးလာ ျခင္း၊ ယခုေနာက္ပိုင္း ဂ်မတ္အီအစၥလာမ္မီ JI တို႔လို ဘာသာေရး အစြန္းေရာက္အဖြဲ႕အစည္းေတြက ရခိုင္ ျပည္နယ္အတြင္း ႐ိုဟင္ဂ်ာဆိုသူမ်ားအတြက္ သီးျခားႏိုင္ငံဖန္တီးေရး အကူအညီေပးဖို႔ ဒါကာကို အလည္ ေရာက္လာတဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီကိုယ္စားလွယ္မ်ားထံ အဆိုျပဳေၾကာင္း သတင္းေတြ႕ရတယ္။ JI ေတာင္း ဆိုတဲ့ အဂၤလိပ္ဘာသာ State ဆိုတာ “ျပည္နယ္” လို႔ မီဒီယာအေတာ္မ်ားမ်ားက ဘာသာျပန္ၾကေပမယ့္ ေရွ႕ ေနာက္ စကားဆက္နဲ႔ ႐ိုဟင္ဂ်ာ လူမ်ိဳးဖန္တီးရျခင္း ႏိုင္ငံေရးရည္႐ြယ္ကို ခန႔္မွန္းစဥ္းစားတဲ့အခါ “ႏိုင္ငံ” ကို ဆိုလိုေၾကာင္း ၊ ရွိတ္ဟာစီနာလက္ထက္တည္းက ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္ခြင့္ ပယ္ဖ်က္ခံထားရတဲ့ JI ဟာ တ မင္သက္သက္ ႏိုင္ငံေရး စတန႔္ထြင္ျခင္း မဟုတ္ေၾကာင္း ေသခ်ာလာတယ္။ ကြၽန္ေတာ္တို႔အိမ္နီးခ်င္း တိုင္း ျပည္မွာ ဒီလို ျဖစ္ခ်င္ေနသူေတြ တကယ္ရွိပါလားလို႔ ထိတ္လန႔္မိပါတယ္။
တစ္ဖက္ႏိုင္ငံေရာက္ ဒုကၡသည္ဘဂၤါလီေတြကို ျပန္လက္မခံဘူးလို႔ ျမန္မာအစိုးရအဆက္ဆက္ ဘယ္တုန္းကမွ မေျပာခဲ့ပါဘူး၊ စိစစ္လက္ခံမယ္လို႔ ဆိုခဲ့ေပမယ့္ NLD လက္ထက္ ဒုကၡသည္မ်ား ေနရပ္ျပန္ေရးျပင္ဆင္မႈဟာ တစ္ေယာက္မွ ျပန္ဝင္မလာပဲ ၂-ႀကိမ္တိတိ ပ်က္ျပားခဲ့ပါတယ္။

ယခုသတင္းမွာ အေမရိကန္ ေထာက္ပံ့ေရးပစၥည္းေတြဟာ ဘယ္ေနရာမွာ ဘယ္လို ေရာက္ရွိေနၿပီး ဘဂၤလား ေဒ့ရွ္စစ္တပ္နဲ႔ ဘယ္ေလာက္ပဲ ေဝးေၾကာင္း ခ်န္ဒန္နမ္ဒီေရးသားထားတာ အေတာ္အေသးစိတ္ပါတယ္။ ရွိတ္ ဟာစီနာကို ျပဳတ္က်ေစခဲ့တဲ့ BNP ပါတီဟာ ယူႏြတ္အစိုးရနဲ႔ တရင္းတႏွီးရွိပါတယ္၊ ဒါေပမယ့္ BNP ဟာ ဒီ ကိစၥမွာ အျပင္းအထန္ ဆန႔္က်င္ၿပီး ဘဂၤလားေဒ့ရွ္စစ္တပ္အတြင္းမွာလည္း သေဘာမတူႏိုင္သူမ်ား ရွိေန တယ္လို႔ ေရးပါတယ္။ ႐ိုဟင္ဂ်ာကိစၥနဲ႔ ပတ္သက္ရင္ အၿမဲတန္း “တက္ႂကြတဲ့ ၾကက္ဖ” လူ႔အခြင့္အေရး အဖြဲ႕ေတြဟာ ဒီကိစၥမွာ ေရငုံႏႈတ္ပိတ္ေနတဲ့အတြက္ စိတ္ပ်က္မိတယ္။ #HtayOung #OungMarine))

Related news

© 2021. All rights reserved.