အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား အမြောက်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွား

421

Pika (NP News) - မေ ၈
နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အင်အားကြီးနိုင်ငံနှစ်နိုင်ငံအကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာမှုနဲ့အတူ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကတ်ရှ်မီးယားပြည်နယ်က နှစ်နိုင်ငံကြားထိစပ်နေတဲ့နယ်စပ်တစ်လျှောက် အမြောက်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကို မေလ(၇)ရက်မှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယအစိုးရက ပါကစ္စတန်ဘက်ကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်စလုံး မှာ သိသာထင်ရှားတဲ့အသေအပျောက်တွေ ရှိခဲ့တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၂၂)ရက်က ကတ်ရှ်မီးယားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ အိန္ဒိယဘက်က စွပ်စွဲပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပါကစ္စတန်အစိုးရက ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို နှစ်ကြိမ်လုပ်ဆောင်ခဲ့ပြီးနောက် အိန္ဒိယဘက်က ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်နိုင်ငံကြားဖြစ်ပွားလျက်ရှိတဲ့တင်းမာမှုတွေကို လျှော့ချဖို့အတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ကို တရုတ်အစိုးရက တိုက်တွန်းတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အိႏၵိယနဲ႔ပါကစၥတန္တို႔ၾကား အေျမာက္နဲ႔ အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြား
Pika (NP News) - ေမ ၈
န်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ အင္အားႀကီးႏိုင္ငံႏွစ္ႏိုင္ငံအၾကား တင္းမာမႈေတြ ပိုမိုျမင့္တက္လာမႈနဲ႔အတူ အိႏၵိယနဲ႔ ပါကစၥတန္တို႔ဟာ ကတ္ရွ္မီးယားျပည္နယ္က ႏွစ္ႏိုင္ငံၾကားထိစပ္ေနတဲ့နယ္စပ္တစ္ေလွ်ာက္ အေျမာက္နဲ႔ အျပန္အလွန္ပစ္ခတ္မႈေတြကို ေမလ(၇)ရက္မွာ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
အိႏၵိယအစိုးရက ပါကစၥတန္ဘက္ကို ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အျပန္အလွန္ပစ္ခတ္ တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ ႏွစ္ဖက္စလုံး မွာ သိသာထင္ရွားတဲ့အေသအေပ်ာက္ေတြ ရွိခဲ့တယ္လို႔လည္းသိရပါတယ္။
ၿပီးခဲ့တဲ့ ဧၿပီလ(၂၂)ရက္က ကတ္ရွ္မီးယားျပည္နယ္မွာျဖစ္ပြားခဲ့တဲ့အၾကမ္းဖက္တိုက္ခိုက္မႈကို ပါကစၥတန္အစိုးရက ပံ့ပိုးမႈေတြ လုပ္ေဆာင္ေပးခဲ့တယ္လို႔ အိႏၵိယဘက္က စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ပါကစၥတန္အစိုးရက ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈကို ႏွစ္ႀကိမ္လုပ္ေဆာင္ခဲ့ၿပီးေနာက္ အိႏၵိယဘက္က ဒုံးက်ည္နဲ႔ပစ္ခတ္တိုက္ခိုက္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႏွစ္ႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိတဲ့တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အိႏၵိယနဲ႔ ပါကစၥတန္တို႔ကို တ႐ုတ္အစိုးရက တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။