ကန်ထရိုက်တာများ ဆောက်လုပ်ရေးချေးငွေ လျှောက်ထားနိုင်ပြီ

150

NP News - မေ ၁ဝ
ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ CHID Bank တွင် အာမခံထားရှိသော ပစ္စည်းအပေါ်မူတည်ကာ ဆောက်လုပ်ရေးချေးငွေများကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရသည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID Bank)အနေဖြင့် လုပ်ငန်းလည်ပတ်ရန် ချေးငွေလိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများကို Construction Loan အား အာမခံ ထားရှိသည့် ပစ္စည်းအပေါ်မူတည်၍ တွက်ချက်ကာ ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“Bank အနေနဲ့တော့ လုပ်ငန်းရှင်တစ်ဦးကို အနိမ့်ဆုံးဘယ်လောက်ကနေ ဘယ်လောက်အထိ ချေးပေးမယ်ဆိုပြီး ကျွန်တော်တို့ဘက်ကသတ်မှတ်ထားတာတော့မရှိပါဘူး။ ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်က အာမခံထားမယ့် ပစ္စည်းအပေါ်ကိုပဲမူတည်ပြီးတော့ ဆုံးဖြတ်ပေးတာဖြစ်ပါတယ်” လို့ CHID Bank မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ချေးငွေရယူလိုသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများအနေဖြင့် မိမိတို့ထားရှိမည့် အာမခံ ပစ္စည်းတန်ဖိုးအပေါ်တွင် တွက်ချက်၍ ချေးငွေပမာဏကိုချေးပေးမည်ဖြစ်ကြောင်း၊ ပြန်လည်ပေးဆပ်ကာလကို လည်း လုပ်ငန်းပရောဂျက်အပေါ်မူတည်၍ ထားရှိပေးမှာဖြစ်သောကြောင့် ချေးငွေအတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း CHID Bank မှ သိရသည်။
CHID Bank ၏ Construction Loan ကို လျှောက်ထားရယူလိုသူများအနေဖြင့် ချေးငွေလျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံ ၂ ပုံ၊ Audited Financial Statement၊ Management Financial Report ၊ Cash Flow အခွန်ပြေစာသုံးနှစ်၊ ခြောက်လအတွင်းရိုက်ကူးထားသည့် မြေပုံရာဇဝင် (ပုံစံ ၁၀၅၊ ၁၀၆)၊ လုပ်ငန်း/ကုမ္ပဏီနှင့် ပတ်သက်သည့် စာရွက်စာတမ်းအထောက်အထားများ၊ အာမခံပစ္စည်းဓာတ်ပုံများနှင့် အခြားဆက်စပ်စာရွက်စာတမ်းများ စသည့် အထောက်အထားများဖြင့် လျှောက်ထား နိုင်ကြောင်းလည်း သိရသည်။
အသေးစိတ်သိရှိလိုပါကလည်းနီးစပ်ရာ CHID ဘဏ်ခွဲများ နှင့် CHID Bank ၏ Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။