စင်ကာပူမှာ ပန်းပွင့်လ ဖြစ်ပေါ်မယ်လို့ဆို

 721

ရောင်နီ (NP News) - မေ ၁၁

မေလ ၁၃ ရက်မှာ ၂၀၂၅ ခုနှစ်ရဲ့ဒုတိယအကြိမ်နဲ့ နောက်ဆုံးလည်းဖြစ်မယ့် ပန်းပွင့်လဖြစ်ပေါ်လာမယ်လို့ နက္ခတ္တဗေဒ ဝက်ဘ်ဆိုက် timeanddate.com က ပြောပါတယ်။
ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ပန်းပွင့်လကို မေလ ၁၃ ရက် ၊ ည ၇ နာရီ ၃၄ မိနစ်မှာ စတွေ့ရမှာဖြစ်ပြီး မေလ ၁၄ ရက် နံနက် ၁၂ နာရီ ၅၆ မိနစ် အချိန်မှာ အထင်ရှားဆုံး မြင်ရမယ်လို့ ဆိုပါတယ်။ ဒီရှုခင်းကို တိမ်ကင်းစင်မယ်ဆိုရင် စင်ကာပူတစ်နိုင်ငံလုံးက မြင်ရနိုင်မယ်လို့ ဆိုပါတယ်။
လဟာ ကမ္ဘာပတ်လမ်းရဲ့အဝေးဆုံးနေရာကို ရောက်ရှိတဲ့အခါ လကို Micro Moon(ပန်းပွင့်လ) အဖြစ် မြင်ရပါ တယ်။ လဟာ ကမ္ဘာမြေကို ဘဲဥပုံ လမ်းကြောင်းနဲ့ လှည့်ပတ်နေတာကြောင့် ကမ္ဘာနဲ့ ၄င်းရဲ့ အကွာအဝေး လမ်းကြောင်းအလျှောက် ပြောင်းလဲတတ်ပါတယ်။
မိုက်ခရိုမွန်းဟာ စူပါမွန်းထက် ၁၂.၅ ရာခိုင်နှုန်းမှ ၁၄.၁ ရာခိုင်နှုန်းခန့် သေးငယ်ပြီး ပျမ်းမျှ လပြည့်လ ထက် ၅.၉ ရာခိုင်နှုန်းမှ ၆.၉ ရာခိုင်နှုန်း သေးငယ်တယ်လို့ timeanddate.com က ဆိုပါတယ်။

Zawgyi Version:
စင္ကာပူမွာ ပန္းပြင့္လ ျဖစ္ေပၚမယ္လို႔ဆို
ေရာင္နီ (NP News) - ေမ ၁၁
ေမလ ၁၃ ရက္မွာ ၂၀၂၅ ခုႏွစ္ရဲ႕ဒုတိယအႀကိမ္နဲ႔ ေနာက္ဆုံးလည္းျဖစ္မယ့္ ပန္းပြင့္လျဖစ္ေပၚလာမယ္လို႔ နကၡတၱေဗဒ ဝက္ဘ္ဆိုက္ timeanddate.com က ေျပာပါတယ္။
ဝက္ဘ္ဆိုက္ရဲ႕ အဆိုအရ ပန္းပြင့္လကို ေမလ ၁၃ ရက္ ၊ ည ၇ နာရီ ၃၄ မိနစ္မွာ စေတြ႕ရမွာျဖစ္ၿပီး ေမလ ၁၄ ရက္ နံနက္ ၁၂ နာရီ ၅၆ မိနစ္ အခ်ိန္မွာ အထင္ရွားဆုံး ျမင္ရမယ္လို႔ ဆိုပါတယ္။ ဒီရႈခင္းကို တိမ္ကင္းစင္မယ္ဆိုရင္ စင္ကာပူတစ္ႏိုင္ငံလုံးက ျမင္ရႏိုင္မယ္လို႔ ဆိုပါတယ္။
လဟာ ကမာၻပတ္လမ္းရဲ႕အေဝးဆုံးေနရာကို ေရာက္ရွိတဲ့အခါ လကို Micro Moon(ပန္းပြင့္လ) အျဖစ္ ျမင္ရပါ တယ္။ လဟာ ကမာၻေျမကို ဘဲဥပုံ လမ္းေၾကာင္းနဲ႔ လွည့္ပတ္ေနတာေၾကာင့္ ကမာၻနဲ႔ ၄င္းရဲ႕ အကြာအေဝး လမ္းေၾကာင္းအေလွ်ာက္ ေျပာင္းလဲတတ္ပါတယ္။
မိုက္ခ႐ိုမြန္းဟာ စူပါမြန္းထက္ ၁၂.၅ ရာခိုင္ႏႈန္းမွ ၁၄.၁ ရာခိုင္ႏႈန္းခန႔္ ေသးငယ္ၿပီး ပ်မ္းမွ် လျပည့္လ ထက္ ၅.၉ ရာခိုင္ႏႈန္းမွ ၆.၉ ရာခိုင္ႏႈန္း ေသးငယ္တယ္လို႔ timeanddate.com က ဆိုပါတယ္။

Related news

© 2021. All rights reserved.