ရန်လိုမှုများ ထပ်မံဖြစ်ပွားလာမည်ဆိုပါက ပြတ်ပြတ်သားသားလက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်သမ္မတ သတိပေး

37

Pika (NP News) - ဇူလိုင် ၁၂
အီရန်ကိုဆန့်ကျင်သည့် ရန်လိုမှုများထပ်မံဖြစ်ပွားလာခဲ့မည်ဆိုပါက ဆုံးဖြတ်ချက်ပြတ်သားပြီး နောင်တရစေမည့် လက်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီရန်သမ္မတ Pezeshkian က ဥရောပကောင်စီဥက္ကဋ္ဌ အား ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လက အစ္စရေး နှင့် အီရန်ကြား(၁၂)ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အီရန်သမ္မတ၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးဘက်က စတင်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း အီရန်၏ နျူကလီးယားနှင့် စစ်ဘက် ဆိုင်ရာအဆောက်အအုံများစွာ ဖျက်ဆီးခံခဲ့ရကြောင်းလည်း သိရသည်။ ထို့ပြင် အမေရိကန်အစိုးရသည် အစ္စရေးကိုကူညီသည့်အနေဖြင့် အီရန်၏ နျူကလီးယားစက်ရုံ နေရာ(၃)ခုကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ ကြောင်းလည်း သိရသည်။
သို့သော်လည်း နောက်ပိုင်းတွင် အမေရိကန်အစိုးရက ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင်ပေးခဲ့ပြီးနောက် အစ္စရေးနှင့် အီရန်ကြားဖြစ်ပွားခဲ့သောစစ်ပွဲမှာ အချိန်(၁၂)ရက်အကြာတွင် ရပ်တန့်သွားခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် အမေရိကန်နှင့်လုပ်ဆောင်ခဲ့သော နျူကလီးယားဆွေးနွေးပွဲများပြန်လည်စတင်ရန်အတွက် အမေရိကန်ဘက်က အီရန်ကို နောက်ထပ် တိုက်ခိုက်မှုများ မလုပ်ဆောင်တော့ဟု အာမခံချက်များ အရင်ဆုံးပေး ရန် လိုအပ်ကြောင်းလည်း အီရန်အစိုးရက ထုတ်ဖော်ပြောခဲ့သည်။
အမေရိကန် နှင့် အီရန်ကြား လုပ်ဆောင်ခဲ့သော နျူကလီးယားဆွေးနွေးပွဲများမှာ မကြာမီ အချိန်အတွင်း ပြန်လည် စတင်နိုင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မှတ်ချက်များကို အီရန် အစိုးရက ယင်းကဲ့သို့ ပြန်လည်တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ရန္လိုမႈမ်ား ထပ္မံျဖစ္ပြားလာမည္ဆိုပါက ျပတ္ျပတ္သားသားလက္တုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း အီရန္သမၼတ သတိေပး
Pika (NP News) - ဇူလိုင္ ၁၂
အီရန္ကိုဆန႔္က်င္သည့္ ရန္လိုမႈမ်ားထပ္မံျဖစ္ပြားလာခဲ့မည္ဆိုပါက ဆုံးျဖတ္ခ်က္ျပတ္သားၿပီး ေနာင္တရေစမည့္ လက္တုံ႔ျပန္မႈမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အီရန္သမၼတ Pezeshkian က ဥေရာပေကာင္စီဥကၠ႒ အား ေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္လက အစၥေရး ႏွင့္ အီရန္ၾကား(၁၂)ရက္ၾကာ စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ အီရန္သမၼတ၏ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
အစၥေရးဘက္က စတင္ခဲ့ေသာ ေလေၾကာင္းတိုက္ခိုက္မႈမ်ားအတြင္း အီရန္၏ န်ဴကလီးယားႏွင့္ စစ္ဘက္ ဆိုင္ရာအေဆာက္အအုံမ်ားစြာ ဖ်က္ဆီးခံခဲ့ရေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အေမရိကန္အစိုးရသည္ အစၥေရးကိုကူညီသည့္အေနျဖင့္ အီရန္၏ န်ဴကလီးယားစက္႐ုံ ေနရာ(၃)ခုကို ဗုံးႀကဲတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ ေၾကာင္းလည္း သိရသည္။
သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ အေမရိကန္အစိုးရက ၾကားဝင္ေစ့စပ္ေပးမႈမ်ား လုပ္ေဆာင္ေပးခဲ့ၿပီးေနာက္ အစၥေရးႏွင့္ အီရန္ၾကားျဖစ္ပြားခဲ့ေသာစစ္ပြဲမွာ အခ်ိန္(၁၂)ရက္အၾကာတြင္ ရပ္တန႔္သြားခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ အေမရိကန္ႏွင့္လုပ္ေဆာင္ခဲ့ေသာ န်ဴကလီးယားေဆြးေႏြးပြဲမ်ားျပန္လည္စတင္ရန္အတြက္ အေမရိကန္ဘက္က အီရန္ကို ေနာက္ထပ္ တိုက္ခိုက္မႈမ်ား မလုပ္ေဆာင္ေတာ့ဟု အာမခံခ်က္မ်ား အရင္ဆုံးေပး ရန္ လိုအပ္ေၾကာင္းလည္း အီရန္အစိုးရက ထုတ္ေဖာ္ေျပာခဲ့သည္။
အေမရိကန္ ႏွင့္ အီရန္ၾကား လုပ္ေဆာင္ခဲ့ေသာ န်ဴကလီးယားေဆြးေႏြးပြဲမ်ားမွာ မၾကာမီ အခ်ိန္အတြင္း ျပန္လည္ စတင္ႏိုင္ဖြယ္ရွိေၾကာင္း ေျပာဆိုခဲ့သည့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ မွတ္ခ်က္မ်ားကို အီရန္ အစိုးရက ယင္းကဲ့သို႔ ျပန္လည္တုံ႔ျပန္ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။