ဘင်္ဂါလီအကျပ်အတည်းကို အဆုံးသတ်စေလိုလျှင် ကုလသမဂ္ဂက ရခိုင်ပြည်အတွင်း ဘေးကင်းလုံခြုံဇုန် ဖော်ထုတ် ပေးဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြောဆို

332

Htay Oung (NP News) - မေ ၁၁
ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံတည်ဆောက်ပေးရေး ဆွေးနွေးနေမှုတွေနဲ့ ပတ်သက်လို့ အဲဒါထက် ဘေးကင်းလုံခြုံဇုန်က ရိုဟင်ဂျာအကျပ်အတည်းကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ကော့ခ်ဘဇားရောက် ဒုက္ခသည်ဘင်္ဂါလီခေါင်းဆောင်တွေက ပြောပါတယ်။ ကာလရှည်ကြာဖြစ်ပွားနေတဲ့အကျပ်အတည်းကို မဖြေရှင်းဘဲ အကူအညီပေးရေးစင်္ကြံံဆိုတာကြီး ရုတ်တရက်စီစဉ်တဲ့ကိစ္စကို ဘယ်လိုမှ နားမလည်နိုင်ဘူးလို့ ကော့ခ်ဘဇား အရပ်ဘက်လူ့အဖွဲ့အစည်းများက ပြောဆိုကြောင်း “အူခီယာ နယူးစ်(ဘင်္ဂါလီဘာသာ)” က ၂ဝ၂၅ ခုနှစ် မေလ ၈ ရက်က ရေးပါတယ်။
လူသားချင်းစာနာမှု စင်္ကြံဆိုရာမှာ ဒုက္ခသည်ဘင်္ဂါလီများရဲ့ ဆန္ဒသဘောထား ပါဝင်ရန်လိုအပ်ကြောင်း၊ အဲဒီမတိုင်မီ ဒုက္ခသည်အတွက် ရခိုင်ပြည်နယ်အတွင်း ဘေးကင်းတဲ့ဇုန်တစ်ခု ဖန်တီးရမယ်လို့ ဘင်္ဂါလီခေါင်းဆောင်တွေက ပြောပါတယ်။ ယခင်က မြန်မာအစိုးရဟာ ရိုဟင်ဂျာများအပေါ် ရန်လိုခဲ့သလို အဲ့ဒီနေရာမှာ သူပုန်အဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် AA ကလည်း သူတို့ကို အဲဒီမြေမှ မောင်းထုတ်ပစ် နေတုန်းဖြစ်ကြောင်း၊ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ဘေးကင်းတဲ့ဇုန်တစ်ခု ဖန်တီးပေးဖို့နဲ့ စင်္ကြံလမ်းမှ ထောက်ပံ့ပေးဖို့ ကုလသမဂ္ဂကို တောင်းဆို ထားတယ်လို့ ဆိုပါတယ်။
မြန်မာ့တပ်မတော်ကို ဆန့်ကျင်တဲ့တိုက်ပွဲများအတွင်း ရခိုင်ဒေသအများစုဟာ AA ရဲ့ထိန်းချုပ်မှုအောက် ရောက်ရှိ နေပါတယ်။ ဒီအတွက် ပြည်တွင်းစစ်ကြောင့် ရခိုင်ပြည်နယ်မှာ အငတ်ဘေး ကြုံမှာ ကို စိုးရိမ်တဲ့ ကုလသမဂ္ဂအနေနဲ့ ယခု ပထမနှစ်ဝက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင် မယ့် စင်္ကြံတစ်ခုစီစဉ်နိုင်ရန် ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုထားပါတယ်။ နယ်မြေများကို AA က ထိန်း ချုပ်ထားတဲ့အတွက် ရှုပ်ထွေးနေတဲ့ နယ်စပ်အခြေအနေတွေ ကြားက စစ်ဘေးသင့်ရခိုင်ပြည်နယ်ကို ကယ်ဆယ်ရေးစင်္ကြံမှတဆင့် အကူအညီပေးပို့နိုင်ဖို့အတွက် ဒုက္ခသည် ဘင်္ဂါလီများ၊ ကော့ဘဇားဒေသ ခံ ပြည်သူတွေအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ရခိုင်ပြည်နယ် လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အစိုးရက မူဝါဒ ချမှတ်ထားပြီး ဖြစ်ကြောင်း ဧပြီ ၂၇ ရက်နေ့ သတင်းထောက်များရဲ့ မေးမြန်းချက်ကို နိုင်ငံခြားရေး အကြံပေးအရာရှိ မိုဟာမက် တူဟစ်ဟူစိန်က ဖြေကြားပါတယ်။ အဲ့ဒီလို ပြောပြီး ရက်သတ္တတစ်ပတ် မပြည့်မီ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရရဲ့ ဆန့်ကျင် ကွဲလွဲတဲ့ ရပ်တည်ချက်ကို အမျိုးသားလုံခြုံရေး အကြံပေး ခါလီလူရ် ရာမန် ထုတ်ဖော်ပြောဆိုပြန်ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံ (သို့) အခြားကိစ္စများနဲ့ပတ်သက်ပြီး သူတို့အစိုးရက သက်ဆိုင်ရာ ပါဝင် ပတ်သက်သူများနဲ့ မဆွေးနွေးရ သေးဘူးလို့ ဆိုလိုက်တဲ့အတွက် ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။
မြန်မာ SAC အစိုးရနဲ့ AA နှစ်ခုလုံးဟာ ဘင်္ဂါလီတွေရဲ့အကျိုးစီးပွားကို ဆန့်ကျင်နေသူများ ဖြစ် တယ်လို့ ကော့ခ်ဘဇားဒေသခံ လူမှုအဖွဲ့အစည်း ဥက္ကဌဖြစ်သူက ပြောပါတယ်။ သူတို့ရဲ့ နှိပ်စက်ညှဉ်း ပန်းမှုကြောင့် သန်းနဲ့ချီတဲ့ ဘင်္ဂါလီတွေကို ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံရန် တွန်းအားပေးခဲ့ကြောင်း၊ နေရပ် ပြန်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်က ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ရခိုင်ပြည်နယ် လူသားချင်း စာနာမှု စင်္ကြံကို ကန့်ကွက်ရန် မရှိကြောင်း၊ ဒါပေမယ့် နယ်စပ်မှာ လူမှောင်ခိုကူးခြင်းဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခြင်း ရှိ-မရှိ စဉ်းစားရန် လိုအပ်ကြောင်း၊ စင်္ကြံ ဖန်တီး ရတဲ့ နောက်ကွယ်မှာ တခြားအရာတွေရှိနေရင် ကော့ခ်ဘဇားအရပ်ဘက် အဖွဲ့အစည်းတွေက ငြင်း ပယ်လိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။
အခြား ဒေသခံလူမှုအဖွဲ့အစည်း ဖိုရမ်တစ်ခုရဲ့ ဥက္ကဌကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ လူသားချင်းစာနာမှု အကူအညီအတွက် အကန့်အသတ်ရှိတဲ့ စင်္ကြံကို ကြိုဆိုမှာပါလို့ ဆိုပါကြောင်း၊ ဒါ ပေမယ့် စင်္ကြံကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက အမျိုးမျိုး သတင်းထုတ်ပြန်နေတဲ့အတွက် ချီတုံချတုံဖြစ်စေကြောင်း၊ AA အကျိုးစီးပွားအတွက်သာမက အခြားဘယ်လို ရည်ရွယ်ချက်မျိုးအတွက်မဆို စင်္ကြံလမ်းဖန်တီးခြင်းကို မထောက်ခံ ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်း အ ကြောင်း အမျိုးမျိုး ကြားနေရကြောင်း၊ (ရခိုင် မောင်တောမြို့နဲ့ မျက်နှာချင်းဆိုင် စိန့်မာတင်ကျွန်းပေါ်မှာ အမေရိကန်က စစ်အခြေစိုက်စခန်း တည်ဆောက်လိုတယ်လို့ ရှိတ်ဟာစီနာ ပြောခဲ့ဖူးသည်ကို ရည်ညွှန်းပုံရ) ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က ရှင်းရှင်းလင်းလင်း ထုတ်ပြန် ပေးစေလိုကြောင်း ပြောဆိုပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ “ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ရေး ကော်မရှင်နာရုံး” (RRRC) မှာ စင်္ကြံနဲ့ ပတ်သက်တဲ့ ဘာအချက်အလက်မျှ မရှိပါဘူး။ ဒီကိစ္စအတွက် နယ်ပယ်အသီး သီးမှာ ဆွေးနွေးမှုများ ပြုလုပ်နေပေမယ့် သူတို့ကတော့ ဘာတစ်ခုမှ မသိကြောင်း၊ ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် တက္ကနဖ်၊ အူခီယာနဲ့ဘန်ဒါဘန်ရှိ နိုက်ရှန်ချာရီနယ်စပ်မှာ သီးခြားဖြတ်သန်းရေးစင်တာ ၅ ခုကို (ယခင်တည်းက) ပြင်ဆင်ထားကြောင်း၊ စင်္ကြံနဲ့ပတ်သက်ထာတော့ ဘာမှ မရှိ ဘူးလို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ဧပြီလအထိ မြန်မာနိုင်ငံဘက်မှ ဒုက္ခသည် ၁၁၈,၀၀၀ ဦး ဘင်္ဂ လားဒေ့ရှ် နိုင်ငံကို ရောက်ရှိလာခဲ့ကြောင်း သိရှိရပါတယ်။ သူတို့ရဲ့ မှတ်ပုံတင်တဲ့ ကိစ္စ ပြီးစီးသွား ကြောင်း၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများမှာ နေထိုင်ရန် နေအိမ်များမှာ ခွဲဝေချထားပေးရန် UNHCR က ဘင်္ဂလားဒေ့ရှ်သို့ စာရေးသား တောင်းဆိုခဲ့ကြောင်း၊ အဲ့ဒီစာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က RRRC ရုံးထံ ပေးပို့ခဲ့ကြောင်း ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ အဲဒီစာကို တုံ့ပြန်ခြင်း မရှိ ကြောင်း၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်း ရောက်ရှိလာသူများကို လူသစ်အဖြစ် သတ်မှတ်ကြောင်း၊ ယခုနှစ်မှာတော့ နေ့စဉ်နီးပါး ဝင်ရောက်နေကြောင်း၊ ကျူးကျော်ဝင်ရောက်မှုကိုတော့ ဘယ်လို နည်းဖြင့်မဆို တားဆီးရမယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်လတာကာလအတွင်း ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ် ဆွေး နွေးဝေဖန်မှုများ ရှိခဲ့ပါတယ်။ ရာမာဇန်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ခိုလှုံရေးစခန်းများမှာ ဒုက္ခသည်များက အစားအသောက်နဲ့ ကျွေးမွေးဧည်ခံပါတယ်။ အဲံဒီနောက် ပထမဆုံး အပြုသဘောဆောင်တဲ့ ဆွေးနွေး မှုများ စတင်ခဲ့ပါတယ်။ “လာမယ့်နှစ် ရာမာဇန်ကို ကိုယ့်ဇာတိနိုင်ငံမှာ ကျင်းပနိုင်မယ်လို့ မျှော်လင့် ကြောင်း ဧည့်ခံပွဲမှာ ကြားဖြတ် အစိုးရရဲ့အကြံပေးအရာရှိချုပ် မိုဟာမက်ယူနွတ်က ပြောပါတယ်။
ထိုင်းနိုင်ငံ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ဒုက္ခသည် ၁၈၀,၀၀၀ ကို ပြန်လည်ခေါ်ဆောင်ရန် ကနဦး မူအားဖြင့် သဘောတူကြောင်း မြန်မာနိုင်ငံက ပြောခဲ့ ပါတယ်။ အဲ့ဒီနောက် ဘင်္ဂလားဒေ့ရှ်နဲ့ စင်္ကြံအကြောင်း ဆွေးနွေးကြတယ်လို့ သတင်းရင်းမြစ်များအရ သိရှိရပါတယ်။
#HtayOung #OungMarine

Zawgyi Version:
ဘဂၤါလီအက်ပ္အတည္းကို အဆုံးသတ္ေစလိုလွ်င္ ကုလသမဂၢက ရခိုင္ျပည္အတြင္း ေဘးကင္းလုံၿခဳံဇုန္ ေဖာ္ထုတ္ ေပးဖို႔ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္မ်ား ေျပာဆို
Htay Oung (NP News) - ေမ ၁ဝ
ရခိုင္ျပည္နယ္ကို လူသားခ်င္းစာနာမႈဆိုင္ရာ စႀကႍတည္ေဆာက္ေပးေရး ေဆြးေႏြးေနမႈေတြနဲ႔ ပတ္သက္လို႔ အဲဒါထက္ ေဘးကင္းလုံၿခဳံဇုန္က ႐ိုဟင္ဂ်ာအက်ပ္အတည္းကို အဆုံးသတ္ႏိုင္လိမ့္မယ္လို႔ ေကာ့ခ္ဘဇားေရာက္ ဒုကၡသည္ဘဂၤါလီေခါင္းေဆာင္ေတြက ေျပာပါတယ္။ ကာလရွည္ၾကာျဖစ္ပြားေနတဲ့အက်ပ္အတည္းကို မေျဖရွင္းဘဲ အကူအညီေပးေရးစႀကႍံဆိုတာႀကီး ႐ုတ္တရက္စီစဥ္တဲ့ကိစၥကို ဘယ္လိုမွ နားမလည္ႏိုင္ဘူးလို႔ ေကာ့ခ္ဘဇား အရပ္ဘက္လူ႔အဖြဲ႕အစည္းမ်ားက ေျပာဆိုေၾကာင္း “အူခီယာ နယူးစ္(ဘဂၤါလီဘာသာ)” က ၂ဝ၂၅ ခုႏွစ္ ေမလ ၈ ရက္က ေရးပါတယ္။
လူသားခ်င္းစာနာမႈ စႀကႍဆိုရာမွာ ဒုကၡသည္ဘဂၤါလီမ်ားရဲ႕ ဆႏၵသေဘာထား ပါဝင္ရန္လိုအပ္ေၾကာင္း၊ အဲဒီမတိုင္မီ ဒုကၡသည္အတြက္ ရခိုင္ျပည္နယ္အတြင္း ေဘးကင္းတဲ့ဇုန္တစ္ခု ဖန္တီးရမယ္လို႔ ဘဂၤါလီေခါင္းေဆာင္ေတြက ေျပာပါတယ္။ ယခင္က ျမန္မာအစိုးရဟာ ႐ိုဟင္ဂ်ာမ်ားအေပၚ ရန္လိုခဲ့သလို အဲ့ဒီေနရာမွာ သူပုန္အဖြဲ႕ျဖစ္တဲ့ အာရကၡတပ္ေတာ္ AA ကလည္း သူတို႔ကို အဲဒီေျမမွ ေမာင္းထုတ္ပစ္ ေနတုန္းျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ရခိုင္ျပည္နယ္မွာ ေဘးကင္းတဲ့ဇုန္တစ္ခု ဖန္တီးေပးဖို႔နဲ႔ စႀကႍလမ္းမွ ေထာက္ပံ့ေပးဖို႔ ကုလသမဂၢကို ေတာင္းဆို ထားတယ္လို႔ ဆိုပါတယ္။
ျမန္မာ့တပ္မေတာ္ကို ဆန႔္က်င္တဲ့တိုက္ပြဲမ်ားအတြင္း ရခိုင္ေဒသအမ်ားစုဟာ AA ရဲ႕ထိန္းခ်ဳပ္မႈေအာက္ ေရာက္ရွိ ေနပါတယ္။ ဒီအတြက္ ျပည္တြင္းစစ္ေၾကာင့္ ရခိုင္ျပည္နယ္မွာ အငတ္ေဘး ႀကဳံမွာ ကို စိုးရိမ္တဲ့ ကုလသမဂၢအေနနဲ႔ ယခု ပထမႏွစ္ဝက္ လူသားခ်င္းစာနာမႈ အကူအညီမ်ား ေပးအပ္ႏိုင္ မယ့္ စႀကႍတစ္ခုစီစဥ္ႏိုင္ရန္ ဘဂၤလားေဒ့ရွ္ကို ေတာင္းဆိုထားပါတယ္။ နယ္ေျမမ်ားကို AA က ထိန္း ခ်ဳပ္ထားတဲ့အတြက္ ရႈပ္ေထြးေနတဲ့ နယ္စပ္အေျခအေနေတြ ၾကားက စစ္ေဘးသင့္ရခိုင္ျပည္နယ္ကို ကယ္ဆယ္ေရးစႀကႍမွတဆင့္ အကူအညီေပးပို႔ႏိုင္ဖို႔အတြက္ ဒုကၡသည္ ဘဂၤါလီမ်ား၊ ေကာ့ဘဇားေဒသ ခံ ျပည္သူေတြအၾကား ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။
ရခိုင္ျပည္နယ္ လူသားခ်င္းစာနာမႈဆိုင္ရာ စႀကႍတည္ေဆာက္ေရးနဲ႔ ပတ္သက္ၿပီး အစိုးရက မူဝါဒ ခ်မွတ္ထားၿပီး ျဖစ္ေၾကာင္း ဧၿပီ ၂၇ ရက္ေန႔ သတင္းေထာက္မ်ားရဲ႕ ေမးျမန္းခ်က္ကို ႏိုင္ငံျခားေရး အႀကံေပးအရာရွိ မိုဟာမက္ တူဟစ္ဟူစိန္က ေျဖၾကားပါတယ္။ အဲ့ဒီလို ေျပာၿပီး ရက္သတၱတစ္ပတ္ မျပည့္မီ ဘဂၤလားေဒ့ရွ္ၾကားျဖတ္အစိုးရရဲ႕ ဆန႔္က်င္ ကြဲလြဲတဲ့ ရပ္တည္ခ်က္ကို အမ်ိဳးသားလုံၿခဳံေရး အႀကံေပး ခါလီလူရ္ ရာမန္ ထုတ္ေဖာ္ေျပာဆိုျပန္ပါတယ္။ လူသားခ်င္းစာနာမႈဆိုင္ရာ စႀကႍ (သို႔) အျခားကိစၥမ်ားနဲ႔ပတ္သက္ၿပီး သူတို႔အစိုးရက သက္ဆိုင္ရာ ပါဝင္ ပတ္သက္သူမ်ားနဲ႔ မေဆြးေႏြးရ ေသးဘူးလို႔ ဆိုလိုက္တဲ့အတြက္ ေဝဖန္မႈမ်ား ျဖစ္ေပၚေစခဲ့ပါတယ္။
ျမန္မာ SAC အစိုးရနဲ႔ AA ႏွစ္ခုလုံးဟာ ဘဂၤါလီေတြရဲ႕အက်ိဳးစီးပြားကို ဆန႔္က်င္ေနသူမ်ား ျဖစ္ တယ္လို႔ ေကာ့ခ္ဘဇားေဒသခံ လူမႈအဖြဲ႕အစည္း ဥကၠဌျဖစ္သူက ေျပာပါတယ္။ သူတို႔ရဲ႕ ႏွိပ္စက္ညႇဥ္း ပန္းမႈေၾကာင့္ သန္းနဲ႔ခ်ီတဲ့ ဘဂၤါလီေတြကို ဘဂၤလားေဒ့ရွ္မွာ ခိုလႈံရန္ တြန္းအားေပးခဲ့ေၾကာင္း၊ ေနရပ္ ျပန္ေရးနဲ႔ ဘဂၤလားေဒ့ရွ္က ပူးေပါင္းေဆာင္႐ြက္မယ္ဆိုရင္ ျမန္မာႏိုင္ငံနဲ႔ရခိုင္ျပည္နယ္ လူသားခ်င္း စာနာမႈ စႀကႍကို ကန႔္ကြက္ရန္ မရွိေၾကာင္း၊ ဒါေပမယ့္ နယ္စပ္မွာ လူေမွာင္ခိုကူးျခင္းဟာ ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးကို ၿခိမ္းေျခာက္ျခင္း ရွိ-မရွိ စဥ္းစားရန္ လိုအပ္ေၾကာင္း၊ စႀကႍ ဖန္တီး ရတဲ့ ေနာက္ကြယ္မွာ တျခားအရာေတြရွိေနရင္ ေကာ့ခ္ဘဇားအရပ္ဘက္ အဖြဲ႕အစည္းေတြက ျငင္း ပယ္လိမ့္မယ္လို႔ မွတ္ခ်က္ေပးပါတယ္။
အျခား ေဒသခံလူမႈအဖြဲ႕အစည္း ဖိုရမ္တစ္ခုရဲ႕ ဥကၠဌကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးမွာ လူသားခ်င္းစာနာမႈ အကူအညီအတြက္ အကန႔္အသတ္ရွိတဲ့ စႀကႍကို ႀကိဳဆိုမွာပါလို႔ ဆိုပါေၾကာင္း၊ ဒါ ေပမယ့္ စႀကႍကိစၥနဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္အစိုးရက အမ်ိဳးမ်ိဳး သတင္းထုတ္ျပန္ေနတဲ့အတြက္ ခ်ီတုံခ်တုံျဖစ္ေစေၾကာင္း၊ AA အက်ိဳးစီးပြားအတြက္သာမက အျခားဘယ္လို ရည္႐ြယ္ခ်က္မ်ိဳးအတြက္မဆို စႀကႍလမ္းဖန္တီးျခင္းကို မေထာက္ခံ ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ပိုင္ စိန႔္မာတင္ကြၽန္း အ ေၾကာင္း အမ်ိဳးမ်ိဳး ၾကားေနရေၾကာင္း၊ (ရခိုင္ ေမာင္ေတာၿမိဳ႕နဲ႔ မ်က္ႏွာခ်င္းဆိုင္ စိန႔္မာတင္ကြၽန္းေပၚမွာ အေမရိကန္က စစ္အေျခစိုက္စခန္း တည္ေဆာက္လိုတယ္လို႔ ရွိတ္ဟာစီနာ ေျပာခဲ့ဖူးသည္ကို ရည္ၫႊန္းပုံရ) ဒီကိစၥနဲ႔ ပတ္သက္ၿပီး အစိုးရဘက္က ရွင္းရွင္းလင္းလင္း ထုတ္ျပန္ ေပးေစလိုေၾကာင္း ေျပာဆိုပါတယ္။
ဒါေပမယ့္ ဘဂၤလားေဒ့ရွ္အစိုးရရဲ႕ “ဒုကၡသည္ ကယ္ဆယ္ေရးနဲ႔ ေနရပ္ျပန္ေရး ေကာ္မရွင္နာ႐ုံး” (RRRC) မွာ စႀကႍနဲ႔ ပတ္သက္တဲ့ ဘာအခ်က္အလက္မွ် မရွိပါဘူး။ ဒီကိစၥအတြက္ နယ္ပယ္အသီး သီးမွာ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေပမယ့္ သူတို႔ကေတာ့ ဘာတစ္ခုမွ မသိေၾကာင္း၊ ဒုကၡသည္မ်ား ေနရပ္ျပန္ေရးအတြက္ တကၠနဖ္၊ အူခီယာနဲ႔ဘန္ဒါဘန္ရွိ ႏိုက္ရွန္ခ်ာရီနယ္စပ္မွာ သီးျခားျဖတ္သန္းေရးစင္တာ ၅ ခုကို (ယခင္တည္းက) ျပင္ဆင္ထားေၾကာင္း၊ စႀကႍနဲ႔ပတ္သက္ထာေတာ့ ဘာမွ မရွိ ဘူးလို႔ ေျပာပါတယ္။
လြန္ခဲ့တဲ့ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလမွ ဧၿပီလအထိ ျမန္မာႏိုင္ငံဘက္မွ ဒုကၡသည္ ၁၁၈,၀၀၀ ဦး ဘဂၤ လားေဒ့ရွ္ ႏိုင္ငံကို ေရာက္ရွိလာခဲ့ေၾကာင္း သိရွိရပါတယ္။ သူတို႔ရဲ႕ မွတ္ပုံတင္တဲ့ ကိစၥ ၿပီးစီးသြား ေၾကာင္း၊ ေကာ့ဘဇားရွိ ဒုကၡသည္စခန္းမ်ားမွာ ေနထိုင္ရန္ ေနအိမ္မ်ားမွာ ခြဲေဝခ်ထားေပးရန္ UNHCR က ဘဂၤလားေဒ့ရွ္သို႔ စာေရးသား ေတာင္းဆိုခဲ့ေၾကာင္း၊ အဲ့ဒီစာကို ၿပီးခဲ့တဲ့ ရက္သတၱပတ္က RRRC ႐ုံးထံ ေပးပို႔ခဲ့ေၾကာင္း ဒါေပမယ့္ ဘဂၤလားေဒ့ရွ္အစိုးရကေတာ့ အဲဒီစာကို တုံ႔ျပန္ျခင္း မရွိ ေၾကာင္း၊ လြန္ခဲ့တဲ့ တစ္ႏွစ္ခြဲအတြင္း ေရာက္ရွိလာသူမ်ားကို လူသစ္အျဖစ္ သတ္မွတ္ေၾကာင္း၊ ယခုႏွစ္မွာေတာ့ ေန႔စဥ္နီးပါး ဝင္ေရာက္ေနေၾကာင္း၊ က်ဴးေက်ာ္ဝင္ေရာက္မႈကိုေတာ့ ဘယ္လို နည္းျဖင့္မဆို တားဆီးရမယ္လို႔ ဆိုပါတယ္။
လြန္ခဲ့တဲ့ ႏွစ္လတာကာလအတြင္း ႐ိုဟင္ဂ်ာအက်ပ္အတည္းနဲ႔ ပတ္သက္ၿပီး စဥ္ဆက္မျပတ္ ေဆြး ေႏြးေဝဖန္မႈမ်ား ရွိခဲ့ပါတယ္။ ရာမာဇန္လအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေရာက္ရွိလာတဲ့ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္ကို ခိုလႈံေရးစခန္းမ်ားမွာ ဒုကၡသည္မ်ားက အစားအေသာက္နဲ႔ ေကြၽးေမြးဧည္ခံပါတယ္။ အဲံဒီေနာက္ ပထမဆုံး အျပဳသေဘာေဆာင္တဲ့ ေဆြးေႏြး မႈမ်ား စတင္ခဲ့ပါတယ္။ “လာမယ့္ႏွစ္ ရာမာဇန္ကို ကိုယ့္ဇာတိႏိုင္ငံမွာ က်င္းပႏိုင္မယ္လို႔ ေမွ်ာ္လင့္ ေၾကာင္း ဧည့္ခံပြဲမွာ ၾကားျဖတ္ အစိုးရရဲ႕အႀကံေပးအရာရွိခ်ဳပ္ မိုဟာမက္ယူႏြတ္က ေျပာပါတယ္။
ထိုင္းႏိုင္ငံ ဆ႒မအႀကိမ္ေျမာက္ BIMSTEC ထိပ္သီးအစည္းအေဝး တက္ေရာက္စဥ္ ဒုကၡသည္ ၁၈၀,၀၀၀ ကို ျပန္လည္ေခၚေဆာင္ရန္ ကနဦး မူအားျဖင့္ သေဘာတူေၾကာင္း ျမန္မာႏိုင္ငံက ေျပာခဲ့ ပါတယ္။ အဲ့ဒီေနာက္ ဘဂၤလားေဒ့ရွ္နဲ႔ စႀကႍအေၾကာင္း ေဆြးေႏြးၾကတယ္လို႔ သတင္းရင္းျမစ္မ်ားအရ သိရွိရပါတယ္။
#HtayOung #OungMarine