ဖြုတ်ချခံ ရှိတ်ဟာစီနာပါတီ၏ လှုပ်ရှားမှုအားလုံးကို ဘင်္ဂလားဒေ့ရှ် ယူနွတ်အစိုးရ ပိတ်ပင်

172

Htay Oung (NP News) - မေ ၁၁
ယမန်နှစ် လူထုအုံကြွမှုအတွင်း ဖြုတ်ချခံခဲ့ရတဲ့ သြဇာကြီး ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဦးဆောင် အဝါ မီလိဂ်ပါတီအစိုးရဟောင်းရဲ့လှုပ်ရှားမှုအားလုံးကို ဘင်္ဂလားဒေ့ရှ်ရှိ ကြားဖြတ်အစိုးရက ပိတ်ပင်လိုက်တယ်လို့ AP သတင်းအေဂျင်စီက ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးအက်ဥပဒေအရ အဝါမီလိဂ်ပါတီရဲ့လှုပ်ရှားမှုများကို အွန်လိုင်းနဲ့ အခြားနေရာများမှာ ပိတ်ပင်ရန် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်ရဲ့ ယာယီအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ ကြောင်း ဥပဒေရေးရာအကြံပေးအရာရှိ အရှစ်နက်ဇ်ရူးလ်က စနေနေ့မှာ ပြောပါတယ်။ လွန်ခဲ့တဲ့နှစ် ဇူလိုင်လနဲ့ သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုအတွင်း ကျောင်းသားများနဲ့ အခြား ဆန္ဒပြသူများ ရာချီသေဆုံးမှုနဲ့ ပတ်သက်ပြီး အထူးခုံရုံးက အဝါမီလိဂ်အစိုးရဟောင်းနဲ့ ပါတီခေါင်းဆောင်များကို တရားစစ် ဆေးမှု မပြီးမချင်း ဆက်လက် ပိတ်ပင်ထားမှာဖြစ်ကြောင်း သိရှိရပါတယ်။
နိုင်ငံတော်လုံခြုံရေးနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို သေချာခိုင်မာစေဖို့ ယခုဆုံးဖြတ်ချက်ဟာ “ဇူလိုင် အရေး အခင်း” တက်ကြွလှုပ်ရှားသူတွေကို အကာအကွယ်ပေးဖို့နဲ့ အထူးခုံရုံးရဲ့ တရားစွဲဆိုမှုတွေမှာ ပါဝင်ပတ် သက်နေသူ တရားလိုတွေနဲ့ သက်သေတွေကို ရည်ရွယ်ခြင်းဖြစ်တယ်လို့ အစိုးရအဖွဲ့ အထူးအစည်းအဝေးအပြီး မှာ ဥပဒေရေးရာအကြံပေးအရာရှိက သတင်းထောက်တွေကို ပြောပြပါတယ်။
ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ်နေတဲ့ ဟာစီနာဆန့်ကျင်ရေး ဆန္ဒပြပွဲအ တွင်း သတ်ဖြတ်မှုစွပ်စွဲချက်များနဲ့ ဆက်နွယ်တဲ့ မည်သည့် နိုင်ငံရေးပါတီများရဲ့ ကြိုးပမ်းမှုမဆိုတို့လည်း အကျုံး ဝင်ကြောင်း တားမြစ်ချက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတိပေးချက်ကို မကြာမီ အသေးစိတ် သတင်းထုတ်ပြန် မယ်လို့ စနေနေ့မှာ ပြောပါတယ်။
ယမန်နှစ် အာဏာမှ ဖယ်ရှားခံရ ပြီးနောက် ဟာစီနာနဲ့ သူ့ရဲ့ အဝါမီလိဂ်ပါတီ အကြီးတန်းအဖွဲ့ဝင် အများ အ ပြားတို့ဟာ အခင်းဖြစ်ရပ် အတော်များများမှာ လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရပါတယ်။ ဟာစီနာ နိုင်ငံ မှ ထွက်ခွာပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ်ရဲ့ တရားဝင်နေအိမ်ကို ဆန္ဒပြသူတွေက စီးနင်းဝင်ရောက်တဲ့အတွက် သြဂုတ်လ ၅ ရက်နေ့ကတည်းက အိန္ဒိယနိုင်ငံမှာ ပြည်ပခိုလှုံနေရပါတယ်။
ဟာစီနာဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့တဲ့ ရက်သတ္တ သုံးပတ်အတွင်း လူပေါင်း ၁၄၀၀ အထိ သေဆုံးခဲ့ ဖွယ်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ဖေဖော်ဝါရီလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကျောင်းသားများက အသစ်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီများ-ထောက်ခံသူများအပါအဝင် ဆန္ဒပြသူထောင်ပေါင်း များစွာတို့က အဝါမီလိဂ်ပါတီကို ပိတ်ပင်ရေး ဒါကာမြို့လမ်းမများပေါ် တောင်းဆိုမှုအပြီး ယူနွတ်အစိုးရရဲ့ ဆုံး ဖြတ်ချက်က စနေနေ့ ညပိုင်းမှာ ကောက်ကာငင်ကာ ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ “ဂျမတ်အီ အစ္စလာမ်မီ” ပါတီ ကျောင်းသားလက်ရုံး အဖွဲ့ဝင်များသည်လည်း အဲ့ဒီ ဆန္ဒပြပွဲမှာ ထင်ရှား တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟာစီနာကိုယ်တိုင် သို့မဟုတ် သူ့ရဲ့ အဝါမီလိဂ်ပါတီထံမှ ချက်ချင်းတုံ့ပြန်မှု မရှိသေး ပေ မယ့် ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ “ဂျတီယာနာဂိုရစ်” အမည်ရှိ အမျိုးသားရေး နိုင်ငံသားပါ တီရဲ့ ခေါင်းဆောင် နာဟစ်အစ္စလမ်ကတော့ ယူနွတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။
ကျောင်းသားများဦးဆောင် လူထုအုံကြွမှုဟာ ဟာစီနာရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့ပါတယ်။ အဝါမီလိဂ်အုပ်ချုပ်မှုကျဆုံးပြီး သုံးရက်အကြာမှာ မိုဟာမက်ယူနွတ်က ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ ပါတယ်။
( မေ ၆ ရက် ၂၀၂၅ မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ရောက်ရှိကြောင်း တမြန်နေ့ မြန်မာဘာသာ တရားဝင်မီဒီယာတစ်ခုရဲ့သတင်းဟာ လုံးဝမှားယွင်းကြောင်း ယခုဖြစ်ရပ်က သက်သေပြနေတဲ့ အတွက် အထူးတလည် ပြောဆိုရန် မရှိပါ။
ဂျမတ်အီ အစ္စလာမ်မီဟာ တစ်ချိန်က တရားဝင်နိုင်ငံရေးပါတီဖြစ်ခဲ့ဖူးပြီး တယူသန် ဘာသာရေး အစွန်းရောက် မှုများကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတဲ့ နိုင်ငံရေးပါတီအဖြစ်မှ့ ရှိတ်ဟာစီနာ လက်ထက်က တည်းက ပယ်ဖျက်ခံထားရတာ ယခုတိုင် ဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုသူများအတွက် ရခိုင်ပြည်နယ်အတွင်း သီးခြားအချုပ်အခြာ နိုင်ငံထူထောင်ရေး အကူအညီပေးရန် ဒါကာရောက် တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များထံ တောင်းဆိုခဲ့ဖူးတဲ့ ဘာသာရေး သဘောထားတင်း မာသူ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ ပါကစ္စတန်မှာလည်း အသင်းခွဲ တည်ရှိပြီး အိန္ဒိယနိုင်ငံမှာ ပိတ်ပင်ခံထားရဲ့ ဂျမတ်အီအစ္စလာမ်မီတို့လို ဘာသာရေး တယူသန်တွေနဲ့ ဂျတီယာနာဂိုရစ်တို့လို နိုင်ငံသား ဗဟိုပြု အမျိုးသားရေးပါတီ ဆိုသူတို့က အတူတကွ ပူးပေါင်းဆန္ဒပြခြင်းဟာ ကျွန်တော့အတွက်တော့ ဝေလလငါးထီးနဲ့ ငါးပြေမ အိမ် ထောင်ကျတဲ့ သတင်းကို ကြားရသလိုပါပဲ)
#HtayOung #OungMarine

Zawgyi Version:
ျဖဳတ္ခ်ခံ ရွိတ္ဟာစီနာပါတီ၏ လႈပ္ရွားမႈအားလုံးကို ဘဂၤလားေဒ့ရွ္ ယူႏြတ္အစိုးရ ပိတ္ပင္
Htay Oung (NP News) - ေမ ၁၁
ယမန္ႏွစ္ လူထုအုံႂကြမႈအတြင္း ျဖဳတ္ခ်ခံခဲ့ရတဲ့ ၾသဇာႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာဦးေဆာင္ အဝါ မီလိဂ္ပါတီအစိုးရေဟာင္းရဲ႕လႈပ္ရွားမႈအားလုံးကို ဘဂၤလားေဒ့ရွ္ရွိ ၾကားျဖတ္အစိုးရက ပိတ္ပင္လိုက္တယ္လို႔ AP သတင္းေအဂ်င္စီက ေရးသားပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးအက္ဥပေဒအရ အဝါမီလိဂ္ပါတီရဲ႕လႈပ္ရွားမႈမ်ားကို အြန္လိုင္းနဲ႔ အျခားေနရာမ်ားမွာ ပိတ္ပင္ရန္ ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုရွင္ မိုဟာမက္ယူႏြတ္ရဲ႕ ယာယီအစိုးရအဖြဲ႕က ဆုံးျဖတ္ခဲ့ ေၾကာင္း ဥပေဒေရးရာအႀကံေပးအရာရွိ အရွစ္နက္ဇ္႐ူးလ္က စေနေန႔မွာ ေျပာပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ဇူလိုင္လနဲ႔ ၾသဂုတ္လမွာ ျဖစ္ပြားခဲ့တဲ့ အစိုးရဆန႔္က်င္ေရး လူထုအုံႂကြမႈအတြင္း ေက်ာင္းသားမ်ားနဲ႔ အျခား ဆႏၵျပသူမ်ား ရာခ်ီေသဆုံးမႈနဲ႔ ပတ္သက္ၿပီး အထူးခုံ႐ုံးက အဝါမီလိဂ္အစိုးရေဟာင္းနဲ႔ ပါတီေခါင္းေဆာင္မ်ားကို တရားစစ္ ေဆးမႈ မၿပီးမခ်င္း ဆက္လက္ ပိတ္ပင္ထားမွာျဖစ္ေၾကာင္း သိရွိရပါတယ္။
ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို ေသခ်ာခိုင္မာေစဖို႔ ယခုဆုံးျဖတ္ခ်က္ဟာ “ဇူလိုင္ အေရး အခင္း” တက္ႂကြလႈပ္ရွားသူေတြကို အကာအကြယ္ေပးဖို႔နဲ႔ အထူးခုံ႐ုံးရဲ႕ တရားစြဲဆိုမႈေတြမွာ ပါဝင္ပတ္ သက္ေနသူ တရားလိုေတြနဲ႔ သက္ေသေတြကို ရည္႐ြယ္ျခင္းျဖစ္တယ္လို႔ အစိုးရအဖြဲ႕ အထူးအစည္းအေဝးအၿပီး မွာ ဥပေဒေရးရာအႀကံေပးအရာရွိက သတင္းေထာက္ေတြကို ေျပာျပပါတယ္။
ျပည္တြင္းမွာ ဖြဲ႕စည္းထားတဲ့ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးက ကိုင္တြယ္ေနတဲ့ ဟာစီနာဆန႔္က်င္ေရး ဆႏၵျပပြဲအ တြင္း သတ္ျဖတ္မႈစြပ္စြဲခ်က္မ်ားနဲ႔ ဆက္ႏြယ္တဲ့ မည္သည့္ ႏိုင္ငံေရးပါတီမ်ားရဲ႕ ႀကိဳးပမ္းမႈမဆိုတို႔လည္း အက်ဳံး ဝင္ေၾကာင္း တားျမစ္ခ်က္နဲ႔ ပတ္သက္ၿပီး အစိုးရရဲ႕ သတိေပးခ်က္ကို မၾကာမီ အေသးစိတ္ သတင္းထုတ္ျပန္ မယ္လို႔ စေနေန႔မွာ ေျပာပါတယ္။
ယမန္ႏွစ္ အာဏာမွ ဖယ္ရွားခံရ ၿပီးေနာက္ ဟာစီနာနဲ႔ သူ႔ရဲ႕ အဝါမီလိဂ္ပါတီ အႀကီးတန္းအဖြဲ႕ဝင္ အမ်ား အ ျပားတို႔ဟာ အခင္းျဖစ္ရပ္ အေတာ္မ်ားမ်ားမွာ လူသတ္မႈက်ဴးလြန္ေၾကာင္း စြပ္စြဲခံထားရပါတယ္။ ဟာစီနာ ႏိုင္ငံ မွ ထြက္ခြာၿပီး မၾကာခင္မွာပဲ ဝန္ႀကီးခ်ဳပ္ရဲ႕ တရားဝင္ေနအိမ္ကို ဆႏၵျပသူေတြက စီးနင္းဝင္ေရာက္တဲ့အတြက္ ၾသဂုတ္လ ၅ ရက္ေန႔ကတည္းက အိႏၵိယႏိုင္ငံမွာ ျပည္ပခိုလႈံေနရပါတယ္။
ဟာစီနာဆန႔္က်င္ေရး ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့တဲ့ ရက္သတၱ သုံးပတ္အတြင္း လူေပါင္း ၁၄၀၀ အထိ ေသဆုံးခဲ့ ဖြယ္ရွိေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး႐ုံးရဲ႕ ေဖေဖာ္ဝါရီလ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
ေက်ာင္းသားမ်ားက အသစ္ဖြဲ႕စည္းခဲ့တဲ့ ႏိုင္ငံေရးပါတီမ်ား-ေထာက္ခံသူမ်ားအပါအဝင္ ဆႏၵျပသူေထာင္ေပါင္း မ်ားစြာတို႔က အဝါမီလိဂ္ပါတီကို ပိတ္ပင္ေရး ဒါကာၿမိဳ႕လမ္းမမ်ားေပၚ ေတာင္းဆိုမႈအၿပီး ယူႏြတ္အစိုးရရဲ႕ ဆုံး ျဖတ္ခ်က္က စေနေန႔ ညပိုင္းမွာ ေကာက္ကာငင္ကာ ေပၚထြက္လာျခင္း ျဖစ္ပါတယ္။ “ဂ်မတ္အီ အစၥလာမ္မီ” ပါတီ ေက်ာင္းသားလက္႐ုံး အဖြဲ႕ဝင္မ်ားသည္လည္း အဲ့ဒီ ဆႏၵျပပြဲမွာ ထင္ရွား တက္ႂကြစြာ ပါဝင္ခဲ့ၾကပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဟာစီနာကိုယ္တိုင္ သို႔မဟုတ္ သူ႔ရဲ႕ အဝါမီလိဂ္ပါတီထံမွ ခ်က္ခ်င္းတုံ႔ျပန္မႈ မရွိေသး ေပ မယ့္ ေက်ာင္းသားေခါင္းေဆာင္တစ္ဦးလည္းျဖစ္သူ “ဂ်တီယာနာဂိုရစ္” အမည္ရွိ အမ်ိဳးသားေရး ႏိုင္ငံသားပါ တီရဲ႕ ေခါင္းေဆာင္ နာဟစ္အစၥလမ္ကေတာ့ ယူႏြတ္အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကို ေထာက္ခံပါတယ္။
ေက်ာင္းသားမ်ားဦးေဆာင္ လူထုအုံႂကြမႈဟာ ဟာစီနာရဲ႕ ၁၅ ႏွစ္ၾကာ အုပ္ခ်ဳပ္မႈကို အဆုံးသတ္ေစခဲ့ပါတယ္။ အဝါမီလိဂ္အုပ္ခ်ဳပ္မႈက်ဆုံးၿပီး သုံးရက္အၾကာမွာ မိုဟာမက္ယူႏြတ္က ယာယီေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ ပါတယ္။
( ေမ ၆ ရက္ ၂၀၂၅ မွာ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာက ဘဂၤလားေဒ့ရွ္ကို ျပန္လည္ေရာက္ရွိေၾကာင္း တျမန္ေန႔ ျမန္မာဘာသာ တရားဝင္မီဒီယာတစ္ခုရဲ႕သတင္းဟာ လုံးဝမွားယြင္းေၾကာင္း ယခုျဖစ္ရပ္က သက္ေသျပေနတဲ့ အတြက္ အထူးတလည္ ေျပာဆိုရန္ မရွိပါ။
ဂ်မတ္အီ အစၥလာမ္မီဟာ တစ္ခ်ိန္က တရားဝင္ႏိုင္ငံေရးပါတီျဖစ္ခဲ့ဖူးၿပီး တယူသန္ ဘာသာေရး အစြန္းေရာက္ မႈမ်ားေၾကာင့္ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရွိတဲ့ ႏိုင္ငံေရးပါတီအျဖစ္မွ႔ ရွိတ္ဟာစီနာ လက္ထက္က တည္းက ပယ္ဖ်က္ခံထားရတာ ယခုတိုင္ ျဖစ္ပါတယ္။
႐ိုဟင္ဂ်ာဆိုသူမ်ားအတြက္ ရခိုင္ျပည္နယ္အတြင္း သီးျခားအခ်ဳပ္အျခာ ႏိုင္ငံထူေထာင္ေရး အကူအညီေပးရန္ ဒါကာေရာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ကိုယ္စားလွယ္မ်ားထံ ေတာင္းဆိုခဲ့ဖူးတဲ့ ဘာသာေရး သေဘာထားတင္း မာသူ ႏိုင္ငံေရးပါတီ ျဖစ္ပါတယ္။ ပါကစၥတန္မွာလည္း အသင္းခြဲ တည္ရွိၿပီး အိႏၵိယႏိုင္ငံမွာ ပိတ္ပင္ခံထားရဲ႕ ဂ်မတ္အီအစၥလာမ္မီတို႔လို ဘာသာေရး တယူသန္ေတြနဲ႔ ဂ်တီယာနာဂိုရစ္တို႔လို ႏိုင္ငံသား ဗဟိုျပဳ အမ်ိဳးသားေရးပါတီ ဆိုသူတို႔က အတူတကြ ပူးေပါင္းဆႏၵျပျခင္းဟာ ကြၽန္ေတာ့အတြက္ေတာ့ ေဝလလငါးထီးနဲ႔ ငါးေျပမ အိမ္ ေထာင္က်တဲ့ သတင္းကို ၾကားရသလိုပါပဲ)
#HtayOung #OungMarine