ရန်ကုန်အဝေးသင်ဌာနမှ ကထိကတစ်ဦး မှာ PDF အဖမ်းခံရခြင်းမဟုတ်ဘဲ AA ထံသွားရောက်ပူးပေါင်း ခြင်းဖြစ်ဟု နစက ထုတ်ပြန်

460

သက်ပိုင်(NP News) - မေ ၁၂
ငလျင်ဘေးသင့်ကျောင်းသားကို အနီးကပ်ပို့ချရန်သွားရောက်သည့် ရန်ကုန်အဝေးသင်ဌာနမှ ကထိကတစ်ဦးမှာ PDF အဖမ်းခံရခြင်းမဟုတ်ဘဲ AA အဖွဲ့ထံသွားရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း နိုင်ငံတော် မေလ ၁၁ ရက်က ထုတ်ပြန်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်သည် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ ငလျင်ဘေးသင့်ကျောင်းသားကို အနီးကပ် ပို့ချရန် မိတ္ထီလာတက္ကသိုလ်သို့ရောက်ရှိလာခဲ့ပြီး မေလ ၂ ရက်မှစတင်၍ အထက(၂)၊ ပျော်ဘွယ်၌ သင်ကြားပို့ချမှုများဆောင်ရွက်ခဲ့ပြီး ငါးရက်အကြာ (မေလ ၇ ရက်)တွင် AA အဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒေါ်ဝင်းဝင်းအောင်သည် မေလ ၇ ရက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မိတ္ထီလာတက္ကသိုလ်မှ ပျော်ဘွယ်မြို့သို့ သွားရောက်ရမည်ဖြစ်ပြီး မထွက်ခွာမီ ၎င်း၏မိတ်ဆွေများနှင့်တွေ့ဆုံရန်ဟူသော အကြောင်းပြချက်ဖြင့် အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်မူမူအေးထံ ဖုန်းဖြင့်ခွင့်တိုင်ကြားခဲ့သော်လည်းပုံမှန်သင်တန်းဆင်းချိန်အထိ တာဝန်ကျနေရာသို့ ရောက်ရှိလာခြင်းမရှိဘဲ အကြောင်းမဲ့ ပျက်ကွက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
ထို့နောက် တာဝန်ရှိသူများမှ ဒေါ်ဝင်းဝင်းအောင်ထံ ဆက်သွယ်သော်လည်း တစ်စုံတစ်ရာ ဆက်သွယ်မှုမရရှိခဲ့ဘဲ ၈ နာရီ ၃ဝ မိနစ်ခန့်တွင် ဒေါ်ဝင်းဝင်းအောင်၏ သားဖြစ်သူ မောင်ရဲလင်းမြတ်ဟိန်း၏ gmail သို့ အကြမ်းဖက် : [email protected] "Your Mon Condition is ok. After Little Checking, and will free" ဟုပေးပို့လာခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် တာဝန်ရှိသူများက ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ လိုအပ်သောစုံစမ်းစိစစ်မှုများ ဆောင်ရွက်ခဲ့ရာ မိတ္ထီလာတက္ကသိုလ်ရှိ စီစီတီဗွီမှတ်တမ်းများအရ ဒေါ်ဝင်းဝင်းအောင်သည် ၅နာရီ ၄၇ မိနစ်ခန့်တွင် ၎င်းနေထိုင်သည့် မိတ္ထီလာတက္ကသိုလ်၊ ကံ့ကော်ဆောင်မှ ၎င်းပိုင်အသုံးဆောင်ပစ္စည်းများ ပါရှိသည့် အိတ်အသေး ၁ လုံးနှင့်အတူ တက္ကသိုလ်၊ အမှတ်(၁)ဂိတ်မှထွက်ခွာသွားခဲ့ပြီးနောက် မိတ္ထီလာတက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်း နံနက်စာစားသုံးခဲ့ပြီး ၇ နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်ရှိလာသော ယာဉ်အမှတ်(စိစစ်ဆဲ) Toyota Passo (ခဲရောင်) မော်တော်ယာဉ်ပေါ်သို့ ၎င်း၏သဘောဆန္ဒဖြင့် လိုက်ပါသွားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဒေါ်ဝင်းဝင်းအောင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ မွေးဖွားခဲ့သည့် ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး သူငယ်တန်းမှ ဘွဲ့ရရှိသည်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်များ၌ နည်းပြဆရာမအဖြစ် တာဝန်မထမ်းဆောင်မီကာလများတွင်လည်း စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းအချို့တွင် မူလတန်းပြ၊ အလယ်တန်းပြရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။
ထို့အပြင် ဒေါ်ဝင်းဝင်းအောင်သည် ၎င်းပျောက်ဆုံးဖြစ်စဉ် ကာလမတိုင်မီ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ နှင့် ကြိုတင်ကြံစည်ဆက်သွယ်မှုများရယူခဲ့ပြီး မေလ ၇ ရက်တွင် ဆားလင်းကြီး PDF အကြမ်းဖက်အဖွဲ့မှ ဇေယျာမင်းဌေး၏ ချိတ်ဆက်ကူညီမှုဖြင့် မိတ္ထီလာမြို့မှ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာသို့သွားရောက်ခဲ့ပြီး ၎င်းမှတစ်ဆင့် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဇော်အေးထွန်းထံသို့ ဆက်လက်သွားရောက်၍ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အခြေပြုရာ နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းကူညီနိုင်ရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရန် အင်တိုက်အားတိုက်ကြိုပမ်းပြင်ဆင်နေကြသည့် မိဘဆရာများ၊ ကျောင်းသား/ကျောင်းသူများ၏ ပညာ သင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေရန်အတွက် လည်းကောင်း၊ သင်ကြားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဆရာ/ဆရာမများအား အကြောက်တရားဖြင့် ခြိမ်းခြောက်လွှမ်းမိုး နိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်၍ ဒေါ်ဝင်းဝင်းအောင်နှင့်ချိတ်ဆက်ကာ သတင်းအမှားများ ထုတ်လွှင့်ဝါဒဖြန့်ချိမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အကြမ်းဖက်အဖွဲ့အစည်းများသည် တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားလိုသည့် ကျောင်းသား/ကျောင်းသူများအား အနှောင့်အယှက်ဖြစ်ပေါ်စေရန် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ/ဆရာမများ ကိုလည်း ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေး နည်းလမ်းမျိုးစုံဖြင့် ရုံးသိမ်းသွင်းလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ စည်းရုံးသိမ်းသွင်းမှု မခံရစေရေး အထူးသတိပြုကြရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များရရှိပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာ သတင်းပေးပို့စေလိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။
ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရန် အင်တိုက် အားတိုက်ကြိုပမ်းပြင်ဆင်နေကြသည့် မိဘဆရာများ၊ ကျောင်းသား/ကျောင်းသူများ၏ ပညာ သင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေရန်အတွက် လည်းကောင်း၊ သင်ကြားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဆရာ/ဆရာမများအား အကြောက်တရားဖြင့် ခြိမ်းခြောက်လွှမ်းမိုး နိုင်ရေးအတွက်လည်းကောင်း ရည်ရွယ်၍ ဒေါ်ဝင်းဝင်းအောင်နှင့်ချိတ်ဆက်ကာ သတင်းအမှားများ ထုတ်လွှင့်ဝါဒဖြန့်ချိမှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အကြမ်းဖက်အဖွဲ့အစည်းများသည် တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားလိုသည့် ကျောင်းသား/ကျောင်းသူများအား အနှောင့်အယှက်ဖြစ်ပေါ်စေရန် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ/ဆရာမများ ကိုလည်း ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေး နည်းလမ်းမျိုးစုံဖြင့် ရုံးသိမ်းသွင်းလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်း များ၏ စည်းရုံးသိမ်းသွင်းမှု မခံရစေရေး အထူးသတိပြုကြရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များရရှိပါက သက်ဆိုင်ရာသို့လျှို့ဝှက်စွာ သတင်းပေးပို့စေလိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
ရန္ကုန္အေဝးသင္ဌာနမွ ကထိကတစ္ဦး မွာ PDF အဖမ္းခံရျခင္းမဟုတ္ဘဲ AA ထံသြားေရာက္ပူးေပါင္း ျခင္းျဖစ္ဟု နစက ထုတ္ျပန္
သက္ပိုင္(NP News) - ေမ ၁၂
ငလ်င္ေဘးသင့္ေက်ာင္းသားကို အနီးကပ္ပို႔ခ်ရန္သြားေရာက္သည့္ ရန္ကုန္အေဝးသင္ဌာနမွ ကထိကတစ္ဦးမွာ PDF အဖမ္းခံရျခင္းမဟုတ္ဘဲ AA အဖြဲ႕ထံသြားေရာက္ပူးေပါင္းျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္ ေမလ ၁၁ ရက္က ထုတ္ျပန္ေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ပညာေရးဝန္ႀကီးဌာန၊ ရန္ကုန္အေဝးသင္တကၠသိုလ္၊ သတၱေဗဒဌာနမွ ကထိက ေဒၚဝင္းဝင္းေအာင္သည္ ရန္ကုန္အေဝးသင္တကၠသိုလ္မွ အျခားနည္းျပမ်ားႏွင့္အတူ ငလ်င္ေဘးသင့္ေက်ာင္းသားကို အနီးကပ္ ပို႔ခ်ရန္ မိတၳီလာတကၠသိုလ္သို႔ေရာက္ရွိလာခဲ့ၿပီး ေမလ ၂ ရက္မွစတင္၍ အထက(၂)၊ ေပ်ာ္ဘြယ္၌ သင္ၾကားပို႔ခ်မႈမ်ားေဆာင္႐ြက္ခဲ့ၿပီး ငါးရက္အၾကာ (ေမလ ၇ ရက္)တြင္ AA အဖြဲ႕ထံ သြားေရာက္ပူးေပါင္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ေဒၚဝင္းဝင္းေအာင္သည္ ေမလ ၇ ရက္ ၅ နာရီ ၄၅ မိနစ္ခန႔္တြင္ မိတၳီလာတကၠသိုလ္မွ ေပ်ာ္ဘြယ္ၿမိဳ႕သို႔ သြားေရာက္ရမည္ျဖစ္ၿပီး မထြက္ခြာမီ ၎၏မိတ္ေဆြမ်ားႏွင့္ေတြ႕ဆုံရန္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ အဖြဲ႕ ေခါင္းေဆာင္ျဖစ္သူ ေဒၚမူမူေအးထံ ဖုန္းျဖင့္ခြင့္တိုင္ၾကားခဲ့ေသာ္လည္းပုံမွန္သင္တန္းဆင္းခ်ိန္အထိ တာဝန္က်ေနရာသို႔ ေရာက္ရွိလာျခင္းမရွိဘဲ အေၾကာင္းမဲ့ ပ်က္ကြက္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ထားသည္။
ထို႔ေနာက္ တာဝန္ရွိသူမ်ားမွ ေဒၚဝင္းဝင္းေအာင္ထံ ဆက္သြယ္ေသာ္လည္း တစ္စုံတစ္ရာ ဆက္သြယ္မႈမရရွိခဲ့ဘဲ ၈ နာရီ ၃ဝ မိနစ္ခန႔္တြင္ ေဒၚဝင္းဝင္းေအာင္၏ သားျဖစ္သူ ေမာင္ရဲလင္းျမတ္ဟိန္း၏ gmail သို႔ အၾကမ္းဖက္ : [email protected] "Your Mon Condition is ok. After Little Checking, and will free" ဟုေပးပို႔လာခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ တာဝန္ရွိသူမ်ားက ေဒၚဝင္းဝင္းေအာင္ ေပ်ာက္ဆုံးမႈႏွင့္ပတ္သက္၍ လိုအပ္ေသာစုံစမ္းစိစစ္မႈမ်ား ေဆာင္႐ြက္ခဲ့ရာ မိတၳီလာတကၠသိုလ္ရွိ စီစီတီဗြီမွတ္တမ္းမ်ားအရ ေဒၚဝင္းဝင္းေအာင္သည္ ၅နာရီ ၄၇ မိနစ္ခန႔္တြင္ ၎ေနထိုင္သည့္ မိတၳီလာတကၠသိုလ္၊ ကံ့ေကာ္ေဆာင္မွ ၎ပိုင္အသုံးေဆာင္ပစၥည္းမ်ား ပါရွိသည့္ အိတ္အေသး ၁ လုံးႏွင့္အတူ တကၠသိုလ္၊ အမွတ္(၁)ဂိတ္မွထြက္ခြာသြားခဲ့ၿပီးေနာက္ မိတၳီလာတကၠသိုလ္အနီးရွိ အ႐ုဏ္ဦးလက္ဖက္ရည္ဆိုင္၌ တစ္ဦးတည္း နံနက္စာစားသုံးခဲ့ၿပီး ၇ နာရီခန႔္တြင္ လက္ဖက္ရည္ဆိုင္ေရွ႕သို႔ေရာက္ရွိလာေသာ ယာဥ္အမွတ္(စိစစ္ဆဲ) Toyota Passo (ခဲေရာင္) ေမာ္ေတာ္ယာဥ္ေပၚသို႔ ၎၏သေဘာဆႏၵျဖင့္ လိုက္ပါသြားခဲ့သည္ကို ေတြ႕ရွိခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ေဒၚဝင္းဝင္းေအာင္သည္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၌ ေမြးဖြားခဲ့သည့္ ရခိုင္လူမ်ိဳးတစ္ဦးျဖစ္ၿပီး သူငယ္တန္းမွ ဘြဲ႕ရရွိသည္အထိ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ ပညာသင္ၾကားခဲ့ၿပီး တကၠသိုလ္မ်ား၌ နည္းျပဆရာမအျဖစ္ တာဝန္မထမ္းေဆာင္မီကာလမ်ားတြင္လည္း စစ္ေတြၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း၊ အေျခခံပညာမူလတန္းေက်ာင္းအခ်ိဳ႕တြင္ မူလတန္းျပ၊ အလယ္တန္းျပရာထူးမ်ားျဖင့္ တာဝန္ထမ္းေဆာင္ခဲ့ဖူးေၾကာင္း သိရသည္။
ထို႔အျပင္ ေဒၚဝင္းဝင္းေအာင္သည္ ၎ေပ်ာက္ဆုံးျဖစ္စဥ္ ကာလမတိုင္မီ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ ႏွင့္ ႀကိဳတင္ႀကံစည္ဆက္သြယ္မႈမ်ားရယူခဲ့ၿပီး ေမလ ၇ ရက္တြင္ ဆားလင္းႀကီး PDF အၾကမ္းဖက္အဖြဲ႕မွ ေဇယ်ာမင္းေဌး၏ ခ်ိတ္ဆက္ကူညီမႈျဖင့္ မိတၳီလာၿမိဳ႕မွ ဆားလင္းႀကီးၿမိဳ႕နယ္၊ က်ားတက္ေက်း႐ြာသို႔သြားေရာက္ခဲ့ၿပီး ၎မွတစ္ဆင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မွ ေဇာ္ေအးထြန္းထံသို႔ ဆက္လက္သြားေရာက္၍ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ အေျချပဳရာ နယ္ေျမအတြင္းရွိ ပညာေရးဆိုင္ရာလုပ္ငန္းမ်ား၌ ပူးေပါင္းကူညီႏိုင္ေရးအတြက္ႀကိဳတင္ရည္႐ြယ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ခ်က္တြင္ ေဖာ္ျပထားသည္။
အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအေနျဖင့္ ငလ်င္ေဘးဒဏ္ေၾကာင့္ တကၠသိုလ္ဝင္တန္း ျပန္လည္ေျဖဆိုရန္ အင္တိုက္အားတိုက္ႀကိဳပမ္းျပင္ဆင္ေနၾကသည့္ မိဘဆရာမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၏ ပညာ သင္ၾကားေရးကို အေႏွာင့္အယွက္ျဖစ္ေစရန္အတြက္ လည္းေကာင္း၊ သင္ၾကားေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္လ်က္ရွိသည့္ ဆရာ/ဆရာမမ်ားအား အေၾကာက္တရားျဖင့္ ၿခိမ္းေျခာက္လႊမ္းမိုး ႏိုင္ေရးအတြက္လည္းေကာင္း ရည္႐ြယ္၍ ေဒၚဝင္းဝင္းေအာင္ႏွင့္ခ်ိတ္ဆက္ကာ သတင္းအမွားမ်ား ထုတ္လႊင့္ဝါဒျဖန႔္ခ်ိမႈမ်ားကိုလည္း ျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
အၾကမ္းဖက္အဖြဲ႕အစည္းမ်ားသည္ တည္ၿငိမ္ေအးခ်မ္းစြာ ပညာသင္ၾကားလိုသည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအား အေႏွာင့္အယွက္ျဖစ္ေပၚေစရန္ အဖ်က္အေမွာင့္လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ ႏိုင္ငံ့ဝန္ထမ္းဥပေဒမ်ားႏွင့္အညီ တာဝန္ထမ္းေဆာင္လ်က္ရွိၾကသည့္ ဆရာ/ဆရာမမ်ား ကိုလည္း ၎တို႔၏ အၾကမ္းဖက္လုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္လာေစေရး နည္းလမ္းမ်ိဳးစုံျဖင့္ ႐ုံးသိမ္းသြင္းလ်က္ရွိၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ား၏ စည္း႐ုံးသိမ္းသြင္းမႈ မခံရေစေရး အထူးသတိျပဳၾကရန္ႏွင့္ မိဘျပည္သူမ်ားအေနျဖင့္လည္း အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္ေနသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ပတ္သက္ေသာ သတင္းအခ်က္အလက္မ်ားရရွိပါက သက္ဆိုင္ရာသို႔လွ်ိဳ႕ဝွက္စြာ သတင္းေပးပို႔ေစလိုေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သတင္းထုတ္ျပန္ထားသည္။
ႀကိဳတင္ရည္႐ြယ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ခ်က္တြင္ ေဖာ္ျပထားသည္။
အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအေနျဖင့္ ငလ်င္ေဘးဒဏ္ေၾကာင့္ တကၠသိုလ္ဝင္တန္း ျပန္လည္ေျဖဆိုရန္ အင္တိုက္ အားတိုက္ႀကိဳပမ္းျပင္ဆင္ေနၾကသည့္ မိဘဆရာမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၏ ပညာ သင္ၾကားေရးကို အေႏွာင့္အယွက္ျဖစ္ေစရန္အတြက္ လည္းေကာင္း၊ သင္ၾကားေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္လ်က္ရွိသည့္ ဆရာ/ဆရာမမ်ားအား အေၾကာက္တရားျဖင့္ ၿခိမ္းေျခာက္လႊမ္းမိုး ႏိုင္ေရးအတြက္လည္းေကာင္း ရည္႐ြယ္၍ ေဒၚဝင္းဝင္းေအာင္ႏွင့္ခ်ိတ္ဆက္ကာ သတင္းအမွားမ်ား ထုတ္လႊင့္ဝါဒျဖန႔္ခ်ိမႈမ်ားကိုလည္း ျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
အၾကမ္းဖက္အဖြဲ႕အစည္းမ်ားသည္ တည္ၿငိမ္ေအးခ်မ္းစြာ ပညာသင္ၾကားလိုသည့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအား အေႏွာင့္အယွက္ျဖစ္ေပၚေစရန္ အဖ်က္အေမွာင့္လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသကဲ့သို႔ ႏိုင္ငံ့ဝန္ထမ္းဥပေဒမ်ားႏွင့္အညီ တာဝန္ထမ္းေဆာင္လ်က္ရွိၾကသည့္ ဆရာ/ဆရာမမ်ား ကိုလည္း ၎တို႔၏ အၾကမ္းဖက္လုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္လာေစေရး နည္းလမ္းမ်ိဳးစုံျဖင့္ ႐ုံးသိမ္းသြင္းလ်က္ရွိၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္း မ်ား၏ စည္း႐ုံးသိမ္းသြင္းမႈ မခံရေစေရး အထူးသတိျပဳၾကရန္ႏွင့္ မိဘျပည္သူမ်ားအေနျဖင့္လည္း အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္ေနသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ပတ္သက္ေသာ သတင္းအခ်က္အလက္မ်ားရရွိပါက သက္ဆိုင္ရာသို႔လွ်ိဳ႕ဝွက္စြာ သတင္းေပးပို႔ေစလိုေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သတင္းထုတ္ျပန္ထားသည္။