ပြည်ပသို့ မြန်မာလုပ်သား တရားမဝင်စေလွှတ်သည့် နယ်စပ်လမ်းကြောင်းများကို ထိန်းချုပ်သင့်ဟုဆို

469

Pearl (NP News)မေ-၁၃
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ မြန်မာလုပ်သား စေလွှတ်သည့် တရားဝင်လမ်းကြောင်းများကို ထိန်းချုပ်နေမည့်အစား နယ်စပ်လမ်းကြောင်းများကို ထိန်း ချုပ်သင့်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်ကြီးတစ်ဦးက NP News မှ တစ်ဆင့် အကြံ ပြုပြောကြားထားသည်။
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတစ်ဆင့် အလုပ်ကမ်းလှမ်းစာများကို စိစစ်အတည်ပြုပေးပို့ ထားသော်လည်း အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒများကြောင့် ဂျပန်သို့ အလုပ်သမားစေလွှတ်မှုများ ကြန့်ကြာမှုများဖြစ်ပေါ်နေပြီး ဂျပန်ပြည်ဝင်ခွင့်ရရှိထားသည့် လုပ်သားအချို့အနေဖြင့်လည်း သက်တမ်း ကုန်ဆုံးခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့သို့ အလုပ်အကိုင်ဖြင့်စေလွှတ်ပေးမည်ဟုဆိုကာ အခကြေးငွေ များယူထားသော်လည်း စေလွှတ်နိုင်ခြင်းမရှိသည့်အတွက် အလုပ်သမားဝန်ကြီးဌာနသို့ (၂၀၂၅) ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တိုင်စာသည် ယခင်နှစ်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။ “အခု ဆို ရင် တိုင်စာတွေများလာတယ်။ အတိုင်အတောတွေ အများကြီးထူလာတယ်။ ပိုက်ဆံတွေယူထားတယ် နိုင်ငံခြားမပို့ဘူးဆိုတဲ့ အလုပ်သမားတွေကနေတိုင်တဲ့ တိုင်စာတွေက မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှာဆိုရင် နေ့တိုင်းလိုလို တိုင်စာတွေက များနေတယ်။ ဒီနှစ်မှာ တော့ မနှစ်ကထက်အဆပေါင်းများ စွာများတယ်။ အတိအကျတော့ မတွက်ရသေးဘူး။ ဂျပန်ဆိုရင်လည်း ဂျပန်မှာရှိတဲ့ မြန်မာသံရုံး အလုပ်ခေါ်စာတွေ ပို့ပြီးပြီ။ ဒီဘက်မှာ ဆက်လက်ဆောင်ရွက်ခွင့်မပြုဘူး။ ရပ် ထားတယ်။ ဂျပန်ဘက်မှာ ပြည်ဝင်ခွင့်တွေက (၃)လ ရတယ်။ သက်တမ်းသေတယ်။ အခုတော့ (၆)လ တိုးပေးတယ်။ သက်တမ်းသေတယ်။ ဟိုဘက်က လုပ်ငန်းရှင်တွေက မခေါ်တော့ဘူး။ အဲဒါတွေကြောင့် အခုနှစ်တိုင်စာက (၅)လတည်းကို မနှစ်က တစ်နှစ်လုံးစာထက် များတယ်” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်ကြီးတစ်ဦးက NP News သို့ ပြောသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပ သို့ မြန်မာလုပ်သားစေလွှတ်ရာတွင် တရားဝင်လမ်း ကြောင်းများကိုထိန်းချုပ်မည့်အစား နယ်စပ်လမ်းကြောင်းများကို ထိန်းချုပ်သင့်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။ “SOP လုပ်ငန်းစဉ်ဆိုပြီး သတင်းစာမှာ တစ်မျက်နှာလောက် အပြည့်ကြီးထည့် ပြီး တော့ အောက်မှာကြုံတွေ့နေရတဲ့လူက ဘာမှအထောက်အပံ့မရဘူး။ သူတို့ ချမှတ်ထားတဲ့ SOP နဲ့ တကယ့်တကယ်အောက်မှာ ဖြစ်နေတာတွေနဲ့ကလွဲနေတယ်။ တိုင်းပြည်မှာ လုပ်သားရှားပါးလို့ ပြည် တွင်းမှာပဲ လုပ်ကိုင်စေချင်တယ်ဆိုရင် ဒီမူဝါဒ တွေမှာ အသေးစိတ်ပါရမယ်။ တရားဝင်လမ်းကြောင်း တွေကို ထိန်းချုပ်စရာမလိုဘူး။ နယ်စပ်လမ်းကြောင်းတွေကို ထိန်းချုပ်လိုက်။ အဲဒါအကောင်းဆုံးပဲ။ တာ ချီလိတ်ကနေ တခြားနိုင်ငံတွေကိုသွားတယ်ဆိုတာကလေ ပွင့်ပွင့်လင်းလင်းပြောရရင် အရင်ကတည်းက ရန်ကုန်လေဆိပ်ကနေ တင်းကြပ်လိုက် တယ်။ တင်းကြပ်လိုက်တော့ တာချီလိတ်ကနေတစ်ဆင့် သွား ကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခင်ကာလကတည်းက အလုပ်သမား ဝန်ကြီးဌာန၏ ထိန်းချုပ်မှုများကြောင့် မြန်မာလုပ်သား များအနေဖြင့် တာချီလိတ်အပါအဝင် အခြားနယ်စပ်ဂိတ်များမှတစ်ဆင့် တရားမဝင်သွားရောက်မှုများရှိ နေပြီး ယခုနောက်ပိုင်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျပည္ပသို႔ ျမန္မာလုပ္သား တရားမဝင္ေစလႊတ္သည့္ နယ္စပ္လမ္းေၾကာင္းမ်ားကို ထိန္းခ်ဳပ္သင့္ဟုဆို
Pearl (NP News)ေမ-၁၃
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ဂ်ပန္ႏိုင္ငံအပါအဝင္ အျခားႏိုင္ငံမ်ားသို႔ ျမန္မာလုပ္သား ေစလႊတ္သည့္ တရားဝင္လမ္းေၾကာင္းမ်ားကို ထိန္းခ်ဳပ္ေနမည့္အစား နယ္စပ္လမ္းေၾကာင္းမ်ားကို ထိန္း ခ်ဳပ္သင့္ေၾကာင္း ျပည္ပအလုပ္အကိုင္ေအဂ်င္စီ လုပ္ငန္းရွင္ႀကီးတစ္ဦးက NP News မွ တစ္ဆင့္ အႀကံ ျပဳေျပာၾကားထားသည္။
ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွတစ္ဆင့္ အလုပ္ကမ္းလွမ္းစာမ်ားကို စိစစ္အတည္ျပဳေပးပို႔ ထားေသာ္လည္း အလုပ္သမားဝန္ႀကီးဌာန၏ မူဝါဒမ်ားေၾကာင့္ ဂ်ပန္သို႔ အလုပ္သမားေစလႊတ္မႈမ်ား ၾကန႔္ၾကာမႈမ်ားျဖစ္ေပၚေနၿပီး ဂ်ပန္ျပည္ဝင္ခြင့္ရရွိထားသည့္ လုပ္သားအခ်ိဳ႕အေနျဖင့္လည္း သက္တမ္း ကုန္ဆုံးျခင္းမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။
ထို႔ျပင္ ထိုင္းႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံတို႔သို႔ အလုပ္အကိုင္ျဖင့္ေစလႊတ္ေပးမည္ဟုဆိုကာ အခေၾကးေငြ မ်ားယူထားေသာ္လည္း ေစလႊတ္ႏိုင္ျခင္းမရွိသည့္အတြက္ အလုပ္သမားဝန္ႀကီးဌာနသို႔ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအထိ တိုင္စာသည္ ယခင္ႏွစ္ထက္ ပိုမိုမ်ားျပားလ်က္ရွိေၾကာင္း သိရသည္။ “အခု ဆို ရင္ တိုင္စာေတြမ်ားလာတယ္။ အတိုင္အေတာေတြ အမ်ားႀကီးထူလာတယ္။ ပိုက္ဆံေတြယူထားတယ္ ႏိုင္ငံျခားမပို႔ဘူးဆိုတဲ့ အလုပ္သမားေတြကေနတိုင္တဲ့ တိုင္စာေတြက ျမန္မာ ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ား အဖြဲ႕ခ်ဳပ္မွာဆိုရင္ ေန႔တိုင္းလိုလို တိုင္စာေတြက မ်ားေနတယ္။ ဒီႏွစ္မွာ ေတာ့ မႏွစ္ကထက္အဆေပါင္းမ်ား စြာမ်ားတယ္။ အတိအက်ေတာ့ မတြက္ရေသးဘူး။ ဂ်ပန္ဆိုရင္လည္း ဂ်ပန္မွာရွိတဲ့ ျမန္မာသံ႐ုံး အလုပ္ေခၚစာေတြ ပို႔ၿပီးၿပီ။ ဒီဘက္မွာ ဆက္လက္ေဆာင္႐ြက္ခြင့္မျပဳဘူး။ ရပ္ ထားတယ္။ ဂ်ပန္ဘက္မွာ ျပည္ဝင္ခြင့္ေတြက (၃)လ ရတယ္။ သက္တမ္းေသတယ္။ အခုေတာ့ (၆)လ တိုးေပးတယ္။ သက္တမ္းေသတယ္။ ဟိုဘက္က လုပ္ငန္းရွင္ေတြက မေခၚေတာ့ဘူး။ အဲဒါေတြေၾကာင့္ အခုႏွစ္တိုင္စာက (၅)လတည္းကို မႏွစ္က တစ္ႏွစ္လုံးစာထက္ မ်ားတယ္” ဟု ျပည္ပအလုပ္အကိုင္ ေအဂ်င္စီလုပ္ငန္းရွင္ႀကီးတစ္ဦးက NP News သို႔ ေျပာသည္။
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ျပည္ပ သို႔ ျမန္မာလုပ္သားေစလႊတ္ရာတြင္ တရားဝင္လမ္း ေၾကာင္းမ်ားကိုထိန္းခ်ဳပ္မည့္အစား နယ္စပ္လမ္းေၾကာင္းမ်ားကို ထိန္းခ်ဳပ္သင့္ေၾကာင္းလည္း ၎က အႀကံျပဳထားသည္။ “SOP လုပ္ငန္းစဥ္ဆိုၿပီး သတင္းစာမွာ တစ္မ်က္ႏွာေလာက္ အျပည့္ႀကီးထည့္ ၿပီး ေတာ့ ေအာက္မွာႀကဳံေတြ႕ေနရတဲ့လူက ဘာမွအေထာက္အပံ့မရဘူး။ သူတို႔ ခ်မွတ္ထားတဲ့ SOP နဲ႔ တကယ့္တကယ္ေအာက္မွာ ျဖစ္ေနတာေတြနဲ႔ကလြဲေနတယ္။ တိုင္းျပည္မွာ လုပ္သားရွားပါးလို႔ ျပည္ တြင္းမွာပဲ လုပ္ကိုင္ေစခ်င္တယ္ဆိုရင္ ဒီမူဝါဒ ေတြမွာ အေသးစိတ္ပါရမယ္။ တရားဝင္လမ္းေၾကာင္း ေတြကို ထိန္းခ်ဳပ္စရာမလိုဘူး။ နယ္စပ္လမ္းေၾကာင္းေတြကို ထိန္းခ်ဳပ္လိုက္။ အဲဒါအေကာင္းဆုံးပဲ။ တာ ခ်ီလိတ္ကေန တျခားႏိုင္ငံေတြကိုသြားတယ္ဆိုတာကေလ ပြင့္ပြင့္လင္းလင္းေျပာရရင္ အရင္ကတည္းက ရန္ကုန္ေလဆိပ္ကေန တင္းၾကပ္လိုက္ တယ္။ တင္းၾကပ္လိုက္ေတာ့ တာခ်ီလိတ္ကေနတစ္ဆင့္ သြား ၾကတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ယခင္ကာလကတည္းက အလုပ္သမား ဝန္ႀကီးဌာန၏ ထိန္းခ်ဳပ္မႈမ်ားေၾကာင့္ ျမန္မာလုပ္သား မ်ားအေနျဖင့္ တာခ်ီလိတ္အပါအဝင္ အျခားနယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ တရားမဝင္သြားေရာက္မႈမ်ားရွိ ေနၿပီး ယခုေနာက္ပိုင္း ပိုမိုမ်ားျပားလာခဲ့ေၾကာင္း သိရသည္။