နိုင်ငံတော်၏ အနာဂတ်

524

မောင်ကျော်ဖိုး(လေးတောင်) (NP News) - မေ ၁၃
နိုင်ငံတိုးတက်အောင်မလုပ်ဆောင်နိုင်လျင်နေပါစေ၊ နိုင်ငံ့အနာဂတ် ပျက်ပြားအောင်လုပ်ဆောင် ခြင်းက နိုင်ငံသစ္စာဖောက်မှုကို ကျူးလွန်သော သမိုင်းတရားခံမည်သည်။ အမှန်က သည်အကြောင်း အရာကို မဖော်ပြလိုပေ။ နိုင်ငံတော်၏အနာဂတ်အ ရေးအတွက် မဖော်ပြလျှင်မဖြစ်၍ ဖော်ပြလိုက်ရ သည်။
ဝန်ကြီးချုပ်ဦးနုက သူအုပ်ချုပ်သည့်သက်တမ်းတစ်လျှောက်မှာ နိုင်ငံတော်ဘဏ္ဍာငွေထဲက တစ်ပြားတစ်ချပ် အလွဲသုံးစားမှုရှိခဲ့လျှင် ထောက်ပြပါ ဟုစိန်ခေါ်နိုင်ခဲ့သော်လည်း သူ့ဖဆပလ မဲအနိုင်ရ ရေးအတွက် ဘင်္ဂါလီများကို White Card ပေးပြီး စည်းရုံးခဲ့ခြင်းများကြောင့် ယနေ့ရှင်း မကျင်းသည့် စိန် ခေါ်မှုကြီးနှင့် ကြုံနေရသည်။
ထိုင်းနိုင်ငံတွင် (၂)နှစ်ခံကတ်၊ (၄)နှစ်ခံ ကတ်ဟူ၍သာပေးသည်။ မြန်မာတွင် အမွေပေးသကဲ့သို့ ထာဝရပေးလိုက်သည်မှာ နိုင်ငံ့အနာဂတ်ကို ကြိုတင်မမြင်ခြင်းကြောင့်ဖြစ်သည်။ အင်္ဂလိပ်တို့ တံခါး မရှိ၊ ဓားမရှိတင်သွင်းမှုကို ဤ White Card ပေးမှုတို့ကြောင့် ဦးနေဝင်းကစပြီး နိုင်ငံခေါင်းဆောင်အဆင့်ဆင့် တို့ ကြိုးစားဖြေရှင်းခဲ့ကြသော်လည်း မပြေလည်သည့်အပြင် St.Martin ကျွန်းနှင့် တန်ဖိုးကြီးသော ပင်လယ်ပြင်ရေပိုင်နက် မိုင်(၂၀ဝ)ကိုပါ ဆုံးရှုံးလိုက်ရသေးသည်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင် နယ်မြေများရရေးအတွက် ယနေ့ ICJ, ICC တရား ရုံးတို့၏ ခြိမ်းခြောက်မှု၊ မလေးလောက်သည့် ဂမ်ဘီယာနိုင်ငံ၊ အာဂျီတီးနားနိုင်ငံတို့၏ ပါဝါပြမှုကို ခံနေရ ပြန်သည်။
တစ်မျိုးတစ်မည်ပေါ်လာပြန်သည်က NLD အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် (၂၀၁၈) ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်တွင် UN Global Migration Pact တွင် လက်မှတ်ထိုးလိုက် သည်။ ဤလုပ်ရပ်၏အန္တရာယ်ကြီးမှုကို မသိ၍လားဟု တွေးတောစရာရှိခဲ့သော်လည်း ထိုအချိန်က RFA, BBC, VOA, DVB, The Irrawaddy စသည့် သတင်းဌာနများက ထိုသတင်းကို ဖော်ပြမှုမရှိကြ၊ ထိမ်ချန် ထားကြသည်က ကြံရွယ်ချက်ရှိရှိ လက်မှတ်ရေးထိုးခြင်းဟု မှတ်ချက်ချ၍ရသည်။ ဤလက် မှတ်ရေးထိုး ခြင်းက ရွှေ့ပြောင်းမှု (Migrant) သည် လူ့အခွင့်အရေး (Human Right) ဟု သတ်မှတ်ပေးလိုက်သည်။ လက်ရှိနိုင်ငံတွင်မနေလိုလျှင် လက်မှတ်ထိုးထားသောနိုင်ငံများတွင် ပြောင်းရွှေ့နေနိုင်သည်ကို လူ့အခွင့် အရေးခေါ်ကြောင်း ပြောင်ပြောင်တင်းတင်း ကြေညာချက်ထုတ်လိုက်သည်။
ဤလက်မှတ်ရေးထိုးခြင်းသည် ပြည်သူကို ယုံထင်ကြောင်ထင်ဖြစ်စေသည်။ Global Migration Pact ၏ အန္တရာယ်ကြီးပုံကို ပွင့်လင်းမြင်သာရှိအောင် ထပ်တလဲလဲ ဖော်ပြရန်လိုသည်။ ဤအကြောင်းကို မည်သည့်မီဒီယာများကမှ ဖော်ပြမှုမရှိကြ။ မီဒီယာများ မျက်နှာကြီးရာ ဟင်းဖတ်ပါလုပ်ခြင်းက မြန်မာ တစ်နိုင်ငံလုံး ပြည်ဖုံးကား အချခံလိုက်ရသည်။
(၂၀၁၈) ခုနှစ် ဒီဇင်ဘာလ (၂၉)ရက် သူရိယနေဝန်းဂျာနယ်ကမေးခွန်းထုတ်မှ အိမ်နီးချင်းနိုင်ငံ များတွင် အလုပ်လုပ်နေကြသော ရွှေ့ပြောင်းလုပ်သားများကိုငဲ့ညှာပြီး လက်မှတ်ထိုးခြင်းဖြစ်သည်။ မလုံ မလဲ ကြေညာချက်ထုတ်ပြန်ခြင်းက ကြံရွယ်ချက် ရှိရှိ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ဝန်ခံလိုက်သ ကဲ့သို့ဖြစ်သွားသည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ နိုင်ငံတို့တွင်ရှိကြသော အလုပ်သမားများ၏အကျိုးကို ဆောင်ရွက်လိုလျှင်၊ ငဲ့ညှာလိုလျှင် နှစ်နိုင်ငံ နားလည်မှုစာချုပ် Bilasteral နှင့် ကာကွယ်ပေး၍ရသည်။ Global Migration Pact တွင် လက်မှတ်ရေးထိုးရန် မလိုပေ။
စာချုပ်ပါအချက်အလက်များ တိတိကျကျ မရှိသယောင်ရေးထားသော်လည်း ဦးတည်ချက် (Objective) အဆင့်ဆင့်ရှိနေသည်။ ဥရောပသမဂ္ဂ (EU) နှင့် ကုလသမဂ္ဂတို့ ပူးပေါင်းပြီး တစ်ကမ္ဘာလုံး ကို အုပ်စိုးရန် ကမ္ဘာ့အစိုးရ (Global Governance) ဖြစ်ရေး ဦးတည်ရည်ရွယ်သည်။ ကုလသမဂ္ဂမှာ (EU) က ယူရိုဂရက် (Eurocrat) ခေါ်သော ဥရောပ ဗျူရိုဂရက်များက စည်းမျဉ်းရေးဆွဲပြီး ဥရောပနိုင်ငံများ အားလုံး လိုက်နာကြရန်ရည်သန်သည်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရသည့်အကြောင်းနှင့် အီရတ်နှင့် အိုစမာဘင်လာဒင် ဖယ်ရှားရေး စစ်ပွဲကြောင့် အမေရိကန်သည် Super Power က Hyper Power ဖြစ်လာချိန်တွင် အမေရိကန်ကို မှီပြီး ကမ္ဘာ့ Liberal စနစ်ကလည်း ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်လာရသည်။
လူတစ်ဦး မဲတစ်ပြား (One man one vote) အရ လူဦးရေအသာရမှုဖြင့် အနိုင်ယူရန်ကြိုးစား ခြင်းသည် အစ္စလာမ်(Islam)နှင့် Liberal အုပ်စုတို့ ၏ Agenda သာဖြစ်သည်။ ပြိုင်ဘက်မဲ့ အမေရိကန် နှင့် Liberal များသည် သမ္မတကလင်တန် လက်ထက်တွင် Global Govermance ကို ကုလသမဂ္ဂ မှ တစ်ဆင့် ထိန်းချုပ်ရန်ကြိုးစားလာကြသည်။ မိမိတို့ နိုင်ငံအုပ်ချုပ်မှုကိုစွန့်လွှတ်ပြီး Global Goverm- ance အစိုးရဆိုသည်ကို Liberal များ အကျိုးမဲ့စွာ စိတ်ကူးယဉ်လာကြသည်။
Universal Human Right လူဖြစ်လျှင် လူ့အခွင့်အရေးရရှိမည့် Multi Culturalism လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ရောနှောနေထိုင်ရမည်ဆိုသောအတွေး Political Correc- tness ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော နိုင်ငံရေးအရ မှန်ရမည်ဆိုသောအတွေးများသည် Global Migration Pact ၏ အလွန်ကြောက်စရာကောင်းသော အခြေခံမူဝါဒများပင်ဖြစ်သည်။
ရှမ်းပြည်နယ်လောက်ဧရိယာတွင် လူဦးရေ သန်း(၁၈၀)ဖြစ်လာစေရန် စည်းမဲ့ကမ်းမဲ့ ပေါက်ဖွား ပြီး နယ်မြေသစ်ရှာဖွေနေသော ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံနှင့် အတူယှဉ်တွဲနေရသည်မှာ အလွန်အန္တရာယ် များကြောင်း သတိမူရန်လိုသည်။ သန်းတစ်ထောင်၊ သန်းတစ်ထောင်ကျော်ရှိသော နိုင်ငံကြီးနှစ်နိုင်ငံ ကြားတွင် နေရသည်ကိုလည်း အထူးသတိမူရန်လိုသည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြန်မာက ထွက်ပြေးလာသူဆိုသောခေါင်းစဉ်ဖြင့် (၇)သိန်း ရှိနေသည်ကို အမှတ်ရရန်လိုသည်။
ထိုအချိန်တုန်းက NLD အစိုးရ၏ Global Migration Pact တွင် တိတ်တိတ်ပုန်း လက်မှတ်ရေး ထိုးခြင်းသည် လူတစ်ဦး မဲတစ်ပြား (One man one vote) အပြန်အလှန်ထိန်းကျောင်းမှု (Check and Balance) ပွင့်လင်းမြင်သာမှု (Transparency) အရေးကြီးကိစ္စရပ်များကို လွှတ်တော်တွင် ဆွေးနွေးပြီး သဘောတူရယူမှု၊ အရေးပေါ် ပေါ်လစီကို ပြည်သူများသို့ ဆွေးနွေးတင်ပြမှု၊ ပြည်သူက အစိုးရကို ဝေဖန် ပိုင်ခွင့်ရှိမှု၊ လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိ၍ သီးခြားရပ်တည်နိုင်သော သတင်းမီဒီယာများ တည်ရှိမှုစသည့် ဒီမိုကရေစီစံနှုန်းများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အထူးလွဲချော်နေကြောင်း တွေ့ရ သည်။
တစ်နည်းအားဖြင့် Global Migratin Pact မှာ လက်မှတ်ရေးထိုးခြင်းသည် တရားဝင် ဝင်လာ သူ (Legal Migrant) တရားမဝင် ဝင်လာသူ (Illegal Migrant) ခွဲခြားသတ်မှတ်မှုမရှိဘဲ ခိုးဝင်လာသူကို တရားဝင်ဖြစ်လာအောင် စီစဉ်ခြင်းသာဖြစ်သည်။ ဝင်လာသူများသည် လူသားများသာဖြစ်သည်။ သူတို့ မဲ ပေးကြပါစေ (Citizenship) နိုင်ငံသားအခွင့်အရေးကိုကျော်လွန်ပြီး ကြိုတင်စီစဉ်ထားမှုများကို သဘော တူပါကြောင်း လက်မှတ်ထိုးခြင်းမည်သည်။ ဤလက်မှတ်ရေးထိုးခြင်းသည် သာမန် လုပ်ရပ်မျိုးတော့ မဟုတ်။ ငြင်းပိုင်ခွင့်ရှိသော်လည်း ငြင်းဆန်ခွင့်မရှိတော့သည့် အဖြစ်သနစ်ပါ။
ပြင်သစ်နိုင်ငံသည် Global Migration Pact တွင် (၂၀၁၈) ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်၌ သမ္မတ မက်ခရွန်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည်။ ဤလက်မှတ်ရေးထိုးခြင်းသည် ပြင်သစ် ပြည်သူများကို သစ္စာဖောက်ခြင်းပင်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး အန်တို မီယိုမာတီနီဦးဆောင်သော ကြည်း၊ ရေ၊ လေ၊ ဗိုလ်ချုပ်များက လက်မှတ်ထိုး ကန့်ကွက်ခဲ့ကြသည်။
ဩစတြေးလျနိုင်ငံက သူ့နိုင်ငံ အချုပ်အခြာအာဏာကို လက်နက်ချရသည့်စာချုပ်မျိုး မချုပ်ဆို နိုင်ဟု ငြင်းခဲ့သည်။ အမေရိကန်ကလည်း နိုင်ငံအ ချုပ်အခြာအာဏာကိုထိပါးစေသည်ဆိုပြီး ငြင်းခဲ့ သည်။ ဂျာမနီဝန်ကြီးချုပ်လည်း လက်မှတ်ရေးထိုးပြီး Binding ဖြစ်သည်။ ဝန်ခံခဲ့ရသည်။ ဤအဖြစ် တွေရှိပါလျက် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးဖြစ်အောင်ရေးထိုးခဲ့သည်မှာ မေးခွန်းထုတ် စရာဖြစ်နေသည်။
ကုသလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လာရောက်ခဲ့စဉ် (၁၅-၃-၂၀၂၅)ရက် သတင်းစာရှင်းလင်းပွဲ၌ မွတ်စလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ရဲရဲ တင်း တင်းဖိအားပေးခဲ့သည်မှာ Global Migration Pact တွင် လက်မှတ်ရေးထိုးခဲ့သည့် အကြောင်းရင်းနှင့် တိုက်ဆိုင်မှုရှိသည်ဟု ဆိုနိုင်သည်။
ဘင်္ဂါလီများအတွက် OIC တို့ နယ်မြေသစ်ရှာဖွေမှုက လက်သံပြောင်မြောက်ပါပေသည်။ ၎င်းတို့ နှင့်အလွန်သင့်သော မြန်မာ့ခေါင်းဆောင်များကို နိုင်ငံ၏အနာဂတ်ပျက်ပြားအောင် ဖန်တီးစေသည်။ အ လွန်မသင့်သည့်ခေါင်းဆောင်များကိုလည်း ICC ထောင်ချောက်ထဲသို့ထည့်သည်။ R2P ထောင်ချောက် ထဲထည့်ရန်ကြံရွယ်ထားသည်။ မလွတ်တမ်း ထောင်ချောက်ဆင်ဖမ်းခြင်းမည်ပါပေ၏။ ဤသည်ကို ထောက်ရှုခြင်းဖြင့် မောင်တောခရိုင် ဘင်္ဂါလီများလက်သို့ရောက်ရေးမှာ စိုးရိမ်လွန်အမှတ်ထက်ကျော်လွန် နေကြောင်းသိသာသည်။ မည်သို့ကာကွယ်ကြတော့မည်နည်း။
တရုတ်ပြည်၌ ဝီဂါမွတ်စလင်(၂)သန်းရှိသည့်နေရာတွင် အစိုးရက တရုတ်လူမျိုး (၄)သန်း နေရာ ချပေးသည်။ ဝီဂါမွတ်စလင်များထင်သကဲ့သို့ လှုပ်ရှား၍မရတော့။ မောင်တောမြို့နယ်တွင် ဘင်္ဂါလီ (၉၆) ရာခိုင်နှုန်းရှိနေခြင်းနှင့် လုံးဝကွာသွားပြီး တရုတ်အုပ်ချုပ်မှု၊ ထိန်းသိမ်းမှုစနစ် နိုင်ငံ့အနာဂတ် ကာကွယ် တတ်မှုစနစ် အလွန်ကောင်းသည်။
ဆွမ်းခံထွက်လျှင် ဘုန်းတော်ကြီးများ ကျည်ကာဝတ်ဆင်၍ထွက်ရသော ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပါတနီ (Patani)၊ ဟတ်ယိုင် (Hatyai) ၊ နာရာသီဝတ် (Narasiwat) ခရိုင်များကိုအုပ်ချုပ်သောပုံစံသည် ကျန်(၇၄) ခရိုင်ကိုအုပ်ချုပ်သည်နှင့်မတူ။အထူးသဖြင့် အဆိုပါ (၃) ခရိုင်ကို Phone sim card သီးသန့် ထားသည်။ အခြားခရိုင်များမှ Sim card များ ဤ(၃) ခရိုင်တွင် လိုင်းမမိ။ ဤခရိုင်များက Sim card များ လည်း ကျန်(၇၄)ခရိုင်တွင် လိုင်းမမိအောင် လုပ်ထားသည်။ သီးခြားပြည်နယ်တောင်းသော အကြမ်းဖက် မှုရှိသည့် ဤ(၃)ခရိုင်ကို သီးခြားကိုင်တွယ်ထားသည့်သဘော၊ လျှို့ဝှက်၍ အခြားကိုင်တွယ်မှုများလည်း ရှိ ကောင်းရှိနိုင်သေးသည်။ ဤ(၃)ခရိုင်က ဆူပူမှု၊ အကြမ်းဖက်မှုများသည်လည်း ပြည်တွင်း အရေးသာ ဖြစ် အောင်၊ နိုင်ငံတကာ အရေးမဖြစ်အောင် ဖန်တီးထားတတ်သည်မှာ (Horrible Zone) ဖြစ်နေသော မြန် မာရှိ မောင်တောခရိုင်နှင့် အကွာကြီးကွာခြားသွားပါပြီ။
ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား တစ်နေ့ထက်တစ်နေ့တိုးလာသည်ကို ထိုင်းအစိုးရက စိုးရိမ် လာဟန်တူသည်။ ကတ်မျိုးစုံထုတ်ပေး၍ ထိန်း သိမ်းသည်။ ပထမထုတ်ပေးသည်မှာ စာရွက်ရှည်ကြီး၊ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့်ပါသောပုံစံ၊ အလုပ်လုပ်ခွင့်ရှိသော်လည်း နေထိုင်ခွင့်မရှိလျှင် ဖမ်းသည်။ ထိုင်းရဲများ လာဘ်စားမှုမှာ နာမည်ကြီးသည်ဆိုသော်လည်း သူ့နိုင်ငံလုံခြုံရေးကို အပွန်းအပဲ့မခံ၊ လှည်း နေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် မြန်မာများ ကိုဖမ်းပြီး မြဝတီကိုးသုံးလုံးစခန်းသို့ အုတ်၊ သဲ၊ ကျောက် ကိုသွန်မှောက်သကဲ့သို့ နေ့စဉ်လာရောက် သွန်မှောက်နေသည်။
ထိုင်းနိုင်ငံသားနှင့် အိမ်ထောင်ပြုသော်လည်း နိုင်ငံသားမပေး တိုင်းရင်းသားဖြစ်ရေး အိမ်မက် မက်ခွင့်မရှိ။ အကယ်၍ နိုင်ငံသားဖြစ်ခွင့်ရသော်လည်း မြေကြီးဝယ်ခွင့်မရှိ။ လုပ်ငန်းလုပ်ပိုင်ခွင့် မရှိ၊ (၂၀ဝ၉-၂၀၁၀)လောက်က ဒုတိယအကြိမ်ထုတ်ပေးသော ပန်းရောင်ကတ်မှာ ထိုင်းနိုင်ငံသားမဟုတ် သူများကိုင်ဆောင်သောကတ် (Nan Thai Identification Card) ဟုရေးထားသည်။ ဤကတ်သည် နှစ် နှစ်သာအာမခံသည်၊ ထာဝရပေးသည်ဟု မရှိ။
လက်မှတ်ရှိသော်လည်း လက်မှတ်ရှိ သူဌေးနာမည်နှင့် လက်ရှိလုပ်နေသော သူဌေးနာမည် ကွဲလွဲ နေလျှင်ဖမ်းသည်။ လက်မှတ်တွင်ပါရှိသောအ လုပ်နှင့် ယခုလုပ်နေသောအလုပ် ကွဲလွဲနေလျှင်ဖမ်း သည်။ သက်တမ်းမတိုး တုံးမထုထားလျှင် ဖမ်းသည်။ မြန်မာရွှေ့ပြောင်းများဘက်မှကြည့်လျှင် လူ့အခွင့် ရေး ချိုးဖောက်သည်ဟုယူဆ၍ရသော်လည်း ထိုင်းများဘက်က ကြည့်လျှင် သူ့နိုင်ငံ၊ သူ့အမျိုးသား လုံခြုံ ရေးအတွက် သူ့နိုင်ငံဥပဒေအတိုင်း ဆောင်ရွက်သည်ဟု ပြန်ချေပစရာအကြောင်းရှိသည်။ တစ်နည်း အားဖြင့် သူ့နိုင်ငံအနာဂတ်ကို ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း ကမှ ကန့်ကွက်ရှုတ်ချ၍မရပါ။
အချုပ်အားဖြင့်ဆိုပါလျှင် နိုင်ငံတော်အနာ ဂတ်လုံခြုံရေးအတွက် အစိုးရနှင့်ပြည်သူ ပူးပေါင်း ဆောင်ရွက်ကြရန်လိုသည်။ တရုတ်နိုင်ငံ၊ ထိုင်း နိုင်ငံတို့၏ နည်းစနစ် စံနမူနာကိုယူပြီး ယခုကပင် ကြို တင်ပြင်ဆင်သင့်သည်ကို ပြင်ဆင်ပြုပြင်ပြောင်းလဲသင့်သည်ကို ပြုပြင်ပြောင်းလဲနိုင်ကြမည်ဆိုလျှင် နိုင်ငံ တော်အနာဂတ် လှပနေမည်ဟုယုံကြည်ပါသည်။
zawgyi version
ႏိုင္ငံေတာ္၏ အနာဂတ္
ေမာင္ေက်ာ္ဖိုး(ေလးေတာင္) (NP News)
ႏိုင္ငံတိုးတက္ေအာင္မလုပ္ေဆာင္ႏိုင္လ်င္ေနပါေစ၊ ႏိုင္ငံ့အနာဂတ္ ပ်က္ျပားေအာင္လုပ္ေဆာင္ ျခင္းက ႏိုင္ငံသစၥာေဖာက္မႈကို က်ဴးလြန္ေသာ သမိုင္းတရားခံမည္သည္။ အမွန္က သည္အေၾကာင္း အရာကို မေဖာ္ျပလိုေပ။ ႏိုင္ငံေတာ္၏အနာဂတ္အ ေရးအတြက္ မေဖာ္ျပလွ်င္မျဖစ္၍ ေဖာ္ျပလိုက္ရ သည္။
ဝန္ႀကီးခ်ဳပ္ဦးႏုက သူအုပ္ခ်ဳပ္သည့္သက္တမ္းတစ္ေလွ်ာက္မွာ ႏိုင္ငံေတာ္ဘ႑ာေငြထဲက တစ္ျပားတစ္ခ်ပ္ အလြဲသုံးစားမႈရွိခဲ့လွ်င္ ေထာက္ျပပါ ဟုစိန္ေခၚႏိုင္ခဲ့ေသာ္လည္း သူ႔ဖဆပလ မဲအႏိုင္ရ ေရးအတြက္ ဘဂၤါလီမ်ားကို White Card ေပးၿပီး စည္း႐ုံးခဲ့ျခင္းမ်ားေၾကာင့္ ယေန႔ရွင္း မက်င္းသည့္ စိန္ ေခၚမႈႀကီးႏွင့္ ႀကဳံေနရသည္။
ထိုင္းႏိုင္ငံတြင္ (၂)ႏွစ္ခံကတ္၊ (၄)ႏွစ္ခံ ကတ္ဟူ၍သာေပးသည္။ ျမန္မာတြင္ အေမြေပးသကဲ့သို႔ ထာဝရေပးလိုက္သည္မွာ ႏိုင္ငံ့အနာဂတ္ကို ႀကိဳတင္မျမင္ျခင္းေၾကာင့္ျဖစ္သည္။ အဂၤလိပ္တို႔ တံခါး မရွိ၊ ဓားမရွိတင္သြင္းမႈကို ဤ White Card ေပးမႈတို႔ေၾကာင့္ ဦးေနဝင္းကစၿပီး ႏိုင္ငံေခါင္းေဆာင္အဆင့္ဆင့္ တို႔ ႀကိဳးစားေျဖရွင္းခဲ့ၾကေသာ္လည္း မေျပလည္သည့္အျပင္ St.Martin ကြၽန္းႏွင့္ တန္ဖိုးႀကီးေသာ ပင္လယ္ျပင္ေရပိုင္နက္ မိုင္(၂၀ဝ)ကိုပါ ဆုံးရႈံးလိုက္ရေသးသည္။ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ ေတာင္ နယ္ေျမမ်ားရေရးအတြက္ ယေန႔ ICJ, ICC တရား ႐ုံးတို႔၏ ၿခိမ္းေျခာက္မႈ၊ မေလးေလာက္သည့္ ဂမ္ဘီယာႏိုင္ငံ၊ အာဂ်ီတီးနားႏိုင္ငံတို႔၏ ပါဝါျပမႈကို ခံေနရ ျပန္သည္။
တစ္မ်ိဳးတစ္မည္ေပၚလာျပန္သည္က NLD အစိုးရေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္ တိုင္ (၂၀၁၈) ခုႏွစ္ ဒီဇင္ဘာလ (၁၈) ရက္တြင္ UN Global Migration Pact တြင္ လက္မွတ္ထိုးလိုက္ သည္။ ဤလုပ္ရပ္၏အႏၲရာယ္ႀကီးမႈကို မသိ၍လားဟု ေတြးေတာစရာရွိခဲ့ေသာ္လည္း ထိုအခ်ိန္က RFA, BBC, VOA, DVB, The Irrawaddy စသည့္ သတင္းဌာနမ်ားက ထိုသတင္းကို ေဖာ္ျပမႈမရွိၾက၊ ထိမ္ခ်န္ ထားၾကသည္က ႀကံ႐ြယ္ခ်က္ရွိရွိ လက္မွတ္ေရးထိုးျခင္းဟု မွတ္ခ်က္ခ်၍ရသည္။ ဤလက္ မွတ္ေရးထိုး ျခင္းက ေ႐ႊ႕ေျပာင္းမႈ (Migrant) သည္ လူ႔အခြင့္အေရး (Human Right) ဟု သတ္မွတ္ေပးလိုက္သည္။ လက္ရွိႏိုင္ငံတြင္မေနလိုလွ်င္ လက္မွတ္ထိုးထားေသာႏိုင္ငံမ်ားတြင္ ေျပာင္းေ႐ႊ႕ေနႏိုင္သည္ကို လူ႔အခြင့္ အေရးေခၚေၾကာင္း ေျပာင္ေျပာင္တင္းတင္း ေၾကညာခ်က္ထုတ္လိုက္သည္။
ဤလက္မွတ္ေရးထိုးျခင္းသည္ ျပည္သူကို ယုံထင္ေၾကာင္ထင္ျဖစ္ေစသည္။ Global Migration Pact ၏ အႏၲရာယ္ႀကီးပုံကို ပြင့္လင္းျမင္သာရွိေအာင္ ထပ္တလဲလဲ ေဖာ္ျပရန္လိုသည္။ ဤအေၾကာင္းကို မည္သည့္မီဒီယာမ်ားကမွ ေဖာ္ျပမႈမရွိၾက။ မီဒီယာမ်ား မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါလုပ္ျခင္းက ျမန္မာ တစ္ႏိုင္ငံလုံး ျပည္ဖုံးကား အခ်ခံလိုက္ရသည္။
(၂၀၁၈) ခုႏွစ္ ဒီဇင္ဘာလ (၂၉)ရက္ သူရိယေနဝန္းဂ်ာနယ္ကေမးခြန္းထုတ္မွ အိမ္နီးခ်င္းႏိုင္ငံ မ်ားတြင္ အလုပ္လုပ္ေနၾကေသာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကိုငဲ့ညႇာၿပီး လက္မွတ္ထိုးျခင္းျဖစ္သည္။ မလုံ မလဲ ေၾကညာခ်က္ထုတ္ျပန္ျခင္းက ႀကံ႐ြယ္ခ်က္ ရွိရွိ လက္မွတ္ေရးထိုးျခင္းျဖစ္ေၾကာင္း ဝန္ခံလိုက္သ ကဲ့သို႔ျဖစ္သြားသည္။ ထိုင္း၊ မေလးရွား၊ စင္ကာပူ ႏိုင္ငံတို႔တြင္ရွိၾကေသာ အလုပ္သမားမ်ား၏အက်ိဳးကို ေဆာင္႐ြက္လိုလွ်င္၊ ငဲ့ညႇာလိုလွ်င္ ႏွစ္ႏိုင္ငံ နားလည္မႈစာခ်ဳပ္ Bilasteral ႏွင့္ ကာကြယ္ေပး၍ရသည္။ Global Migration Pact တြင္ လက္မွတ္ေရးထိုးရန္ မလိုေပ။
စာခ်ဳပ္ပါအခ်က္အလက္မ်ား တိတိက်က် မရွိသေယာင္ေရးထားေသာ္လည္း ဦးတည္ခ်က္ (Objective) အဆင့္ဆင့္ရွိေနသည္။ ဥေရာပသမဂၢ (EU) ႏွင့္ ကုလသမဂၢတို႔ ပူးေပါင္းၿပီး တစ္ကမာၻလုံး ကို အုပ္စိုးရန္ ကမာၻ႔အစိုးရ (Global Governance) ျဖစ္ေရး ဦးတည္ရည္႐ြယ္သည္။ ကုလသမဂၢမွာ (EU) က ယူ႐ိုဂရက္ (Eurocrat) ေခၚေသာ ဥေရာပ ဗ်ဴ႐ိုဂရက္မ်ားက စည္းမ်ဥ္းေရးဆြဲၿပီး ဥေရာပႏိုင္ငံမ်ား အားလုံး လိုက္နာၾကရန္ရည္သန္သည္။
ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲရသည့္အေၾကာင္းႏွင့္ အီရတ္ႏွင့္ အိုစမာဘင္လာဒင္ ဖယ္ရွားေရး စစ္ပြဲေၾကာင့္ အေမရိကန္သည္ Super Power က Hyper Power ျဖစ္လာခ်ိန္တြင္ အေမရိကန္ကို မွီၿပီး ကမာၻ႔ Liberal စနစ္ကလည္း ပ်ိဳတိုင္းႀကိဳက္ ႏွင္းဆီခိုင္ ျဖစ္လာရသည္။
လူတစ္ဦး မဲတစ္ျပား (One man one vote) အရ လူဦးေရအသာရမႈျဖင့္ အႏိုင္ယူရန္ႀကိဳးစား ျခင္းသည္ အစၥလာမ္(Islam)ႏွင့္ Liberal အုပ္စုတို႔ ၏ Agenda သာျဖစ္သည္။ ၿပိဳင္ဘက္မဲ့ အေမရိကန္ ႏွင့္ Liberal မ်ားသည္ သမၼတကလင္တန္ လက္ထက္တြင္ Global Govermance ကို ကုလသမဂၢ မွ တစ္ဆင့္ ထိန္းခ်ဳပ္ရန္ႀကိဳးစားလာၾကသည္။ မိမိတို႔ ႏိုင္ငံအုပ္ခ်ဳပ္မႈကိုစြန႔္လႊတ္ၿပီး Global Goverm- ance အစိုးရဆိုသည္ကို Liberal မ်ား အက်ိဳးမဲ့စြာ စိတ္ကူးယဥ္လာၾကသည္။
Universal Human Right လူျဖစ္လွ်င္ လူ႔အခြင့္အေရးရရွိမည့္ Multi Culturalism လူမ်ိဳး ေပါင္းစုံ၊ ဘာသာေပါင္းစုံ၊ ယဥ္ေက်းမႈေပါင္းစုံ ေရာေႏွာေနထိုင္ရမည္ဆိုေသာအေတြး Political Correc- tness ဘာပဲလုပ္လုပ္၊ ဘာပဲေျပာေျပာ ႏိုင္ငံေရးအရ မွန္ရမည္ဆိုေသာအေတြးမ်ားသည္ Global Migration Pact ၏ အလြန္ေၾကာက္စရာေကာင္းေသာ အေျခခံမူဝါဒမ်ားပင္ျဖစ္သည္။
ရွမ္းျပည္နယ္ေလာက္ဧရိယာတြင္ လူဦးေရ သန္း(၁၈၀)ျဖစ္လာေစရန္ စည္းမဲ့ကမ္းမဲ့ ေပါက္ဖြား ၿပီး နယ္ေျမသစ္ရွာေဖြေနေသာ ဘဂၤလားေဒ့ရွ္လိုႏိုင္ငံႏွင့္ အတူယွဥ္တြဲေနရသည္မွာ အလြန္အႏၲရာယ္ မ်ားေၾကာင္း သတိမူရန္လိုသည္။ သန္းတစ္ေထာင္၊ သန္းတစ္ေထာင္ေက်ာ္ရွိေသာ ႏိုင္ငံႀကီးႏွစ္ႏိုင္ငံ ၾကားတြင္ ေနရသည္ကိုလည္း အထူးသတိမူရန္လိုသည္။ အထူးသျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ျမန္မာက ထြက္ေျပးလာသူဆိုေသာေခါင္းစဥ္ျဖင့္ (၇)သိန္း ရွိေနသည္ကို အမွတ္ရရန္လိုသည္။
ထိုအခ်ိန္တုန္းက NLD အစိုးရ၏ Global Migration Pact တြင္ တိတ္တိတ္ပုန္း လက္မွတ္ေရး ထိုးျခင္းသည္ လူတစ္ဦး မဲတစ္ျပား (One man one vote) အျပန္အလွန္ထိန္းေက်ာင္းမႈ (Check and Balance) ပြင့္လင္းျမင္သာမႈ (Transparency) အေရးႀကီးကိစၥရပ္မ်ားကို လႊတ္ေတာ္တြင္ ေဆြးေႏြးၿပီး သေဘာတူရယူမႈ၊ အေရးေပၚ ေပၚလစီကို ျပည္သူမ်ားသို႔ ေဆြးေႏြးတင္ျပမႈ၊ ျပည္သူက အစိုးရကို ေဝဖန္ ပိုင္ခြင့္ရွိမႈ၊ လြတ္လပ္စြာေဝဖန္ပိုင္ခြင့္ရွိ၍ သီးျခားရပ္တည္ႏိုင္ေသာ သတင္းမီဒီယာမ်ား တည္ရွိမႈစသည့္ ဒီမိုကေရစီစံႏႈန္းမ်ားႏွင့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရ အထူးလြဲေခ်ာ္ေနေၾကာင္း ေတြ႕ရ သည္။
တစ္နည္းအားျဖင့္ Global Migratin Pact မွာ လက္မွတ္ေရးထိုးျခင္းသည္ တရားဝင္ ဝင္လာ သူ (Legal Migrant) တရားမဝင္ ဝင္လာသူ (Illegal Migrant) ခြဲျခားသတ္မွတ္မႈမရွိဘဲ ခိုးဝင္လာသူကို တရားဝင္ျဖစ္လာေအာင္ စီစဥ္ျခင္းသာျဖစ္သည္။ ဝင္လာသူမ်ားသည္ လူသားမ်ားသာျဖစ္သည္။ သူတို႔ မဲ ေပးၾကပါေစ (Citizenship) ႏိုင္ငံသားအခြင့္အေရးကိုေက်ာ္လြန္ၿပီး ႀကိဳတင္စီစဥ္ထားမႈမ်ားကို သေဘာ တူပါေၾကာင္း လက္မွတ္ထိုးျခင္းမည္သည္။ ဤလက္မွတ္ေရးထိုးျခင္းသည္ သာမန္ လုပ္ရပ္မ်ိဳးေတာ့ မဟုတ္။ ျငင္းပိုင္ခြင့္ရွိေသာ္လည္း ျငင္းဆန္ခြင့္မရွိေတာ့သည့္ အျဖစ္သနစ္ပါ။
ျပင္သစ္ႏိုင္ငံသည္ Global Migration Pact တြင္ (၂၀၁၈) ခုႏွစ္ ဒီဇင္ဘာလ (၁၄)ရက္၌ သမၼတ မက္ခ႐ြန္ကိုယ္တိုင္ လက္မွတ္ေရးထိုးခဲ့သည္။ ဤလက္မွတ္ေရးထိုးျခင္းသည္ ျပင္သစ္ ျပည္သူမ်ားကို သစၥာေဖာက္ျခင္းပင္ျဖစ္သည္ဟု ဗိုလ္ခ်ဳပ္ႀကီး အန္တို မီယိုမာတီနီဦးေဆာင္ေသာ ၾကည္း၊ ေရ၊ ေလ၊ ဗိုလ္ခ်ဳပ္မ်ားက လက္မွတ္ထိုး ကန႔္ကြက္ခဲ့ၾကသည္။
ဩစေၾတးလ်ႏိုင္ငံက သူ႔ႏိုင္ငံ အခ်ဳပ္အျခာအာဏာကို လက္နက္ခ်ရသည့္စာခ်ဳပ္မ်ိဳး မခ်ဳပ္ဆို ႏိုင္ဟု ျငင္းခဲ့သည္။ အေမရိကန္ကလည္း ႏိုင္ငံအ ခ်ဳပ္အျခာအာဏာကိုထိပါးေစသည္ဆိုၿပီး ျငင္းခဲ့ သည္။ ဂ်ာမနီဝန္ႀကီးခ်ဳပ္လည္း လက္မွတ္ေရးထိုးၿပီး Binding ျဖစ္သည္။ ဝန္ခံခဲ့ရသည္။ ဤအျဖစ္ ေတြရွိပါလ်က္ ေဒၚေအာင္ဆန္းစုၾကည္က လက္မွတ္ေရးထိုးျဖစ္ေအာင္ေရးထိုးခဲ့သည္မွာ ေမးခြန္းထုတ္ စရာျဖစ္ေနသည္။
ကုသလမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ကိုယ္တိုင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔လာေရာက္ခဲ့စဥ္ (၁၅-၃-၂၀၂၅)ရက္ သတင္းစာရွင္းလင္းပြဲ၌ မြတ္စလင္ဒုကၡသည္မ်ား ေနရပ္ျပန္ႏိုင္ေရးအတြက္ ရဲရဲ တင္း တင္းဖိအားေပးခဲ့သည္မွာ Global Migration Pact တြင္ လက္မွတ္ေရးထိုးခဲ့သည့္ အေၾကာင္းရင္းႏွင့္ တိုက္ဆိုင္မႈရွိသည္ဟု ဆိုႏိုင္သည္။
ဘဂၤါလီမ်ားအတြက္ OIC တို႔ နယ္ေျမသစ္ရွာေဖြမႈက လက္သံေျပာင္ေျမာက္ပါေပသည္။ ၎တို႔ ႏွင့္အလြန္သင့္ေသာ ျမန္မာ့ေခါင္းေဆာင္မ်ားကို ႏိုင္ငံ၏အနာဂတ္ပ်က္ျပားေအာင္ ဖန္တီးေစသည္။ အ လြန္မသင့္သည့္ေခါင္းေဆာင္မ်ားကိုလည္း ICC ေထာင္ေခ်ာက္ထဲသို႔ထည့္သည္။ R2P ေထာင္ေခ်ာက္ ထဲထည့္ရန္ႀကံ႐ြယ္ထားသည္။ မလြတ္တမ္း ေထာင္ေခ်ာက္ဆင္ဖမ္းျခင္းမည္ပါေပ၏။ ဤသည္ကို ေထာက္ရႈျခင္းျဖင့္ ေမာင္ေတာခ႐ိုင္ ဘဂၤါလီမ်ားလက္သို႔ေရာက္ေရးမွာ စိုးရိမ္လြန္အမွတ္ထက္ေက်ာ္လြန္ ေနေၾကာင္းသိသာသည္။ မည္သို႔ကာကြယ္ၾကေတာ့မည္နည္း။
တ႐ုတ္ျပည္၌ ဝီဂါမြတ္စလင္(၂)သန္းရွိသည့္ေနရာတြင္ အစိုးရက တ႐ုတ္လူမ်ိဳး (၄)သန္း ေနရာ ခ်ေပးသည္။ ဝီဂါမြတ္စလင္မ်ားထင္သကဲ့သို႔ လႈပ္ရွား၍မရေတာ့။ ေမာင္ေတာၿမိဳ႕နယ္တြင္ ဘဂၤါလီ (၉၆) ရာခိုင္ႏႈန္းရွိေနျခင္းႏွင့္ လုံးဝကြာသြားၿပီး တ႐ုတ္အုပ္ခ်ဳပ္မႈ၊ ထိန္းသိမ္းမႈစနစ္ ႏိုင္ငံ့အနာဂတ္ ကာကြယ္ တတ္မႈစနစ္ အလြန္ေကာင္းသည္။
ဆြမ္းခံထြက္လွ်င္ ဘုန္းေတာ္ႀကီးမ်ား က်ည္ကာဝတ္ဆင္၍ထြက္ရေသာ ထိုင္းႏိုင္ငံေတာင္ပိုင္းရွိ ပါတနီ (Patani)၊ ဟတ္ယိုင္ (Hatyai) ၊ နာရာသီဝတ္ (Narasiwat) ခ႐ိုင္မ်ားကိုအုပ္ခ်ဳပ္ေသာပုံစံသည္ က်န္(၇၄) ခ႐ိုင္ကိုအုပ္ခ်ဳပ္သည္ႏွင့္မတူ။အထူးသျဖင့္ အဆိုပါ (၃) ခ႐ိုင္ကို Phone sim card သီးသန႔္ ထားသည္။ အျခားခ႐ိုင္မ်ားမွ Sim card မ်ား ဤ(၃) ခ႐ိုင္တြင္ လိုင္းမမိ။ ဤခ႐ိုင္မ်ားက Sim card မ်ား လည္း က်န္(၇၄)ခ႐ိုင္တြင္ လိုင္းမမိေအာင္ လုပ္ထားသည္။ သီးျခားျပည္နယ္ေတာင္းေသာ အၾကမ္းဖက္ မႈရွိသည့္ ဤ(၃)ခ႐ိုင္ကို သီးျခားကိုင္တြယ္ထားသည့္သေဘာ၊ လွ်ိဳ႕ဝွက္၍ အျခားကိုင္တြယ္မႈမ်ားလည္း ရွိ ေကာင္းရွိႏိုင္ေသးသည္။ ဤ(၃)ခ႐ိုင္က ဆူပူမႈ၊ အၾကမ္းဖက္မႈမ်ားသည္လည္း ျပည္တြင္း အေရးသာ ျဖစ္ ေအာင္၊ ႏိုင္ငံတကာ အေရးမျဖစ္ေအာင္ ဖန္တီးထားတတ္သည္မွာ (Horrible Zone) ျဖစ္ေနေသာ ျမန္ မာရွိ ေမာင္ေတာခ႐ိုင္ႏွင့္ အကြာႀကီးကြာျခားသြားပါၿပီ။
ထိုင္းတြင္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား တစ္ေန႔ထက္တစ္ေန႔တိုးလာသည္ကို ထိုင္းအစိုးရက စိုးရိမ္ လာဟန္တူသည္။ ကတ္မ်ိဳးစုံထုတ္ေပး၍ ထိန္း သိမ္းသည္။ ပထမထုတ္ေပးသည္မွာ စာ႐ြက္ရွည္ႀကီး၊ အလုပ္လုပ္ခြင့္ႏွင့္ ေနထိုင္ခြင့္ပါေသာပုံစံ၊ အလုပ္လုပ္ခြင့္ရွိေသာ္လည္း ေနထိုင္ခြင့္မရွိလွ်င္ ဖမ္းသည္။ ထိုင္းရဲမ်ား လာဘ္စားမႈမွာ နာမည္ႀကီးသည္ဆိုေသာ္လည္း သူ႔ႏိုင္ငံလုံၿခဳံေရးကို အပြန္းအပဲ့မခံ၊ လွည္း ေန၊ ေလွေအာင္း၊ ျမင္းေဇာင္းမက်န္ ျမန္မာမ်ား ကိုဖမ္းၿပီး ျမဝတီကိုးသုံးလုံးစခန္းသို႔ အုတ္၊ သဲ၊ ေက်ာက္ ကိုသြန္ေမွာက္သကဲ့သို႔ ေန႔စဥ္လာေရာက္ သြန္ေမွာက္ေနသည္။
ထိုင္းႏိုင္ငံသားႏွင့္ အိမ္ေထာင္ျပဳေသာ္လည္း ႏိုင္ငံသားမေပး တိုင္းရင္းသားျဖစ္ေရး အိမ္မက္ မက္ခြင့္မရွိ။ အကယ္၍ ႏိုင္ငံသားျဖစ္ခြင့္ရေသာ္လည္း ေျမႀကီးဝယ္ခြင့္မရွိ။ လုပ္ငန္းလုပ္ပိုင္ခြင့္ မရွိ၊ (၂၀ဝ၉-၂၀၁၀)ေလာက္က ဒုတိယအႀကိမ္ထုတ္ေပးေသာ ပန္းေရာင္ကတ္မွာ ထိုင္းႏိုင္ငံသားမဟုတ္ သူမ်ားကိုင္ေဆာင္ေသာကတ္ (Nan Thai Identification Card) ဟုေရးထားသည္။ ဤကတ္သည္ ႏွစ္ ႏွစ္သာအာမခံသည္၊ ထာဝရေပးသည္ဟု မရွိ။
လက္မွတ္ရွိေသာ္လည္း လက္မွတ္ရွိ သူေဌးနာမည္ႏွင့္ လက္ရွိလုပ္ေနေသာ သူေဌးနာမည္ ကြဲလြဲ ေနလွ်င္ဖမ္းသည္။ လက္မွတ္တြင္ပါရွိေသာအ လုပ္ႏွင့္ ယခုလုပ္ေနေသာအလုပ္ ကြဲလြဲေနလွ်င္ဖမ္း သည္။ သက္တမ္းမတိုး တုံးမထုထားလွ်င္ ဖမ္းသည္။ ျမန္မာေ႐ႊ႕ေျပာင္းမ်ားဘက္မွၾကည့္လွ်င္ လူ႔အခြင့္ ေရး ခ်ိဳးေဖာက္သည္ဟုယူဆ၍ရေသာ္လည္း ထိုင္းမ်ားဘက္က ၾကည့္လွ်င္ သူ႔ႏိုင္ငံ၊ သူ႔အမ်ိဳးသား လုံၿခဳံ ေရးအတြက္ သူ႔ႏိုင္ငံဥပေဒအတိုင္း ေဆာင္႐ြက္သည္ဟု ျပန္ေခ်ပစရာအေၾကာင္းရွိသည္။ တစ္နည္း အားျဖင့္ သူ႔ႏိုင္ငံအနာဂတ္ကို ႀကိဳတင္ကာကြယ္ျခင္းျဖစ္သည္။ မည္သည့္ႏိုင္ငံ၊ မည္သည့္ အဖြဲ႕အစည္း ကမွ ကန႔္ကြက္ရႈတ္ခ်၍မရပါ။
အခ်ဳပ္အားျဖင့္ဆိုပါလွ်င္ ႏိုင္ငံေတာ္အနာ ဂတ္လုံၿခဳံေရးအတြက္ အစိုးရႏွင့္ျပည္သူ ပူးေပါင္း ေဆာင္႐ြက္ၾကရန္လိုသည္။ တ႐ုတ္ႏိုင္ငံ၊ ထိုင္း ႏိုင္ငံတို႔၏ နည္းစနစ္ စံနမူနာကိုယူၿပီး ယခုကပင္ ႀကိဳ တင္ျပင္ဆင္သင့္သည္ကို ျပင္ဆင္ျပဳျပင္ေျပာင္းလဲသင့္သည္ကို ျပဳျပင္ေျပာင္းလဲႏိုင္ၾကမည္ဆိုလွ်င္ ႏိုင္ငံ ေတာ္အနာဂတ္ လွပေနမည္ဟုယုံၾကည္ပါသည္။