ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေလုပ်ဆောင်မယ့် ရုရှားသမ္မတရဲ့အဆိုပြုချက်ကို အီဂျစ်ထောက်ခံ

 423

Pika (NP News) - မေ ၁၄

ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ရုရှားသမ္မတပူတင်ရဲ့အဆိုပြုချက်တွေကို အီဂျစ်အစိုးရက ထောက်ခံတယ်လို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အီဂျစ်နိုင်ငံဟာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ကြားနေနိုင်ငံအဖြစ်သာ ဆက်လက်ရပ်တည်လျက်ရှိပြီး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ သံတမန်ရေးဆိုင်ရာဖြေရှင်းမှုတွေလုပ်ဆောင်ဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့မေလ(၁၁)ရက်မှာ ပူတင်ဟာ ကြိုတင်သတ်မှတ်ထားတာမျိုးတွေမရှိဘဲ ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာလုပ်ဆောင်ဖို့အတွက် အဆိုပြုခဲ့တယ်လို့လည်း သိရပါတယ်။ ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းဖို့အတွက် ရည်ရွယ်တဲ့ သံတမန်ရေးဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေကို အီဂျစ်နိုင်ငံက ကြိုဆိုတယ်လို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ရုရှားသမ္မတပူတင်ရဲ့အဆိုပြုချက်တွေကို ယူကရိန်းအစိုးရက ချက်ချင်းလက်ခံသင့်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ပူတင်ကအဆိုပြုခဲ့တဲ့ ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေဟာ ပဋိပက္ခနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးရဲ့ရပ်တည်ချက်တွေကို ဖြေရှင်းရာမှာ ကူညီပေးနိုင်ပြီး သဘောတူညီချက်ဖြစ်နိုင်တာမျိုး ရှိ/မရှိဆိုတာကို ပြသနိုင်လိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။

zawgyi version
ယူကရိန္းနဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြလုပ္ေဆာင္မယ့္ ႐ုရွားသမၼတရဲ႕အဆိုျပဳခ်က္ကို အီဂ်စ္ေထာက္ခံ
Pika (NP News) - ေမ ၁၄

ယူကရိန္းနဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ႐ုရွားသမၼတပူတင္ရဲ႕အဆိုျပဳခ်က္ေတြကို အီဂ်စ္အစိုးရက ေထာက္ခံတယ္လို႔ အီဂ်စ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အီဂ်စ္ႏိုင္ငံဟာ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ၾကားေနႏိုင္ငံအျဖစ္သာ ဆက္လက္ရပ္တည္လ်က္ရွိၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြနဲ႔ သံတမန္ေရးဆိုင္ရာေျဖရွင္းမႈေတြလုပ္ေဆာင္ဖို႔ အႀကိမ္ႀကိမ္ တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ေမလ(၁၁)ရက္မွာ ပူတင္ဟာ ႀကိဳတင္သတ္မွတ္ထားတာမ်ိဳးေတြမရွိဘဲ ယူကရိန္းနဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြကို တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာလုပ္ေဆာင္ဖို႔အတြက္ အဆိုျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ယူကရိန္းပဋိပကၡကို ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔အတြက္ ရည္႐ြယ္တဲ့ သံတမန္ေရးဆိုင္ရာႀကိဳးပမ္းအားထုတ္မႈေတြကို အီဂ်စ္ႏိုင္ငံက ႀကိဳဆိုတယ္လို႔ အီဂ်စ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွားသမၼတပူတင္ရဲ႕အဆိုျပဳခ်က္ေတြကို ယူကရိန္းအစိုးရက ခ်က္ခ်င္းလက္ခံသင့္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ပူတင္ကအဆိုျပဳခဲ့တဲ့ ယူကရိန္းနဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြဟာ ပဋိပကၡနဲ႔ပတ္သက္ၿပီး ႏွစ္ဖက္စလုံးရဲ႕ရပ္တည္ခ်က္ေတြကို ေျဖရွင္းရာမွာ ကူညီေပးႏိုင္ၿပီး သေဘာတူညီခ်က္ျဖစ္ႏိုင္တာမ်ိဳး ရွိ/မရွိဆိုတာကို ျပသႏိုင္လိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။

Picture

Marix Naw

14/05/2025 20:51

Online Game ကြော်ငြာတွေက NP News တယ်လီဂရမ် မှာ ဘာလို့ တက်လာတာလဲ ကြော်ငြာလက်ခံထားတာလား

Related news

© 2021. All rights reserved.