အိန္ဒိယက အကောက်ခွန်မဲ့ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို အမေရိကန်ကို ကမ်းလှမ်း

42

Pika (NP News) - မေ ၁၇
အကောက်ခွန်မဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို အိန္ဒိယအစိုးရက အမေရိကန်ကို ကမ်းလှမ်းခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန်က ၎င်း၏ အဓိကကုန်သွယ်ဖက်များ အတွက် အခွန်တိုးကောက်ခံမှုများနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်နေချိန်တွင် အိန္ဒိယအစိုးရက အမေရိကန် နှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ရရှိအောင် အပြင်းအထန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရသည်။
အမေရိကန်က ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်တိုးကောက်ခံမှုကို ရက်ပေါင်း(၉၀)ကြာ ရပ်နားထားစဉ် အချိန်အတွင်း အိန္ဒိယအစိုးရဘက်က ကြိုးပမ်းမှုများထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်အစိုးရက ထုတ်ပြန် ကြေညာခဲ့သော အခွန်တိုးကောက်ခံမှုများတွင် အိန္ဒိယနိုင်ငံအပေါ် အခွန်ကောက်ခံမှု(၂၆)ရာခိုင်နှုန်းလည်း ပါဝင် ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က “အိန္ဒိယမှာ ရောင်းဝယ်မှုလုပ်ရတာက အရမ်းခက်ခဲပါတယ်။ ပြီးတော့ အကောက်ခွန်မဲ့ ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို အိန္ဒိယက အမေရိကန်ကို ကမ်းလှမ်းခဲ့ပါတယ်” ဟု ပြောခဲ့သည်။ အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး (၂၀၂၄)ခုနှစ်တွင် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ(၁၂၉)ဘီလျံအထိ ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအတွက် အခွန်တိုးကောက်ခံမှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်လတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေါ်နယ်ထရမ့်၏ အခွန်တိုးကောက်ခံမှုအတွက် ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး နိုင်ငံအများအပြားထံမှ ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
အိႏၵိယက အေကာက္ခြန္မဲ့ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုကို အေမရိကန္ကို ကမ္းလွမ္း
Pika (NP News) - ေမ ၁၇
အေကာက္ခြန္မဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုကို အိႏၵိယအစိုးရက အေမရိကန္ကို ကမ္းလွမ္းခဲ့ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အေမရိကန္က ၎၏ အဓိကကုန္သြယ္ဖက္မ်ား အတြက္ အခြန္တိုးေကာက္ခံမႈမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားျမင့္တက္ေနခ်ိန္တြင္ အိႏၵိယအစိုးရက အေမရိကန္ ႏွင့္ ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခု ရရွိေအာင္ အျပင္းအထန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္းလည္း သိရသည္။
အေမရိကန္က ၎၏ကုန္သြယ္ဖက္ႏိုင္ငံမ်ားအေပၚ အခြန္တိုးေကာက္ခံမႈကို ရက္ေပါင္း(၉၀)ၾကာ ရပ္နားထားစဥ္ အခ်ိန္အတြင္း အိႏၵိယအစိုးရဘက္က ႀကိဳးပမ္းမႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။ အေမရိကန္အစိုးရက ထုတ္ျပန္ ေၾကညာခဲ့ေသာ အခြန္တိုးေကာက္ခံမႈမ်ားတြင္ အိႏၵိယႏိုင္ငံအေပၚ အခြန္ေကာက္ခံမႈ(၂၆)ရာခိုင္ႏႈန္းလည္း ပါဝင္ ေၾကာင္း သိရသည္။
ေဒၚနယ္ထရမ့္က “အိႏၵိယမွာ ေရာင္းဝယ္မႈလုပ္ရတာက အရမ္းခက္ခဲပါတယ္။ ၿပီးေတာ့ အေကာက္ခြန္မဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္တစ္ခုကို အိႏၵိယက အေမရိကန္ကို ကမ္းလွမ္းခဲ့ပါတယ္” ဟု ေျပာခဲ့သည္။ အေမရိကန္ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ အႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး (၂၀၂၄)ခုႏွစ္တြင္ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ကုန္သြယ္မႈစုစုေပါင္းမွာ အေမရိကန္ေဒၚလာ(၁၂၉)ဘီလ်ံအထိ ရွိခဲ့ေၾကာင္း သိရသည္။
အေမရိကန္၏ အဓိကကုန္သြယ္ဖက္ႏိုင္ငံမ်ားအတြက္ အခြန္တိုးေကာက္ခံမႈမ်ားကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္လတြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ေဒၚနယ္ထရမ့္၏ အခြန္တိုးေကာက္ခံမႈအတြက္ ထုတ္ျပန္ေၾကညာခ်က္ႏွင့္ပတ္သက္ၿပီး ႏိုင္ငံအမ်ားအျပားထံမွ ျပစ္တင္ေဝဖန္မႈမ်ား ထြက္ေပၚလာခဲ့ေၾကာင္းလည္း သိရသည္။