ဒုတိယမြောက် F-16 တိုက်လေယာဉ်တစ်စင်းကို ယူကရိန်းလေတပ် ဆုံးရှုံး

551
Pika (NP News) - မေ ၁၇
ယူကရိန်းစစ်တပ်ဟာ မေလ(၁၆)ရက်အစောပိုင်းမှာ F-16 တိုက်လေယာဉ်တစ်စင်းကို ဆုံးရှုံးခဲ့ရပေမယ့်လည်း လေယာဉ်မှူးကတော့ ဘေးကင်းကင်းနဲ့ပဲ ထိုင်ခုံနဲ့အတူ ကန်ထွက်နိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောကြားခဲ့ပါတယ်။ ယူကရိန်းလေတပ်က “အစောပိုင်းဒေတာအချက်အလက်တွေအရ F-16 တိုက်လေယာဉ်ဟာ မူမမှန်တဲ့အခြေအနေတွေနဲ့အတူ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းလေယာဉ်မှူးဟာ F-16 တိုက်လေယာဉ် ကို အရပ်ဘက်နေရာတွေကနေ အဝေးမှာပျက်ကျသွားအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ထိုင်ခုံနဲ့အတူ အောင်မြင်စွာ ကန်ထွက်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လေယာဉ်မှူးဟာ ကောင်းမွန်ပြီးတည်ငြိမ်တဲ့အခြေအနေမှာရှိနေတယ်လို့ ယူကရိန်းလေတပ်က ပြောကြားခဲ့ပါတယ်။ အဲဒီပျက်ကျမှုဟာ ယူကရိန်းက အမေရိကန်ဆီကနေ တိုက်လေယာဉ်တွေ စတင်လက်ခံရရှိပြီး နောက်ပိုင်း ဒုတိယမြောက် F-16 တိုက်လေယာဉ်ပျက်ကျမှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ လေယာဉ် ပျက်ကျမှုဟာ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် မဟုတ်ကြောင်း နဲ့ ပျက်ကျရတဲ့အကြောင်းအရင်းတွေအားလုံးကို စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းထားတယ်လို့ ယူကရိန်းလေတပ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
Pika (NSS) - မေ ၁၇