ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များကို ကျပ် သိန်း(၅,၀၀၀)အထိ ချေးပေးမည်

111

ချယ်ရီ (NP News)- မေ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုအဖွဲ့မှ ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များကို ငွေကျပ် သိန်း(၅,၀၀၀)အထိ ချေးပေးသွားမည်ဖြစ် ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုး ရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါအဖွဲ့မှ ပြည်တွင်းရှိ ဆီစက်များအား အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ချေးယူမည့်သူများအနေဖြင့် လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရန်၊ လုပ်ငန်းအမည်ပေါက် သက်တမ်းရှိ လိုင်စင်ရှိရန်နှင့် ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက် ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) များကို ပေးအပ် နိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ကြောင်းနှင့် FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ် ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များ အသင်းဝင်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါချေးငွေအတွက် ချေးငွေပမာဏမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် ချေးငွေကို အနည်းဆုံး ကျပ်သိန်း (၁၀၀) မှ အများဆုံး ကျပ်သိန်း (၅,၀၀၀)အထိ၊ မတည်ရင်းနှီးငွေအတွက် ချေးငွေကို အနည်းဆုံး ကျပ်သိန်း (၂၀၀) မှ အများဆုံး ကျပ်သိန်း (၅,၀၀၀)အထိ ချေးယူနိုင်ပြီး ကျပ်သိန်း (၅,၀၀၀)အထက် ချေးငွေရယူလို သော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံးသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ချေးငွေအတိုးနှုန်းမှာ ၁ နှစ်လျှင် (၅ ရာခိုင်နှုန်း) ဖြင့် ချေးငွေသက်တမ်းမှာ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် (၁)နှစ်ဖြစ်ပြီး မတည်ရင်းနှီးငွေအတွက် (၃)နှစ်အတွင်း (၃) ရစ်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
ချေးငွေလျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် နေပြည်တော်ရှိ တိုင်းဒေသကြီး/ ပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံးများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များ အသင်းရုံးများ၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် မြန်မာ့စီးပွား ရေးဘဏ်ခွဲများအားလုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့်မြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများ အားလုံးတို့တွင် ချေးငွေအဆိုပြုလွှာများ ရယူလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ေငြေၾကးအရင္းအႏွီး လိုအပ္ေနေသာ ဆီစက္ပိုင္ရွင္မ်ားကို က်ပ္ သိန္း(၅,၀၀၀)အထိ ေခ်းေပးမည္
ခ်ယ္ရီ (NP News)- ေမ ၁၇
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ လမ္းၫႊန္မႈျဖင့္ ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရး ေခ်းေငြစီမံခန႔္ခြဲမႈအဖြဲ႕မွ ေငြေၾကးအရင္းအႏွီး လိုအပ္ေနေသာ ဆီစက္ပိုင္ရွင္မ်ားကို ေငြက်ပ္ သိန္း(၅,၀၀၀)အထိ ေခ်းေပးသြားမည္ျဖစ္ ေၾကာင္း ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳး ေရးေခ်းေငြ စီမံခန႔္ခြဲမႈလုပ္ငန္းအဖြဲ႕၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
အဆိုပါအဖြဲ႕မွ ျပည္တြင္းရွိ ဆီစက္မ်ားအား အဆင့္မီစက္ပစၥည္းမ်ား တိုးခ်ဲ႕တပ္ဆင္ျခင္း၊ အဆင့္ျမႇင့္တင္ျခင္း၊ ေခတ္မီဆီစက္အသစ္မ်ား ထပ္မံတည္ေဆာက္ျခင္းႏွင့္ လုပ္ငန္းသုံး ရင္းႏွီးလည္ပတ္ေငြလိုအပ္ခ်က္မ်ားအတြက္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြမွ မတည္ထူေထာင္ထားသည့္ ဆီစက္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးေရး ေခ်းေငြရန္ပုံေငြမွ အတိုးႏႈန္းသက္သာေသာ ေခ်းေငြမ်ားကို ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ဆီစက္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရးေခ်းေငြကို ေခ်းယူမည့္သူမ်ားအေနျဖင့္ လက္ရွိလုပ္ငန္းလည္ပတ္လုပ္ကိုင္ေနေသာ ဆီစက္ျဖစ္ရန္၊ လုပ္ငန္းအမည္ေပါက္ သက္တမ္းရွိ လိုင္စင္ရွိရန္ႏွင့္ ေခ်းေငြအတြက္ အာမခံအျဖစ္ အမည္ေပါက္ ပိုင္ဆိုင္ေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းမ်ား၊ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ (ပုံစံ-၇) မ်ားကို ေပးအပ္ ႏိုင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံပိုင္ဘဏ္မ်ားႏွင့္ ပုဂၢလိကဘဏ္မ်ားတြင္ လက္ရွိေခ်းေငြရယူထားသူမ်ားအေနျဖင့္ ဆီစက္ဖြံ႕ၿဖိဳးေရး ေခ်းေငြရယူလိုပါက သီးျခားအာမခံ တင္သြင္းႏိုင္မွသာ ေလွ်ာက္ထားႏိုင္ေၾကာင္းႏွင့္ FDA လက္မွတ္ရရွိၿပီးသူ၊ အေသးစားစက္မႈလုပ္ငန္းမွတ္ပုံတင္လက္မွတ္ ရရွိၿပီးသူႏွင့္ သက္ဆိုင္ရာေဒသရွိ ဆီစက္ပိုင္ရွင္မ်ားအသင္း၊ ဆီကုန္သည္ႏွင့္ ဆီစက္လုပ္ငန္းရွင္မ်ား အသင္းဝင္လုပ္ငန္းရွင္မ်ားအား ဦးစားေပးစဥ္းစားေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါေခ်းေငြအတြက္ ေခ်းေငြပမာဏမွာ လုပ္ငန္းသုံးလွည့္ပတ္ရင္းႏွီးေငြအတြက္ ေခ်းေငြကို အနည္းဆုံး က်ပ္သိန္း (၁၀၀) မွ အမ်ားဆုံး က်ပ္သိန္း (၅,၀၀၀)အထိ၊ မတည္ရင္းႏွီးေငြအတြက္ ေခ်းေငြကို အနည္းဆုံး က်ပ္သိန္း (၂၀၀) မွ အမ်ားဆုံး က်ပ္သိန္း (၅,၀၀၀)အထိ ေခ်းယူႏိုင္ၿပီး က်ပ္သိန္း (၅,၀၀၀)အထက္ ေခ်းေငြရယူလို ေသာ ဆီစက္လုပ္ငန္းရွင္မ်ားအေနျဖင့္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္(႐ုံးခ်ဳပ္)၊ ဆီစက္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးေရး ေခ်းေငြ စီမံခန႔္ခြဲမႈလုပ္ငန္းအဖြဲ႕၊ အတြင္းေရးမႉး႐ုံးသို႔ တိုက္႐ိုက္ေပးပို႔ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ ထားသည္။
ေခ်းေငြအတိုးႏႈန္းမွာ ၁ ႏွစ္လွ်င္ (၅ ရာခိုင္ႏႈန္း) ျဖင့္ ေခ်းေငြသက္တမ္းမွာ လုပ္ငန္းသုံးလွည့္ပတ္ရင္းႏွီးေငြအတြက္ (၁)ႏွစ္ျဖစ္ၿပီး မတည္ရင္းႏွီးေငြအတြက္ (၃)ႏွစ္အတြင္း (၃) ရစ္ဆပ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ေခ်းေငြေလွ်ာက္ထားရယူလိုေသာ ဆီစက္လုပ္ငန္းရွင္မ်ားအေနျဖင့္ ေနျပည္ေတာ္ရွိ တိုင္းေဒသႀကီး/ ျပည္နယ္ ဆီစက္ပိုင္ရွင္မ်ား အသင္း႐ုံးမ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္၊ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္း ရွင္မ်ား အသင္း႐ုံးမ်ား၊ တိုင္းေဒသႀကီး/ ျပည္နယ္ စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန ႐ုံးခြဲမ်ား၊ တိုင္းေဒသႀကီး/ ျပည္နယ္/ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ ျမန္မာ့စီးပြား ေရးဘဏ္ခြဲမ်ားအားလုံးႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္/ ခ႐ိုင္ႏွင့္ၿမိဳ႕နယ္ ျမန္မာ့ လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲမ်ား အားလုံးတို႔တြင္ ေခ်းေငြအဆိုျပဳလႊာမ်ား ရယူေလွ်ာက္ထားႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။