နယူးဇီလန်လွှတ်တော်တွင် ဟာကာ အကဖြင့် ဆန္ဒပြကောင်းသည့် မျိုးနွယ်စုအမတ်များ ဆိုင်းငံ့ခံရ

 489

Htay Oung (NP News) - မေ ၁၈

စာချုပ်အဓိပ္ပါယ်ဖွင့်ဆိုရေး အငြင်းပွားဖွယ် ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ဟာကာ ရိုးရာ အက ကောင်းခဲ့တဲ့ “တီပက်တီ မော်ရီ်” ပါတီမှ မော်ရီမျိုးနွယ်စု ပါလီမန်အမတ် သုံးဦးကို နယူးဇီလန်လွှတ်တော်က ဆိုင်းငံ့ရန် စီစဉ်ထားတယ်လို့ “တိုင်းမ်အော့ဖ်အင်ဒီးယား” က ၂ဝ၂၅ ခုနှစ် မေလ ၁၆ ရက်မှာ ရေးသားခဲ့ပါတယ်။
တီပက်တီမော်ရီပါတီ ပူးတွဲခေါင်းဆောင် “ရာဝီရီ ဝေတီတီ” နဲ့ "ဒက်ဘီ ငယ်ရီဝါ ပက်ကာ” တို့ကို ၂၁ ရက်ကြာ ဆိုင်းငံ့ထားရန်၊ ပါတီရဲ့အသက်အငယ်ဆုံး အမတ်ဖြစ်သူ ““ဟာနာ ရာဝှီတီ မိုင်ပီ ကလာကီ” ကို ခုနစ်ရက် ကြာ ဆိုင်းငံ့ထားမယ်လို့ ပါလီမန်အခွင့်အရေးများကော်မတီက ဖော်ပြပါတယ်။ ယခုလုပ်ရပ်ဟာ နယူးဇီလန်နိုင်ငံရဲ့ ဥပဒေပြုရေးသမိုင်းမှာ လူထု ရွေးကောက်ခံအမတ်များအပေါ် အပြင်းထန်ဆုံးသော ပြစ်ဒဏ်ချမှတ်မှုဖြစ်လာပါတယ်။
မိုင်ပီ ကလာကီ (အသက် ၂၂ နှစ်) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဥပဒေကြမ်းရဲ့ ပထမအကြိမ် ဖတ်ကြားတင်သွင်းမှုအတွင်း ဟာကာ အကဖြင့် စတင် ဆန္ဒပြခဲ့သူဖြစ်ပါတယ်။ ဥပဒေကြမ်း အတည်ပြုရေးကို ထောက်ခံသလားလို့ သူတို့ပါတီကို မေးမြန်းခဲ့ပြီးနောက် ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ မိုင်ပီ ကလာကီက ဥပဒေကြမ်း မိတ္တူတစ်စောင်ကို ဆုတ်ဖြဲခဲ့ပြီး ဟာကာစစ်ရေးပြ တေးသွားများကို ရွတ်ဆိုတဲ့အတွက် လွှတ်တော်ကို ၂၄ နာရီကြာ ဆိုင်းငံ့ထားရန် လွှတ်တော်ဥက္ကဌဖြစ်သူ “ဂယ်ရီဘရောင်လီ” က ကြေညာလိုက်ရပါတယ်။ နယူးဇီလန်လွှတ်တော်အတွင်း မိုင်ပီ ကလာကီတို့ရဲ့အပြုအမူဟာ လူမှုကွန်ရက်မှတဆင့် အချိန်တိုအတွင်း တစ်ကမ္ဘာလုံးကို့နှံ့သွားပါတယ်။
အဲဒီနောက် တီပက်တီမော်ရီပါတီ လွှတ်တော် အမတ်များရဲ့ လုပ်ဆောင်ချက်တွေဟာ အခြားလွှတ်တော်ကိုယ်စားလှယ်များကို ခြိမ်းခြောက်ရာ ရောက်ရှိပြီး လွှတ်တော် မဲခွဲခြင်းလုပ်ငန်းစဉ်အပေါ် အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။

တီပက်တီမော်ရီပါတီအမတ် သုံးဦးရဲ့ (ဟာကာအကနဲ့) ဆန္ဒပြမှုဟာ အလွန် အဓိပ္ပါယ် ကျယ်ပြန့်လေးနက်ပြီး နယူးဇီလန်လွှတ်တော်ရဲ့နှစ် ၂၀ ကြာ အတွေ့အကြုံအတွင်း မကြုံစဖူးကြုံလုပ်ရပ်ဖြစ်ကြောင်း နယူးဇီလန် ပါ လီမန်အခွင့်အရေးများကော်မတီဥက္ကဋ္ဌ အမျိုးသားရေးပါတီဝန်ကြီး “ဂျူးဒစ် ကောလင်း” က မှတ်ချက်ပေးပါ တယ်။ လက်ခံနိုင်ဖွယ် မရှိကြောင်း ဆိုင်းငံ့ထားခြင်းဖြင့် ပြသရန် ရည်ရွယ်ပြီး “အလေးအနက် မှတ်ယူရလိမ့် မယ်” လို့ ဆိုပါတယ်။

ပါလီမန်အတွင်း ဆန္ဒပြစဉ် မော်ရီအမျိုးသမီးအမတ် ဒက်ဘီ ငယ်ရီဝါ ပက်ကာ (၅၉-နှစ်) ဟာ သေနတ်နဲ့တူတဲ့ အမူအယာကို ပြသခဲ့တယ်လို့ ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် မော်ရီယဉ်ကျေးမှု ရိုးရာအစဉ် အလာ “ဝီရီ” ကို သရုပ်ဖော်ခြင်းသာ ဖြစ်ကြောင်း ဒက်ဘီ ငယ်ရီဝါ ပက်ကာ ချေပပြောဆိုပါတယ်။

ပါလီမန်အခွင့်အရေးများကော်မတီရဲ့ ဆုံးဖြတ်ချက်ကို တီပက်တီမော်ရီပါတီက ချက်ချင်းပဲ ပြင်းထန်စွာ တုန့် ပြန်ပါတယ်။ “ကျွန်ုပ်တို့ရဲ့ သမိုင်းမှာ အဆိုးရွားဆုံးသော ပြစ်ဒဏ်ဖြစ်တယ်” လို့ ပါတီရဲ့ လူမှုကွန်ရက်စာမျက် နှာမှာ ဖော်ပြလိုက်ပြီး ဌာနေတိုင်းရင်းသားများက ငြင်းဆန်ခုခံတဲ့အခါတိုင်း ကိုလိုနီအာဏာရှင်များက အပြင်း ထန်ဆုံးသော ပြစ်ဒဏ်များကို ပေးလေ့စမြဲ ရှိတယ်လို့ ဆိုပါတယ်။ မော်ရီပါတီ ဥက္ကဌ ပါလီမန်အမတ်ကလည်း ကော်မတီရဲ့ အစီအစဉ်ဟာ ဆိုးရွားသိသာစွာ တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့ ပြောပါတယ်။
နယူးဇီလန် လစ်ဘရယ်ဝါဒီ ACT ပါတီက တင်ပြတဲ့ စာချုပ်မူကြမ်းဟာ ဌာနေတိုင်းရင်းသား မော်ရီ မျိုးနွယ်စုနဲ့ နယူးဇီလန်ကျွန်းရောက် ဗြိတိသျှကိုလိုနီစနစ်ကြား အရေးကြီး သဘောတူညီပါ စာသားများကို ခေတ်နဲ့အညီ အဓိပ္ပါယ်ဖွင့်ဆိုရန်ဖြစ်ပါတယ်။“၁၈၄၀-ခုနှစ် ဝေတန်ဂီစာချုပ်” အရ ဗြိတိသျှ ဘုရင်မကြီးက မော်ရီမျိုးနွယ်စု တို့ရဲ့ လက်ရှိ ပိုင်ဆိုင်မှု၊ ကာကွယ်ရေးနဲ့ မြေရောင်းချပိုင်ခွင့်အပါအဝင် ယဉ်ကျေးမှုဓလေ့ထုံးစံ-အချုပ်အခြာ အာဏာပိုင်မှုနဲ့ လုပ်ပိုင်ခွင့်အားလုံး အသိအမှတ်ပြုထားပါတယ်။ နယူးဇီလန်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မ ဟုတ်ပေမယ့် ဖွဲ့စည်းပုံသဖွယ် အရေးပါပါတယ်။ တကယ်တော့ စာချုပ်မူရင်း အင်္ဂလိပ် ဘာသာစာသားများကို အဓိပ္ပါယ်ဖွင့်ဆိုပြီး မော်ရီတို့ရဲ့ ပိုင်ဆိုင်မှုနဲ့ နိုင်ငံသားအခွင့်အရေးများကို တန်းတူ ညီမျှဖြစ်အောင် ပြောင်းလဲ ရေးဖြစ်ပါတယ်။ အဆိုပါ ဥပဒေကြမ်းတင်သွင်းရေးကို မဲခွဲဆုံးဖြတ်ရာမှာ ၁၁၂- ၁၁ နဲ့ အပြတ်အသတ် အရေး နိမ့်ခဲ့ပြီး ကိုးရက်ကြာ ချီတက်ဆန္ဒပြမှုနဲ့ နိုင်ငံတစ်ဝှမ်း ထောင်သောင်းချီတဲ့ လူထုဆန္ဒပြ ပွဲများအပါအဝင် ပြင်း ထန်တဲ့ တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

မော်ရီပါတီအမတ်များရဲ့ လုပ်ရပ်တွေဟာ ပါလီမန်ကို မထီမဲ့မြင်ပြုရာ ရောက်ရှိတယ်လို့ နယူးဇီလန် လေဘာပါ တီက သဘောတူညီခဲ့ပေမယ့် ပြစ်ဒဏ်တွေက ပြင်းထန်လွန်းတယ်လို့ ယူဆကြောင်း၊ တစ်ရက် သို့မဟုတ် နှစ် ရက်ကြာ ဆိုင်းငံ့လျှင် လုံလောက်တယ်လို့ ပြောပါတယ်။ နယူးဇီလန် ဂရင်းပါတီကတော့ ဆိုင်းငံ ရက်ကာလ ဟာ အချိုးအစား မညီကြောင်း စောဒကတက်ပါတယ်။ အဓိကဘတ်ဂျက်အစည်းအဝေးတစ်ခုအတွက် မော်ရီပါ တီကိုယ်စားလှယ်တွေကို ချန်လှပ်ထားခဲ့ပါတယ်။

#HtayOung #OungMarine

Zawgyi Version:
နယူးဇီလန္လႊတ္ေတာ္တြင္ ဟာကာ အကျဖင့္ ဆႏၵျပေကာင္းသည့္ မ်ိဳးႏြယ္စုအမတ္မ်ား ဆိုင္းငံ့ခံရ
Htay Oung (NP News) - ေမ ၁၈
စာခ်ဳပ္အဓိပၸါယ္ဖြင့္ဆိုေရး အျငင္းပြားဖြယ္ ဥပေဒၾကမ္းကို ကန႔္ကြက္ဆႏၵျပတဲ့အေနနဲ႔ ဟာကာ ႐ိုးရာ အက ေကာင္းခဲ့တဲ့ “တီပက္တီ ေမာ္ရီ္” ပါတီမွ ေမာ္ရီမ်ိဳးႏြယ္စု ပါလီမန္အမတ္ သုံးဦးကို နယူးဇီလန္လႊတ္ေတာ္က ဆိုင္းငံ့ရန္ စီစဥ္ထားတယ္လို႔ “တိုင္းမ္ေအာ့ဖ္အင္ဒီးယား” က ၂ဝ၂၅ ခုႏွစ္ ေမလ ၁၆ ရက္မွာ ေရးသားခဲ့ပါတယ္။
တီပက္တီေမာ္ရီပါတီ ပူးတြဲေခါင္းေဆာင္ “ရာဝီရီ ေဝတီတီ” နဲ႔ "ဒက္ဘီ ငယ္ရီဝါ ပက္ကာ” တို႔ကို ၂၁ ရက္ၾကာ ဆိုင္းငံ့ထားရန္၊ ပါတီရဲ႕အသက္အငယ္ဆုံး အမတ္ျဖစ္သူ ““ဟာနာ ရာဝွီတီ မိုင္ပီ ကလာကီ” ကို ခုနစ္ရက္ ၾကာ ဆိုင္းငံ့ထားမယ္လို႔ ပါလီမန္အခြင့္အေရးမ်ားေကာ္မတီက ေဖာ္ျပပါတယ္။ ယခုလုပ္ရပ္ဟာ နယူးဇီလန္ႏိုင္ငံရဲ႕ ဥပေဒျပဳေရးသမိုင္းမွာ လူထု ေ႐ြးေကာက္ခံအမတ္မ်ားအေပၚ အျပင္းထန္ဆုံးေသာ ျပစ္ဒဏ္ခ်မွတ္မႈျဖစ္လာပါတယ္။
မိုင္ပီ ကလာကီ (အသက္ ၂၂ ႏွစ္) ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ဥပေဒၾကမ္းရဲ႕ ပထမအႀကိမ္ ဖတ္ၾကားတင္သြင္းမႈအတြင္း ဟာကာ အကျဖင့္ စတင္ ဆႏၵျပခဲ့သူျဖစ္ပါတယ္။ ဥပေဒၾကမ္း အတည္ျပဳေရးကို ေထာက္ခံသလားလို႔ သူတို႔ပါတီကို ေမးျမန္းခဲ့ၿပီးေနာက္ ဆႏၵျပမႈျဖစ္ပြားခဲ့ပါတယ္။ မိုင္ပီ ကလာကီက ဥပေဒၾကမ္း မိတၱဴတစ္ေစာင္ကို ဆုတ္ၿဖဲခဲ့ၿပီး ဟာကာစစ္ေရးျပ ေတးသြားမ်ားကို ႐ြတ္ဆိုတဲ့အတြက္ လႊတ္ေတာ္ကို ၂၄ နာရီၾကာ ဆိုင္းငံ့ထားရန္ လႊတ္ေတာ္ဥကၠဌျဖစ္သူ “ဂယ္ရီဘေရာင္လီ” က ေၾကညာလိုက္ရပါတယ္။ နယူးဇီလန္လႊတ္ေတာ္အတြင္း မိုင္ပီ ကလာကီတို႔ရဲ႕အျပဳအမူဟာ လူမႈကြန္ရက္မွတဆင့္ အခ်ိန္တိုအတြင္း တစ္ကမာၻလုံးကို႔ႏွံ႔သြားပါတယ္။
အဲဒီေနာက္ တီပက္တီေမာ္ရီပါတီ လႊတ္ေတာ္ အမတ္မ်ားရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ အျခားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ၿခိမ္းေျခာက္ရာ ေရာက္ရွိၿပီး လႊတ္ေတာ္ မဲခြဲျခင္းလုပ္ငန္းစဥ္အေပၚ အေႏွာင့္အယွက္ျဖစ္ေစႏိုင္တယ္လို႔ ေကာ္မတီက ဆုံးျဖတ္ခဲ့ပါတယ္။

တီပက္တီေမာ္ရီပါတီအမတ္ သုံးဦးရဲ႕ (ဟာကာအကနဲ႔) ဆႏၵျပမႈဟာ အလြန္ အဓိပၸါယ္ က်ယ္ျပန႔္ေလးနက္ၿပီး နယူးဇီလန္လႊတ္ေတာ္ရဲ႕ႏွစ္ ၂၀ ၾကာ အေတြ႕အႀကဳံအတြင္း မႀကဳံစဖူးႀကဳံလုပ္ရပ္ျဖစ္ေၾကာင္း နယူးဇီလန္ ပါ လီမန္အခြင့္အေရးမ်ားေကာ္မတီဥကၠ႒ အမ်ိဳးသားေရးပါတီဝန္ႀကီး “ဂ်ဴးဒစ္ ေကာလင္း” က မွတ္ခ်က္ေပးပါ တယ္။ လက္ခံႏိုင္ဖြယ္ မရွိေၾကာင္း ဆိုင္းငံ့ထားျခင္းျဖင့္ ျပသရန္ ရည္႐ြယ္ၿပီး “အေလးအနက္ မွတ္ယူရလိမ့္ မယ္” လို႔ ဆိုပါတယ္။

ပါလီမန္အတြင္း ဆႏၵျပစဥ္ ေမာ္ရီအမ်ိဳးသမီးအမတ္ ဒက္ဘီ ငယ္ရီဝါ ပက္ကာ (၅၉-ႏွစ္) ဟာ ေသနတ္နဲ႔တူတဲ့ အမူအယာကို ျပသခဲ့တယ္လို႔ ေကာ္မတီရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားေပမယ့္ ေမာ္ရီယဥ္ေက်းမႈ ႐ိုးရာအစဥ္ အလာ “ဝီရီ” ကို သ႐ုပ္ေဖာ္ျခင္းသာ ျဖစ္ေၾကာင္း ဒက္ဘီ ငယ္ရီဝါ ပက္ကာ ေခ်ပေျပာဆိုပါတယ္။

ပါလီမန္အခြင့္အေရးမ်ားေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္ကို တီပက္တီေမာ္ရီပါတီက ခ်က္ခ်င္းပဲ ျပင္းထန္စြာ တုန႔္ ျပန္ပါတယ္။ “ကြၽႏ္ုပ္တို႔ရဲ႕ သမိုင္းမွာ အဆိုး႐ြားဆုံးေသာ ျပစ္ဒဏ္ျဖစ္တယ္” လို႔ ပါတီရဲ႕ လူမႈကြန္ရက္စာမ်က္ ႏွာမွာ ေဖာ္ျပလိုက္ၿပီး ဌာေနတိုင္းရင္းသားမ်ားက ျငင္းဆန္ခုခံတဲ့အခါတိုင္း ကိုလိုနီအာဏာရွင္မ်ားက အျပင္း ထန္ဆုံးေသာ ျပစ္ဒဏ္မ်ားကို ေပးေလ့စၿမဲ ရွိတယ္လို႔ ဆိုပါတယ္။ ေမာ္ရီပါတီ ဥကၠဌ ပါလီမန္အမတ္ကလည္း ေကာ္မတီရဲ႕ အစီအစဥ္ဟာ ဆိုး႐ြားသိသာစြာ တစ္ဖက္ေစာင္းနင္းျဖစ္ေနတယ္လို႔ ေျပာပါတယ္။
နယူးဇီလန္ လစ္ဘရယ္ဝါဒီ ACT ပါတီက တင္ျပတဲ့ စာခ်ဳပ္မူၾကမ္းဟာ ဌာေနတိုင္းရင္းသား ေမာ္ရီ မ်ိဳးႏြယ္စုနဲ႔ နယူးဇီလန္ကြၽန္းေရာက္ ၿဗိတိသွ်ကိုလိုနီစနစ္ၾကား အေရးႀကီး သေဘာတူညီပါ စာသားမ်ားကို ေခတ္နဲ႔အညီ အဓိပၸါယ္ဖြင့္ဆိုရန္ျဖစ္ပါတယ္။“၁၈၄၀-ခုႏွစ္ ေဝတန္ဂီစာခ်ဳပ္” အရ ၿဗိတိသွ် ဘုရင္မႀကီးက ေမာ္ရီမ်ိဳးႏြယ္စု တို႔ရဲ႕ လက္ရွိ ပိုင္ဆိုင္မႈ၊ ကာကြယ္ေရးနဲ႔ ေျမေရာင္းခ်ပိုင္ခြင့္အပါအဝင္ ယဥ္ေက်းမႈဓေလ့ထုံးစံ-အခ်ဳပ္အျခာ အာဏာပိုင္မႈနဲ႔ လုပ္ပိုင္ခြင့္အားလုံး အသိအမွတ္ျပဳထားပါတယ္။ နယူးဇီလန္ရဲ႕ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ မ ဟုတ္ေပမယ့္ ဖြဲ႕စည္းပုံသဖြယ္ အေရးပါပါတယ္။ တကယ္ေတာ့ စာခ်ဳပ္မူရင္း အဂၤလိပ္ ဘာသာစာသားမ်ားကို အဓိပၸါယ္ဖြင့္ဆိုၿပီး ေမာ္ရီတို႔ရဲ႕ ပိုင္ဆိုင္မႈနဲ႔ ႏိုင္ငံသားအခြင့္အေရးမ်ားကို တန္းတူ ညီမွ်ျဖစ္ေအာင္ ေျပာင္းလဲ ေရးျဖစ္ပါတယ္။ အဆိုပါ ဥပေဒၾကမ္းတင္သြင္းေရးကို မဲခြဲဆုံးျဖတ္ရာမွာ ၁၁၂- ၁၁ နဲ႔ အျပတ္အသတ္ အေရး နိမ့္ခဲ့ၿပီး ကိုးရက္ၾကာ ခ်ီတက္ဆႏၵျပမႈနဲ႔ ႏိုင္ငံတစ္ဝွမ္း ေထာင္ေသာင္းခ်ီတဲ့ လူထုဆႏၵျပ ပြဲမ်ားအပါအဝင္ ျပင္း ထန္တဲ့ တုံ႔ျပန္မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။

ေမာ္ရီပါတီအမတ္မ်ားရဲ႕ လုပ္ရပ္ေတြဟာ ပါလီမန္ကို မထီမဲ့ျမင္ျပဳရာ ေရာက္ရွိတယ္လို႔ နယူးဇီလန္ ေလဘာပါ တီက သေဘာတူညီခဲ့ေပမယ့္ ျပစ္ဒဏ္ေတြက ျပင္းထန္လြန္းတယ္လို႔ ယူဆေၾကာင္း၊ တစ္ရက္ သို႔မဟုတ္ ႏွစ္ ရက္ၾကာ ဆိုင္းငံ့လွ်င္ လုံေလာက္တယ္လို႔ ေျပာပါတယ္။ နယူးဇီလန္ ဂရင္းပါတီကေတာ့ ဆိုင္းငံ ရက္ကာလ ဟာ အခ်ိဳးအစား မညီေၾကာင္း ေစာဒကတက္ပါတယ္။ အဓိကဘတ္ဂ်က္အစည္းအေဝးတစ္ခုအတြက္ ေမာ္ရီပါ တီကိုယ္စားလွယ္ေတြကို ခ်န္လွပ္ထားခဲ့ပါတယ္။

#HtayOung #OungMarine

Related news

© 2021. All rights reserved.