ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအဆင်သင့်ဖြစ်ဟုဆို

 604

Pearl (NSS) - မေ ၁၈

ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ယနေ့ (မေလ ၁၈ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ကျင်းပသော ဗဟိုဌာနချုပ်ရုံးဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းသည်။

ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အနေဖြင့် လက်ရှိတွင် ရုံးခန်းပေါင်း (၁၂၀)ကျော်ဖွင့်လှစ်ထားပြီး ဖြစ်ပြီး ပါတီဝင်စုစုပေါင်း (၄)သိန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

“ ပါတီဝင်တွေကလည်း ၄သိန်းကျော်သွားပြီ ။ ပထမဆုံးက သတ်မှတ်ထားတဲ့ မြို့နယ် ၁၁၀ ပြည့်မီအောင် ကြိုးစားတယ်လေ။ ပြည့်မှီတာက ပြီးခဲ့တဲ့ တစ်လ ကျော်လောက်က ပြည့်မီ တယ်။ အခုလည်း ထပ်ပြီးဖွင့်နေတယ်။ ဧရာဝတီဆိုရင် ၂၆ မြို့နယ်လုံးဖွင့်နိုင်တယ်။ ရန်ကုန်မှာ ၃၀ ကျော်ပြီ။ ဒီလကုန်ဆိုရင် ၃၅ မြို့နယ်လောက်ဖွင့်နိုင်မယ်။ ပဲခူးတိုင်းက ရှိတာက ၂၈ မြို့နယ်ပဲ။ ၂၇ မြို့နယ် ဖွင့်ပြီးပြီ။ ကျန် တစ်မြို့နယ်က တောင်ငူ၊ ထန်းတစ်ပင်တဲ့ သူတို့က မတင်ပေးဘူးတဲ့။ အဲဒါ ကြောင့်မလို့ကြန့်ကြာတာပေါ့နော်။ နေပြည်တော်ကတော့ ဘယ်သိမလဲ နောက်ကျတာကိုး။ သူတို့ ကော်မရှင် လိုင်းကတော့ နည်းနည်းလိုနေတယ်လေ။” ဟု ဦးစိုင်းအိုက်ပေါင်း ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်များအတိုင်း ပြီးခဲ့သည့် တစ်လခန့်က ပြည့်မှီခဲ့သော်လည်း ကော်မရှင်၏ အဆင့်ဆင့် စိစစ်မှုများကြောင့် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနက် သတ်မှတ်ရုံးခန်းအရေအတွက် ပြည့်မီ သည့် ပါတီများကို ထုတ်ပြန်ကြေငြာရာတွင် ကျားဖြူပါတီ မပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြို့နယ်တွေကလည်း (၁၂၀)ကျော်ပြီ ဖွင့်ထားပြီးသား။ တကယ်တမ်းကျတော့ ကော်မရှင်က မရောက်သေးတော့လေ ကျွန်တော်တို့ ပြည့်စုံတဲ့ပါတီ မပါဘူး ဖြစ်နေတယ်။ တစ်နိုင်ငံလုံးပါတီက ၃ပါတီပဲရှိတယ်တဲ့။ ကျွန်တော်တို့ ကျားဖြူက မပါဘူးလားဆိုတော့ ကျွန်တော်တို့ တင်ထားတာ လွန်ခဲ့တဲ့ တစ်လ ကျော်လောက်က ပါတီက ရုံးခန်းတွေ ၁၀၅ ကျော်ဖွင့်ပြီးပြီ။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့ ကမြို့နယ်ကော်မရှင်၊ ခရိုင်ကော်မရှင် ပြီးတော့ မှ တိုင်းကော်မရှင်မှ နေပြည်တော်ဆိုပြီးတော့ အဆင့်ဆင့်ပေါ့။ ကြားထဲမှာ ကြာနေလို့ဖြစ်မှာပါတဲ့၊ ကော်မရှင်ဘက်ကပဲ အဆင့်ဆင့် လုပ်ရတဲ့ အတွက်ကြောင့်မို့ နှောက်နှေးတာဖြစ်မှာပါ။ ပြည့်သွားမှာပါ” ဟု ဦးစိုင်းအိုက်ပေါင်း ကဆက်လက်ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများအနက် ပြည်ထောင်စု ကြံ့ခိုင်‌ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီသာ သတ်မှတ်ရုံးခန်း ပြည့်မှီသေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Zawgyi Version:
ျပည္ေထာင္စုအဆင့္ ေ႐ြးေကာက္ပြဲဝင္ရန္ က်ားျဖဴပါတီအဆင္သင့္ျဖစ္ဟုဆို
Pearl (NSS) - ေမ ၁၈

ျပည္ေထာင္စုအဆင့္ ေ႐ြးေကာက္ပြဲဝင္ရန္ က်ားျဖဴပါတီအေနျဖင့္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ပါတီဥကၠ႒ ဦးစိုင္းအိုက္ေပါင္းက ယေန႔ (ေမလ ၁၈ ရက္) တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္၌က်င္းပေသာ ဗဟိုဌာနခ်ဳပ္႐ုံးဖြင့္ပြဲတြင္ ေျပာၾကားခဲ့ျခင္းသည္။

ရွမ္းႏွင့္ တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ (က်ားျဖဴပါတီ)အေနျဖင့္ လက္ရွိတြင္ ႐ုံးခန္းေပါင္း (၁၂၀)ေက်ာ္ဖြင့္လွစ္ထားၿပီး ျဖစ္ၿပီး ပါတီဝင္စုစုေပါင္း (၄)သိန္းေက်ာ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

“ ပါတီဝင္ေတြကလည္း ၄သိန္းေက်ာ္သြားၿပီ ။ ပထမဆုံးက သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ ၁၁၀ ျပည့္မီေအာင္ ႀကိဳးစားတယ္ေလ။ ျပည့္မွီတာက ၿပီးခဲ့တဲ့ တစ္လ ေက်ာ္ေလာက္က ျပည့္မီ တယ္။ အခုလည္း ထပ္ၿပီးဖြင့္ေနတယ္။ ဧရာဝတီဆိုရင္ ၂၆ ၿမိဳ႕နယ္လုံးဖြင့္ႏိုင္တယ္။ ရန္ကုန္မွာ ၃၀ ေက်ာ္ၿပီ။ ဒီလကုန္ဆိုရင္ ၃၅ ၿမိဳ႕နယ္ေလာက္ဖြင့္ႏိုင္မယ္။ ပဲခူးတိုင္းက ရွိတာက ၂၈ ၿမိဳ႕နယ္ပဲ။ ၂၇ ၿမိဳ႕နယ္ ဖြင့္ၿပီးၿပီ။ က်န္ တစ္ၿမိဳ႕နယ္က ေတာင္ငူ၊ ထန္းတစ္ပင္တဲ့ သူတို႔က မတင္ေပးဘူးတဲ့။ အဲဒါ ေၾကာင့္မလို႔ၾကန႔္ၾကာတာေပါ့ေနာ္။ ေနျပည္ေတာ္ကေတာ့ ဘယ္သိမလဲ ေနာက္က်တာကိုး။ သူတို႔ ေကာ္မရွင္ လိုင္းကေတာ့ နည္းနည္းလိုေနတယ္ေလ။” ဟု ဦးစိုင္းအိုက္ေပါင္း ေျပာသည္။
ေ႐ြးေကာက္ပြဲ ေကာ္မရွင္၏ သတ္မွတ္ခ်က္မ်ားအတိုင္း ၿပီးခဲ့သည့္ တစ္လခန႔္က ျပည့္မွီခဲ့ေသာ္လည္း ေကာ္မရွင္၏ အဆင့္ဆင့္ စိစစ္မႈမ်ားေၾကာင့္ ျပည္ေထာင္စုအဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီမ်ားအနက္ သတ္မွတ္႐ုံးခန္းအေရအတြက္ ျပည့္မီ သည့္ ပါတီမ်ားကို ထုတ္ျပန္ေၾကျငာရာတြင္ က်ားျဖဴပါတီ မပါဝင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕နယ္ေတြကလည္း (၁၂၀)ေက်ာ္ၿပီ ဖြင့္ထားၿပီးသား။ တကယ္တမ္းက်ေတာ့ ေကာ္မရွင္က မေရာက္ေသးေတာ့ေလ ကြၽန္ေတာ္တို႔ ျပည့္စုံတဲ့ပါတီ မပါဘူး ျဖစ္ေနတယ္။ တစ္ႏိုင္ငံလုံးပါတီက ၃ပါတီပဲရွိတယ္တဲ့။ ကြၽန္ေတာ္တို႔ က်ားျဖဴက မပါဘူးလားဆိုေတာ့ ကြၽန္ေတာ္တို႔ တင္ထားတာ လြန္ခဲ့တဲ့ တစ္လ ေက်ာ္ေလာက္က ပါတီက ႐ုံးခန္းေတြ ၁၀၅ ေက်ာ္ဖြင့္ၿပီးၿပီ။ ဘာျဖစ္လို႔လဲဆို‌ေတာ့ သူတို႔ ကၿမိဳ႕နယ္ေကာ္မရွင္၊ ခ႐ိုင္ေကာ္မရွင္ ၿပီးေတာ့ မွ တိုင္းေကာ္မရွင္မွ ေနျပည္ေတာ္ဆိုၿပီးေတာ့ အဆင့္ဆင့္ေပါ့။ ၾကားထဲမွာ ၾကာေနလို႔ျဖစ္မွာပါတဲ့၊ ေကာ္မရွင္ဘက္ကပဲ အဆင့္ဆင့္ လုပ္ရတဲ့ အတြက္ေၾကာင့္မို႔ ေႏွာက္ေႏွးတာျဖစ္မွာပါ။ ျပည့္သြားမွာပါ” ဟု ဦးစိုင္းအိုက္ေပါင္း ကဆက္လက္ေျပာသည္။

လာမည့္ေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုအဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီမ်ားအနက္ ျပည္ေထာင္စု ႀကံ့ခိုင္‌ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP) ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ (တစည)ႏွင့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ပါတီသာ သတ္မွတ္႐ုံးခန္း ျပည့္မွီေသးေၾကာင္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.