အစိုးရကို နာမည်ဖျက်ရန် အညာ PDF များက ပြည်သူများကို လူသားတံတိုင်း ပြုလုပ်လာ

 1611

သန့်ဇင် (NP News) မေ - ၁၈

အစိုးရကိုနာမည်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် အညာ PDF များက ပြည်သူများကို လူသား တံတိုင်း ပြုလုပ်လာကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက NP News သို့ပြောသည်။

အညာ PDF များသည် အချိန်ကာလ (၄)နှစ်ကျော် ကြာမြင့်လာပြီးနောက် လက်နက်ကိုင် လမ်း စဉ်အရ လှုပ်ရှားနယ်မြေများကျဉ်းမြောင်းလာခဲ့ရာမှ အရပ်သားများအတွင်း ရောနှောနေထိုင် စခန်းချကာ အကာအကွယ်ယူလာကြောင်း သိရသည်။ ပြည်သူများအကြား နေထိုင်ကာ လက်နက်ထုတ်လုပ်ခြင်း၊ စာ သင်ကျောင်းများအပါအဝင် အများပြည်သူပိုင် နေရာများတွင် ဝင်ရောက်နေထိုင်ခြင်း၊ လူနေအိမ်များ တွင် နေထိုင်ခြင်းများကို ပြုလုပ်နေကြခြင်းဖြစ်ပြီး တပ်မတော်က တိုက်ခိုက်မှုများပြုလုပ်လျှင် အရပ် သားများ သေဆုံးသည်ကို အကြောင်းပြလေ့ရှိကြောင်း သိရသည်။

“သေချာတာကတော့သူတို့ (PDF) သည် လူသားတံတိုင်းအကာကွယ်လုပ်ထားတာဖြစ်သလို တမင်သက်သက်အရပ်သားတွေကို ထိခိုက်အောင် လုပ်နေတာဆိုတဲ့ ဝါဒဖြန့်မှုကို အဓိကသွားနေတယ် လို့ပဲ ကျွန်တော်ကတော့ သုံးသပ်တယ်။ ကျန်တာတော့ အခုနောက်ပိုင်း လက်နက်ကိုင်လမ်းစဉ် မအောင် မြင်ဘူးလို့ ခံစားလာမိပါလိမ့်မယ်။ မဖြစ်ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ အစိုးရဘက်ကို နာမည်ဖျက်ဖို့နဲ့ တမင် သက်သက်ဝါဒဖြန့်ဖို့ကြိုးစားနေတယ်လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြော သည်။

ထိုသို့ PDF များက လူသားတံတိုင်း အသုံးပြုရန် အရပ်သားများအတွင်း ဝင်ရောက်နေထိုင်လှုပ် ရှားမှုသည် ဒေသခံများအဖို့မနှစ်မြို့သော်ငြား လက်နက်ကိုင်ဆောင်ထားသည့်အတွက် နီးရာဓားကြောက် ရခြင်းသာဖြစ်ကြောင်း ၎င်းကဆိုသည်။

“လက်နက်ကအားလုံးကို အဆုံးအဖြတ်ပေးနေတဲ့အချိန်မှာ လက်နက်ကိုင်နေတဲ့၊ ခေါ်ဆောင်တဲ့ နောက်ကို လိုက်ကြရမှာပဲ။ ဆိုလိုတာက အစိုးရဘက်ဆိုတာက ဘယ်လိုပဲပြောပြော တစ်ခုခုမှားယွင်း သွားရင်တောင် တရားဥပဒေက ခုခံတာကို ကာကွယ်တာတို့ရှိသေးတယ်။ လက်နက်ကိုင်ကြီးစိုးတဲ့နေရာ မှာ တစ်ခုခုမှားသွားရင် လက်ညှိုးတစ်ချက်ကွေးဒိုင်း ဆိုတာနဲ့ ဒီလူကပြီးသွားပြီ။ အဲဒီလိုအခြေနေမျိုးမှာ လက်နက်ကိုင်ထားတဲ့လူတွေရဲ့နောက်ကိုလိုက်ကြရမှာပဲ။ တချို့ကတော့ မလွန်ဆန်နိုင်ဘဲလိုက်ကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။ တချို့ကလည်း ကိုယ်တိုင်ကို စိတ်ပါဝင်စားလို့လုပ်နေကြတဲ့လူတွေလည်း ရှိမှာပေါ့။ အဲဒါကတော့အခြေနေပေါ်မူတည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာကနေသူတို့ကိုယ်တိုင် အသိစိတ်နဲ့ ခွာနိုင်အောင်ကြိုးစားမှပဲ အဆင်ပြေလိမ့်မယ်ထင်တယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် PDF များသည် တော်လှန်ရေးဟုသာ အမည်တပ်ထားသော်လည်း ကိုယ်ကျိုးစီးပွား နှင့် အသာရမည်ဆိုပါက မည်သည့်နည်းလမ်းမဆိုအသုံးပြုနိုင်သည့် ဥပဒေမဲ့အဖွဲ့အစည်းပင်ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။

“ကိုယ်အနိုင်ရဖို့ပဲ ဘယ်နည်းလမ်းကိုမဆို သုံးမယ်ဆိုတာက အထူးသဖြင့် တရားဥပဒေ ဘောင် ထဲကမဟုတ်တဲ့ လက်နက်ကိုင်တွေဆီမှာ တော်တော်များများတွေ့ရတယ်။ အဲဒါက ဟိုးအရင် တုန်း တည်းက ဦးသိန်းစိန်လက်ထက်တည်းက အထူးသဖြင့် ပြည်ပမီဒီယာတွေကလည်း ဖိအားပေးတဲ့ အထဲ မှာ ဘာပါလဲဆိုတော့ တပ်မတော်ဘက်က အမြဲတမ်းဘယ်လိုဖြစ်တယ်ဆိုပြီး အမြဲတမ်းလက်ညှိုး ထိုး တယ်။ လက်ညှိုးထိုးလို့ ဘာလို့ရလဲဆိုတော့ တပ်က စည်းမျဉ်းစည်းကမ်းတွေနဲ့နေရတဲ့လူကို။ အရပ် ဘက်စည်းမျဉ်းရော တပ်ဘက်စည်းမျဉ်းရော နေရတဲ့လူဆိုတော့ သူတို့လက်ညှိုးထိုးလို့ကောင်းတယ်။ ဒါပေမဲ့ သူတို့လက်နက်ကိုင်တွေဘက်ကို သူတို့ လက်ညှိုးမထိုးရဲဘူး။ ဘာလို့လဲဆိုတော့ သူတို့ဥပဒေက တစ်ထပ်ပဲလေ။ အခြေနေမကောင်းလို့ တစ်ချက်ပဲ လက်ညှိုးကွေးလိုက်တာနဲ့ ကွေးလိုက်မှာဆိုတော့ လက်ညှိုးမထိုးရဲဘူး” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

အလားတူ စစ်ကိုင်းမြို့နယ်တွင်လည်း တပ်မတော်နှင့် PDF အဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး PDF များ၏ လူနေအိမ်များအတွင်းမှ တပ်မတော်စစ်ကြောင်းကို ချောင်း မြောင်းပစ်ခတ်ခြင်း၊ နေအိမ်များအတွင်း ဗုံးထောင်ခြင်းနှင့် လူသားတံတိုင်း လုပ်ဆောင်ခြင်းတို့ကို လုပ် ဆောင်နေကြောင်း သိရသည်။
အရပ်သားများကို လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းသည် နိုင်ငံတကာသဘောတူညီချက်များ၊ ဥပဒေများအရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
အစိုးရကို နာမည္ဖ်က္ရန္ အညာ PDF မ်ားက ျပည္သူမ်ားကို လူသားတံတိုင္း ျပဳလုပ္လာ
သန႔္ဇင္ (NP News) ေမ - ၁၈

အစိုးရကိုနာမည္ဖ်က္ရန္ ရည္႐ြယ္ခ်က္ျဖင့္ အညာ PDF မ်ားက ျပည္သူမ်ားကို လူသား တံတိုင္း ျပဳလုပ္လာေၾကာင္း ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက NP News သို႔ေျပာသည္။

အညာ PDF မ်ားသည္ အခ်ိန္ကာလ (၄)ႏွစ္ေက်ာ္ ၾကာျမင့္လာၿပီးေနာက္ လက္နက္ကိုင္ လမ္း စဥ္အရ လႈပ္ရွားနယ္ေျမမ်ားက်ဥ္းေျမာင္းလာခဲ့ရာမွ အရပ္သားမ်ားအတြင္း ေရာေႏွာေနထိုင္ စခန္းခ်ကာ အကာအကြယ္ယူလာေၾကာင္း သိရသည္။ ျပည္သူမ်ားအၾကား ေနထိုင္ကာ လက္နက္ထုတ္လုပ္ျခင္း၊ စာ သင္ေက်ာင္းမ်ားအပါအဝင္ အမ်ားျပည္သူပိုင္ ေနရာမ်ားတြင္ ဝင္ေရာက္ေနထိုင္ျခင္း၊ လူေနအိမ္မ်ား တြင္ ေနထိုင္ျခင္းမ်ားကို ျပဳလုပ္ေနၾကျခင္းျဖစ္ၿပီး တပ္မေတာ္က တိုက္ခိုက္မႈမ်ားျပဳလုပ္လွ်င္ အရပ္ သားမ်ား ေသဆုံးသည္ကို အေၾကာင္းျပေလ့ရွိေၾကာင္း သိရသည္။

“ေသခ်ာတာကေတာ့သူတို႔ (PDF) သည္ လူသားတံတိုင္းအကာကြယ္လုပ္ထားတာျဖစ္သလို တမင္သက္သက္အရပ္သားေတြကို ထိခိုက္ေအာင္ လုပ္ေနတာဆိုတဲ့ ဝါဒျဖန႔္မႈကို အဓိကသြားေနတယ္ လို႔ပဲ ကြၽန္ေတာ္ကေတာ့ သုံးသပ္တယ္။ က်န္တာေတာ့ အခုေနာက္ပိုင္း လက္နက္ကိုင္လမ္းစဥ္ မေအာင္ ျမင္ဘူးလို႔ ခံစားလာမိပါလိမ့္မယ္။ မျဖစ္ျဖစ္ႏိုင္တဲ့နည္းလမ္းနဲ႔ အစိုးရဘက္ကို နာမည္ဖ်က္ဖို႔နဲ႔ တမင္ သက္သက္ဝါဒျဖန႔္ဖို႔ႀကိဳးစားေနတယ္လို႔ပဲ ကြၽန္ေတာ္ကေတာ့ ျမင္ပါတယ္”ဟု ဦးသိန္းထြန္းဦးက ေျပာ သည္။

ထိုသို႔ PDF မ်ားက လူသားတံတိုင္း အသုံးျပဳရန္ အရပ္သားမ်ားအတြင္း ဝင္ေရာက္ေနထိုင္လႈပ္ ရွားမႈသည္ ေဒသခံမ်ားအဖို႔မႏွစ္ၿမိဳ႕ေသာ္ျငား လက္နက္ကိုင္ေဆာင္ထားသည့္အတြက္ နီးရာဓားေၾကာက္ ရျခင္းသာျဖစ္ေၾကာင္း ၎ကဆိုသည္။

“လက္နက္ကအားလုံးကို အဆုံးအျဖတ္ေပးေနတဲ့အခ်ိန္မွာ လက္နက္ကိုင္ေနတဲ့၊ ေခၚေဆာင္တဲ့ ေနာက္ကို လိုက္ၾကရမွာပဲ။ ဆိုလိုတာက အစိုးရဘက္ဆိုတာက ဘယ္လိုပဲေျပာေျပာ တစ္ခုခုမွားယြင္း သြားရင္ေတာင္ တရားဥပေဒက ခုခံတာကို ကာကြယ္တာတို႔ရွိေသးတယ္။ လက္နက္ကိုင္ႀကီးစိုးတဲ့ေနရာ မွာ တစ္ခုခုမွားသြားရင္ လက္ညႇိဳးတစ္ခ်က္ေကြးဒိုင္း ဆိုတာနဲ႔ ဒီလူကၿပီးသြားၿပီ။ အဲဒီလိုအေျခေနမ်ိဳးမွာ လက္နက္ကိုင္ထားတဲ့လူေတြရဲ႕ေနာက္ကိုလိုက္ၾကရမွာပဲ။ တခ်ိဳ႕ကေတာ့ မလြန္ဆန္ႏိုင္ဘဲလိုက္ၾကတဲ့ လူေတြလည္း ပါပါလိမ့္မယ္။ တခ်ိဳ႕ကလည္း ကိုယ္တိုင္ကို စိတ္ပါဝင္စားလို႔လုပ္ေနၾကတဲ့လူေတြလည္း ရွိမွာေပါ့။ အဲဒါကေတာ့အေျခေနေပၚမူတည္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အဲဒီေနရာကေနသူတို႔ကိုယ္တိုင္ အသိစိတ္နဲ႔ ခြာႏိုင္ေအာင္ႀကိဳးစားမွပဲ အဆင္ေျပလိမ့္မယ္ထင္တယ္” ဟု ၎ကေျပာသည္။

ထို႔ေၾကာင့္ PDF မ်ားသည္ ေတာ္လွန္ေရးဟုသာ အမည္တပ္ထားေသာ္လည္း ကိုယ္က်ိဳးစီးပြား ႏွင့္ အသာရမည္ဆိုပါက မည္သည့္နည္းလမ္းမဆိုအသုံးျပဳႏိုင္သည့္ ဥပေဒမဲ့အဖြဲ႕အစည္းပင္ျဖစ္ေၾကာင္း ဦးသိန္းထြန္းဦးက ဆိုသည္။

“ကိုယ္အႏိုင္ရဖို႔ပဲ ဘယ္နည္းလမ္းကိုမဆို သုံးမယ္ဆိုတာက အထူးသျဖင့္ တရားဥပေဒ ေဘာင္ ထဲကမဟုတ္တဲ့ လက္နက္ကိုင္ေတြဆီမွာ ေတာ္ေတာ္မ်ားမ်ားေတြ႕ရတယ္။ အဲဒါက ဟိုးအရင္ တုန္း တည္းက ဦးသိန္းစိန္လက္ထက္တည္းက အထူးသျဖင့္ ျပည္ပမီဒီယာေတြကလည္း ဖိအားေပးတဲ့ အထဲ မွာ ဘာပါလဲဆိုေတာ့ တပ္မေတာ္ဘက္က အၿမဲတမ္းဘယ္လိုျဖစ္တယ္ဆိုၿပီး အၿမဲတမ္းလက္ညႇိဳး ထိုး တယ္။ လက္ညႇိဳးထိုးလို႔ ဘာလို႔ရလဲဆိုေတာ့ တပ္က စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ေနရတဲ့လူကို။ အရပ္ ဘက္စည္းမ်ဥ္းေရာ တပ္ဘက္စည္းမ်ဥ္းေရာ ေနရတဲ့လူဆိုေတာ့ သူတို႔လက္ညႇိဳးထိုးလို႔ေကာင္းတယ္။ ဒါေပမဲ့ သူတို႔လက္နက္ကိုင္ေတြဘက္ကို သူတို႔ လက္ညႇိဳးမထိုးရဲဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ဥပေဒက တစ္ထပ္ပဲေလ။ အေျခေနမေကာင္းလို႔ တစ္ခ်က္ပဲ လက္ညႇိဳးေကြးလိုက္တာနဲ႔ ေကြးလိုက္မွာဆိုေတာ့ လက္ညႇိဳးမထိုးရဲဘူး” ဟု ဦးသိန္းထြန္းဦးက ေျပာသည္။

အလားတူ စစ္ကိုင္းၿမိဳ႕နယ္တြင္လည္း တပ္မေတာ္ႏွင့္ PDF အဖြဲ႕မ်ားအၾကား ထိေတြ႕တိုက္ပြဲမ်ား မၾကာခဏျဖစ္ပြားေလ့ရွိၿပီး PDF မ်ား၏ လူေနအိမ္မ်ားအတြင္းမွ တပ္မေတာ္စစ္ေၾကာင္းကို ေခ်ာင္း ေျမာင္းပစ္ခတ္ျခင္း၊ ေနအိမ္မ်ားအတြင္း ဗုံးေထာင္ျခင္းႏွင့္ လူသားတံတိုင္း လုပ္ေဆာင္ျခင္းတို႔ကို လုပ္ ေဆာင္ေနေၾကာင္း သိရသည္။
အရပ္သားမ်ားကို လူသားတံတိုင္းအျဖစ္ အသုံးျပဳျခင္းသည္ ႏိုင္ငံတကာသေဘာတူညီခ်က္မ်ား၊ ဥပေဒမ်ားအရ စစ္ရာဇဝတ္မႈ က်ဴးလြန္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.