ရုရှားကိုဆန့်ကျင်သည့် “hybrid war” စစ်ပွဲမျိုး ပြင်သစ် ဦးဆောင်နေဟုဆို

44

Pika (NP News) - မေ ၁၉
ပြင်သစ်နိုင်ငံသည် ရုရှားနိုင်ငံကို ဆန့်ကျင်သော “ hybrid war” စစ်ပွဲကို ဦးဆောင်နေသောနိုင်ငံဖြစ် ကြောင်း ရုရှားအစိုးရက ဝေဖန်ပြစ် တင်လိုက်သည်။ ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံအပေါ် (၁၇) ကြိမ်မြောက် ပိတ်ဆို့မှုများ ချမှတ်ရန် သဘောတူညီလိုက်ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီး မာရီယာဇာခါရိုဗာက ပြင်သစ် နိုင်ငံကို စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံသည် ဗြိတိန်နိုင်ငံနှင့်အတူ ရုရှားနိုင်ငံကို တိုက်ခိုက်နေသောယူကရိန်းကို ကူညီထောက်ပံ့ ပေးမှုများလုပ်ဆောင်ရန် တက်ကြွစွာ ဦးဆောင်နေသောနိုင်ငံဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက “ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်ပွားခဲ့တဲ့ (၂၀၂၂)ခုနှစ် နောက်ပိုင်းကတည်းက ပြင်သစ်နိုင်ငံဟာ ရုရှားနိုင်ငံအပေါ် ပြုလုပ်နေတဲ့ အနောက်အုပ်စုရဲ့ hybrid war စစ်ပွဲကို ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်တုန်း ကလည်း ပြင်သစ်နိုင်ငံဟာ ရုရှားနိုင်ငံ အပေါ် ဆန့်ကျင်နေတဲ့ အနောက်အုပ်စုရဲ့ hybrid war စစ်ပွဲ ကိုဦးဆောင်နေတဲ့ နိုင်ငံအဖြစ် ပိုမိုသိသာလာခဲ့တယ်။ ပြင်သစ်နိုင်ငံဟာ ယူကရိန်းကို စစ်ရေးအကူ အညီတွေ ပိုမိုပေးလာခဲ့သလို ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုတွေချမှတ်ဖို့ ပိုမိုတွန်းအားပေးခဲ့တယ်။ အရင်တုန်းကလည်း ပြင်သစ်နိုင်ငံဟာ ရုရှားနိုင်ငံအပေါ်ပြုလုပ်တဲ့ တရားမဝင်ပိတ်ဆို့မှု တွေမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်” ဟုပြောသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူက ပိတ်ဆို့မှုချမှတ်ခြင်းသည် ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲခြင်း၏ အစိတ်အပိုင်းဖြစ်သကဲ့သို့ ရုရှားစီးပွားရေးတိုးတက်မှုကို ဟန့်တားနှောက်ယှက်ခြင်းဖြစ်ကြောင်း ပြောသည်။ ရုရှားနိုင်ငံအပေါ် ချမှတ်ခံရသောပိတ်ဆို့မှုများအတွက် သင့်တော်သလို ပြန် လည်တုံ့ပြန်သွားမည်ဖြစ် ကြောင်း မာရီယာဇာခါရိုဗာ က ပြောသည်။
ရက်ပေါင်း (၃၀) ကြာ အပစ်အခတ်ရပ်စဲထားရန် တောင်းဆိုခဲ့သော ယူကရိန်းသမ္မတ၏ တောင်းဆိုခြင်းကို ရုရှားနိုင်ငံဘက်က လက်မခံခဲ့လျှင် ဥရောပသမဂ္ဂအနေဖြင့် ရုရှားကို ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရမည်ဖြစ် ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြီးခဲ့သောရက်ပိုင်းတွင် ဦးဆောင် တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။ ပြင်သစ်နိုင်ငံသည် (၂၀၂၅)ခုနှစ်တွင် ၎င်းတို့နိုင်ငံက ထုတ်လုပ်ထားသော Mirage (2000) အမျိုးအစားတိုက် လေယာဉ်များကိုပထမအကြိမ် လွှဲပြောင်းပေးခဲ့ဖူးကြောင်း
သိရသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံနှင့် ရုရှား နိုင်ငံကြားတင်းမာမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
႐ုရွားကိုဆန႔္က်င္သည့္ “hybrid war” စစ္ပြဲမ်ိဳး ျပင္သစ္ ဦးေဆာင္ေနဟုဆို
Pika (NP News) - ေမ ၁၈
ျပင္သစ္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံကို ဆန႔္က်င္ေသာ “ hybrid war” စစ္ပြဲကို ဦးေဆာင္ေနေသာႏိုင္ငံျဖစ္ ေၾကာင္း ႐ုရွားအစိုးရက ေဝဖန္ျပစ္ တင္လိုက္သည္။ ဥေရာပသမဂၢသည္ ႐ုရွားႏိုင္ငံအေပၚ (၁၇) ႀကိမ္ေျမာက္ ပိတ္ဆို႔မႈမ်ား ခ်မွတ္ရန္ သေဘာတူညီလိုက္ၿပီးေနာက္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး မာရီယာဇာခါ႐ိုဗာက ျပင္သစ္ ႏိုင္ငံကို စြပ္စြဲေျပာဆိုလိုက္ျခင္းျဖစ္သည္။
ျပင္သစ္ႏိုင္ငံသည္ ၿဗိတိန္ႏိုင္ငံႏွင့္အတူ ႐ုရွားႏိုင္ငံကို တိုက္ခိုက္ေနေသာယူကရိန္းကို ကူညီေထာက္ပံ့ ေပးမႈမ်ားလုပ္ေဆာင္ရန္ တက္ႂကြစြာ ဦးေဆာင္ေနေသာႏိုင္ငံျဖစ္ေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံျခားေရး ဝန္ႀကီး ဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာခါ႐ိုဗာက “ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္ပြားခဲ့တဲ့ (၂၀၂၂)ခုႏွစ္ ေနာက္ပိုင္းကတည္းက ျပင္သစ္ႏိုင္ငံဟာ ႐ုရွားႏိုင္ငံအေပၚ ျပဳလုပ္ေနတဲ့ အေနာက္အုပ္စုရဲ႕ hybrid war စစ္ပြဲကို ဦးေဆာင္ေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လအနည္းငယ္တုန္း ကလည္း ျပင္သစ္ႏိုင္ငံဟာ ႐ုရွားႏိုင္ငံ အေပၚ ဆန႔္က်င္ေနတဲ့ အေနာက္အုပ္စုရဲ႕ hybrid war စစ္ပြဲ ကိုဦးေဆာင္ေနတဲ့ ႏိုင္ငံအျဖစ္ ပိုမိုသိသာလာခဲ့တယ္။ ျပင္သစ္ႏိုင္ငံဟာ ယူကရိန္းကို စစ္ေရးအကူ အညီေတြ ပိုမိုေပးလာခဲ့သလို ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈေတြခ်မွတ္ဖို႔ ပိုမိုတြန္းအားေပးခဲ့တယ္။ အရင္တုန္းကလည္း ျပင္သစ္ႏိုင္ငံဟာ ႐ုရွားႏိုင္ငံအေပၚျပဳလုပ္တဲ့ တရားမဝင္ပိတ္ဆို႔မႈ ေတြမွာ အဓိက အခန္းက႑က ပါဝင္ေနပါတယ္” ဟုေျပာသည္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရး ဆိုခြင့္ရွိသူက ပိတ္ဆို႔မႈခ်မွတ္ျခင္းသည္ ကုန္သြယ္ေရး စစ္ပြဲဆင္ႏႊဲျခင္း၏ အစိတ္အပိုင္းျဖစ္သကဲ့သို႔ ႐ုရွားစီးပြားေရးတိုးတက္မႈကို ဟန႔္တားေႏွာက္ယွက္ျခင္းျဖစ္ေၾကာင္း ေျပာသည္။ ႐ုရွားႏိုင္ငံအေပၚ ခ်မွတ္ခံရေသာပိတ္ဆို႔မႈမ်ားအတြက္ သင့္ေတာ္သလို ျပန္ လည္တုံ႔ျပန္သြားမည္ျဖစ္ ေၾကာင္း မာရီယာဇာခါ႐ိုဗာ က ေျပာသည္။
ရက္ေပါင္း (၃၀) ၾကာ အပစ္အခတ္ရပ္စဲထားရန္ ေတာင္းဆိုခဲ့ေသာ ယူကရိန္းသမၼတ၏ ေတာင္းဆိုျခင္းကို ႐ုရွားႏိုင္ငံဘက္က လက္မခံခဲ့လွ်င္ ဥေရာပသမဂၢအေနျဖင့္ ႐ုရွားကို ပိတ္ဆို႔မႈအသစ္မ်ား ထပ္မံခ်မွတ္ရမည္ျဖစ္ ေၾကာင္း ျပင္သစ္သမၼတ မက္ခ႐ြန္က ၿပီးခဲ့ေသာရက္ပိုင္းတြင္ ဦးေဆာင္ ေတာင္းဆိုခဲ့ဖူးေၾကာင္း သိရသည္။ ျပင္သစ္ႏိုင္ငံသည္ (၂၀၂၅)ခုႏွစ္တြင္ ၎တို႔ႏိုင္ငံက ထုတ္လုပ္ထားေသာ Mirage (2000) အမ်ိဳးအစားတိုက္ ေလယာဥ္မ်ားကိုပထမအႀကိမ္ လႊဲေျပာင္းေပးခဲ့ဖူးေၾကာင္း
သိရသည္။ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကား စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ျပင္သစ္ႏိုင္ငံႏွင့္ ႐ုရွား ႏိုင္ငံၾကားတင္းမာမႈမ်ား ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။