ယူကရိန်းအတွက် အကူအညီ အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာက အလဟဿဖြစ်နေတယ်လို့ ဒေါ်နယ်ထရမ့် ပြော

 97

Pika (NP News) - မေ ၁၉

ယူကရိန်းနိုင်ငံကို အကူအညီပေးနေတဲ့အမေရိကန်ဒေါ်လာဘီလျံပေါင်းများစွာက အလဟဿဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းရေးအတွက် အတားအဆီးတစ်ခုဖြစ်တယ်လို့ ယုံကြည်တာမျိုး ရှိ/မရှိဆိုတဲ့ မေးခွန်းတွေကို သတင်းထောက်တွေက ဒေါ်နယ်ထရမ့်ကို မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးကို ပြစ်တင်ဝေဖန်ခဲ့ တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ဇီလန်စကီးနဲ့ကျွန်တော့်ကြားမှာ တကယ်ကိုကြမ်းတမ်းတဲ့ ဆွေးနွေးပွဲတစ်ခု ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆို‌တော့ ဇီလန်စကီးပြောတာတွေကို ကျွန်တော်သဘောမကျလို့ပါ။ ဇီလန်စကီးက အမြဲတမ်း လွယ်လွယ်ကူကူမဖြေရှင်းချင်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်က ယူကရိန်းကိုပေးပို့ခဲ့တဲ့အကူအညီတွေကို ဒေါ်နယ်ထရမ့် က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ငွေကြေးက ငွေကြေးပါပဲ။ ဇီလန်စကီးက ကမ္ဘာပေါ်မှာ အကောင်းဆုံးအရောင်းအဝယ်သမားတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ အမေရိကန်ကို လာပြီးတဲ့အချိန်တိုင်း ဇီလန်စကီးက အမေရိကန်ဒေါ်လာ သန်းတစ်ရာလောက်နဲ့ ပြန်ထွက်သွားတာ ပါ” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်ရဲ့အကူအညီတွေအတွက် ဇီလန်စကီးရဲ့စည်းရုံးနိုင်စွမ်းက အချိန်ကြာလာတာနဲ့အမျှ ကျဆင်းသွားတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းအတြက္ အကူအညီ အေမရိကန္ေဒၚလာဘီလ်ံေပါင္းမ်ားစြာက အလဟႆျဖစ္ေနတယ္လို႔ ေဒၚနယ္ထရမ့္ ေျပာ
Pika (NP News) - ေမ ၁၉
ယူကရိန္းႏိုင္ငံကို အကူအညီေပးေနတဲ့အေမရိကန္ေဒၚလာဘီလ်ံေပါင္းမ်ားစြာက အလဟႆျဖစ္သြားမွာကို စိုးရိမ္မိတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားသမၼတပူတင္ဟာ ႐ုရွားနဲ႔ယူကရိန္းၾကားၿငိမ္းခ်မ္းေရးအတြက္ အတားအဆီးတစ္ခုျဖစ္တယ္လို႔ ယုံၾကည္တာမ်ိဳး ရွိ/မရွိဆိုတဲ့ ေမးခြန္းေတြကို သတင္းေထာက္ေတြက ေဒၚနယ္ထရမ့္ကို ေမးျမန္းခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္က ယူကရိန္းသမၼတဇီလန္စကီးကို ျပစ္တင္ေဝဖန္ခဲ့ တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ဇီလန္စကီးနဲ႔ကြၽန္ေတာ့္ၾကားမွာ တကယ္ကိုၾကမ္းတမ္းတဲ့ ေဆြးေႏြးပြဲတစ္ခု ရွိခဲ့ပါတယ္။ ဘာေၾကာင့္လဲဆို‌ေတာ့ ဇီလန္စကီးေျပာတာေတြကို ကြၽန္ေတာ္သေဘာမက်လို႔ပါ။ ဇီလန္စကီးက အၿမဲတမ္း လြယ္လြယ္ကူကူမေျဖရွင္းခ်င္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္သမၼတေဟာင္းဂ်ိဳးဘိုင္ဒန္လက္ထက္က ယူကရိန္းကိုေပးပို႔ခဲ့တဲ့အကူအညီေတြကို ေဒၚနယ္ထရမ့္ က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ေငြေၾကးက ေငြေၾကးပါပဲ။ ဇီလန္စကီးက ကမာၻေပၚမွာ အေကာင္းဆုံးအေရာင္းအဝယ္သမားတစ္ေယာက္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ အေမရိကန္ကို လာၿပီးတဲ့အခ်ိန္တိုင္း ဇီလန္စကီးက အေမရိကန္ေဒၚလာ သန္းတစ္ရာေလာက္နဲ႔ ျပန္ထြက္သြားတာ ပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း အေမရိကန္ရဲ႕အကူအညီေတြအတြက္ ဇီလန္စကီးရဲ႕စည္း႐ုံးႏိုင္စြမ္းက အခ်ိန္ၾကာလာတာနဲ႔အမွ် က်ဆင္းသြားတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.