အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ စစ်ဆင်ရေးအသစ်တစ်ရပ်ကို စတင်

 48

Pika (NP News) - မေ ၁၉

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းပစ်ဖို့ ရည်ရွယ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှု အသစ်တစ်ရပ်ကို အစ္စရေးစစ်တပ်က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်၊ အီဂျစ် နဲ့ ကာတာနိုင်ငံတို့ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က မတ်လမှာ သက်တမ်းကုန်ဆုံးသွားခဲ့ပြီးနောက် ထိုးစစ်ဆင်မှုအသစ်ထွက်ပေါ်လာတာဖြစ်ပါတယ်။
အစ္စရေးစစ်တပ်က “ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမှာ စစ်ဆင်ရေးချဲ့ထွင်မှုတစ်စိတ် တစ်ပိုင်းအဖြစ် မဟာဗျူဟာမြောက်နယ်မြေတွေကို သိမ်းယူဖို့အတွက် ကျယ်ပြန့်တဲ့တိုက်ခိုက်မှုတွေနဲ့ တပ်ဖွဲ့ဝင် စုဆောင်းတာတွေကို လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ၎င်းတို့ရဲ့ရည်မှန်းချက်ဟာ ကျန်ရှိနေတဲ့ဓါးစာခံတွေအားလုံး ပြန်လည်လွတ်မြောက်လာဖို့နဲ့ ဟားမက် လက်နက်ကိုင်အဖွဲ့ကို အပြီးတိုင်ချေမှုန်းပစ်ဖို့ ဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အစ္စရေးစစ်တပ်က “အစ္စရေးတပ်ဖွဲ့တွေဟာ အစ္စရေးနိုင်ငံသားတွေကို ကာကွယ်ဖို့နဲ့ ဒီစစ်ပွဲရဲ့ရည်မှန်းချက်ပန်းတိုင် ကို သိရှိနားလည်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
Times of Israel သတင်းစာရဲ့အဆိုအရ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ဖို့၊ ပါလက်စတိုင်းပြည်သူတွေကို ဂါဇာတောင်ပိုင်းကို ရွှေ့ပြောင်းခိုင်းဖို့နဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရယူတာမျိုးကနေ တားဆီးဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးက ဂါဇာကမ္းေျမာင္ေဒသမွာ စစ္ဆင္ေရးအသစ္တစ္ရပ္ကို စတင္
Pika (NP News) - ေမ ၁၉
ဂါဇာကမ္းေျမာင္ေဒသမွာ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ေခ်မႈန္းပစ္ဖို႔ ရည္႐ြယ္ထားတဲ့ ဗုံးႀကဲတိုက္ခိုက္မႈ အသစ္တစ္ရပ္ကို အစၥေရးစစ္တပ္က ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္၊ အီဂ်စ္ နဲ႔ ကာတာႏိုင္ငံတို႔ၾကားဝင္ေစ့စပ္ေပးထားတဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္က မတ္လမွာ သက္တမ္းကုန္ဆုံးသြားခဲ့ၿပီးေနာက္ ထိုးစစ္ဆင္မႈအသစ္ထြက္ေပၚလာတာျဖစ္ပါတယ္။
အစၥေရးစစ္တပ္က “ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာမွာ စစ္ဆင္ေရးခ်ဲ႕ထြင္မႈတစ္စိတ္ တစ္ပိုင္းအျဖစ္ မဟာဗ်ဴဟာေျမာက္နယ္ေျမေတြကို သိမ္းယူဖို႔အတြက္ က်ယ္ျပန႔္တဲ့တိုက္ခိုက္မႈေတြနဲ႔ တပ္ဖြဲ႕ဝင္ စုေဆာင္းတာေတြကို လုပ္ေဆာင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ၎တို႔ရဲ႕ရည္မွန္းခ်က္ဟာ က်န္ရွိေနတဲ့ဓါးစာခံေတြအားလုံး ျပန္လည္လြတ္ေျမာက္လာဖို႔နဲ႔ ဟားမက္ လက္နက္ကိုင္အဖြဲ႕ကို အၿပီးတိုင္ေခ်မႈန္းပစ္ဖို႔ ျဖစ္တယ္လို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ အစၥေရးစစ္တပ္က “အစၥေရးတပ္ဖြဲ႕ေတြဟာ အစၥေရးႏိုင္ငံသားေတြကို ကာကြယ္ဖို႔နဲ႔ ဒီစစ္ပြဲရဲ႕ရည္မွန္းခ်က္ပန္းတိုင္ ကို သိရွိနားလည္ေအာင္ ဆက္လက္လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
Times of Israel သတင္းစာရဲ႕အဆိုအရ အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာကမ္းေျမာင္ေဒသကို သိမ္းပိုက္ဖို႔၊ ပါလက္စတိုင္းျပည္သူေတြကို ဂါဇာေတာင္ပိုင္းကို ေ႐ႊ႕ေျပာင္းခိုင္းဖို႔နဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ ရယူတာမ်ိဳးကေန တားဆီးဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.