ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်လဲလှယ်မှုကို ရုရှားနဲ့ယူကရိန်းတို့ပြုလုပ်

 76

Pika (NP News) - မေ ၁၈

ရုရှားနဲ့ယူကရိန်းတို့ဟာ တိုက်ပွဲတွေအတွင်း ကျဆုံးသွားခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေကို အပြန်အလှန် လဲလှယ်မှု လုပ်ဆောင်ခဲ့ကြတယ်လို့ ရုရှားလွှတ်တော်အမတ် Shamsail Saraliev က ပြောကြားခဲ့ပါတယ်။ Shamsail Saraliev ရဲ့ပြောကြားချက်အရ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းစစ်သားရုပ်အလောင်း (၉၀၉) လောင်းကို ယူကရိန်းကို ပြန်လည်ပေးအပ်ခဲ့ပြီး အပြန်အလှန်အနေနဲ့ ရုရှားစစ်သားရုပ်အလောင်း(၃၄) လောင်းကို ပြန်လည်လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလဲလှယ်မှုကို ယူကရိန်းရဲ့စစ်သုံ့ပန်းများ ကုသရေးညှိနှိုင်းရေးဌာနချုပ်က အတည်ပြုခဲ့ပြီး ယူကရိန်းက စစ်သား ရုပ်အလောင်း(၉၀၉)ခုကို ပြန်လည်လက်ခံရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုရှားစစ်သား ရုပ်အလောင်း ဘယ်နှစ်လောင်းကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့အချက်ကိုတော့ ယူကရိန်းရဲ့စစ်သုံ့ပန်းများ ကုသရေးညှိနှိုင်းရေးဌာနချုပ်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီအပြန်အလှန်လဲလှယ်မှုကို ယူကရိန်းစစ်တပ်အပြင် ပြည်တွင်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့နဲ့အတူ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ယူကရိန်းရဲ့စစ်သုံ့ပန်းများ ကုသရေး ညှိနှိုင်းရေး ဌာနချုပ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
က်ဆုံးသြားတဲ့ စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္လဲလွယ္မႈကို ႐ုရွားနဲ႔ယူကရိန္းတို႔ျပဳလုပ္
Pika (NP News) - ေမ ၁၈

႐ုရွားနဲ႔ယူကရိန္းတို႔ဟာ တိုက္ပြဲေတြအတြင္း က်ဆုံးသြားခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြကို အျပန္အလွန္ လဲလွယ္မႈ လုပ္ေဆာင္ခဲ့ၾကတယ္လို႔ ႐ုရွားလႊတ္ေတာ္အမတ္ Shamsail Saraliev က ေျပာၾကားခဲ့ပါတယ္။ Shamsail Saraliev ရဲ႕ေျပာၾကားခ်က္အရ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနဟာ ယူကရိန္းစစ္သား႐ုပ္အေလာင္း (၉၀၉) ေလာင္းကို ယူကရိန္းကို ျပန္လည္ေပးအပ္ခဲ့ၿပီး အျပန္အလွန္အေနနဲ႔ ႐ုရွားစစ္သား႐ုပ္အေလာင္း(၃၄) ေလာင္းကို ျပန္လည္လက္ခံရရွိခဲ့တယ္လို႔ သိရပါတယ္။
အဲဒီလဲလွယ္မႈကို ယူကရိန္းရဲ႕စစ္သုံ႔ပန္းမ်ား ကုသေရးညႇိႏႈိင္းေရးဌာနခ်ဳပ္က အတည္ျပဳခဲ့ၿပီး ယူကရိန္းက စစ္သား ႐ုပ္အေလာင္း(၉၀၉)ခုကို ျပန္လည္လက္ခံရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ႐ုရွားစစ္သား ႐ုပ္အေလာင္း ဘယ္ႏွစ္ေလာင္းကို ျပန္လည္လႊဲေျပာင္းေပးခဲ့တယ္ဆိုတဲ့အခ်က္ကိုေတာ့ ယူကရိန္းရဲ႕စစ္သုံ႔ပန္းမ်ား ကုသေရးညႇိႏႈိင္းေရးဌာနခ်ဳပ္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
အဲဒီအျပန္အလွန္လဲလွယ္မႈကို ယူကရိန္းစစ္တပ္အျပင္ ျပည္တြင္းလုံၿခဳံေရးဝန္ေဆာင္မႈအဖြဲ႕၊ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီတို႔နဲ႔အတူ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့တယ္လို႔ ယူကရိန္းရဲ႕စစ္သုံ႔ပန္းမ်ား ကုသေရး ညႇိႏႈိင္းေရး ဌာနခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.