နျူကလီးယားသဘောတူညီချက်အသစ်အတွက် အမေရိကန်ရဲ့အဆိုပြုချက်ကို လက်ခံရရှိတာမျိုးမရှိဘူးလို့ အီရန် ပြော

263

Pika (NP News) - မေ ၁၉
နျူကလီးယားသဘောတူညီချက်အသစ်အတွက် အမေရိကန်ဆီကနေ ဘယ်လိုအဆိုပြုချက်ကိုမှ လက်ခံရရှိတာမျိုး မရှိခဲ့ဘူးလို့ အီရန်အစိုးရက ပြောကြားခဲ့ပါတယ်။ နျူကလီးယားသဘောတူညီချက်အသစ်နဲ့ပတ်သက်ပြီး အဆိုပြုချက်တစ်ခုကို အီရန်ကိုပေးပို့ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် အီရန်အစိုးရရဲ့ပြောဆိုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီက “အီရန်ဟာ အမေရိကန်ဆီကနေ စာနဲ့ရေးသားထားတဲ့ အဆိုပြုချက်ကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ဖြစ်စေ လက်ခံရရှိတာမျိုး မရှိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်က အီရန်အပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပစ်ပြီး အခွင့်အရေးတွေကို လေးစားလိုက်နာခဲ့မယ်ဆိုရင် သဘောတူညီချက်တစ်ခုကို ရယူဖို့ အီရန်က ဆုံးဖြတ်ထားတယ်လို့ အာဘတ်စ်အာဂရာချီက ပြောကြားခဲ့ပါတယ်။
အီရန်ဟာ အခြားနိုင်ငံဆီကနေ ယူရေနီယမ်တွေကိုဝယ်ယူပြီး ယူရေနီယမ်သန့်စင်မှုကို လုပ်ဆောင်နိုင်တယ်လို့ အမေရိကန်အစိုးရကပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အီရန်က နျူကလီးယား လက်နက်ကိုရယူဖို့ ဆန္ဒမရှိဘူးဆိုရင် အဲဒီလိုအစီအစဉ်မျိုးက မလိုအပ်ဘူးလို့ အမေရိကန်အစိုးရက ထပ်မံ ပြောကြားခဲ့ပါတယ်။
အာဘတ်စ်အာဂရာချီက “ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက် ယူရေနီယမ်သန့်စင်ပိုင်ခွင့်ကို အီရန်က စွန့်လွှတ်သွား မှာမဟုတ်ပါဘူး။ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ဆွေးနွေးပွဲတွေကို ကျွန်တော်တို့အမြဲတမ်းကြိုဆိုနေ ပေမယ့် အခွင့်အရေးကို မလေးစားတာတွေကိုတော့ ကျွန်တော်တို့လက်မခံပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
န်ဴကလီးယားသေဘာတူညီခ်က္အသစ္အတြက္ အေမရိကန္ရဲ႕အဆိုျပဳခ်က္ကို လက္ခံရရွိတာမ်ိဳးမရွိဘူးလို႔ အီရန္ ေျပာ
Pika (NP News) - ေမ ၁၉
န်ဴကလီးယားသေဘာတူညီခ်က္အသစ္အတြက္ အေမရိကန္ဆီကေန ဘယ္လိုအဆိုျပဳခ်က္ကိုမွ လက္ခံရရွိတာမ်ိဳး မရွိခဲ့ဘူးလို႔ အီရန္အစိုးရက ေျပာၾကားခဲ့ပါတယ္။ န်ဴကလီးယားသေဘာတူညီခ်က္အသစ္နဲ႔ပတ္သက္ၿပီး အဆိုျပဳခ်က္တစ္ခုကို အီရန္ကိုေပးပို႔ခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ၿပီးေနာက္ အီရန္အစိုးရရဲ႕ေျပာဆိုခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီက “အီရန္ဟာ အေမရိကန္ဆီကေန စာနဲ႔ေရးသားထားတဲ့ အဆိုျပဳခ်က္ကို တိုက္႐ိုက္ျဖစ္ေစ၊သြယ္ဝိုက္ျဖစ္ေစ လက္ခံရရွိတာမ်ိဳး မရွိေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္က အီရန္အေပၚခ်မွတ္ထားတဲ့ ပိတ္ဆို႔အေရးယူမႈေတြကို ဖယ္ရွားပစ္ၿပီး အခြင့္အေရးေတြကို ေလးစားလိုက္နာခဲ့မယ္ဆိုရင္ သေဘာတူညီခ်က္တစ္ခုကို ရယူဖို႔ အီရန္က ဆုံးျဖတ္ထားတယ္လို႔ အာဘတ္စ္အာဂရာခ်ီက ေျပာၾကားခဲ့ပါတယ္။
အီရန္ဟာ အျခားႏိုင္ငံဆီကေန ယူေရနီယမ္ေတြကိုဝယ္ယူၿပီး ယူေရနီယမ္သန႔္စင္မႈကို လုပ္ေဆာင္ႏိုင္တယ္လို႔ အေမရိကန္အစိုးရကေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အီရန္က န်ဴကလီးယား လက္နက္ကိုရယူဖို႔ ဆႏၵမရွိဘူးဆိုရင္ အဲဒီလိုအစီအစဥ္မ်ိဳးက မလိုအပ္ဘူးလို႔ အေမရိကန္အစိုးရက ထပ္မံ ေျပာၾကားခဲ့ပါတယ္။
အာဘတ္စ္အာဂရာခ်ီက “ၿငိမ္းခ်မ္းတဲ့ရည္႐ြယ္ခ်က္အတြက္ ယူေရနီယမ္သန႔္စင္ပိုင္ခြင့္ကို အီရန္က စြန႔္လႊတ္သြား မွာမဟုတ္ပါဘူး။ အျပန္အလွန္ေလးစားမႈကို အေျခခံတဲ့ေဆြးေႏြးပြဲေတြကို ကြၽန္ေတာ္တို႔အၿမဲတမ္းႀကိဳဆိုေန ေပမယ့္ အခြင့္အေရးကို မေလးစားတာေတြကိုေတာ့ ကြၽန္ေတာ္တို႔လက္မခံပါဘူး” လို႔ ေျပာခဲ့ပါတယ္။