ရွှေပြည်သာရှိ True Green စက်ရုံတွင် အလုပ်သမား ၁၅၀ ခန့် ဆန္ဒထုတ်ဖော်နေ

529

သက်ပိုင်(NP News) - မေ ၂၀
ရွှေပြည်သာမြို့နယ် ၊ ဝါးတစ်ရာစက်မှုဇုံ ရှိTrue Green ကော်စေ့စက်ရုံမှ အလုပ်သမား ၁၅၀ ခန့်သည် ထိုင်သပိတ် ဆန္ဒထုတ်ဖော်လျှက်ရှိကြောင်း သိရသည်။
လုပ်ခလစာ တိုးပေးရန်နှင့် အကြောင်းပြချက်မရှိပဲ အလုပ်ထုတ်ခံရသော စက်ရုံသမဂ္ဂအဖွဲ့ တာဝန်ရှိသူ ၄ ဦးအား အလုပ်ပြန်လည် ခန့်ထားရေးအတွက်ယမန့်နေ့ (မေလ ၁၉ ရက်) ညနေ ၄ နာရီကျော်အချိန်မှစတင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြ အလုပ်သမားများထံမှ သိရသည်။
"ကုန်စျေးနှုန်းအရမ်းကြီးလာတော့ နေ့တွက်ကြေးကို တစ်ရက် ၆၅၀၀ ကနေ ၁၀၀၀၀ တိုးပေးဖို့အတွက် ညှိနှိုင်းနေတာကြာပါပြီ။ ဒီအတွက်လည်း တိုင်းအဆင့်ထိ ညှိနှိုင်းတာတွေ လုပ်နေပါတယ်။ ဒီကြားထဲမှာမှ အလုပ်သမားဘက်က ညှိနှိုင်းဖြန်ဖြေရေးမှာပါတဲ့ အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်တွေကို အကြောင်းပြချက်မရှိဘဲ အလုပ်ကထုတ်ခဲ့တဲ့အတွက် အခုလို ထိုင်သပိတ်လုပ်ရတာပါ"ဟု အမည်မဖော်လိုသည့် အလုပ်သမားတစ်ဦးကဆိုသည်။
ယင်းနောက် အဆိုပါ ညတွင်ပင် အလုပ်ထုတ်ခံရသော အလုပ်သမား ခေါင်းဆောင်လေးဦးကို အလုပ်ခန့်ပေးခဲ့သော်လည်း လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆိုချက်မှာ အဆင်မပြေသေးသည့် အတွက် ဆက်လက်ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံမှ အလုပ်သမား ၁၀၀၀ ကျော်သည်လည်း ပြီးခဲ့သည့်မေလ ၁၄ ရက်နေ့မှစတင်ကာ လုပ်ခလစာငွေ တိုးပေးရန် ဆန္ဒပြ တောင်းဆိုလျှက်ရှိသည်။

Zawgyi Version:
ေ႐ႊျပည္သာရွိ True Green စက္႐ုံတြင္ အလုပ္သမား ၁၅၀ ခန႔္ ဆႏၵထုတ္ေဖာ္ေန
သက္ပိုင္(NP News) - ေမ ၂၀
ေ႐ႊျပည္သာၿမိဳ႕နယ္ ၊ ဝါးတစ္ရာစက္မႈဇုံ ရွိTrue Green ေကာ္ေစ့စက္႐ုံမွ အလုပ္သမား ၁၅၀ ခန္႔သည္ ထိုင္သပိတ္ ဆႏၵထုတ္ေဖာ္လွ်က္ရွိေၾကာင္း သိရသည္။
လုပ္ခလစာ တိုးေပးရန္ႏွင့္ အေၾကာင္းျပခ်က္မရွိပဲ အလုပ္ထုတ္ခံရေသာ စက္႐ုံသမဂၢအဖြဲ႕ တာဝန္ရွိသူ ၄ ဦးအား အလုပ္ျပန္လည္ ခန္႔ထားေရးအတြက္ယမန႔္ေန႔ (ေမလ ၁၉ ရက္) ညေန ၄ နာရီေက်ာ္အခ်ိန္မွစတင္ကာ ဆႏၵ ထုတ္ေဖာ္ခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါ ဆႏၵျပ အလုပ္သမားမ်ားထံမွ သိရသည္။
"ကုန္ေစ်းႏႈန္းအရမ္းႀကီးလာေတာ့ ေန႔တြက္ေၾကးကို တစ္ရက္ ၆၅၀၀ ကေန ၁၀၀၀၀ တိုးေပးဖို႔အတြက္ ညႇိႏႈိင္းေနတာၾကာပါၿပီ။ ဒီအတြက္လည္း တိုင္းအဆင့္ထိ ညႇိႏႈိင္းတာေတြ လုပ္ေနပါတယ္။ ဒီၾကားထဲမွာမွ အလုပ္သမားဘက္က ညႇိႏႈိင္းျဖန္ေျဖေရးမွာပါတဲ့ အလုပ္သမားအဖြဲ႕အစည္း ေခါင္းေဆာင္ေတြကို အေၾကာင္းျပခ်က္မရွိဘဲ အလုပ္ကထုတ္ခဲ့တဲ့အတြက္ အခုလို ထိုင္သပိတ္လုပ္ရတာပါ"ဟု အမည္မေဖာ္လိုသည့္ အလုပ္သမားတစ္ဦးကဆိုသည္။
ယင္းေနာက္ အဆိုပါ ညတြင္ပင္ အလုပ္ထုတ္ခံရေသာ အလုပ္သမား ေခါင္းေဆာင္ေလးဦးကို အလုပ္ခန႔္ေပးခဲ့ေသာ္လည္း လုပ္ခလစာ တိုးျမႇင့္ေရး ေတာင္းဆိုခ်က္မွာ အဆင္မေျပေသးသည့္ အတြက္ ဆက္လက္ဆႏၵထုတ္ေဖာ္ေနေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ လႈိင္သာယာၿမိဳ႕နယ္ရွိ ခ်န္းရိ(Tsang Yih) ဖိနပ္စက္႐ုံမွ အလုပ္သမား ၁၀၀၀ ေက်ာ္သည္လည္း ၿပီးခဲ့သည့္ေမလ ၁၄ ရက္ေန႔မွစတင္ကာ လုပ္ခလစာေငြ တိုးေပးရန္ ဆႏၵျပ ေတာင္းဆိုလွ်က္ရွိသည္။