တပ်ဖွဲ့တွေပြန်လည်ရုတ်သိမ်းဖို့ အိန္ဒိယနဲ့ပါကစ္စတန်တို့ သဘောတူ

56

Pika (NP News) - မေ ၂၂
အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ငြိမ်းချမ်းရေးရယူထားစဉ်အချိန်အတွင်း ပဋိပက္ခဖြစ်ပွားတဲ့ဒေသမှာ တပ်စွဲထားတဲ့ ၎င်းတို့ရဲ့တပ်ဖွဲ့တွေကို မေလအကုန်မှာ ရုတ်သိမ်းဖို့ သဘောတူညီခဲ့တယ်လို့ ပါကစ္စတန်အကြီးတန်းလုံခြုံရေး အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်ကြား (၄)ရက်ကြာဖြစ်ပွားခဲ့တဲ့ပဋိပက္ခအတွင်း လူပေါင်း(၇၀)ကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၂၂)ရက်က ကတ်ရှ်မီးယားပြည်နယ်မှာ လူ(၂၆)ဦးကို သေဆုံးစေခဲ့တဲ့ အကြမ်းဖက်မှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယ နဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်က ပံ့ပိုးပေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယဘက်က စွပ်စွဲပြောဆိုခဲ့ ပေမယ့်လည်း ပါကစ္စတန်အစိုးရဘက်က အိန္ဒိယရဲ့ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။
နောက်ပိုင်းမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အမေရိကန်က ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူနိုင်ခဲ့ တယ်လို့လည်း သိရပါတယ်။ ပါကစ္စတန်အကြီးတန်းလုံခြုံရေးအရာရှိတစ်ဦးက “အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ နှစ်ဖက်စလုံးရဲ့တပ်ဖွဲ့တွေကို လာမယ့်မေလအကုန်မှာ ရုတ်သိမ်းဖို့ သဘောတူညီခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

တပ္ဖြဲ႕ေတြျပန္လည္႐ုတ္သိမ္းဖို႔ အိႏၵိယနဲ႔ပါကစၥတန္တို႔ သေဘာတူ
Pika (NP News) - ေမ ၂၂
အိႏၵိယနဲ႔ပါကစၥတန္တို႔ဟာ ၿငိမ္းခ်မ္းေရးရယူထားစဥ္အခ်ိန္အတြင္း ပဋိပကၡျဖစ္ပြားတဲ့ေဒသမွာ တပ္စြဲထားတဲ့ ၎တို႔ရဲ႕တပ္ဖြဲ႕ေတြကို ေမလအကုန္မွာ ႐ုတ္သိမ္းဖို႔ သေဘာတူညီခဲ့တယ္လို႔ ပါကစၥတန္အႀကီးတန္းလုံၿခဳံေရး အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အိႏၵိယနဲ႔ ပါကစၥတန္ၾကား (၄)ရက္ၾကာျဖစ္ပြားခဲ့တဲ့ပဋိပကၡအတြင္း လူေပါင္း(၇၀)ေက်ာ္ ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလ(၂၂)ရက္က ကတ္ရွ္မီးယားျပည္နယ္မွာ လူ(၂၆)ဦးကို ေသဆုံးေစခဲ့တဲ့ အၾကမ္းဖက္မႈ တစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယ နဲ႔ ပါကစၥတန္ၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တာလည္း ျဖစ္ပါတယ္။
အဲဒီအၾကမ္းဖက္တိုက္ခိုက္မႈကို ပါကစၥတန္က ပံ့ပိုးေပးမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ အိႏၵိယဘက္က စြပ္စြဲေျပာဆိုခဲ့ ေပမယ့္လည္း ပါကစၥတန္အစိုးရဘက္က အိႏၵိယရဲ႕ေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
ေနာက္ပိုင္းမွာ အိႏၵိယနဲ႔ ပါကစၥတန္တို႔ဟာ တင္းမာမႈေတြျမင့္တက္လာမႈနဲ႔အတူ ဒုံးက်ည္ေတြနဲ႔ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အေမရိကန္က ၾကားဝင္ေစ့စပ္ေပးမႈနဲ႔အတူ အိႏၵိယနဲ႔ ပါကစၥတန္တို႔ဟာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ရယူႏိုင္ခဲ့ တယ္လို႔လည္း သိရပါတယ္။ ပါကစၥတန္အႀကီးတန္းလုံၿခဳံေရးအရာရွိတစ္ဦးက “အိႏၵိယနဲ႔ ပါကစၥတန္တို႔ဟာ ႏွစ္ဖက္စလုံးရဲ႕တပ္ဖြဲ႕ေတြကို လာမယ့္ေမလအကုန္မွာ ႐ုတ္သိမ္းဖို႔ သေဘာတူညီခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။