အစ္စရေးက အီရန်ရဲ့ နျူကလီးယားစက်ရုံတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားနိုင်တယ်လို့ CNNဖော်ပြ

 124

Pika (NP News)-မေ ၂၂
အစ္စရေးက အီရန်ရဲ့နျူကလီးယားစက်ရုံတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အခွင့်အလမ်းက ပြီးခဲ့တဲ့လတွေအတွင်း သိသိသာသာမြင့်တက်လာခဲ့တယ်လို့ အမေရိကန်အရာရှိအများအပြားရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး CNNသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။အစ္စရေးခေါင်းဆောင်တွေဟာ အီရန်ရဲ့နျူကလီးယားစက်ရုံတွေအပေါ် တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ နောက်ဆုံးဆုံးဖြတ်ချက်ကို မချမှတ်ရသေးပေမယ့်လည်း တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အတွက် အစီအစဉ်တွေကို ရေးဆွဲနေတာမျိုးတော့ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အစ္စရေးအစိုးရဟာ မကြာခင်အချိန်အတွင်းဖြစ်လာနိုင်ခြေရှိတဲ့ တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေနိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေးသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို အပြီးတိုင်ဖျက်သိမ်းစေလိုတယ်လို့ အစ္စရေးအစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ယခုလို သတင်းတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ အီရန်နဲ့အမေရိကန်တို့ဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်နဲ့အီရန်တို့ဟာ လေးကြိမ်မြောက် နျူကလီးယားဆိုင်ရာဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့ပေမယ့်လည်း သိသာထင်ရှားတဲ့ ရလဒ်မျိုး ထွက်ပေါ်လာတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
အစၥေရးက အီရန္ရဲ႕ န်ဴကလီးယားစက္႐ုံေတြအေပၚ တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားႏိုင္တယ္လို႔ CNNေဖာ္ျပ
Pika (NP News)-ေမ ၂၂
အစၥေရးက အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြအေပၚ တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔ အခြင့္အလမ္းက ၿပီးခဲ့တဲ့လေတြအတြင္း သိသိသာသာျမင့္တက္လာခဲ့တယ္လို႔ အေမရိကန္အရာရွိအမ်ားအျပားရဲ႕ ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး CNNသတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။အစၥေရးေခါင္းေဆာင္ေတြဟာ အီရန္ရဲ႕န်ဴကလီးယားစက္႐ုံေတြအေပၚ တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ ေနာက္ဆုံးဆုံးျဖတ္ခ်က္ကို မခ်မွတ္ရေသးေပမယ့္လည္း တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ အတြက္ အစီအစဥ္ေတြကို ေရးဆြဲေနတာမ်ိဳးေတာ့ရွိတယ္လို႔ အမည္မေဖာ္လိုတဲ့ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အစၥေရးအစိုးရဟာ မၾကာခင္အခ်ိန္အတြင္းျဖစ္လာႏိုင္ေျခရွိတဲ့ တိုက္ခိုက္မႈေတြအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနႏိုင္တယ္လို႔ အေမရိကန္ေထာက္လွမ္းေရးသတင္းရင္းျမစ္တစ္ခုကေျပာၾကားခဲ့ပါတယ္။အီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္ေတြကို အၿပီးတိုင္ဖ်က္သိမ္းေစလိုတယ္လို႔ အစၥေရးအစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ ယခုလို သတင္းေတြထြက္ေပၚလာတာလည္းျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ အီရန္နဲ႔အေမရိကန္တို႔ဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အေမရိကန္နဲ႔အီရန္တို႔ဟာ ေလးႀကိမ္ေျမာက္ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲကို လုပ္ေဆာင္ခဲ့ေပမယ့္လည္း သိသာထင္ရွားတဲ့ ရလဒ္မ်ိဳး ထြက္ေပၚလာတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.