ရုရှားသမ္မတနှင့် မျက်နှာချင်းဆိုင်ဆွေးနွေးမှုများလုပ်ဆောင်ရန် ယူကရိန်းအစိုးရလိုလားနေ

282

Pika (NP News) - မေ ၂၃
ရုရှားသမ္မတပူတင်နှင့်ယူကရိန်းသမ္မတဇီလန်စကီးကြား မျက်နှာချင်းဆိုင်ဆွေးနွေးမှုများလုပ်ဆောင်ရန် ယူကရိန်းနိုင်ငံက စိတ်ဝင်စားနေကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရေးဆီဘီဂါက ထုတ်ဖော်ပြောကြားခဲ့သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ရုရှားနှင့်ယူကရိန်းကြား အချို့သဘောတူညီချက်များရရှိပြီးမှသာ အဆိုပါဆွေးနွေးမှုမျိုးမှာ ဖြစ်လာနိုင်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထောက်ပြပြောဆိုခဲ့သည်။ဗာတီကန်စီးတီးနိုင်ငံတွင် ရုရှားနှင့်ယူကရိန်းကြား ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် ပုပ်ရဟန်းမင်းကြီး လီယို XIV ၏ ကမ်းလှမ်းချက်ကို ယူကရိန်းဘက်က တုံ့ပြန်မှုများနှင့်ပတ်သက်သည့် မေးခွန်းများကို အန်ဒရေးဆီဘီဂါက တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်းသိရသည်။
အန်ဒရေးဆီဘီဂါက "ခေါင်းဆောင်အဆင့်တွေအပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ဆက်သွယ်မှုတွေကို စုစည်းဖို့ အဆိုပြုချက်တွေကို ဗာတီကန်စီးတီးက ပြုလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်အတည်ပြုပေးနိုင်ပါတယ်။”ဟုပြောဆိုခဲ့သည်။ထို့ပြင် အဆိုပါဆွေးနွေးမှုများအတွက် အလားအလာရှိသောနေရာများကို ထည့်သွင်းစဉ်းစားရန် ယူကရိန်းဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အန်ဒရေးဆီဘီဂါက ပြောကြားခဲ့သည်။ ဇီလန်စကီးက ယင်းဆွေးနွေးပွဲများတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုလည်း အတူရှိနေစေလိုကြောင်း အန်ဒရေးဆီဘီဂါက ထပ်မံပြောကြားခဲ့သည်။
zawgyi version
႐ုရွားသမၼတႏွင့္ မ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ယူကရိန္းအစိုးရလိုလားေန
Pika (NP News) - ေမ ၂၃
႐ုရွားသမၼတပူတင္ႏွင့္ယူကရိန္းသမၼတဇီလန္စကီးၾကား မ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ ယူကရိန္းႏိုင္ငံက စိတ္ဝင္စားေနေၾကာင္း ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး အန္ဒေရးဆီဘီဂါက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
ယူကရိန္းပဋိပကၡႏွင့္ပတ္သက္ၿပီး ႐ုရွားႏွင့္ယူကရိန္းၾကား အခ်ိဳ႕သေဘာတူညီခ်က္မ်ားရရွိၿပီးမွသာ အဆိုပါေဆြးေႏြးမႈမ်ိဳးမွာ ျဖစ္လာႏိုင္ေၾကာင္း ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေထာက္ျပေျပာဆိုခဲ့သည္။ဗာတီကန္စီးတီးႏိုင္ငံတြင္ ႐ုရွားႏွင့္ယူကရိန္းၾကား ေဆြးေႏြးပြဲမ်ား ဆက္လက္က်င္းပရန္ ပုပ္ရဟန္းမင္းႀကီး လီယို XIV ၏ ကမ္းလွမ္းခ်က္ကို ယူကရိန္းဘက္က တုံ႔ျပန္မႈမ်ားႏွင့္ပတ္သက္သည့္ ေမးခြန္းမ်ားကို အန္ဒေရးဆီဘီဂါက တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္းလည္းသိရသည္။
အန္ဒေရးဆီဘီဂါက "ေခါင္းေဆာင္အဆင့္ေတြအပါအဝင္ ျဖစ္ႏိုင္ေျခရွိတဲ့ ဆက္သြယ္မႈေတြကို စုစည္းဖို႔ အဆိုျပဳခ်က္ေတြကို ဗာတီကန္စီးတီးက ျပဳလုပ္ခဲ့တယ္ဆိုတာကို ကြၽန္ေတာ္အတည္ျပဳေပးႏိုင္ပါတယ္။”ဟုေျပာဆိုခဲ့သည္။ထို႔ျပင္ အဆိုပါေဆြးေႏြးမႈမ်ားအတြက္ အလားအလာရွိေသာေနရာမ်ားကို ထည့္သြင္းစဥ္းစားရန္ ယူကရိန္းဘက္က အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း အန္ဒေရးဆီဘီဂါက ေျပာၾကားခဲ့သည္။ ဇီလန္စကီးက ယင္းေဆြးေႏြးပြဲမ်ားတြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကိုလည္း အတူရွိေနေစလိုေၾကာင္း အန္ဒေရးဆီဘီဂါက ထပ္မံေျပာၾကားခဲ့သည္။