တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ရပ်က ရန်လိုသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရစွပ်စွဲပြောဆို

 194

Pika (NP News) - မေ ၂၃

အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းရှိ သန္တာကျောက်တန်းတစ်ဝိုက်တွင် ရေကြောင်းဆိုင်ရာသုတေသနပြုလုပ်နေသော ဖိလစ်ပိုင်သင်္ဘောများထဲမှတစ်စင်းကို မီးသတ်ပိုက်ဖြင့်ထိုးခဲ့သည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏လုပ်ရပ်မှာ ရန်လိုသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောဆိုခဲ့သည်။

ထို့ပြင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ မီးသတ်ပိုက်ဖြင့်ထိုးမှုကြောင့် ဖိလစ်ပိုင်သင်္ဘောသားများ၏ အသက်အန္တရာယ်အ‌ပေါ် ခြိမ်းခြောက်မှုများဖြစ်စေခဲ့ကြောင်း ဖိလစ်ပိုင်ငါးဖမ်းဗျူရိုက ပြောကြားခဲ့သည်။တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏အဆိုပါလုပ်ရပ်များကို ဖိလစ်ပိုင်ငါးလုပ်ငန်းနှင့် အဏ္ဏဝါအရင်းအမြစ်ဆိုင်ရာဗျူရိုက ပြစ်တင်ရှုတ်ချမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးကြောင်းသိရသည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းပိုင်ဆိုင်ကြောင်း တရုတ်အစိုးရက အခိုင်အမာပြောဆိုထားသလို ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြသည်။ ၎င်းတို့အနက် ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့ဆုံမှုများမကြာခဏဖြစ်ပွားခဲ့သည့် နိုင်ငံနှစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕၏ လုပ္ရပ္က ရန္လိုသည့္လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ဖိလစ္ပိုင္အစိုးရစြပ္စြဲေျပာဆို
Pika (NP News) - ေမ ၂၃

အျငင္းပြားေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ သႏၲာေက်ာက္တန္းတစ္ဝိုက္တြင္ ေရေၾကာင္းဆိုင္ရာသုေတသနျပဳလုပ္ေနေသာ ဖိလစ္ပိုင္သေဘၤာမ်ားထဲမွတစ္စင္းကို မီးသတ္ပိုက္ျဖင့္ထိုးခဲ့သည့္ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕၏လုပ္ရပ္မွာ ရန္လိုသည့္လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ဖိလစ္ပိုင္အစိုးရက ေျပာဆိုခဲ့သည္။

ထို႔ျပင္ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕၏ မီးသတ္ပိုက္ျဖင့္ထိုးမႈေၾကာင့္ ဖိလစ္ပိုင္သေဘၤာသားမ်ား၏ အသက္အႏၲရာယ္အ‌ေပၚ ၿခိမ္းေျခာက္မႈမ်ားျဖစ္ေစခဲ့ေၾကာင္း ဖိလစ္ပိုင္ငါးဖမ္းဗ်ဴ႐ိုက ေျပာၾကားခဲ့သည္။တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕၏အဆိုပါလုပ္ရပ္မ်ားကို ဖိလစ္ပိုင္ငါးလုပ္ငန္းႏွင့္ အဏၰဝါအရင္းအျမစ္ဆိုင္ရာဗ်ဴ႐ိုက ျပစ္တင္ရႈတ္ခ်မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ေတာင္းဆိုမႈမ်ားကို ဖိလစ္ပိုင္ႏိုင္ငံရွိ တ႐ုတ္သံ႐ုံးက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးေၾကာင္းသိရသည္။

ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎ပိုင္ဆိုင္ေၾကာင္း တ႐ုတ္အစိုးရက အခိုင္အမာေျပာဆိုထားသလို ဘ႐ူႏိုင္း၊ အင္ဒိုနီးရွား၊ မေလးရွား၊ ဖိလစ္ပိုင္ႏွင့္ ဗီယက္နမ္တို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုထားၾကသည္။ ၎တို႔အနက္ ဖိလစ္ပိုင္ႏွင့္ တ႐ုတ္တို႔သည္ ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး ထိပ္တိုက္ေတြ႕ဆုံမႈမ်ားမၾကာခဏျဖစ္ပြားခဲ့သည့္ ႏိုင္ငံႏွစ္ႏိုင္ငံျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.