မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုစင်္ကြံကိစ္စ ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြား ပဋိပက္ခဖြစ်လာ

 116

Htay Oung (NP News) - မေ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရအကြံပေးအရာရှိချုပ် မိုဟာမက်ယူနွတ်နဲ့ နိုင်ငံ့စစ်တပ်ခေါင်းဆောင်တို့ရဲ့ သဘောကွဲလွဲမှုများ ပိုမိုကျယ်ပြန့်လာခြင်းဟာ အဖွဲ့အစည်းနှစ်ခုတို့အကြား အုပ်ချုပ်ရေး၊ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်ဆိုင်ရာတင်းမာမှုများကို ထင်ဟပ်စေခဲ့တယ်လို့ နယူးဒေလီအခြေစိုက် “တိုင်းမ်အော့ဖ်အင်ဒီးယား” က မေလ ၂၄ ရက်က ရေးသားပါတယ်။
အငြင်းပွားမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းမှာ ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ "လူသားချင်းစာနာ မှုဆိုင်ရာစင်္ကြံ" (humanitarian corridor) ဖွင့်လှစ်ရေး အဆိုပြုချက်ကြောင့်ဖြစ်ပြီး သူတို့အစိုးရရဲ့ဆောင်ရွက် ချက်တွေကို စစ်တပ်ထံ အသိပေးထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ် ကာကွယ်ရေး ဦးစီးချုပ်က မကြုံစဖူး ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ ယူနွတ်ကိုယ်တိုင်လည်း ဒီကိစ္စအတွက် စိတ်ပျက် စိတ်အနှောက်အယှက်ဖြစ်နေပြီး ရာထူးမှ နှုတ်ထွက်ဖို့အထိ စိတ်ကူးနေတယ်လို့ အသေးစိတ်သိရှိသူတစ်ဦးက ကြသပတေးနေ့ (မေလ ၂၂ ရက်) မှာ ပြောပါတယ်။
၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ထွန်းလာပြီး တိုင်းပြည်ထူထောင်သူ ရှိတ်မူဂျီဘူရ် ရာမန် (ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့ဖခင်) ၁၉၇၅ ခုနှစ်မှာ လုပ်ကြံခံရပါတယ်။ ဟာစီနာနဲ့ ညီမတစ်ဦးသာ ပြည်ပရောက်ရှိနေလို့ အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး မိခင်ဖြစ်သူနဲ့မောင်သုံးဦးပါ မိသားစုလိုက် အသတ်ခံရမှုမှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့အာဏာသိမ်းရန် ကြိုးပမ်းမှုအဖြစ် အလယ်အလတ်တန်းအရာ စစ်အရာရှိအချို့ ဖမ်းဆီးခံရပါတယ်။ ဒါပေမယ့် မူဂျီဘူရ်အလွန် ဘင်္ဂလားဒေ့ရှ်မှာ ဗိုလ်ချုပ်ကြီးဇီယာရာမန် (ခါလီဒါဇီယာရဲ့ခင်ပွန်း) က စစ်အုပ်ချုပ်ရေး ကို ထူထောင်ခဲ့ပါတယ်။ အဲဒီနောက် ဟာစီနာနဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်လာမယ့် BNP ပါတီကို ၁၉၇၈ ခုနှစ်မှာ ထူထောင်ပြီး ၁၉၇၉ ခုနှစ်မှာ ဇီယာရာမန်က သမ္မတဖြစ်လာပါတယ်။
၁၉၈၁ ခုနှစ်မှာ စစ်တကောင်းမှာ ဇီယာရာမန်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်ပိုင်း နိုင်ငံရေးပါတီကြီးနှစ်ခုနဲ့ ထောက်ခံသူ လူစုလူဝေးများအကြား အဓိကရုန်းများ ရက်ဆက်ဖြစ်ပွားပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်လေ့ရှိပါ တယ်။ အဲဒီအခါတိုင်း ဘင်္ဂလားဒေ့ရှ်မှာ အာဏာသိမ်းမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်တပ်အရာရှိကြီးများ က နိုင်ငံ့အာဏာကို ကိုင်တွယ်ခဲ့ကြပါတယ်။ အထူးသဖြင့် ၁၉၈၂ ခုနှစ် ဗိုလ်ချုပ်ကြီး အာဆတ်ဟာ သမ္မတ အဗ္ဗဒူဆတ္တား ထံမှ အာဏာသိမ်းခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်အထိ ဘင်္ဂလားဒေ့ရှ်ကို အုပ်ချုပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှာ စစ်တပ်ရဲ့သြဇာညောင်းမှုဟာ ဖွဲ့စည်းပုံမှာတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ ဘယ်ပါတီအစိုးရတက်တက် စစ်တပ်ရဲ့သဘောတူထောက်ခံမှု လိုအပ်ပြီး စီးပွားရေးလုပ်ပိုင်ခွင့်များနဲ့ နိုင်ငံတော်အကြီးစား စီမံကိန်းကြီးများမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ် ဦးပိုင်ကုမ္ပဏီက ကန်ထရိုက်ရကြပါတယ်။
ဗုဒ္ဓဟူးနေ့ (မေလ ၂၁) စစ်ဘက်အရာရှိကြီးများတက်ရောက်တဲ့ ဒါကာမြို့အခမ်းအနားတစ်ခုမှာ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာအူးဇ်ဇမန်က မိန့်ခွန်းပြောကြားစဉ် စစ်တပ်အနေနဲ့ ဘယ်လို စင်္ကြံအယူ အဆ မျိုးကိုမဆို ဆန့်ကျင်တယ်လို့ ပြတ်ပြတ်သားသား ပြောပါတယ်။ သင့်လျော်တဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု မရှိပဲ အခုလိုလုပ်တဲ့အတွက် လုံးဝ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီလိုဆုံးဖြတ်ချက်မျိုးဟာ ရွေးကောက်တင် မြှောက်ထားတဲ့အစိုးရများကသာ ချမှတ်သင့်ပြီး လုပ်ထုံးလုပ်နည်းများနဲ့အညီ စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒါ့အပြင် စစ်တပ်အနေနဲ့ နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေး ကာကွယ်မှာ ဖြစ်ကြောင်း အတိအလင်း ပြောဆိုခဲ့ပြီး ဆောင်ရွက်မယ့်အရာတိုင်းဟာ နိုင်ငံရေးသဘောတူညီမှုနဲ့သာ ဖြစ်ရမယ်လို့ သတိပေးလိုက်ပါ တယ်။

မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံကိစ္စနဲ့ပတ်သက်ပြီး သူတို့ ကြားဖြတ်အစိုးရအနေနဲ့ ဘယ် နိုင်ငံနဲ့မျှ ဆွေးနွေခဲ့ဖူးခြင်း မရှိကြောင်း၊ နောင် အနာဂတ်မှာလည်း ဆွေးနွေးရန် ရည်ရွယ်ခြင်းမရှိကြောင်း ယူနွတ်ရဲ့ထိပ်တန်းလက်ထောက်နဲ့ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ခါလီလူရ်ရာမန်က ဗိုလ်ချုပ်ကြီး ဝါကာရဲ့ ပြောကြားချက်အပြီး (ဗုဒ္ဓဟူးနေ့) မှာပဲ ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကျပ်အတည်းကြောင့် အစားအစာ၊ ဆေးဝါးမျိုးတို့လို အကူအညီများ ပေးပို့ရန် ကုလသမဂ္ဂနဲ့ ဆွေးနွေးနေခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။ (အမှန်တော့ ရခိုင်ပြည်နယ်လူသားချင်း စာနာမှုစင်္ကြံကို အကောင် အထည်ဖော်ရန် သူတို့အစိုးရအနေနဲ့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ ပြောဆိုသူမှာ ယူနွတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး တာဝန်ရှိသူ အကြံပေးအရာရှိက ပြောဆိုခဲ့ကြောင်း ယခင်သတင်းများမှာ တွေ့ရှိရတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ နယူးယောက်မြို့မှာ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဝန်ခံရာမှာ အမေရိကန်အစိုးရ အရာရှိများ ပါဝင်ခြင်း ရှိ-မရှိ မသိရှိရပါဘူး
တစ်ခါ အဲဒါအရေးပေါ်စစ်သုံးသဘောမျိုး “စင်္ကြံ ” Corridor မဟုတ်ဘဲ ကူညီထောက်ပံ့ရေး “လမ်းကြောင်း” Passage သာ ဖြစ်တယ်လို့ ယူနွတ်အစိုးရက ပြောဆိုပြန်ပါတယ်။ အငြိမ်းစားတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်တစ်ဦးဖြစ်သူ အေအမ်အင်န် မူနီရူဇ် ဇမန်ကတော့ “စင်္ကြံ ” ပဲပြောပြော “လမ်းကြောင်း” ပဲဆိုဆို အခြေခံအား ဖြင့် အဓိပ္ပါယ် အတူတူဖြစ်ကြောင်း၊ ယူနွတ်အစိုးရဟာ အပျက်သဘောဆောင်တယ်လို့ မှတ်ယူကြတဲ့ စင်္ကြံလမ်း ဝေါဟာရကို ရှောင်ရှားရန် စကားလုံးအမျိုးမျိုးနဲ့ ကုလားဖန်ထိုးနေပေမယ့် နှစ်ခုစလုံးဟာ အလားတူ အန္တရာယ်များ ရှိနေတယ်လို့ မှတ်ချက်ပေးပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ ယူနွတ်အစိုးရတို့အကြား မကြေမလည်ဖြစ်ရပြီးနောက် ယူနွတ်ကိုယ်တိုင်ရာထူးမှ နှုတ် ထွက်တော့မှာဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ ဒါပေမယ့် (ရှိတ်ဟာစီနာကို ပြုတ်ကျစေခဲ့တဲ့ လူထုအုံကြွမှုမှာ အဓိကပါဝင်ခဲ့ပြီး) ယခု ယူနွတ်အစိုးရအဖွဲ့မှာ ဝန်ကြီးအဆင့်ရှိသူ ပုဂ္ဂိုလ်သုံးဦးတို့က ကြာသပ တေးနေ့မှာ ယူနွတ်နဲ့တွေ့ဆုံပြီး နုှတ်ထွက်ခြင်း မပြုရန် ဖြောင့်ဖျခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ ယူနွတ်နှုတ်ထွက်ဖို့ စဉ်းစားနေကြောင်း သူတို့အထဲက တစ်ယောက်က ပြောပေမယ့် ယူနွတ်ဆက်ရှိနေမှာဖြစ် ကြောင်း သူ့လက်ထောက်က သောကြာနေ့မှာ ပြောပါတယ်။
#HtayOung #OungMarine

Zawgyi Version:
ျမန္မာႏိုင္ငံဆိုင္ရာ လူသားခ်င္းစာနာမႈစႀကႍကိစၥ ယူႏြတ္နဲ႔ ဘဂၤလားေဒ့ရွ္စစ္တပ္အၾကား ပဋိပကၡျဖစ္လာ
Htay Oung (NP News) - ေမ ၂၄

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ၾကားျဖတ္အစိုးရအႀကံေပးအရာရွိခ်ဳပ္ မိုဟာမက္ယူႏြတ္နဲ႔ ႏိုင္ငံ့စစ္တပ္ေခါင္းေဆာင္တို႔ရဲ႕ သေဘာကြဲလြဲမႈမ်ား ပိုမိုက်ယ္ျပန႔္လာျခင္းဟာ အဖြဲ႕အစည္းႏွစ္ခုတို႔အၾကား အုပ္ခ်ဳပ္ေရး၊ အမ်ိဳးသားလုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ ခ်မွတ္ပိုင္ခြင့္ဆိုင္ရာတင္းမာမႈမ်ားကို ထင္ဟပ္ေစခဲ့တယ္လို႔ နယူးေဒလီအေျခစိုက္ “တိုင္းမ္ေအာ့ဖ္အင္ဒီးယား” က ေမလ ၂၄ ရက္က ေရးသားပါတယ္။
အျငင္းပြားမႈျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းမွာ ဘဂၤလားေဒ့ရွ္မွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ "လူသားခ်င္းစာနာ မႈဆိုင္ရာစႀကႍ" (humanitarian corridor) ဖြင့္လွစ္ေရး အဆိုျပဳခ်က္ေၾကာင့္ျဖစ္ၿပီး သူတို႔အစိုးရရဲ႕ေဆာင္႐ြက္ ခ်က္ေတြကို စစ္တပ္ထံ အသိေပးထားျခင္း မရွိဘူးလို႔ ဆိုပါတယ္။ ဒီအတြက္ ဘဂၤလားေဒ့ရွ္စစ္တပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က မႀကဳံစဖူး ျပင္းထန္စြာ ေဝဖန္ခဲ့ပါတယ္။ ယူႏြတ္ကိုယ္တိုင္လည္း ဒီကိစၥအတြက္ စိတ္ပ်က္ စိတ္အေႏွာက္အယွက္ျဖစ္ေနၿပီး ရာထူးမွ ႏႈတ္ထြက္ဖို႔အထိ စိတ္ကူးေနတယ္လို႔ အေသးစိတ္သိရွိသူတစ္ဦးက ၾကသပေတးေန႔ (ေမလ ၂၂ ရက္) မွာ ေျပာပါတယ္။
၁၉၇၁ ခုႏွစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေပၚထြန္းလာၿပီး တိုင္းျပည္ထူေထာင္သူ ရွိတ္မူဂ်ီဘူရ္ ရာမန္ (ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာရဲ႕ဖခင္) ၁၉၇၅ ခုႏွစ္မွာ လုပ္ႀကံခံရပါတယ္။ ဟာစီနာနဲ႔ ညီမတစ္ဦးသာ ျပည္ပေရာက္ရွိေနလို႔ အသက္ေဘးမွလြတ္ေျမာက္ခဲ့ၿပီး မိခင္ျဖစ္သူနဲ႔ေမာင္သုံးဦးပါ မိသားစုလိုက္ အသတ္ခံရမႈမွာ ဘဂၤလားေဒ့ရွ္ စစ္တပ္ရဲ႕အာဏာသိမ္းရန္ ႀကိဳးပမ္းမႈအျဖစ္ အလယ္အလတ္တန္းအရာ စစ္အရာရွိအခ်ိဳ႕ ဖမ္းဆီးခံရပါတယ္။ ဒါေပမယ့္ မူဂ်ီဘူရ္အလြန္ ဘဂၤလားေဒ့ရွ္မွာ ဗိုလ္ခ်ဳပ္ႀကီးဇီယာရာမန္ (ခါလီဒါဇီယာရဲ႕ခင္ပြန္း) က စစ္အုပ္ခ်ဳပ္ေရး ကို ထူေထာင္ခဲ့ပါတယ္။ အဲဒီေနာက္ ဟာစီနာနဲ႔ ႏိုင္ငံေရးၿပိဳင္ဘက္ျဖစ္လာမယ့္ BNP ပါတီကို ၁၉၇၈ ခုႏွစ္မွာ ထူေထာင္ၿပီး ၁၉၇၉ ခုႏွစ္မွာ ဇီယာရာမန္က သမၼတျဖစ္လာပါတယ္။
၁၉၈၁ ခုႏွစ္မွာ စစ္တေကာင္းမွာ ဇီယာရာမန္လုပ္ႀကံသတ္ျဖတ္ခံရၿပီးေနာက္ပိုင္း ႏိုင္ငံေရးပါတီႀကီးႏွစ္ခုနဲ႔ ေထာက္ခံသူ လူစုလူေဝးမ်ားအၾကား အဓိက႐ုန္းမ်ား ရက္ဆက္ျဖစ္ပြားၿပီး တိုင္းျပည္ မၿငိမ္မသက္ျဖစ္ေလ့ရွိပါ တယ္။ အဲဒီအခါတိုင္း ဘဂၤလားေဒ့ရွ္မွာ အာဏာသိမ္းမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိၿပီး စစ္တပ္အရာရွိႀကီးမ်ား က ႏိုင္ငံ့အာဏာကို ကိုင္တြယ္ခဲ့ၾကပါတယ္။ အထူးသျဖင့္ ၁၉၈၂ ခုႏွစ္ ဗိုလ္ခ်ဳပ္ႀကီး အာဆတ္ဟာ သမၼတ အဗၺဒူဆတၱား ထံမွ အာဏာသိမ္းခဲ့ၿပီး ၁၉၉ဝ ျပည့္ႏွစ္အထိ ဘဂၤလားေဒ့ရွ္ကို အုပ္ခ်ဳပ္ခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္လႊတ္ေတာ္မွာ စစ္တပ္ရဲ႕ၾသဇာေညာင္းမႈဟာ ဖြဲ႕စည္းပုံမွာေတာ့ ထည့္သြင္းေဖာ္ျပထားျခင္း မရွိပါဘူး။ ဘယ္ပါတီအစိုးရတက္တက္ စစ္တပ္ရဲ႕သေဘာတူေထာက္ခံမႈ လိုအပ္ၿပီး စီးပြားေရးလုပ္ပိုင္ခြင့္မ်ားနဲ႔ ႏိုင္ငံေတာ္အႀကီးစား စီမံကိန္းႀကီးမ်ားမွာ ဘဂၤလားေဒ့ရွ္စစ္တပ္ ဦးပိုင္ကုမၸဏီက ကန္ထ႐ိုက္ရၾကပါတယ္။
ဗုဒၶဟူးေန႔ (ေမလ ၂၁) စစ္ဘက္အရာရွိႀကီးမ်ားတက္ေရာက္တဲ့ ဒါကာၿမိဳ႕အခမ္းအနားတစ္ခုမွာ ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ဝါကာအူးဇ္ဇမန္က မိန႔္ခြန္းေျပာၾကားစဥ္ စစ္တပ္အေနနဲ႔ ဘယ္လို စႀကႍအယူ အဆ မ်ိဳးကိုမဆို ဆန႔္က်င္တယ္လို႔ ျပတ္ျပတ္သားသား ေျပာပါတယ္။ သင့္ေလ်ာ္တဲ့ ႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းမႈ မရွိပဲ အခုလိုလုပ္တဲ့အတြက္ လုံးဝ လက္မခံႏိုင္ဘူးလို႔ ဆိုပါတယ္။ အဲဒီလိုဆုံးျဖတ္ခ်က္မ်ိဳးဟာ ေ႐ြးေကာက္တင္ ေျမႇာက္ထားတဲ့အစိုးရမ်ားကသာ ခ်မွတ္သင့္ၿပီး လုပ္ထုံးလုပ္နည္းမ်ားနဲ႔အညီ စနစ္တက် ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ ဒါ့အျပင္ စစ္တပ္အေနနဲ႔ ႏိုင္ငံ့အက်ိဳးစီးပြားကို ဦးစားေပး ကာကြယ္မွာ ျဖစ္ေၾကာင္း အတိအလင္း ေျပာဆိုခဲ့ၿပီး ေဆာင္႐ြက္မယ့္အရာတိုင္းဟာ ႏိုင္ငံေရးသေဘာတူညီမႈနဲ႔သာ ျဖစ္ရမယ္လို႔ သတိေပးလိုက္ပါ တယ္။

ျမန္မာႏိုင္ငံဆိုင္ရာ လူသားခ်င္းစာနာမႈဆိုင္ရာ စႀကႍကိစၥနဲ႔ပတ္သက္ၿပီး သူတို႔ ၾကားျဖတ္အစိုးရအေနနဲ႔ ဘယ္ ႏိုင္ငံနဲ႔မွ် ေဆြးေႏြခဲ့ဖူးျခင္း မရွိေၾကာင္း၊ ေနာင္ အနာဂတ္မွာလည္း ေဆြးေႏြးရန္ ရည္႐ြယ္ျခင္းမရွိေၾကာင္း ယူႏြတ္ရဲ႕ထိပ္တန္းလက္ေထာက္နဲ႔ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးျဖစ္သူ ခါလီလူရ္ရာမန္က ဗိုလ္ခ်ဳပ္ႀကီး ဝါကာရဲ႕ ေျပာၾကားခ်က္အၿပီး (ဗုဒၶဟူးေန႔) မွာပဲ ရွင္းလင္းခ်က္ ထုတ္ျပန္ပါတယ္။ ရခိုင္ျပည္နယ္အတြင္း လူသားခ်င္း စာနာမႈအက်ပ္အတည္းေၾကာင့္ အစားအစာ၊ ေဆးဝါးမ်ိဳးတို႔လို အကူအညီမ်ား ေပးပို႔ရန္ ကုလသမဂၢနဲ႔ ေဆြးေႏြးေနျခင္းသာျဖစ္တယ္လို႔ ေျပာပါတယ္။ (အမွန္ေတာ့ ရခိုင္ျပည္နယ္လူသားခ်င္း စာနာမႈစႀကႍကို အေကာင္ အထည္ေဖာ္ရန္ သူတို႔အစိုးရအေနနဲ႔ ဆုံးျဖတ္ၿပီးျဖစ္တယ္လို႔ ေျပာဆိုသူမွာ ယူႏြတ္အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး တာဝန္ရွိသူ အႀကံေပးအရာရွိက ေျပာဆိုခဲ့ေၾကာင္း ယခင္သတင္းမ်ားမွာ ေတြ႕ရွိရတယ္။ လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလ နယူးေယာက္ၿမိဳ႕မွာ ေဆြးေႏြးခဲ့ၿပီးျဖစ္တယ္လို႔ ဝန္ခံရာမွာ အေမရိကန္အစိုးရ အရာရွိမ်ား ပါဝင္ျခင္း ရွိ-မရွိ မသိရွိရပါဘူး
တစ္ခါ အဲဒါအေရးေပၚစစ္သုံးသေဘာမ်ိဳး “စႀကႍ ” Corridor မဟုတ္ဘဲ ကူညီေထာက္ပံ့ေရး “လမ္းေၾကာင္း” Passage သာ ျဖစ္တယ္လို႔ ယူႏြတ္အစိုးရက ေျပာဆိုျပန္ပါတယ္။ အၿငိမ္းစားတပ္မေတာ္ကာကြယ္ေရး ဦးစီး ခ်ဳပ္တစ္ဦးျဖစ္သူ ေအအမ္အင္န္ မူနီ႐ူဇ္ ဇမန္ကေတာ့ “စႀကႍ ” ပဲေျပာေျပာ “လမ္းေၾကာင္း” ပဲဆိုဆို အေျခခံအား ျဖင့္ အဓိပၸါယ္ အတူတူျဖစ္ေၾကာင္း၊ ယူႏြတ္အစိုးရဟာ အပ်က္သေဘာေဆာင္တယ္လို႔ မွတ္ယူၾကတဲ့ စႀကႍလမ္း ေဝါဟာရကို ေရွာင္ရွားရန္ စကားလုံးအမ်ိဳးမ်ိဳးနဲ႔ ကုလားဖန္ထိုးေနေပမယ့္ ႏွစ္ခုစလုံးဟာ အလားတူ အႏၲရာယ္မ်ား ရွိေနတယ္လို႔ မွတ္ခ်က္ေပးပါတယ္။
ဘဂၤလားေဒ့ရွ္စစ္တပ္နဲ႔ ယူႏြတ္အစိုးရတို႔အၾကား မေၾကမလည္ျဖစ္ရၿပီးေနာက္ ယူႏြတ္ကိုယ္တိုင္ရာထူးမွ ႏႈတ္ ထြက္ေတာ့မွာျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ခုက ေျပာပါတယ္။ ဒါေပမယ့္ (ရွိတ္ဟာစီနာကို ျပဳတ္က်ေစခဲ့တဲ့ လူထုအုံႂကြမႈမွာ အဓိကပါဝင္ခဲ့ၿပီး) ယခု ယူႏြတ္အစိုးရအဖြဲ႕မွာ ဝန္ႀကီးအဆင့္ရွိသူ ပုဂၢိဳလ္သုံးဦးတို႔က ၾကာသပ ေတးေန႔မွာ ယူႏြတ္နဲ႔ေတြ႕ဆုံၿပီး ႏုွတ္ထြက္ျခင္း မျပဳရန္ ေျဖာင့္ဖ်ခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။ ယူႏြတ္ႏႈတ္ထြက္ဖို႔ စဥ္းစားေနေၾကာင္း သူတို႔အထဲက တစ္ေယာက္က ေျပာေပမယ့္ ယူႏြတ္ဆက္ရွိေနမွာျဖစ္ ေၾကာင္း သူ႔လက္ေထာက္က ေသာၾကာေန႔မွာ ေျပာပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.