တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိသူများအတွက် Polytechnic Institute ဖွင့်လှစ်ရန် စီစဉ်လျက်ရှိနေ

7077

စော(NP News)- မေ ၂၅
တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး အောင်မြင်မှုမရှိခဲ့သူများ တက်ရောက်နိုင်စေရန်အတွက် Polytechnic Instituteဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးက မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များ နှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကို သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပြီး ကွန်ပျူတာနှင့်နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သူများ တက်ရောက်နိုင်ရေး Polytechnic Instituteကိုလည်း ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပထမနှစ်တက်ရောက်အောင်မြင်ပြီးပါက အသိအမှတ် ပြုလက်မှတ် Certificate ရရှိမည်ဖြစ်ကာ နောက်ထပ် နှစ်နှစ်တက်ရောက်အောင်မြင် ပြီးပါက ဒီပလိုမာဘွဲ့ရရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် Polytechnic University သို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်းနှင့် အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်သူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုး ရေးနှင့် နည်းပညာအထက်တန်းကျောင်းများကို လည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Polytechnic နည်းပညာများကို သင်ကြားခြင်းဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများ ကို မွေးထုတ်နိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ ပိုမိုပေါ်ထွက်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်။
ထို့ကြောင့် နိုင်ငံ တော်၏ ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ လုပ်ငန်း များကိုအောင်မြင်အောင် အားလုံးက ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းပြောကြားသည်။

Zawgyi Version:
တကၠသိုလ္ဝင္တန္းေျဖဆိုၿပီး ေအာင္ျမင္မႈမရွိသူမ်ားအတြက္ Polytechnic Institute ဖြင့္လွစ္ရန္ စီစဥ္လ်က္ရွိေန
ေစာ(NP News)- ေမ ၂၅
တကၠသိုလ္ဝင္တန္းေျဖဆိုၿပီး ေအာင္ျမင္မႈမရွိခဲ့သူမ်ား တက္ေရာက္ႏိုင္ေစရန္အတြက္ Polytechnic Instituteဖြင့္လွစ္ႏိုင္ရန္ စီစဥ္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕၌ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားကို ေဆြးေႏြးစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ဗိုလ္ခ်ဳပ္မႉးႀကီးက မိမိတို႔အေနျဖင့္ တာဝန္ရွိသူမ်ား၊ ပညာရွင္မ်ား ႏွင့္တိုင္ပင္၍ သက္ဆိုင္ရာပညာရပ္မ်ားအလိုက္ လုပ္ငန္းခြင္ဝင္ေရာက္ႏိုင္သည့္ Polytechnic နည္းပညာမ်ားကို သင္ၾကားႏိုင္ေရး စီစဥ္ေဆာင္႐ြက္ခဲ့ၿပီး ကြန္ပ်ဴတာႏွင့္နည္းပညာကို ေပါင္းစပ္ထားသည့္ Polytechnic University မ်ားကို ဖြင့္လွစ္ေဆာင္႐ြက္ခဲ့ရာတြင္ ေအာင္ျမင္မႈရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ တကၠသိုလ္ဝင္တန္းေျဖဆိုခဲ့ၿပီး ေအာင္ျမင္မႈမရွိခဲ့သူမ်ား တက္ေရာက္ႏိုင္ေရး Polytechnic Instituteကိုလည္း ဖြင့္လွစ္ရန္စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး ပထမႏွစ္တက္ေရာက္ေအာင္ျမင္ၿပီးပါက အသိအမွတ္ ျပဳလက္မွတ္ Certificate ရရွိမည္ျဖစ္ကာ ေနာက္ထပ္ ႏွစ္ႏွစ္တက္ေရာက္ေအာင္ျမင္ ၿပီးပါက ဒီပလိုမာဘြဲ႕ရရွိမည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထိုမွတစ္ဆင့္ Polytechnic University သို႔ ဆက္လက္တက္ေရာက္ႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ အေျခခံပညာအလယ္တန္းအဆင့္ၿပီးေျမာက္သူမ်ား တက္ေရာက္ႏိုင္သည့္ စက္မႈ၊ စိုက္ပ်ိဳး ေရးႏွင့္ နည္းပညာအထက္တန္းေက်ာင္းမ်ားကို လည္း ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။
အဆိုပါ Polytechnic နည္းပညာမ်ားကို သင္ၾကားျခင္းျဖင့္ ထူးခြၽန္ထက္ျမက္သည့္ ေက်ာင္းသား ေက်ာင္းသူမ်ား ကို ေမြးထုတ္ႏိုင္မည္ျဖစ္သကဲ့သို႔ စိုက္ပ်ိဳးေမြးျမဴေရးနယ္ပယ္ႏွင့္ စက္မႈနယ္ပယ္တို႔တြင္ ကြၽမ္းက်င္သူမ်ား ပိုမိုေပၚထြက္လာမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ႏိုင္ငံ ေတာ္၏ ပညာေရးျမႇင့္တင္မႈႏွင့္ပတ္သက္၍ လုပ္ငန္း မ်ားကိုေအာင္ျမင္ေအာင္ အားလုံးက ဝိုင္းဝန္း ပါဝင္ေဆာင္႐ြက္ေပးၾကေစလိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက တိုက္တြန္းေျပာၾကားသည္။