ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် အတုပြုလုပ်ခြင်းနှင့် ပြင်ဆင်ထားခြင်းတို့ကို နည်းပညာမြင့်စက်များဖြင့် စိစစ်နေ

276

စော(NP News)- မေ ၂၅
ထိုင်းနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များသည် နိုင်ငံကူးလက်မှတ်အတုပြုလုပ်ခြင်းနှင့် ပြင်ဆင်ထားခြင်းတို့ကို နည်းပညာမြင့်စက်များဖြင့် စိစစ်ဖော်ထုတ်ဆောင်ရွက်နေကြောင်း ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက ယခုရက်ပိုင်းအတွင်း အသိပေးထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင်နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံကူး လက်မှတ်များအား ကိုယ်တိုင်က ဖြစ်စေ၊ မသမာသူများက ဖျားယောင်း၍ ဖြစ်စေ ပြင်ဆင် ထားခြင်း၊ အတုပြုလုပ်ထားခြင်းအား သက်ဆိုင်ရာအာဏာပိုင်များက စိစစ်တွေ့ရှိခဲ့ပါက နိုင်ငံကူး လက်မှတ် ပျက်ပြယ်ရုံသာမက သက်ဆိုင်ရာနိုင်ငံ၏ တရားဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ထိုင်းနိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များမှ နိုင်ငံကူးလက်မှတ် အတုပြုလုပ် ထားခြင်း၊ ပြင်ဆင်ထားခြင်း တို့အား နည်းပညာမြင့်စက်များဖြင့် စိစစ်ဖော်ထုတ် ဆောင်ရွက် နေသလို မြန်မာသံရုံးမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍လည်း နိုင်ငံကူးလက်မှတ်အချက်အလက် များအား အချိန်တိုအတွင်း စိစစ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်သူကိုယ်တိုင်မှ ကောင်းမွန်စွာ ထိန်းသိမ်းရမည့် စာရွက်စာတမ်းဖြစ်သည့်အပြင် ပျောက်ဆုံးခဲ့ပါက ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်ခွင့်ပြုချက် ဖြင့်သာ နိုင်ငံကူးလက်မှတ်အသစ်ကို ထုတ်ပေးနိုင်ကြောင်း မြန်မာသံရုံးကဆိုသည်။
ထိုပြင် နိုင်ငံကူးလက်မှတ်ပါ အချက် အလက်များအား ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ချွတ်ယွင်းအောင်ပြုလုပ်ခြင်း၊ စာမျက်နှာများအား စုတ်ဖြဲခြင်း၊ မသက်ဆိုင်သူများမှ တံဆိပ်ခေါင်းများကပ်ခြင်း၊ အခြားအမှတ်အသား ဖြည့်စွက်ခြင်း များ မပြုလုပ်ရန်နှင့် ပြုလုပ်မှုကို စိစစ်တွေ့ရှိရပါက နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူအပါအဝင် ဆောင်ရွက်ပေးသူတို့ကို ဥပဒေအရ အရေးယူနိုင်ပြီး နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်းအား ချက်ချင်း ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိမိတို့၏ မြန့်မာနိုင်ငံကူးလက်မှတ်အား ပြင်ဆင်ခြင်း၊ မသက်ဆိုင်သော စာများ ရေးသားခြင်း မပြုလုပ်ကြရန်နှင့် ကောင်းမွန်စွာထိန်းသိမ်းကြပါရန် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးတိုက်တွန်းထားသည်။

Zawgyi Version:
ထိုင္းႏိုင္ငံတြင္ ႏိုင္ငံကူးလက္မွတ္ အတုျပဳလုပ္ျခင္းႏွင့္ ျပင္ဆင္ထားျခင္းတို႔ကို နည္းပညာျမင့္စက္မ်ားျဖင့္ စိစစ္ေန
ေစာ(NP News)- ေမ ၂၅
ထိုင္းႏိုင္ငံမွ သက္ဆိုင္ရာအာဏာပိုင္မ်ားသည္ ႏိုင္ငံကူးလက္မွတ္အတုျပဳလုပ္ျခင္းႏွင့္ ျပင္ဆင္ထားျခင္းတို႔ကို နည္းပညာျမင့္စက္မ်ားျဖင့္ စိစစ္ေဖာ္ထုတ္ေဆာင္႐ြက္ေနေၾကာင္း ဗန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ယခုရက္ပိုင္းအတြင္း အသိေပးထုတ္ျပန္ထားသည္။
ထိုင္းႏိုင္ငံတြင္ေနထိုင္ၾကေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မိမိတို႔၏ ျမန္မာႏိုင္ငံကူး လက္မွတ္မ်ားအား ကိုယ္တိုင္က ျဖစ္ေစ၊ မသမာသူမ်ားက ဖ်ားေယာင္း၍ ျဖစ္ေစ ျပင္ဆင္ ထားျခင္း၊ အတုျပဳလုပ္ထားျခင္းအား သက္ဆိုင္ရာအာဏာပိုင္မ်ားက စိစစ္ေတြ႕ရွိခဲ့ပါက ႏိုင္ငံကူး လက္မွတ္ ပ်က္ျပယ္႐ုံသာမက သက္ဆိုင္ရာႏိုင္ငံ၏ တရားဥပေဒအရ အေရးယူခံရမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ ထိုင္းႏိုင္ငံ သက္ဆိုင္ရာအာဏာပိုင္မ်ားမွ ႏိုင္ငံကူးလက္မွတ္ အတုျပဳလုပ္ ထားျခင္း၊ ျပင္ဆင္ထားျခင္း တို႔အား နည္းပညာျမင့္စက္မ်ားျဖင့္ စိစစ္ေဖာ္ထုတ္ ေဆာင္႐ြက္ ေနသလို ျမန္မာသံ႐ုံးမွ သက္ဆိုင္ရာဌာနမ်ားႏွင့္ ပူးေပါင္း၍လည္း ႏိုင္ငံကူးလက္မွတ္အခ်က္အလက္ မ်ားအား အခ်ိန္တိုအတြင္း စိစစ္၍ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံကူးလက္မွတ္ကို ကိုင္ေဆာင္သူကိုယ္တိုင္မွ ေကာင္းမြန္စြာ ထိန္းသိမ္းရမည့္ စာ႐ြက္စာတမ္းျဖစ္သည့္အျပင္ ေပ်ာက္ဆုံးခဲ့ပါက ျပည္ထဲေရးဝန္ႀကီးဌာနမွ စိစစ္ခြင့္ျပဳခ်က္ ျဖင့္သာ ႏိုင္ငံကူးလက္မွတ္အသစ္ကို ထုတ္ေပးႏိုင္ေၾကာင္း ျမန္မာသံ႐ုံးကဆိုသည္။
ထိုျပင္ ႏိုင္ငံကူးလက္မွတ္ပါ အခ်က္ အလက္မ်ားအား ေျပာင္းလဲျခင္း၊ ျပင္ဆင္ျခင္း၊ ခြၽတ္ယြင္းေအာင္ျပဳလုပ္ျခင္း၊ စာမ်က္ႏွာမ်ားအား စုတ္ၿဖဲျခင္း၊ မသက္ဆိုင္သူမ်ားမွ တံဆိပ္ေခါင္းမ်ားကပ္ျခင္း၊ အျခားအမွတ္အသား ျဖည့္စြက္ျခင္း မ်ား မျပဳလုပ္ရန္ႏွင့္ ျပဳလုပ္မႈကို စိစစ္ေတြ႕ရွိရပါက ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူအပါအဝင္ ေဆာင္႐ြက္ေပးသူတို႔ကို ဥပေဒအရ အေရးယူႏိုင္ၿပီး ႏိုင္ငံကူးလက္မွတ္ ပယ္ဖ်က္ျခင္းအား ခ်က္ခ်င္း ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ မိမိတို႔၏ ျမန႔္မာႏိုင္ငံကူးလက္မွတ္အား ျပင္ဆင္ျခင္း၊ မသက္ဆိုင္ေသာ စာမ်ား ေရးသားျခင္း မျပဳလုပ္ၾကရန္ႏွင့္ ေကာင္းမြန္စြာထိန္းသိမ္းၾကပါရန္ ဗန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက အသိေပးတိုက္တြန္းထားသည္။